ကချင်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကချင်ပြည်နယ်
Flag of Kachin State.svg
မြို့တော် မြစ်ကြီးနားမြို့
ဧရိယာ ၈၉,၀၄၁ km²
လူဦးရေ ၁,၂၀၀,၀၀၀
လူမျိုးများ ကချင်ဗမာရှမ်းနာဂဂေါ်ရခါးလုလားတရုတ်
ဘာသာတရားများ ခရစ်ယာန်ဗုဒ္ဓအစ္စလာမ်ဟိန္ဒူ
MyanmarKachin.png

ကချင်ပြည်နယ်သည် မြန်မာပြည်၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရှိသည်။ ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်စစ်ကိုင်းတိုင်းနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၃ ၂၇' နှင့် ၂၈ ၂၅' လောင်ဂျီတွဒ် ၉၆ ၀' နှင့် ၉၈ ၄၄' ကြားတွင် တည်ရှိသည်။ ကချင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၃၄၃၇၉ ဒသမ ၂၂ ) ကျယ်ဝန်းသည်။ ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အခြားသော အဓိကမြို့မှာ ဗန်းမော်မြို့ဖြစ်သည်။


ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ နာဂ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ပူးပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုငယ်တစ်ခုအသွင် တည်ရှိနေသည်။ လက်ရှိလူဦးရေ ၁,၅၅၉,၈၃၉ ခန့်ရှိသဖြင့် ပျမ်းမျှလူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၅ ယောက်ဖြစ်သည်။ တောတောင်ထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သော ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ)နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိသည်။ အကျယ်ဆုံးလွင်ပြင်များမှာ ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြသည်။

ကချင်ပြည်နယ် နောက်ခံ သမိုင်း[ပြင်​ဆင်​ရန်​]

ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များထွန်းကားခဲ့သည်။ မိုးကောင်း၊ မိုးညှင်းမြို့များသည် အင်အားကောင်းပြီး ပြည်မ(အင်းဝ)ကို ထိပါးသည့်အခါထိပါးသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏အဓိကမြို့တော်ဖြစ်ခဲ့ပြီး တော်လှန်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်များသိမ်းပိုက်ပြီးနောက်ပိုင်းအထိ အမတ်ကြီး ဦးဖိုးစောဦးဆောင်သည့် တော်လှန်ရေးများဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းသို့ချီတက်သိမ်းပိုက်သည့် အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ မြစ်ကြီးနားမြို့ကိုတွေ့ရှိပြီး မြို့ကိုချဲ့ထွင်ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ်ထူထောင်ကြသည်။ မန္တလေး-မိုးကောင်းရထားလမ်းအား မြစ်ကြီးနားအထိ တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၏ ရထားလမ်းဆုံးမြို့ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်များက တရုတ်ချန်ကေချိတ်အစိုးရအားထောက်ပံ့ရန် တရုတ်မြန်မာလမ်းမကြီးဖောက်လုပ်ရာတွင် လီဒိုမှမြစ်ကြီးနားမြို့ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံကူမင်းမြို့အထိဖောက်လုပ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကြည်းတပ်၊ လေတပ်များအခြေချရာမှ မြစ်ကြီးနားမြိုသည့်အရေးပါလာသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နယ်သားများသည် တစ်စိတ်တဝမ်းတည်းပူးပေါင်းပါဝင်ခဲ့ကြသည်။ ကချင်ပြည်နယ်ဟူ၍ သီးခြားပြည်နယ်တစ်ခုဖွဲ့စည်းပေးနိုင်ရန်အတွက် ပူတာအိုတောင်တန်းခရိုင်အားရွေးချယ်ခဲ့သည်။ မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တွင် အဓိကလူမျိုးများမှာ ရှမ်းလူမျိုးများဖြစ်သဖြင့် ယင်းတို့အား ကချင်ပြည်နယ်အတွင်းသို့ထည့်သွင်းရန်သို့မဟုတ် ပြည်မနှင့်ပူးပေါင်းရန် ဒေသခံများအား မဲခွဲခဲ့ရာ ပြည်မနှင့် ပူးတွဲလိုသည့်ဖက်ကအနိုင်ရခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလအစိုးရက ဒေသခံပြည်သူများ၏ဆန္ဒကိုမျက်ကွယ်ပြု၍ ကချင်ပြည်နယ်အတွင်းသို့ ထည့်သွင်းခဲ့သည်။

