ဂျပန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျပန်နိုင်ငံ
日本国 (ဂျပန်)
Nihon-koku
Flag of Japan.svg Imperial Seal of Japan.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - Kimi ga Yo(ရိုမန်ဂျိ) 君が代 (ခန်းဂျိ)
("May your reign last forever")
ပထဝီ
Japan-location-cia.gif
မြို့တော် တိုကျိုမြို့ (東京)
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - (အဆင့်: ၆၂)
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC +၉
လူနေမှု
ရုံးသုံးဘာသာများ ဂျပန်
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံဘုရင်စနစ်
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
စီးပွားရေး
GDP(PPP) US $၃၃,၅၉၆ (အဆင့် - ၂၄)
HDI ၀.၉၅၃ (အမြင့်) (အဆင့် - ၈)
ငွေ နိုင်ငံတကာသုံး သင်္ကေတ ¥ (ယန်း ဟု အသံထွက်သည်။)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 JP
CCLTD .jp
Calling code +၈၁

ဂျပန် (日本 နိဟွန်း သို့မဟုတ် နိပွန်၊ တရားဝင်အမည် 日本国 နိပွန်ကိုကု သို့မဟုတ် နိဟွန်းကိုကု) သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ကိုရီးယားတောင်ကိုရီးယား နှင့် ရုရှား တို့၏ အရှေ့ဖက်တွင် ရှိပြီး မြောက်ဖက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။

ဂျပန်သည် ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့ပြ ဒေသကြီးတွင် ပုံမှန်အားဖြင့် မြို့တော်ဖြစ်သော တိုကျို့မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ ပါဝင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့ပြဧရိယာဖြစ်ပြီး လူဦးရေ သန်း ၃၀ ကျော်နေထိုင်ကြသည်။

ရှေးဟောင်းသုတေသန လေ့လာချက်များအရ နောက်ဆုံး ပေလီယိုလစ်သစ် (Upper Paleolithic) (ကျောက်ခေတ်ဟောင်း) အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျှက်ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုံးသာ ဖော်ပြထားသည်။

အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။

ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၈ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစည်းဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

မာတိကာ

အခေါ်အဝေါ်[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်ဘာသာတွင် ဂျပန်နိုင်ငံဟု ခေါ်ဆိုသော်လည်း ဂျပန်ဘာသာ စကားတွင် ဂျပန်နိုင်ငံကို နိပွန် သို့မဟုတ် နိဟွန်း ဟုခေါ်ဆိုကြပြီး ထိုအမည် နှစ်ခုစလုံးကို ဂျပန် ခန်းဂျီး အက္ခရာဖြင့် ( 日本) ဟု ရေးသည်။ ဂျပန်တွင် နိပွန် ဆိုသော အမည်ကို ရုံးသုံးအတွက် အသုံးများကြပြီး ဂျပန်ယန်းငွေ၊ စာတိုက်တံဆိပ်ခေါင်း နှင့် နိုင်ငံတကာ အားကစားပွဲများတွင် သုံးနှုန်းလေ့ ရှိကြသည်။ နိဟွန်း ဆိုသော အခေါ်အဝေါ်ကိုမူ ယနေ့ခေတ် စကားပြောများတွင် သုံးကြသည်။ ဂျပန် လူမျိုးတို့သည် သူတို့ဘာသာ ဂျပန် ဘာသာစကားဖြင့် နိဟွန်းဂျင်း ဟု လည်းကောင်း၊ ဂျပန်ဘာသာကို နိဟွန်းဂေါ့ ဟု လည်းကောင်း ခေါ်ဆိုလေ့ ရှိပြီး အဓိပ္ပာယ်မှာ နေအမျိုးအနွယ်ဟူ၍ ဖြစ်ပြီး တစ်ခါတရံ နေထွက်ရာတိုင်းပြည် (Land of the Rising Sun) ဟု ဘာသာပြန်ဆိုတတ်ကြသည်။ ထိုအသုံးအနှုန်းမှာ တရုတ်ပြည်ရှိ ဂျပန်သံတမန်များမှ စတင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် ဂျပန်က ပို၍ ရှေ့ဘက်သို့ ကျခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]


သမိုင်းမတင်မီခေတ် နှင့် ရှေးခေတ် သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဟိုးယူးဂျိ မှ ရွှေခန်းမ နှင့် ငါးထပ်ဘုရား သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သစ်သားအဆောက်အအုံများတွင် ပါဝင်ပြီး ဂျပန်နိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာနှင့် ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာများ စာရင်းဝင် ဖြစ်သည်။

ဂျပန်ကျွန်းစုတွင် လူသားတို့ အခြေချနေထိုင်ခဲ့သည့် လက္ခဏာကို ကျောက်ခေတ်ဟောင်း ကာလ ဘီစီ ၃၀,၀၀၀ ခန့်က ပင်တွေ့ရှိရသည်။ ထို့နောက်တွင် ဂျိုမွန်ကာလ ဘီစီ ၁၄,၀၀၀ ခန့်မှ စ၍ ကျောက်ခေတ်လယ် နှင့် ကျောက်ခေတ်သစ် ကာလရှိ ယနေ့ခေတ် အအီနု လူမျိုးနှင့် ယာမာတိုလူမျိုး [၁][၂] တို့၏ ဘိုးဘေးများ ဖြစ်ကြသော တစ်နေရာမှ တစ်နေရာသို့ အမြဲတစေ ရွှေ့ပြောင်းခြင်း မပြုတော့ဘဲ ကျောက်ဂူတွင်း နေထိုင်သော မုဆိုးနှင့် ပစ္စည်းရှာဖွေသူတို့၏ အကြွင်းအကျန်များ နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့၏ အကြွင်းအကျန်များကို တွေ့ရသည်။[၃] ထိုကာလမှ ရွှံ့ဖြင့် ပြုလုပ်ပြီး အလှဆင်ထားသော ခွက်များသည် ကမ္ဘာပေါ်တွင် အစောဆုံးသော အိုးလုပ်ငန်းမှ လက်ရာများပင် ဖြစ်သည်။ ဘီစီ ၃၀၀ ခန့်တွင် ယာယိုအီ လူမျိုးတို့ ဂျပန်ကျွန်းများသို့ ရောက်ရှိလာကြပြီး ဂျိုမွန်လူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည်။[၄]

