အာဆီယံအလံတော်
Wikipedia မှ
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လက်ရှိအလံတော်သည် ၁၉၉၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုဖြင့် စတင်အတည်ပြုသတ်မှတ်သည်။ အလံ၏ဖွဲ့စည်းပုံမှာ အပြာရောင်နောက်ခံအပေါ်တွင် စပါးနှံ ၁၀ ချောင်းပါရှိသည်။ စပါးတံများသည် အဝိုင်းအနီ၏အလယ်တွင် ဆွဲသားထားသည်။ အာဆီယံ၏ အသင်းဝင်နိုင်ငံ ၁၀ နိုင်ငံကို ကိုယ်စားပြုသောအားဖြင့် စပါးနှံ ၁၀ ချောင်းထားရှိခြင်း ဖြစ်သည်။
အာဆီယံ၏ ယခင်အလံတော်သည် လက်ရှိအလံနှင့် သဘောတရားခြင်းဆင်တူပြီး စပါးနှံ ၆ ချောင်းရှိကာ အာဆီယံစာလုံးကို စပါးနှံ၏ အောက်တွင် ထားရှိသည်။ နောက်ခံအေရာင်သည် အဖြူရောင်ဖြစ်ပြီး အဝိုင်းအကွပ်သည် အပြာစိမ်းအရောင်နှင့် အဝိုင်းသည် အဝါရောင် ရင့်ရင့်ဖြစ်သည်။ စပါးနှံများသည် အညိုရောင်ဖြစ်သည်။
External links [ပြင်ဆင်ရန်]
- ASEAN - Official description of the flag
- Flag of the World - Description at FotW along with history
|
||||||||
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |