မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များ

ဝီကီပီးဒီးယား မှ

မြန်မာ့ရိုးရာ အတိုင်းအတာ၊ အချင်အတွယ်များကို ယနေ့ထက်တိုင် အသုံးပြုနေဆဲပင် ဖြစ်သည်။ Central Intelligence Agency ၏ Factbook အရ မြန်မာနိုင်ငံသည် International System of Units (SI) metric system ကို မသုံးပဲးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။[၁] အခြားနှစ်နိုင်ငံမှာ အမေရိကန်နိုင်ငံနှင့် လိုက်ဘေးရီးယားနိုင်ငံတို့ ဖြစ်ကြသည်။

အလျား[ပြင်ဆင်ရန်]

အတိုင်းအတာယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအတိုင်းအတာ Metric Imperial/US
ဆံခြည် 79.375 µm 3⅛ thou/mil
နှမ်း 0.79375 mm 31¼ thou/m
မုယော 4.7625 mm 316 in
လက်သစ် 1.905 cm ¾ in
မိုက် 15.24 cm 6 in
ထွာ 22.86 cm 9 in
တောင် 45.72 cm ft; one cubit
လံ 1.8288 m 6 ft
တာ 3.2004 m 10½ ft
ဥသဘ 64.008 m 70 yd
ကောသ 1.28016 km 0.795455 mi
ဂါဝုတ် 5.12064km 3.18182 mi; about one league
ယူဇနာ 20.48256km 12.7273 mi

တိုင်းတာပုံ[ပြင်ဆင်ရန်]

  • ၁၀ ဆံခြည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)
  • ၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)
  • ၄ မုယော = ၁ လက်သစ် (၁၂ လက်သစ် = ၁ ထွာ, ၂ ထွာ = ၁ တောင်, ၂ ဆုပ် = ၁ ထွာ, ၄ ဆုပ် = ၁ တောင်)
  • ၈ လက်သစ် = ၁ မိုက်
  • ၃ မိုက် = ၁ တောင်
  • ၄ တောင် = ၁ လံ
  • ၂ တောင် = ၁ ကိုက်
  • ၇ တောင် = ၁ တာ
  • ၂၀ တာ = ၁ ဥသဘ
  • ၂၀ ဥသဘ = ၁ ကောသ
  • ၄ ကောသ = ၁ ဂါဝုဒ်
  • ၄ ဂါဝုဒ် = ၁ ယူဇနာ
  • ၁၀ဝ၀ တာ = ၁ တိုင်
  • ၆ တိုင် နှင့် တာ ၄၀ဝ = ၁ ယူဇနာ

မြန်မာ (၁၀) တိုင် ကို ခရီးတစ်သောင်း ဟုခေါ်ဆိုသည်မှာ တာပေါင်း တစ်သောင်း ရှိသောကြောင့် ဖြစ်သည်။ [၂] ခရီးတစ်သောင်း၊ အပ်တစ်ချောင်း ဟူသော စကားပုံ လည်းရှိသည်။ အဓိပ္ပာယ်မှာ ခရီးတစ်သောင်း (၁၀ တိုင်) ဝေးလျှင် အပ်ကလေးတစ်ချောင်းမျှပင် မသယ်ချင်လောက်အောင် လေးသည် ဟု ဆိုလိုသည်။

တစ်တာတွင် (၇)တောင်ရှိပြီး၊ တာပေါင်းတစ်ထောင်သည် တစ်တိုင်နှင့်ညီသောကြောင့် တစ်တိုင်တွင် (၇၀၀၀)တောင် ရှိသည်။ ယင်းပမာဏသည် ပေပေါင်း (၁၀၅၀၀) နှင့်ညီမျှသည်။ တစ်မိုင်တွင် (၅၂၈၀)ပေရှိရာ မိုင်ဖွဲ့လျှင် ၁.၉၉ မိုင်နှင့် ညီသည်။ သို့ဖြစ်၍ ဗြိတိသျှ (အင်္ဂလိပ်) အတိုင်းအတာများနှင့် ဆက်စပ်ရာတွင် အကြမ်းအားဖြင့် နှစ်မိုင်လျှင် တစ်တိုင် ရှိသည်ဟု ကျေးလက်ဒေသများတွင် မှတ်ယူထားကြသည်။