ဘီစီ ၅၀၀ ခန့်တွင် စတင်သော ယာယိုအီ ကာလတွင် အလေ့အထအသစ်များ စတင်မိတ်ဆက်လာသည်ကို တွေ့ရသည်။ ၄င်းတို့မှာ စပါးစိုက်ပျိုးခြင်း၊[၅] အိုးလုပ်ငန်း ပုံစံအသစ်[၆] နှင့် သတ္တုပညာ တို့ဖြစ်ပြီး ကိုရီးယား နှင့် တရုတ်မှ ရွှေ့ပြောင်းလာသောသူတို့ ယူဆောင်လာခြင်း ဖြစ်သည်။[၇]

ဂျပန်နိုင်ငံနှင့် ပတ်သက်သည့် အစောဆုံး မှတ်တမ်းကို တရုတ်လူမျိုးတို့၏ "ဟန်မှတ်တမ်း" ဟုခေါ်သော တရုတ်သမိုင်းမှ[၈] တဆင့် တွေ့ရသည်။ တရုတ်တို့၏ "ပြည်ထောင် ၃ ခု မှတ်တမ်း" ဟု အမည်ရသော သမိုင်းစာအုပ်အရ အေဒီ ၃ရာစုတွင် ဂျပန်ကျွန်းစုပေါ်မှ အင်အားအကောင်းဆုံး တိုင်းပြည်ကို ယာမာတိုင်းကိုကု ဟု ခေါ်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာကို ဂျပန်နိုင်ငံနှင့် စတင် ရောက်ရှိလာသည်မှာ ကိုရီးယား ပတ်ချဲ တိုင်းပြည်မှ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း ဗုဒ္ဓဘာသာ တိုးတက် ပြန့်ပွားလာမှုတွင် တရုတ်တို့၏ လွှမ်းမိုးမှု များစွာ ပါဝင်လေသည်။[၉] အစောပိုင်းက လက်မခံမှုများရှိသော်လည်း နောက်ပိုင်းတွင် အုပ်ချုပ်သူ လူတန်းစားများက ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်လာကြပြီး အာဆုကာ ခေတ် (၅၉၂-၇၁၀) သို့ ရောက်သော အခါတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာကြသည်။[၁၀]

၈ ရာစုနှစ် နာရာခေတ် (၇၁၀-၇၈၄) သို့ ရောက်သောအခါတွင် ဟဲအိဂျို နန်းတော် (ယနေ့ခေတ် နာရာ နေရာ) နေရာကို ဗဟိုပြု၍ အင်အား အလွန်ကောင်းသော ဂျပန်တိုင်းပြည် ဖြစ်ပေါ်လာခဲ့သည်။ နာရာခေတ်မှစ၍ ဂျပန်စာပေ အစပျိုးလာခဲ့ပြီး ဗုဒ္ဓဘာသာပေါ် အခြေခံသော ဂျပန် အနုပညာ နှင့် ဗိသုကာပညာရပ်တို့ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။[၁၁] ၇၃၅-၇၃၇ ကြား ဖြစ်ပွားခဲ့သော ကျောက်ရောဂါ ကပ်ကြီးကြောင့် ဂျပန်နိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့သည်။[၁၂] ၇၈၄ ခုနှစ်တွင် ကန်မူးမင်းက မြို့တော်ကို နာရာမှ နာဂါအိုကာကျိုး နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှ တဆင့် ယနေ့ခေတ် ကျိုတိုမြို့ နေရာ ဖြစ်သော ဟဲအိအန်ကျိုး သို့ ၇၉၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။

မွန်ဂိုတို့ ဂျပန်သို့ ကျူးကျော်စဉ်အတွင်း ဆာမူရိုင်းများ မွန်ဂိုတို့နှင့် ရင်ဆိုင်နေစဉ်။ ကာမိကာဇဲဟု အမည်ရသော တိုင်ဖွန်းမုန်တိုင်း နှစ်ခုက ဂျပန်တို့ကို မွန်ဂိုတပ်တို့၏ ရန်မှ ကာကွယ်ပေးခဲ့သည်ဟု ဆိုသည်။

ထိုအချိန်မှစ၍ ဟဲအိအန် ခေတ် (၇၉၄-၁၁၈၅) စတင်ခဲ့ပြီး ထိုအချိန်မှစ၍ တသီးတခြားဖြစ်သော ဂျပန် ယဉ်ကျေးမှု ခိုင်မာစွာ ပေါ်ထွန်းလာခဲ့ကာ အနုပညာ၊ အိုးလုပ်ငန်း နှင့် ဘာသာစကားတို့ ဖြစ်ကြသည်။ လေဒီ မူရာဆာကီ၏ ဂန်းဂျိ ပုံပြင်များနှင့် ဂျပန်နိုင်ငံတော် သီချင်းဖြစ်သော ကိမိဂါရိုတို့ကို ထိုအချိန်က ရေးသားခဲ့ကြခြင်း ဖြစ်သည်။[၁၃]

ဟဲအိအန်ခေတ်အတွင်း ဗုဒ္ဓဘာသာ ပြန့်ပွားလာခဲ့ပြီး အဓိကအားဖြင့် ဂိုဏ်းနှစ်ခု ဖြစ်သော ဆိုင်ချိုး၏ တန်ဒိုင်းဂိုဏ်း နှင့် ကူးကိုင်း၏ ရှင်ဂုံဂိုဏ်းတို့ ဖြ်စကြသည်။ မဟာယန ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခု ဖြစ်သော သန့်ရှင်းသောမြေ၏ ဗုဒ္ဓဝါဒ (ဂျိုဒိုရှူး ၊ ဂျိုဒိုရှင်ရှူး ) မှာ ၁၁ ရာစု၏ နောက်တစ်ဝက်တွင် အလွန် ထင်ရှားလာခဲ့သည်။

မြေရှင်ပဒေသရာဇ်ခေတ်ကာလ[ပြင်​ဆင်​ရန်​]