ကချင်လူမျိုးတို့သည် ရှေးပေ၀သဏီကစပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခုတရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက်၊ မွန်ဂိုးလီးယားကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။

၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။

အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။

သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။ ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ဖွဲ့စည်းပြီးအုပ်ချုပ်ခဲ့သည်။

ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။

ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V_Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။

၁၉၄၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် N.K.L၊ V_Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။


၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။

ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။

စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။

ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။” ဟု ပြောခဲ့သည်။

တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။

ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။

အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆ ံနှင့် ၉၈ ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ ံ ၃၇’ နှင့် ၂၈ ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃,၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။

လူမျိုး[ပြင်​ဆင်​ရန်​]

ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူး၊ ရဝမ် နှင့် မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂ၊ ဂေါ်ရခါးတို့ပါ နေထိုင်ကြသည်။

တွင်းထွက်များ[ပြင်​ဆင်​ရန်​]

ကချင်ပြည်နယ် ဖားကန့်၊ လုံခင်၊ တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန်ကျောက်စိမ်းများထွက်ရှိသည်။

မြို့တော်[ပြင်​ဆင်​ရန်​]

ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ ဖြစ်သည်။

ကချင်ပြည်နယ်မြေပုံ

ရာသီဥတု[ပြင်​ဆင်​ရန်​]

တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

ကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီများကိုပါ ယခုအချိန်တွင် တွဲဘက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။

ခရိုင်ရုံးစိုက်ရာမြို့များ[ပြင်​ဆင်​ရန်​]

  • မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့- မြို့နယ်(၆)မြို့နယ်
  • ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ - မြို့နယ်(၄)မြို့နယ်
  • ပူတာအို ခရိုင်၊ ပူတာအိုမြို့ - မြို့နယ်(၅)မြို့နယ်
  • မိုးညှင်းခရိုင်၊ ၊ မိုးညှင်းမြို့- မြို့နယ်(၃)မြို့နယ်

ကချင်ပြည်နယ်သည် မြို့နယ်ပေါင်း(၁၈)မြို့နယ်နှင့် ဖွဲ့စည်းထားရာ ...

  1. မြစ်ကြီးနား
  2. ကာမိုင်း
  3. ချီဖွေ
  4. ဒေါ်ဘူဒဲ
  5. ဆော့လော်
  6. ဆွမ်ပရာဘွမ်
  7. တနိုင်း
  8. နောင်မွန်း
  9. ပူတာအို
  10. ဗန်းမော်
  11. မချမ်းဘော
  12. မံစီ
  13. မိုးကောင်း
  14. မိုးညှင်း
  15. မိုးမောက်
  16. ရွှေကူ
  17. ဝိုင်းမော်
  18. အင်ဂျန်းယန် တို့ဖြစ်သည်။

အခြား မြို့ရွာများ[ပြင်​ဆင်​ရန်​]

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

[၁]

ဝါရှောင်ဆည်

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်​ဆင်​ရန်​]

ဘာသာစကား[ပြင်​ဆင်​ရန်​]

ဘာသာစကားမှာ ဂျိန်ဖော့စကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး (၄) မျိုးရှိပြီး လရှီစကား နှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများ ဖြစ်သည်။ ဂျိန်ဖော့စကားကို လူသုံးများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယအများဆုံး ဖြစ်သည်။

ဝတ်စားဆင်ယင်မှု[ပြင်​ဆင်​ရန်​]

ကချင်တိုင်းရင်းသားများက အမဲရောင်ဝတ်ပြီး ရဝမ်တိုင်းရင်းသားများက အဖြူရောင် ဝတ်သည်။ လရှီ၊ လီဆူ နှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထည်းထည်း ပေါင်းထုပ်သဘွယ် ပေါင်းကြ၍ ဂျိန်ဖော့နှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို ရှည်ရှည်ဝတ်ကြသည်။