ခရီးအကွာအဝေးကို မိုင်(အင်္ဂလိပ်အတိုင်းအတာ) အစား တိုင် (မြန်မာအတိုင်းအတာ) ဖြင့် ခေါ်ဝေါ် သုံးစွဲမှုများမှာ ယနေ့တိုင်အောင် မြန်မာ့ ကျေးလက်ဒေသများတွင် တွင်ကျယ်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ခရီး (၁၀) မိုင် ဝေးသည် ဟု ပြောမည့်အစား ခရီး (၅) တိုင် ဝေးသည် ဟုသာ ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလတ်တန်းစား အတိုင်းအတာများ ဖြစ်သည့် လယ်ယာ ကိုင်းကျွန်း အတိုင်းအတာများကိုလည်း အလျား တာ မည်မျှ၊ အနံ တာ မည်မျှ စသည်ဖြင့်သာ ပြောဆိုနေကြဆဲ ဖြစ်သည်။ သည့်ထက်ပိုမိုတိုတောင်းသော အလျားအတိုင်းအတာ ဖြစ်သည့် သစ်၊ ဝါး စသည်တို့ကို တိုင်းတာရာတွင် သို့မဟုတ် အိမ်ဆောက်ရာတွင်မူ တောင် နှင့် ထွာ ကို အသုံးပြုကြသည်။

အလေးချိန်[ပြင်ဆင်ရန်]

အလေးချိန်ယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအလေးချိန် Metric Imperial/US
ရွေးလေး 136.078 mg 2.1 grain
ရွေးကြီး 272.155 mg 4.2 grain
ပဲသား 1.02058 g 15.75 grain
မူးသား 2.04117 g 31.5 grain
မတ်သား 4.08233 g 63 grain
ငါးမူးသား 8.16466 g 0.288 oz
ကျပ်သား 16.3293 g 0.576 oz
အဝက်သား 204.117 g 7.2 oz
အစိတ်သား 408.233 g 14.4 oz
ငါးဆယ်သား 816.466 g 1.8 lb
ပိဿာ 1.63293 kg 3.6 lb
အချိန်တစ်ရာ 163.293 kg 360 lb

အချင်အတွယ်[ပြင်ဆင်ရန်]

အချင်အတွယ်ယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအချင့်အတွယ် Metric Imperial US
လမြူ 79.9118 ml 21316 fl oz 2.70214 fl oz
လမျက် 159.824 ml 5⅝ fl oz 5.40428 fl oz
လမယ် 319.647 ml 11¼ fl oz 10.8086 fl oz
စလယ် 639.294 ml 1⅛ pint 1.35107 pints
ခွက် 1.27859 l 1⅛ qt 1.35107 qt
ပြည် 2.55718 l 2¼ qt 2.70214 qt
စိတ် 10.2287 l gallons/
1⅛ pecks
2.70214 gallons/
1.16106 pecks
ခွဲ 20.4574 l 4½ gallons/
2¼ pecks
5.40428 gallons/
2.32213 pecks
တင်း 40.9148 l 9 gallons/
1⅛ bushels
10.8086 gallons/
1.16107 bushels

ချင့်တွယ်ပုံ[ပြင်ဆင်ရန်]

  • ၂ လမြူ = ၁ လမျက်
  • ၂ လမျက် = ၁ လမယ်
  • ၂ လမယ် = ၁ စလယ်
  • ၂ စလယ် = ၁ ခွက်
  • ၂ ခွက် = ၁ ပြည်
  • ၄ ပြည် = ၁ စိတ်
  • ၂ စိတ် = ၁ ခွဲ
  • ၂ ခွဲ = ၁ တင်း
  • ၁ တင်း = ၁၆ ပြည်

ငွေကြေး[ပြင်ဆင်ရန်]

မြန်မာ့ငွေကြေးယူနစ်ဇယား
မြန်မာငွေကျပ် ညီမျှမူ
ပြား
မတ် ၂၅ ပြား
ငါးမူး ၂ မတ်
ကျပ် ဆယ်မူး

ကိုးကား[ပြင်ဆင်ရန်]

  1. The World Factbook, Appendix G: Weights and MeasuresWeb Pages။ Central Intelligence Agency (2010)။ 28 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 May 2010 တွင် ပြန်စစ်ပြီး။
  2. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း