ဂျပန်တို့၏ မြေရှင်ပဒေသရာဇ် ခေတ်ကာလမှ ဆာမူရိုင်း ဟုခေါ်သော အုပ်ချုပ်သူ စစ်သူရဲများ ပေါ်ပေါက်လာခြင်းနှင့် ထင်ရှားလာခြင်းတို့ဖြင့် အစပျိုးခဲ့သည်။ ၁၁၈၅ ခုနှစ် ဂန်ပေးစစ်ပွဲအတွင်း တိုင်ရာ မျိုးနွယ်စုတို့ ရှုံးနိမ့်ခဲ့ပြီးနောက် ဟဲအိကဲပုံပြင်များအရ ဆာမူရိုင်း မိနာမိတို နော့ ယိုရီတိုမိုကို ရှိုးဂန်း အဖြစ် ခန့်အပ်ခဲ့ပြီး ကမာကူရာ တွင် အခြေစိုက် အုပ်ချုပ်ခဲ့သည်။ သူ သေဆုံးပြီးနောက် ဟိုဂျို မျိုးနွယ်စုသည် ရှိုးဂန်း များအတွက် အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။ ကမာကူရာ ခေတ် (၁၁၈၅-၁၃၃၃) အတွင်းတွင် တရုတ်နိုင်ငံမှ ဇင်ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့ပြီး ဆာမူရိုင်းအလွှာများ ကြားတွင် ရေပန်းစားလာခဲ့သည်။[၁၄] ကမာကူရာ ရှိုးဂန်းတို့က ၁၂၇၄ နှင့် ၁၂၈၁ တွင် မွန်ဂို ကျူးကျော်သူတို့ကို တွန်းလှန်ခဲ့သော်လည်း နောက်ဆုံးတွင် ဂိုဒိုင်ဂိုမင်းမှ နောက်ဆုံးတွင် သူတို့အား ဖယ်ရှားပစ်ခဲ့သည်။ ဂိုဒိုင်ဂိုမင်းသည် ၁၃၃၆တွင် အာရှီကာဂါ တာကာအူဂျီ အား ရှုံးနိမ့်ခဲ့သည်။

ဆာမူရိုင်းတို့သည် အရပ်သားတို့ကို အသေးအဖွဲစော်ကားမှုများနှင့်ပင် သတ်ဖြတ်တတ်ကြသဖြင့် အဲဒိုခေတ် (၁၇၉၈)အတွင်း ဂျပန်ပြည်သူတို့က အကြီးအကျယ် ကြောက်ရွံ့ကြသည်။

အာရှိကာဂါ တာကာအူဂျီက မူရိုမာချီ ၊ ကျိုတိုတွင် ရှိုးဂန်းနိတ် ကို တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ မူရိုမာချီခေတ် (၁၃၃၆-၁၅၇၃) စတင်ခဲ့သည်။ အာရှီကာဂါ ရှိုးဂန်းနိတ် သည် အာရှိကာဂါ ယိုရှီမိဆု လက်ထက်တွင် ဂုဏ်ရောင် ထွန်းပြောင်ခဲ့ပြီး ဇင်ဗုဒ္ဓဘာသာကို အခြေခံသော ယဉ်ကျေးမှု တိုးတက်မြင့်မားခဲ့သည်။ ထိုမှတဆင့် ဟီဂါရှိယာမ ယဉ်ကျေးမှု တိုးတက်လာခဲ့ပြီး ၁၆ ရာစုတိုင်အောင် တိုးတက် မြင့်မားခဲ့သည်။ အခြားတစ်ဖက်တွင်မူ နောက် ဆက်ခံသော အာရှိကာဂါ ရှိုးဂန်းများသည် ဒိုင်မျိုဟုခေါ်သော မြေရှင်ပဒေရာဇ် စစ်ခေါင်းဆောင်များကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘဲ ၁၄၆၇ တွင် အိုးနင်စစ်ပွဲဟု ခေါ်သော ပြည်တွင်းစစ် စတင်ခဲ့ကာ ရာစုနှစ်တစ်ခုစာ ကြာသည့် ဆန်ဂိုးကုခေတ် ဟုခေါ်သည် ပြည်ထောင်စစ်ပွဲများ စတင်လာခဲ့သည်။[၁၅]

၁၆ရာစု အတွင်းတွင် ပေါ်တူဂီမှ ကုန်သည်များနှင့် ခရစ်ယာန် သာသနာပြုများ ဂျပန်သို့ ရောက်ရှိလာခဲ့ပြီး ဂျပန်နှင့် အနောက်တိုင်းတို့အကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု တိုက်ရိုက်ဖလှယ်ခြင်း စတင်ခဲ့သည်။ အိုဒါ နိုဘူနာဂါသည် အခြား ဒိုင်မျိုများကို ဥရောပ နည်းပညာနှင့် လက်နက်များကို အသုံးပြု၍ အောင်နိုင်ခဲ့သည်။ ၁၈၅၂ ခုနှစ် သူ လုပ်ကြံခံရပြီးနောက် ဆက်ခံသူ တိုယိုတိုမီ ဟီဒဲယိုရှီက ၁၅၉၀တွင် နိုင်ငံကို ပေါင်းစည်းခဲ့သည်။ ဟီဒဲယိုရှီက ကိုရီးယားကို နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့သည်။ ကိုရီးယားနှင့် မင်မင်းဆက်၏ တရုတ်တပ်များကို ရှုံးနိမ့်ပြီး ဟီဒဲယိုရှီ ကွယ်လွန်ပြီးနောက် ဂျပန်တပ်များ ကိုရီးယားမှ ၁၅၉၈ တွင် ဆုတ်ခွာလာခဲ့သည်။[၁၆] ထိုခေတ်ကို အာဇူချီ-မိုမိုယာမာခေတ် (၁၅၇၃-၁၆၀၃) ဟု ခေါ်သည်။

ဂျပန်နိုင်ငံ၏ မြေပုံကို ပြန်လည် ထွင်းထုထားပုံ

တိုဂူဂါဝါ အိအဲယာဆု သည် ဟိဒဲယိုရှီ၏ သားအရွယ်မရောက်မီ ယာယီအုပ်ချုပ်သူအဖြစ် အမှုထမ်းခဲ့ပြီး သူ၏ နေရာကို အသုံးပြု၍ နိုင်ငံရေးနှင့် စစ်ရေး ထောက်ခံမှု ရရှိစေရန် ပြုလုပ်ခဲ့သည်။ စစ်ပွဲ ဖြစ်ပွားသော အခါတွင် သူသည် ၁၆၀၀ ခုနှစ်၌ ပြိုင်ဘက် မျိုးနွယ်စုတို့ကို ဆဲကိဂါဟာရ စစ်ပွဲတွင် အနိုင်ရခဲ့သည်။ အိအဲယာဆုသည် ၁၆၀၃ ခုနှစ်တွင် ရှိုးဂန်းအဖြစ် ခန့်အပ်ခဲ့ရပြီး အဲဒိုခေါ် ယနေ့ခေတ်တိုကျို နေရာတွင် တိုကုဂါဝါ ရှိုးဂန်းနိတ် ကို တည်ထောင်ခဲ့သည်။[၁၇] တိုကုဂါဝါ ရှိုးဂန်းနိတ် သည် ဘူကဲ ရှိုဟတ်တို အပါအဝင် စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိုင်မျိုများ ထိန်းချုပ်နိုင်ရန် အတွက် လိုက်နာရမည့် စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့သည်။[၁၈] ၁၆၃၉ ခုနှစ်တွင် ဆာကိုကု ဟုခေါ်သော တံခါးပိတ် ဝါဒ ပေါ်လစီကို ရာစုနှစ် ၂ ခုခွဲမျှ ကြာအောင် ကျင့်သုံးခဲ့ပြီး အားပျော့သော နိုင်ငံရေးဆိုင်ရာ စည်းလုံးညီညွတ်မှု အချိန်ကာလ ဖြစ်သည့် အဲဒိုခေတ် (၁၆၀၃-၁၈၆၈) အဖြစ် တည်ရှိခဲ့သည်။[၁၉] ရန်းဂါးကု ဟုခေါ်သော အနောက်တိုင်း သိပ္ပံပညာများကို နာဂါဆာကီရှိ ဒတ်ချ်တို့ စုဝေးရာ ဖြစ်သော ဒဲဂျီးမားမှ တဆင့် ဆက်လက်လေ့လာခဲ့သည်။ အဲဒိုခေတ်တွင် ကိုကုဂကု (အမျိုးသားရေး ဘာသာ) ဟုခေါ်သော ဂျပန်တို့မှ ဂျပန်နိုင်ငံ အကြောင်း လေ့လာသော ဘာသာရပ်လည်း တိုးတက် ထွန်းကားလာခဲ့သည်။[၂၀]