ဘာသာ ကိုးကွယ်မှု[ပြင်​ဆင်​ရန်​]

ခရစ်ယာန်ဘာသာကိုးကွယ်သူများ၊ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ နတ်ကိုးကွယ်သူများဟူ၍ ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ ကချင်ပြည်နယ်တွင် နတ်ကိုးကွယ်သူ နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူ များပြားသည်။ နတ်ကိုးကွယ်မှုမှာ အဓိကဖြစ်သည်။ နတ်များကြေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင်တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်း ထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်တုံးများဖြင့် ဝိုင်းရံထားခြင်း၊ ဝင်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများ ဆင့်ကဲ ချိတ်ဆွဲထားသည်ကို တွေ့ရပေမည်။

သို့သော် အနောက်တိုင်းမှ သာသနာပြုမစ်ရှင်များ လာရောက်သည့်နောက်မှ အစပြုကာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေမှာ များစွာတိုးပွားလာခဲ့ပြီဖြစ်သည်။

ရိုးရာ ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာနတ်တို့အား ပူဇော်ပသ ရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကတော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နမိတ်ကောင်ခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟု ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့်`မနောပွဲ´ကျင်းပကြသည်။

မနောပွဲ(MaNawPoi)[ပြင်​ဆင်​ရန်​]

အရေးကြီးသော မနောပွဲ(၅)မျိုး ရှိသည်။

  • ပဒန်မနော(Padang MaNaw)

စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။

  • ဆွတ်မနော(Sut MaNaw)

ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။

  • ဂျူမနော(Ju MaNaw)

မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။

  • ဂွမ်ရမ်မနော( Gumran MaNaw)

အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။

  • ရှဒပ်မနော(Shadip MaNaw)

နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။

မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲ နှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။

ပျားပဒုဖွတ်ပွဲ[ပြင်​ဆင်​ရန်​]

ဒေသထွက်ကုန်များ[ပြင်​ဆင်​ရန်​]

တွင်းထွက်များ[ပြင်​ဆင်​ရန်​]

ဖားကန့်၊ လုံးခင်း၊ တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိသည်။

အောက်ပါဇယားမှာ ကချင်ပြည်နယ်၏ ဖွံ့ဖြိုးမှုဆိုင်ရာဇယားအဖြစ် မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ထားသော ဇယားဖြစ်သည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက်
စိုက်ပျိုးမြေဧရိယာ ဧက ၈၈၆, ၇၇၈
မြစ်ရေတင်လုပ်ငန်း ခု
ကြိုးဝိုင်းတော စတုရန်းမိုင် ၁၁၁,၈၇
ဆည်တမံ ခု ၇၀
ကားလမ်း မိုင် ၃၆၁၆
ပေ ၁၈၀အထက် တံတား စင်း ၇၉
စာတိုက်စခန်း ခု ၈၃
ကြေးနန်းရုံး ရုံး ၃၃
တယ်လီဖုန်းရုံး ရုံး ၈၃
၁၀ မိုက္ကရိုဝေ့ဗ်စခန်း ခု ၂၄
၁၁ ရေအားလျှပ်စစ်စက်ရုံ ရုံ
၁၂ နိုင်ငံပိုင်စက်ရုံ ရုံ -
၁၃ ပုဂ္ဂလိကစက်ရုံ ရုံ ၁၂၀၄
၁၄ အခြေခံပညာကျောင်း ကျောင်း ၁၃၁၃
၁၅ တက္ကသိုလ်၊ ကောလိပ် ခု
၁၆ နည်းပညာတက္ကသိုလ်၊ ကောလိပ် ခု
၁၇ ကျွန်ပျူတာတက္ကသိုလ် ခု
၁၈ ဆေးရုံ ရုံ ၄၇

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. D.P.S. MYANMAR GUIDE MAP. 2000.
  2. http://www.myanmar.com/newspaper/myanmarahlin/Feb06.pdf
  • မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)