ပင်းယခေတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပင်းယခေတ် (၁၃၁၃-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။ ပင်းယသည် ဧရာဝတီမြစ် အနောက်ပိုင်းကို လွှမ်းမိုးသော၊ စစ်ကိုင်းနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤခေတ်ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသည်။ သီဟသူသည် ၁၃၁၀ ခုနှစ်တွင် နောင်တော်ကြီး အသင်္ခယာကို လုပ်ကြံခါ တစ်ပါးသော မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။ ၁၃၁၅ခု တွင်၊ သီဟသူ၏ သားတော်အငယ် အသင်္ခယာ စောယွန်း စစ်ကိုင်းကို ပြောင်းခါ မင်းပြိုင်ပြုသည်။ ၁၃၆၄ ခု တွင်၊ မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ နိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင်၊ သီဟသူ၏ မြစ်တော် သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်သည်။

မြင်စိုင်းမင်းဆက် (၁၂၉၈-၁၃၁၃)[ပြင်​ဆင်​ရန်​]

(၁) အသင်္ခယာ (၁၂၉၈-၁၃၁၀)
(၁) ရာဇသင်္ကြန် (၁၂၉၈-၁၃၀၅)
(၁) တစ်စီးရှင် သီဟသူ (၁၂၉၈-၁၃၁၃)

ပင်းယမင်းဆက် (၁၃၁၃-၁၃၆၄)[ပြင်​ဆင်​ရန်​]

တစ်စီးရှင် သီဟသူ ၁၃၁၀ ခုနှစ်တွင် မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။

(၁) တစ်စီးရှင် သီဟသူ (ပင်းယ သီဟသူ) (၁၃၁၃-၁၃၂၄)
(၂) ဥဇနာ (ပင်းယ) (၁၃၂၄-၁၃၄၃)
(၃) ငါးစီးရှင် ကျော်စွာ (၁၃၄၃-၁၃၅၀)
(၄) ကျော်စွာငယ် (၁၃၅၀-၁၃၅၉)
(၅) နရသူ (မောပါမင်း) (၁၃၅၉-၁၃၆၄)
(၆) ဥဇနာပြောင် (ဥစ္စနာပြောင်) (၁၃၆၄)

ဆက်စပ်သော နိုင်ငံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]