ခေတ်သစ်ကာလ[ပြင်​ဆင်​ရန်​]

၁၈၅၄ ခုနှစ် မတ်လ ၃၁ ရက်တွင် အမေရိကန် ရေတပ်ဗိုလ်မှူးချုပ် မက်သယူးပယ်ရီသည် အမေရိကန်ရေတပ်မှ သင်္ဘောနက်ဟု ဂျပန်တို့ခေါ်သော အနောက်တိုင်း သင်္ဘောများဖြင့် ရောက်ရှိလာပြီး ကာနာဂါဝါ သဘောတူညီချက်ဖြင့် ဂျပန်တို့ကို ဖိအားပေး၍ ပြင်ပကမ္ဘာနှင့် ဆက်သွယ်စေခဲ့သည်။ ဘာကူမတ်ဆု ခေတ်အတွင်း နောက်ဆက်တွဲ အနောက်နိုင်ငံများနှင့် ချုပ်ဆိုသော အလားတူစာချုပ်များကြောင့် ဂျပန်နိုင်ငံတွင် စီးပွားရေး နှင့် နိုင်ငံရေး ပြသနာများ ဖြစ်ပေါ်စေခဲ့သည်။ ရှိုးဂန်း နှုတ်ထွက်ပြီးနောက် ဘိုရှင်းစစ်ပွဲ ဖြစ်ပွားပြီး ဘုရင်အောက်တွင် အားလုံး စုပေါင်းထိန်းချုပ်သောနိုင်ငံ (မေဂျီပြန်လည်တည်ထောင်ရေး) အဖြစ် စတင် တည်ထောင်ခဲ့သည်။[၂၁]

၁၈၉၄-၁၈၉၅ ပထမ တရုတ်-ဂျပန်စစ်တွင် တရုတ် ဗိုလ်ချုပ်တို့ ဂျပန်တို့ ထံတွင် လက်နက်ချစဉ်

အနောက်တိုင်းမှ နိုင်ငံရေး၊ တရားစီရင်ရေး နှင့် စစ်ရေးအဖွဲ့အစည်းများ ပုံစံကို ယူပြီးနောက် ဂျပန်အစိုးရအဖွဲ့သည် ပရိုင်ဗီကောင်စီကို ဖွဲ့စည်းခဲ့ပြီး မေဂျီ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စတင်မိတ်ဆက်ကာ ဂျပန်လွှတ်တော်ကို တည်ထောင်ခဲ့သည်။ မေဂျီ ပြန်လည်တည်ဆောက်ရေးမှ ဂျပန် အင်ပိုင်ယာကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးသော ကမ္ဘာ့အင်အားကြီး နိုင်ငံ အဖြစ်သို့ ရောက်ရှိစေခဲ့ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်အတွက် စစ်ရေးပဋိပက္ခများကို စတင် ဖန်တီးခဲ့သည်။ ပထမ တရုတ်-ဂျပန်စစ် (၁၈၉၄-၁၈၉၅) နှင့် ရုရှား-ဂျပန်စစ် (၁၉၀၄-၁၉၀၅) တို့ အပြီးတွင် ဂျပန်တို့သည် ထိုင်ဝမ်၊ ကိုရီးယား နှင့် ဆာခါလင်၏ တောင်ဖက် တစ်ဝက်ကို ရယူ ထိန်းချုပ်နိုင်ခဲ့သည်။[၂၂] ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၁၈၇၃တွင် ၃၅ သန်းမှ ၁၉၃၅ တွင် သန်း ၇၀ သို့ တိုးတက်လာခဲ့သည်။[၂၃]

မေဂျီ ဘုရင် (၁၈၆၈-၁၉၁၂) သူ၏ အမည်ဖြင့် တိုကုဂါဝါ ရှိုးဂန်းနိတ် အပြီးတွင် ဘုရင်စနစ်ကို ပြန်လည် အသက်သွင်းခဲ့သည်။

၂၀ ရာစု အစောပိုင်းတွင် တိုင်းရှိုး ဒီမိုကရေစီခေတ်အနေဖြင့် ခဏတာ ရှိခဲ့သော်လည်း နယ်ချဲ့စနစ်နှင့် စစ်အင်အားတိုးချဲ့မှုတို့က လွှမ်းမိုးသွားခဲ့သည်။ ပထမကမ္ဘာစစ် တွင် ဂျပန်တို့သည် စစ်နိုင်သည့် မဟာမိတ်များဘက်မှ ရှိခဲ့ပြီး သူတို့၏ ဩဇာလွှမ်းမိုးမှုနှင့် နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်နိုင်ခဲ့သည်။ ဂျပန်တို့သည် နယ်ချဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးခဲ့ပြီး ၁၉၃၁တွင် မန်ချူးရီးယားကို သိမ်းပိုက်ခဲ့သဖြင့် နိုင်ငံတကာမှ ကန့်ကွက် ရှုံ့ချခြင်းကို ခံခဲ့ရသည်။ နှစ်နှစ်အကြာတွင် ဂျပန်တို့ နိုင်ငံပေါင်းချုပ် အသင်းကြီး မှ နှုတ်ထွက်ခဲ့သည်။ ၁၉၃၆တွင် ဂျပန်တို့သည် နာဇီဂျာမနီ နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး ပဋိညာဉ် စာချုပ်ကို လက်မှတ် ထိုးခဲ့ပြီး ၁၉၄၀တွင် သုံးပွင့်ဆိုင် ပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဝင်ရိုးတန်းအင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့သည်။[၂၄] ၁၉၄၁ တွင် ဂျပန်တို့က ဆိုဗီယက်-ဂျပန် စစ်မတိုက်ရေး ပဋိညာဉ်စာချုပ်ကို ညှိနှိုင်း ချုပ်ဆိုခဲ့သည်။[၂၅]

