ပြည်သူ့လွှတ်တော်
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ပြည်သူ့လွှတ်တော် | |
| ပထမ အကြိမ် ပြည်သူ့လွှတ်တော် | |
| အမျိုးအစား | |
|---|---|
| အမျိုးအစား | ပြည်ထောင်စုလွှတ်တော်၏ အောက်လွှတ်တော် |
| ခေါင်းဆောင်များ | |
| ဥက္ကဋ္ဌ | ရွှေမန်း, USDP 31 January 2011 မှစ |
| ဒုဥက္ကဋ္ဌ | နန္ဒ ကျော်စွာ, USDP 31 January 2011 မှစ |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၄၄၀ ပါလီမန်အမတ်များ |
| အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စု | Union Solidarity and Development Party (129) Military (110) |
| ရွေးကောက်ပွဲ | |
| အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | 7 November 2010 |
| ဝက်ဘ်ဆိုက် | |
| pyithuhluttaw.gov.mm facebook.com/pyithuhluttaw.gov.mm | |
ပြည်သူ့လွှတ်တော် ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၄၃ နှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့် နှင့် တာဝန်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ က ခေါ်ယူခဲ့ခြင်းဖြင့် ၃၁ ဇန်နဝါရီ ၂၀၁၂ တွင် စတင်ခဲ့ပြီး [၁] ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ အရ ဖွဲ့စည်းထားသည်။ [၂]
ပထမဦးဆုံး ပြည်သူ့လွှတ်တော် သဘာပတိမှာ ဌေးဦး ဖြစ်ပြီး ၎င်းသည် ရွေးကောက်ခံ ဥက္ကဋ္ဌ သို့ တာဝန် မလွှဲပြောင်းခင် အချိန်အထိသာ ကြီးကြပ်သည်။ ယခုလက်ရှိ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ မှာ ရွှေမန်း နှင့် နန္ဒကျော်စွာ တို့ဖြစ်ကြသည်။ [၃]
ဖွဲ့စည်းပုံ [ပြင်ဆင်ရန်]
ပြည်သူ့လွှတ်တော် အမတ်ဦးရေ အများဆုံးအမတ် ၄၄၀ နှင့်သာ ဖွဲ့စည်းနိုင်ပြီး ၎င်းတို့မှာ မဲဆန္ဒနယ် အခြေခံ အမတ် ၃၃၀ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးတို့ ဖြစ်နိုင်သည်။ [၄]
ကော်မတီ/ကော်မရှင် များ[၅] [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ "မြန်မာ့အလင်း သတင်းစာ", ၁ ဖေဖော်ဝါရီ ၂၀၁၁.
- ↑ (၂၀၀၈ စက်တင်ဘာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်). ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း.
- ↑ "မြန်မာ့အလင်း သတင်းစာ", ၁ ဖေဖော်ဝါရီ ၂၀၁၁.
- ↑ (၂၀၀၈ စက်တင်ဘာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်). ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း.
- ↑ ကော်မတီ/ကော်မရှင် များ. Retrieved on 20 Aug၊ 2012။