ဗုဒ္ဓဘာသာ
|
ဘာသာတရား |
|
| သမိုင်း | |
| ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
| ဘုရားများ | |
| နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
| ဆရာ (အစရိယ) | |
| သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်) | |
| လက္ခဏာရေးသုံးပါး | |
| အနိစ္စ - အနတ္တ - ဒုက္ခ | |
| ရတနာသုံးပါး | |
|
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ |
|
| အယူဝါဒ | |
| သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
| တိပိဋကနှင့်ကျမ်းစာများ | |
| တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
| အဆင့်များ | |
| ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
| ကျင့်စဉ်များ | |
| သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
| ဂါထာများ | |
| ကျင့်၀တ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ သြကာသ၊ ပုတီးစိပ်နည်း၊ | |
| ဂိုဏ်းများ | |
| ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
| နိုင်ငံနှင့်ဒေသများ | |
ဗုဒ္ဓဘာသာသည် လူဦးရေ သန်းပေါင်း ၁၅၀၀ မှ ၂၀၀၀ ခန့်အထိ ကိုးကွယ်ယုံကြည်သောဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် စတုတ္ထအများဆုံး ကမ္ဘာ့ဘာသာကြီးတခု ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် မဟာယာနနှင့် ထေရဝါဒဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ မဟာယာနဂိုဏ်းသည် တရုတ်၊ တိဘက်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ဂျပန် စသော အရှေ့အာရှ တစ်ခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်း/စီအန်/သီအန်/ဇန်၊ နီချီရန်၊ တိဘက်တန်၊ရှင်ဂုန်နှင့်အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်ပသည်။ ထေရဝါဒဂိုဏ်းသည် သီဟိုဠ်မှတဆင့် မြန်မာ၊လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား စသော အရှေ့တောင်အာရှဒေသသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။
ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ၅၈ ၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။ ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးသည် တိပိဋက ("ပိဋကတ်သုံးပုံ") ကို ဘုရားဟော တရားဓမ္မအဖြစ် လိုက်နာကျင့်ကြံကြပြီး မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေဝါရဒဗုဒ္ဓဘာသာမှ လက်မခံသော မဟာယာနသုတ်ခေါ် ကျမ်းစာများကို လိုက်နာကျင့်ကြံသည်။
မာတိကာ |
[ပြင်ဆင်ရန်] သာသနာဝင်
[ပြင်ဆင်ရန်] ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်
- ဂေါတမ ဘုရားအလောင်းတော်သည်ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ဖြစ်ခဲ့လေသည်။
- သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ မိမိတစ်ကိုယ်တည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။
- သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ -
- ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်တို့ကို လှူခြင်း ဒါနပါရမီ၊
- ခြေ၊ လက်၊ နား၊ နှခေါင်းအစရှိသည်တို့ကိုလှူခြင်းဒါနဥပပါရမီ
- မိမိအသက်ကို လှူခြင်းဒါနပရမတ္တပါရမီ အစရှိသော ပါမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
- ထို့ပြင် အလွန်စွန့်နိုင်ခဲ့စွာသော -
- ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စဂ၊
- သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
- မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
- ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့်အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
- မိမိအသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ - ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
- ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုတိသာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်၊ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က "ဘုရာဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကိုတောင်းပန်ကြလေသည်။
- သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
- ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊
- ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊
- ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊
- ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊
- မာတုအာယုပရိစ္ဆေဒ - ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား - ဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
- ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု၊ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသနန္ဓေတည်နေလေသည်။
- ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
- ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကိုခံစားလေသည်။
- ၂၉ နှစ်အရွယ် ရောက်သောအခါသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
- ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပါတ်လုံးကျင့်တော်မူခဲ့သည်။
- ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်။
- ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။)
- ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော "ပုဗ္ဗေနိဝါသနုဿတိဉာဏ်"ကိုရတော်မူလေသည်။ သန်းခေါင်ယံ၌နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခုဉာဏ်"ကိုရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော "အာသဝက္ခယဉာဏ်"ကိုရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတူမရှိ၊ အတုမရှိသော သဗ္ဗညုတ ဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။
- သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
- ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။
[ပြင်ဆင်ရန်] ဗုဒ္ဓဝါဒ
[ပြင်ဆင်ရန်] ဗောဓိ
[ပြင်ဆင်ရန်] မဇ္ဇိမပဋိပဒါ (အလယ်လမ်း)
[ပြင်ဆင်ရန်] ရတနာသုံးပါး
ရတနာသုံးပါးသည် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာဖြစ်ကြသည်။
[ပြင်ဆင်ရန်] သံဃာ
- ဘိက္ခု၊ ရဟန်း၊ ဘုန်းကြီး (en:Bhikkhu) ပဉ္စင်း၊ ဦးပဉ္စင်း
- ဘိက္ခုနီ၊ သောပ္ပယိုမ၊ သီလရှင် (en:Bhikkhuni)
- ကိုရင်ရှင်သာမဏေ
[ပြင်ဆင်ရန်] ပရိက္ခရာ
[ပြင်ဆင်ရန်] သစ္စာလေးပါး
- ဒုက္ခသစ္စာ
- သမုဒယသစ္စာ
- နိရောဓသစ္စာ
- မဂ္ဂသစ္စာ
[ပြင်ဆင်ရန်] မဂ္ဂင်ရှစ်ပါး
- သမ္မာဒိဌိ
- သမ္မာသင်္ကပ္ပ
- သမ္မာဝါစာ
- သမ္မာကမ္မန္တ
- သမ္မာအာဇီဝ
- သမ္မာဝါယာမ
- သမ္မာသတိ
- သမ္မာသမာဓိ
[ပြင်ဆင်ရန်] သီလ
သီလဟူသည် ကျင့်ကြံ့ခြင်း၊ စောင့်ထိန်းခြင်းဟု အဓိပ္ပါယ်ရသည်။ သီလကို စာရိတ္တသီလ (ရှောင်သီလ) နှင့် ဝါရိတ္တသီလ (ဆောင်သီလ) ဟု နှစ်မျိုးကွဲပြားသည်။
- ငါးပါးသီလ (ပဉ္စသီလ၊ နိစ္စသီလ)
- သီတင်းသီလ (အဌင်္ဂသီလ၊ ဥပေါသထသီလ)
- ကိုးပါးသီလ (နဝင်္ဂဥပေါသထသီလ)
- ဆယ်ပါးသီလ
[ပြင်ဆင်ရန်] သမာဓိ
[ပြင်ဆင်ရန်] ပညာ
[ပြင်ဆင်ရန်] ဗုဒ္ဓဘာသာနှင့် ပညာရေး
[ပြင်ဆင်ရန်] ဗုဒ္ဓဘာသာကျမ်းစာများ
ဗုဒ္ဓဘာသာကျမ်းစာအများစုသည် ပါဠိသို့မဟုတ် သင်္သကရိုက်ဘာသာအသုံးပြုသည်။
[ပြင်ဆင်ရန်] ဇာတ်တော်များ
- ဇာတ်ကြီးဆယ်ဘွဲ့ ([])
- တေမိယဇာတ်တော် (၅၃၈)
- ဇနကဇာတ်တော် (၅၃၉)
- သုဝဏ္ဏသာမဇာတ်တော် (၅၄၀)
- နေမိဇာတ်တော် (၅၄၁)
- မဟောသဓဇာတ်တော် (၅၄၂)
- ဘူရိဒတ်ဇာတ်တော် (၅၄၃)
- စန္ဒကုမာရဇာတ်တော် (၅၄၄)
- နာရဒဇာတ်တော် (၅၄၅)
- ဝိဓူရဇာတ်တော် (၅၄၆)
- ဝေဿန္တရာဇာတ်တော် (၅၄၇)
[ပြင်ဆင်ရန်] ဗုဒ္ဓဘာသာအထိမ်းအမှတ်များ
မဟာယာန ဗုဒ္ဓဘာသာဂိုဏ်း၏ မင်္ဂလာအထိမ်းအမှတ် ၈ မျိုးသည်
- ခရုသင်း
- ဓမ္မစကြာ
- Endless Knot
- ရွှေငါး
- ကြာပန်း
- ရတနာပန်းအိုး
- ထီးတော်
- အောင်လံ
[ပြင်ဆင်ရန်] ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်] ရည်ညွှန်းချက်များ
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
- ဗုဒ္ဓဘာသာအကြောင်း
- Access to Insight
- BuddhaNet
- Seeing Through The Net
- Buddhism at Open Directory Project
- Buddhism Potpourri
- Buddhist texts (English translations)
- DharmaNet
- E-Sangha
- Essential Theravada Buddhism in graphics
- Tathagatagarbha Mahayana sutras
- Video documentary Buddhist history in India
- What Buddha Taught Multi-lingual
- Dhamma Links MCWA_JAPAN
- Dhamma Download Dhamma download
|
|||||||||||