ဂျပန်အင်ပိုင်ယာသည် ၁၉၃၇တွင် တရုတ်နိုင်ငံ အခြားဒေသများကို ကျူးကျော်ခဲ့ပြီး ဒုတိယ တရုတ်-ဂျပန်စစ် (၁၉၃၇-၁၉၄၅) ကို ဆင်နွှဲခဲ့သည်။ ဂျပန် ဘုရင့် တပ်မတော်သည် နန်ကျင်းမြို့ကို အလျှင်အမြန် သိမ်းပိုက်ခဲ့ပြီး နန်ကင်း လူသတ်ပွဲကို ကျူးလွန်ခဲ့သည်။[၂၆] ၁၉၄၀ တွင် ဂျပန်တို့ ပြင်သစ် အင်ဒိုချိုင်းနားကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက ဂျပန်တို့အား လောင်စာဆီ ရောင်းချမှု ပိတ်ပင်ကန့်သတ်ခဲ့သည်။[၂၇] ၁၉၄၁ ဒီဇင်ဘာ ၇ ရက်တွင် ဂျပန်တို့က အမေရိကန် ရေတပ်စခန်း ဖြစ်သော ပုလဲဆိပ်ကမ်း ကို တိုက်ခိုက်ပြီး စစ်ကြေငြာခဲ့ကာ အမေရိကန်တို့ကို ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက် လာစေခဲ့သည်။[၂၈][၂၉] ဆိုဗီယက်တို့က မန်ချူးရီးယားကို ကျူးကျော်ဝင်ရောက်ပြီး ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့တို့တွင် အဏုမြူဗုံး ကြဲချခြင်း ခံရပြီးနောက် ဂျပန်တို့ ဩဂုတ်လ ၁၅ ရက်တွင် အကန့်အသတ်မရှိ လက်နက်ချခဲ့သည်။[၃၀] စစ်ပွဲကြောင့် ဂျပန် နှင့် အရှေ့အာရှ တစ်ခုလုံးတွင် လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ အမေရိကန် ဦးဆောင်သော မဟာမိတ်များက အာရှတဝှမ်းရှိ ကိုလိုနီများ နှင့် စစ်စခန်းများမှ ဂျပန် သန်းပေါင်းများစွာကို အိမ်ပြန်ပို့ခဲ့ရပြီး ဂျပန် အင်ပိုင်ယာကို ဖျက်သိမ်းကာ ၎င်းတို့ သိမ်းယူထားသော နယ်မြေများကို လွတ်လပ်ရေး ပြန်လည် ရရှိစေခဲ့သည်။[၃၁] မဟာမိတ်များက အရှေ့ဖျားဒေသအတွက် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးကို ၁၉၄၆ ခုနှစ် မေလ ၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဂျပန်ခေါင်းဆောင် အချို့ကို စစ်ရာဇဝတ်မှုများ အတွက် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဘက်တီးရီးယား သုတေသန ဌာန နှင့် ဘုရင့်မိသားစုတို့ကိုမူ တရားခွင်သို့ တက်ရောက်စေခဲ့သော်လည်း ရာဇဝတ်သားအဖြစ် တရားစွဲဆိုခြင်းမှ မဟာမိတ်တပ်များဆိုင်ရာ စစ်သေနာပတိချုပ်မှ ကင်းလွတ်ခွင့် ပေးခဲ့သည်။[၃၂]

၁၉၄၇ တွင် ဂျပန်တို့က လစ်ဘရယ် ဒီမိုကရေစီဝါဒကို အလေးပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၁၉၅၂ တွင် ဆန်ဖရန်စစ္စကို စာချုပ်ဖြင့် မဟာမိတ်တို့ ဂျပန်မှ ထွက်ခွာသွားခဲ့ကာ [၃၃] ၁၉၅၆ တွင် ဂျပန်တို့အား ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထို့နောက်တွင် ဂျပန်နိုင်ငံသည် အလျှင်အမြန် တိုးတက်လာခဲ့ပြီး ကမ္ဘာတွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေး ရှိသောနိုင်ငံ ဖြစ်လာခဲ့သည်မှာ ၂၀၁၀ ခုနှစ် တရုတ်တို့ ကျော်တက် မသွားခင်အချိန်အထိ ဖြစ်သည်။ ထိုတိုးတက်မှုမှာ ၁၉၉၀ ပြည့်နှစ်လည်များတွင် အဓိက စီးပွားရေး ကျဆင်းမှု ကြုံတွေ့ပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ၂၁ ရာစု အလယ်ပိုင်းတွင် အပေါင်းလက္ခဏာ ဆန်သော တိုးတက်မှုများဖြင့် စီးပွားရေး ပြန်လည် တိုးတက်လာခဲ့သည်။[၃၄] ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ဂျပန်တို့သည် သမိုင်းတွင် အပြင်းထန်ဆုံးသော ငလျင်နှင့် ကြုံတွေ့ခဲ့ရပြီး နျူကလီးယား စွမ်းအင်၏ သမိုင်းတလျှောက်တွင် အဆိုးရွားဆုံး ဖြစ်သော ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။[၃၅]

အစိုးရနှင့် နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဂျပန်ဘုရင် အာကီဟီတို နှင့် မိဘုရား မီချီကို

