ဧ​ရာဝတီတိုင်း

Wikipedia မှ
(ဧရာဝတီတိုင်းဒေသကြီး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဧရာဝတီတိုင်း
Flag of Ayeyarwaddy Division.svg
မြို့တော် ပုသိမ်မြို့
ဧရိယာ ၃၅,၁၃၈ km²
လူဦးရေ ၆,၆၆၃,၀၀၀
လူမျိုးများ ဗမာရခိုင်ကုလားကရင်
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်
MyanmarAyeyarwady.png

ဧရာဝတီတိုင်းသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃၅၆၆ ကျယ်ဝန်းသည်။ လူဦရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရမ်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက်ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကားဖြစ်ပါသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] တည်နေရာ

ဧရာဝတီတိုင်းသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လက်စာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်း နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်း တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီကျု ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီကျု ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြား တွင်တည်ရှိသည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

[ပြင်​ဆင်​ရန်​] မြို့တော်

ဧရာဝတီတိုင်း၏ မြို့တော်မှာ ပုသိမ်မြို့ဖြစ်သည်။

[ပြင်​ဆင်​ရန်​] ခရိုင်ရုံးစိုက်ရာမြို့များ

ဧရာဝတီတိုင်းအား ခရိုင်၅ခုဖြင့် ဖွဲ့စည်းထားပြီး နာဂစ်မုန်တိုင်းအပြီး ၄ လအကြာတွင် လပွတ္တာမြို့အား ခရိုင်ရုံးစိုက်ရာမြို့အဖြစ်တိုးမြင့်ကာသတ်မှတ်လိုက်သည်။ထို့ကြောင့်ခရိုင်ရုံးများမှာ အောက်ပါမြို့များတွင် ရုံးစိုက်သည်။

[ပြင်​ဆင်​ရန်​] မြို့နယ်ရုံးစိုက်ရာမြို့များ

ခရိုင်၅ခုအား မြို့နယ်၂၆မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး ၂၀ဝ၈ ခုနှစ်၊ဩဂုတ်လတွင် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် နှစ်မြို့နယ်ကိုပေါင်းကာ လပွတ္တာခရိုင်အဖြစ်တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

  • ပုသိမ်ခရိုင်

ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်

  • ဟင်္သာတခရိုင်

ဟင်္သတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်

  • မြောင်းမြခရိုင်

မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝိတ်မမြို့နယ်

  • မအူပင်ခရိုင်

မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်

  • ဖျာပုံခရိုင်

ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်

  • လပွတ္တာခရိုင်

လပွတ္တာမြို့နယ်၊မော်လမြိုင်ကျွန်းမြို့နယ်

ဧရာဝတီတိုင်းမြေပုံ

[ပြင်​ဆင်​ရန်​] အခြား မြို့ရွာများ

  • အထောင်
  • အိုင်သပြု
  • အဖျောက်
  • အသုတ်
  • ဘော်မိ
  • ချောင်းသာ
  • ဓမိ
  • ကဒုံကနိ
  • ကနောင်
  • ခမောက်စု
  • ကွင်းကောက်
  • ကျိုက်လတ်
  • ကျုံးဒါး
  • ကျုံကဒွန်း
  • ကျုံမငေး
  • လူခေါင်းကျွန်း
  • မဲဇလီကုန်း
  • မြင်းကကုန်း
  • မြို့ကွင်း
  • နိဗ္ဗာန်
  • ငါးသိုင်းချောင်း
  • ငွေဆောင်
  • အုန်းပင်
  • ပသွယ်
  • ပြင်ခရိုင်
  • ပျဉ်ရွာ
  • စက္ကော့
  • စက်ဆန်း
  • ရှမ်းရွာ
  • ရှောပြာ
  • ရွှေလောင်း
  • ရွှေမြင်တင်
  • ရွှေတောင်မှော်
  • ဆင်မ
  • တဂရက်
  • တောင်ကလေး
  • သစ်ပြုတ်
  • သုံးခွ
  • ထူးကြီး
  • ဝါးခယ်မမြို့
  • ရေလဲကလေး
  • ရွာသစ်
  • ဆကာကြီး
  • ဇီးချိုင်
  • ဒါးက
  • ဟိုင်းကြီးကျွန်း

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[၁]

[ပြင်​ဆင်​ရန်​] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

[ပြင်​ဆင်​ရန်​] ဒေသထွက်ကုန်များ

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စပါးကျည်ကြီး ဖြစ်သည့်အပြင် သစ်တောထွက်ပစ္စည်းများပါ အများအပြား ထွက်ရှိသည်။ ထို့အပြင် ပြောင်း၊ မြေပဲ၊ နေကြာနှင့် ဂုန်လျှော် တို့ပါစိုက်ပျိုး ထုတ်လုပ်ပြီး ငါးဖမ်းလုပ်ငန်းမှာလည်း များစွာအရေးပါလှသည်။ ငါးဖမ်းလုပ်ငန်းနှင့် အတူ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများလည်း များစွာဖွံဖြိုးသည်။

[ပြင်​ဆင်​ရန်​] တက္ကသိုလ်နှင့် ကောလိပ်များ

[ပြင်​ဆင်​ရန်​] ကိုးကား

  1. D.P.S. MYANMAR GUIDE MAP. 2000.

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်