အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ
| အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ | |||||
| دولة الإمارات العربية المتحدة Dawlat al-Imārāt al-‘Arabīyah al-Muttaḥidah |
|||||
|
|||||
| ပထဝီ |
|||||
| မြို့တော် | အဘူဒါဘီမြို့ | ||||
| အကြီးဆုံးမြို့ | ဒူဘိုင်းမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၄ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | အာရပ် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဖက်ဒရယ် သမ္မတ စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၈၂.၈၇၆ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $ ၄၉,၉၉၅ (အဆင့် - ) | ||||
| HDI | ၀.၈၁၅ (အမြင့်) (အဆင့် - ၃၂) | ||||
| ငွေ | UAE ဒါဟမ် (AED) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| ISO 3166-1 | AE | ||||
| CCLTD | .ae | ||||
| Calling code | +၉၇၁ | ||||
အာရပ်စော်ဘွားများ ပြည်ထောင်စု သို့ ယူအေအီး (United Arab Emirates (UAE)) သည် အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လင်ကွေ့ရှိ အာရပ်ကျွန်းဆွယ် ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှာ အိုမန် နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့ဖြစ်ပြီး အီရတ်နိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကာတာနိုင်ငံ၊ အီရန်နိုင်ငံတို့နှင့် ပင်လယ် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ အွမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်းမား၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။ အီမာ ဟုခေါ်သည့် မွတ်ဆလင် စတိုင်လ် ရှင်ဘုရင်များက အုပ်ချုပ်သဖြင့် အဲမရိတ် နိုင်ငံဟု ခေါ်ဆိုခြင်းလည်း ဖြစ်သည်။ အဘူဒါဘီမြို့မှာ မြို့တော်နှင့် ဒုတိယ အကြီးဆုံးမြို့ ဖြစ်သည်။ ထို့ပြင် အဘူဒါဘီမှာ နိုင်ငံ၏ နိုင်ငံရေး၊ စက်မှုလုပ်ငန်း နှင့် ရိုးရာ ယဉ်ကျေးမှုတို့ အချက်အခြာကျရာ မြို့လည်း ဖြစ်သည်။
၁၉၇၁ မတိုင်မီက ယူအေအီးကို အပစ်အခတ်ရပ် ပြည်နယ်များ သို့မဟုတ် ထရူရှယ် အိုမန် (Trucial Oman) ဟု ခေါ်ဆိုကြသည်။ အကြောင်းမှာ ၁၉ရာစုက အင်္ဂလန်နိုင်ငံ နှင့် အာရပ် ရှိတ်စော်ဘွားများ အကြား ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး စာချုပ်များကြောင့် ဖြစ်သည်။ ၁၈ ရာစုမှ ၂၀ ရာစု အတွင်း ယူအေအီး တည်ရှိသော နေရာကို ဓားမြ ကမ်းရိုးတန်း ဟုလည်း ညွန်းဆိုခဲ့ကြသည်။
ယူအေအီး၏ ၁၉၇၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံထားသော နိုင်ငံရေးစနစ်တွင် ရှုပ်ထွေးစွာ ချိတ်ဆက်ထားသော အုပ်ချုပ်ရေး အဖွဲ့များ ပါဝင်သည်။ အစ္စလာမ် ဘာသာမှာ နိုင်ငံတော် ဘာသာ ဖြစ်ပြီး အာရပ်ဘာသာစကားမှာ နိုင်ငံတော် ဘာသာစကား ဖြစ်သည်။
ယူအေအီးတွင် ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးမားဆုံး ရေနံ ထွက်ရှိရာ နိုင်ငံဖြစ်ပြီး အနောက်အာရှတွင် စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၃၆ ခုမြောက် အကြီးဆုံး စီးပွားရေး စနစ်ရှိသည့် နိုင်ငံ ဖြစ်ပြီး လူတစ်ဦးချင်း စုစုပေါင်း ဝင်ငွေ မြင့်မားသော နိုင်ငံ ဖြစ်သည်။ အိုင်အမ်အက်ဖ်၏ စာရင်းဇယားအရ တစ်ဦးချင်းစီ၏ ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၄၆,၅၈၄ ရှိသည်။ လူတစ်ဦးချင်းစီ၏ သုံးစွဲမှုနှုန်းအရ ၁၄ ခုမြောက် အမြင့်မားဆုံး နိုင်ငံဖြစ်ပြီး အာရှတိုက်တွင် လူထုဖွံ့ဖြိုးမှုညွှန်းကိန်း မြင့်မားသော နိုင်ငံ ဖြစ်သည်။ လူထုဖွံ့ဖြိုးမှုညွှန်းကိန်းမှာ တကမ္ဘာလုံး အဆင့် ၃၅ ရှိသည်။ ယူအေအီးသည် အိုင်အမ်အက်ဖ် ၏ သရုပ်ခွဲမှု အရ ဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။