ဂျပန်နိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံ ဖြစ်ပြီး ဘုရင်၏ ဩဇာအာဏာမှာ အနည်းအကျဉ်းမျှသာ ရှိသည်။ ပွဲလမ်းသဘင်များအတွက် ဥသျှောင် ဖြစ်သော ဘုရင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက "နိုင်ငံတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု ၏ ပြယုဂ်" ဟု သတ်မှတ်ထားသည်။ ဩဇာအာဏာမှာ ဝန်ကြီးချုပ် နှင့် ဒိုင်းယက်ဟု ခေါ်သော လွှတ်တော်၏ ရွေးချယ်ခံ အမတ်များ တွင်သာ ရှိသည်။ အချုပ်အခြာ အာဏာမှာ ပြည်သူတို့ ထံတွင်သာ ရှိသည်။[၃၆] ဂျပန်နိုင်ငံ၏ လက်ရှိဘုရင်မှာ အာကီဟီတိုဖြစ်ပြီး သူ၏ နေရာကို ဆက်ခံမည့် အိမ်ရှေ့မင်းသားမှာ နာရူဟီတို ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဥပဒေပြု အစိတ်အပိုင်းမှာ နေရှင်နယ် ဒိုင်းယက် ဟုခေါ်သော လွှတ်တော် နှစ်ရပ်ဖြစ်သည်။ လွှတ်တော်တွင် အမတ် နေရာ ၄၈၀ ပါသော အောက်လွှတ်တော် ပါဝင်ပြီး ၄ နှစ်တကြိမ် သို့မဟုတ် ဖျက်သိမ်းသည့် အခါတွင် ပေါ်ပြူလာ ဖြစ်သော မဲဖြင့် ရွေးချယ်ခန့်အပ် ကြသည်။ ဟောက်စ်အော့ဖ် ကောင်ဆယ်လာ ခေါ်သော အထက်လွှတ်တော်တွင် အမတ်နေရာ ၂၄၂ နေရာ ပါဝင်ပြီး ၆ နှစ်သက်တမ်း ရှိသည်။ အသက် ၂၀ ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရှိပြီး[၃၇] ရွေးချယ်ခံ နေရာများ အားလုံးအတွက် လျှို့ဝှက်မဲစနစ်[၃၆] ကို ကျင့်သုံးသည်။ လွှတ်တော်တွင် ဆိုရှယ်လစ်ဘရယ် ပါတီ ဖြစ်သော ဂျပန် ဒီမိုကရက်တစ် ပါတီ နှင့် ကွန်ဆာဗေးတစ် ဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ် ပါတီတို့ ကြီးစိုးနေကြသည်။ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှာ ၁၉၅၅ မှစ၍ မဲအရေအတွက် အသာရခဲ့ပြီဂ ၁၉၉၃ နှင့် ၁၉၉၄ ကြား ၁၁ လ နှင့် ၂၀၀၉ နှင့် ၂၀၁၂ ကြား ကာလများမှ လွဲ၍ ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်တွင် ၂၉၄ နေရာနှင့် အထက်လွှတ်တော်တွင် ၈၃ နေရာ ရရှိထားသည်။

ဝန်ကြီးချုပ်မှာ ဂျပန်အစိုးရ၏ ခေါင်းဆောင် ဖြစ်ပြီး လွှတ်တော်များမှ အမတ်များထဲနေ၍ ရွေးချယ် သတ်မှတ်ပြီးနောက် ဘုရင်မှ ခန့်အပ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ပိုင်ခွင့် နှင့် ထုတ်ပယ်နိုင်ခွင့် ရှိသည်။ ၂၀၁၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ရှင်ဇို အာဘေးမှ ယိုရှီဟီကို နိုဒါ၏ နေရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ မှစ၍ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၃၈] ဝန်ကြီးချုပ်နေရာကို ဘုရင်က ခန့်အပ်ခြင်း ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်မှ သတ်မှတ်ပေးသူ မည်သူကို မဆို ဘုရင်က ခန့်အပ်ပေးရမည်ဟု ဖော်ပြပါရှိသည်။[၃၆]

ဂျပန် ဥပဒေမှာ သမိုင်းကြောင်းအရ တရုတ်ဥပဒေ၏ ဩဇာလွှမ်းမိုးမှု ရှိသော်လည်း အဲဒိုခေတ် အတွင်းတွင် "ကူဂျီကာတာ အိုဆာဒါမဲဂါကီ" အစရှိသော သီးသန့် ဥပဒေများ ဖြစ်ပေါ်တိုးတက် လာခဲ့သည်။ [၃၉] သို့သော်လည်း ၁၉ ရာစု နှောင်းပိုင်းမှ စ၍ တရားစီရင်ရေး စနစ်မှာ ဥရောပမှ အရပ်ဘက် ဥပဒေများ ပေါ်တွင် များစွာ အခြေခံလာပြီး အထူးသဖြင့် ဂျာမနီ နိုင်ငံ ဥပဒေ ပေါ်တွင် အခြေခံသည်။ ဥပမာအားဖြင့် ၁၈၉၆ တွင် ဂျပန် အစိုးရမှ ဂျာမန် ဥပဒေကြမ်း တစ်ခုပေါ်တွင် မူတည်၍ အရပ်ဘက် ဥပဒေ တစ်ခုကို ပြဌာန်းခဲ့ပြီး ဒုတိယကမ္ဘာစစ် အပြီး ပြင်ဆင် ပြီးချိန် အထိတိုင်အောင် သက်ရောက်မှု ရှိခဲ့သည်။[၄၀] ဥပဒေပြု လွှတ်တော်မှ ပြဌာန်းလိုက်သော ဥပဒေများကို ဘုရင်က တရားဝင် အသိအမှတ် ပြုပေးရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင်သည် လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေကို အတည်ပြုပေးရန် လိုအပ်ပြီး ထိုပြဌာန်းချက်ကို ဆန့်ကျင်ရန် အခွင့်အာဏာ ပေးမထားပေ။[၃၆] ဂျပန် တရားရုံးစနစ်ကို လေးပိုင်း ခွဲခြားထားပြီး တရားရုံးချုပ် နှင့် အောက်ရုံး ၃ ခု တို့ ဖြစ်သည်။[၄၁] ဂျပန်နိုင်ငံ ပြဌာန်း ဥပဒေ၏ အဓိက အပိုင်းကို ဥပဒေ သတ်မှတ်ချက်ဟု ခေါ်သည်။[၄၂]

နိုင်ငံခြား ဆက်ဆံရေး နှင့် စစ်ရေး[ပြင်​ဆင်​ရန်​]

ဂျေဒီအက်စ် ကွန်ဂို (DDG-173) ထိန်းချုပ် ဒုံးကျည်ဖျက်စနစ်မှ တိုက်ချင်းပစ် ဒုံးပျံ ဖျက် ဒုံးကျည်ကို ပစ်လွှတ်နေစဉ်

ဂျပန်သည် ဂျီအိတ် (G8)၊ အေးပက် နှင့် အာဆီယံ ပေါင်း ၃ နိုင်ငံ တို့၏ အဖွဲ့ဝင် ဖြစ်ပြီး အရှေ့အာရှ ညီလာခံတွင် ပါဝင်သူ ဖြစ်သည်။ ဂျပန်သည် ဩစတြေးလျနိုင်ငံနှင့် လုံခြုံရေး ပဋိဉာဏ် စာချုပ်ကို ၂၀၀၇ ခုနှစ် မတ်လတွင် လက်မှတ် ရေးထိုးခဲ့ပြီး[၄၃] အိန္ဒိယနိုင်ငံ နှင့် ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် လက်မှတ် ရေးထိုးခဲ့သည်။[၄၄] အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် အမေရိကန် ပြည်ထောင်စု နှင့် ပြင်သစ်နိုင်ငံတို့ ပြီးလျှင် တတိယမြောက် အများဆုံး လှူဒါန်းသော နိုင်ငံ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉.၄၈ ဘီလီယံ လှူဒါန်းခဲ့သည်။[၄၅]

ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး၊ စစ်ရေး အရ နီးစပ်မှု ရှိသည်။ ဂျပန်-အမေရိကန် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဂျပန်နိုင်ငံခြားရေး ပေါ်လစီ၏ အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်သည်။[၄၆] ၁၉၅၆ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမ္မဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ အဖြစ် တာဝန်ယူခဲ့သည်မှာ စုစုပေါင်း နှစ် ၂၀ မျှ ရှိပြီး လတ်တလော အနေနှင့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် ဖြစ်သည်။ ဂျပန်သည် ဂျီဖိုး နိုင်ငံများထဲမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် ကြိုးစားနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။[၄၇]

ဂျပန်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်လျှင် ရှိသည်။ ၎င်းတို့မှာ ရုရှားနိုင်ငံနှင့် တောင်ကူရေးကျွန်းများ အငြင်းပွားမှု၊ တောင်ကိုရီးယားနှင့် လျန်ကုတ် ကျောက်ဆောင် အငြင်းပွားမှု နှင့် တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့နှင့် ဆန်ကာကူးကျွန်း အငြင်းပွားမှု၊ တရုတ်နှင့် အိုကီနိုတိုရီရှီမာ ပတ်ဝန်းကျင် သီးသန့်စီးပွားရေးဇုန် ဆိုင်ရာ အငြင်းပွားမှုတို့ ဖြစ်သည်။[၄၈] ထို့ပြင် ဂျပန်တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံသားတို့အား ပြန်ပေးဆွဲမှု နှင့် နျူးကလီးယားလက်နက် နှင့် ဒုံးကျည်များ ကိစ္စတို့ကြောင့် ပြသနာ ဖြစ်ပွားလျှက် ရှိသည်။[၄၉]

ဂျပန်သည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲမှ စစ်ရေး အသုံးစရိတ် အကြီးမားဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[၅၀] အီရတ်စစ်ပွဲ အတွင်းက ဂျပန်နိုင်ငံမှ တိုက်ခိုက်ရေး မဟုတ်သော တပ်များကို စေလွှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။[၅၁] ဂျပန်၏ ရေကြောင်းကာကွယ်ရေးတပ်မှာ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ နို်ငငံများ စစ်ရေးလေ့ကျင့်မှုတွင် အမြဲပါဝင်လေ့ ရှိသည်။[၅၂]

ဂျပန်စစ်တပ် (ဂျပန်ကာကွယ်ရေးတပ်) အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ကြေငြာခြင်းနှင့် နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်ရေးအရ ဖြေရှင်းခြင်းကို တားမြစ်ထားသည်။ ဂျပန် ကာကွယ်ရေးတပ်သည် ပုံမှန် စစ်တပ်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံ ပြင်ပတွင် သေနတ်တစ်ချက်မျှ မဖောက်သည့် စစ်တပ် ဖြစ်သည်။[၅၃] ဂျပန်စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက အုပ်ချုပ်ပြီး အခြေခံအားဖြင့် ဂျပန်မြေပြင်ကာကွယ်ရေးတပ်(JGSDF) ၊ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ် (JMSDF) နှင့် ဂျပန် လေကြောင်းကာကွယ်ရေးတပ် (JASDF) တို့ ပါဝင်သည်။ ထိုတပ်များသည် လတ်တလောတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက် ရှိသည်။ အီရတ်သို့ ဂျပန်တပ်များပို့လွှတ်ခြင်းမှာ ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်မှစ၍ ပထမဆုံး ဂျပန်စစ်တပ်အား နိုင်ငံခြားတွင် အသုံးပြုခြင်းပင် ဖြစ်သည်။[၅၁] နိပွန်ကဲအီဒန်ရန် ဟု ခေါ်သော ဂျပန်စီးပွားရေး အသင်းမှ ဂျပန်နိုင်ငံ အနေနှင့် နိုင်ငံတကာ စစ်လေယာဉ်နှင့် ဒုံးကျည် ပူးပေါင်း တည်ဆောက်သည့် ပရော့ဂျက်များတွင် ပါဝင်နိုင်ရန် အတွက် အစိုးရအား လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခြင်းမှ ရုပ်သိမ်းရန် တောင်းဆိုလျှက် ရှိသည်။[၅၄]

၂၀၁၄ ခုနှစ် မေလတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ဂျပန် အနေနှင့် ဒုတိယကမ္ဘာစစ်ပြီးသည့် အချိန်မှ စ၍ ထိန်းသိမ်းထားသော ပါဝင်ပတ်သက်မှု မရှိခြင်းကို ရပ်တန့်၍ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။ သူ၏ ပြောကြားချက်အရ ဂျပန်အနေနှင့် အိမ်နီးချင်း နိုင်ငံများအား ဂျပန်၏ ပံ့ပိုးမှုကို ပေး၍ အဓိက အခန်းကဏ္ဍမှ ပါဝင်လိုသည်ဟု ဆိုသည်။[၅၅]

အုပ်ချုပ်ရေး ဒေသများ[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံတွင် ပရီဖက်ချာပေါင်း ၄၇ ခုရှိပြီး ပရီဖက်ချာ တစ်ခုစီတွင် ရွေးချုပ်ထားသော အုပ်ချုပ်ရေးမှူး၊ ဥပဒေရေးရာ အဖွဲ့ နှင့် အုပ်ချုပ်ရေး အဖွဲ့တို့က ကြီးကြပ်သည်။ ပရီဖက်ချာများကို မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများ အဖြစ် ဆက်လက် ခွဲခြမ်းစိတ်ဖြာထားသည်။[၅၆] ဂျပန်နိုင်ငံသည် လက်ရှိတွင် မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများကို ပြန်လည် ပေါင်းစပ် ဖွဲ့စည်းလျှက် ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ပရီဖက်ချာများ၏ အုပ်ချုပ်ရေး ဒေသများ လျော့နည်းသွားပြီး အုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်ကို လျှော့ချနိုင်ရန် မျှော်လင့်ထားသည်။[၅၇]

ဟော့ကိုင်းဒိုး အာအိုမိုရိ ပရီဖက်ချာ အာကီတာ ပရီဖက်ချာ အီဝတဲ ပရီဖက်ချာ ယာမာဂါတာ ပရီဖက်ချာ မိယာဂီ ပရီဖက်ချာ ဖူကူရှီးမား ပရီဖက်ချာ နီးဂါတာ ပရီဖက်ချာ တိုချိဂိ ပရီဖက်ချာ ဂန်းမာ ပရီဖက်ချာ အီဘာရားကိ ပရီဖက်ချာ နာဂါနို ပရီဖက်ချာ ဆိုင်းတာမာ ပရီဖက်ချာ ချီဘာ ပရီဖက်ချာ တိုကျို မက်ထရိုပိုလစ် ကာနာဂါဝါ ပရီဖက်ချာ တိုယာမာ ပရီဖက်ချာ အိရှိကာဝါ ပရီဖက်ချာ ဂီဖူ ပရီဖက်ချာ ဖူကူအိ ပရီဖက်ချာ ယာမာနာရှိ ပရီဖက်ချာ ရှိဇုအိုကာ ပရီဖက်ချာ အာအိချိ ပရီဖက်ချာ ရှိဂါ ပရီဖက်ချာ ကျိုတို ပရီဖက်ချာ မိအဲ ပရီဖက်ချာ နာရာ ဟျိုးဂိုး ပရီဖက်ချာ အိုဆာကာ ပရီဖက်ချာ ဝါကာယာမာ ပရီဖက်ချာ တော့တိုးရိ ပရီဖက်ချာ အိုကာယာမာ ပရီဖက်ချာ ရှိမာနဲ ပရီဖက်ချာ ဟီရိုရှီးမား ပရီဖက်ချာ ယာမာဂူချီ ပရီဖက်ချာ ကာဂါဝါ ပရီဖက်ချာ တိုကူရှီးမား ပရီဖက်ချာ အဲဟိမဲ ပရီဖက်ချာ ကိုချိ ပရီဖက်ချာ ဖူကူအိုကာ ပရီဖက်ချာ အိုအိတ ပရီဖက်ချာ ဆာဂါ ပရီဖက်ချာ နာဂါဆာကီ ပရီဖက်ချာ ကူမာမိုတို ပရီဖက်ချာ မိယာဇာကိ ပရီဖက်ချာ ကာဂိုရှီးမား ပရီဖက်ချာ အိုကီနာဝါ ပရီဖက်ချာ တိုကျို မက်ထရိုပိုလစ် ကာနာဂါဝါ ပရီဖက်ချာ အိုဆာကာ ပရီဖက်ချာ ဝါကာယာမာ ပရီဖက်ချာRegions and Prefectures of Japan 2.svg
About this image

ပထဝီဝင်[ပြင်​ဆင်​ရန်​]

ဂျပန်ကျွန်းများ၏မြေမျက်နှာသွင်ပြင်

ဂျပန်နိုင်ငံသည် အရှေ့အာရှ ပစိဖိတ်ကမ်းရိုးတန်း တလျှောက်တွင် ကျွန်းပေါင်း ၆,၈၅၂ ကျွန်း ရှိသည်။ ဂျပန်နိုင်ငံနှင့် ပို်ငဆိုင်သော ကျွန်းများသည် မြောက်လတ္တီကျု ၂၄° မှ ၂၆° အတွင်း နှင့် အရှေ့ လောင်ဂျီကျု ၁၂၂° မှ ၁၄၆° အတွင်း တည်ရှိသည်။ အဓိကကျွန်းများမှာ မြောက်မှ တောင်သို့ ဟော့ကိုင်းဒိုးကျွန်း၊ ဟွန်ရှူးကျွန်း၊ ရှိကိုကူးကျွန်း နှင့် ကျူရှူးကျွန်း တို့ ဖြစ်ကြသည်။ အိုကီနာဝါ ပါဝင်သော ရူကျူးကျွန်းများမှာ ကျူရှူးကျွန်း၏ တောင်ဘက်တွင် ဆက်လျှက် တည်ရှိသည်။ ထိုကျွန်းများအားလုံးကို စုပေါင်း၍ ဂျပန်ကျွန်းစုများဟု ခေါ်ဆိုကြသည်။[၅၈]

ဂျပန်နိုင်ငံ၏ ၇၃ ရာခိုင်နှုန်းမှာ သစ်တောထူထပ်ပြီး တောင်ကုန်းများပြားသဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နှင့် လူနေထိုင်ရန် မသင့်လျော်ပေ။[၃၇][၅၉] ထို့အတွက်ကြောင့် လူနေထိုင်နိုင်သော အထူးသဖြင့် ကမ်းရိုးတန်း ဒေသများတွင် လူနေ အလွန်ထူထပ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် လူနေထိုင်မှု သိပ်သည်းမှု အများဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။[၆၀]

ဂျပန်ကျွန်းများသည် ပစိဖိတ် မီးကွင်းဟု ခေါ်သော မီးတောင်ဇုန်ပေါ်တွင် တည်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သော နှစ်သန်းရာပေါင်းများစွာက ဆီလူရီယန် အလယ်ပိုင်းမှ ပလေစတိုဆင်း အထိ ပင်လယ်သမုဒ္ဒရာ ရွေ့လျားမှုများကြောင့် ဖြစ်သည်။ အကျိုးဆက်အားဖြင့် တောင်ဘက်တွင် ဖိလစ်ပိုင်ပင်လယ်ကျောက်လွှာထုမှ အာမူရီယန် ကျောက်လွှာထုနှင့် အိုကီနာဝါ ကျောက်လွှာထု အောက်သို့ ဝင်ရောက်သွားခဲ့ပြီး မြောက်ဘက်တွင် ပစိဖိတ် ကျောက်လွှာထု က အိုကောက်စ် ကျောက်လွှာထုအောက်သို့ ဝင်ရောက်သွားခဲ့သည်။ ဂျပန်သည် ရှေးယခင်က ယူရှေးရှန်း တိုက်ကြီး၏ အရှေ့ဘက် ကမ်းရိုးတန်းနှင့် တွဲဆက်နေခဲ့သည်။ ကျောက်လွှာထုများ ရွှေ့လျားပြီး အောက်သို့ ဝင်ရောက်ခြင်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ဂျပန်ကျွန်းစု နေရာကို အရှေ့သို့ ဆွဲထုတ်ခဲ့ပြီး ဂျပန်ပင်လယ်ကို ဖြစ်ပေါ်စေခဲ့သည်။[၆၁]

ဂျပန်နိုင်ငံတွင် မီးမငြိမ်းသေးသော မီးတောင်ပေါင်း ၁၀၈ ခု ရှိသည်။ ရာစုနှစ်အတွင်း အကြီးအကျယ် ပျက်စီးစေသော ငလျင်များနှင့် ဆူနာမီများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ ရှိသည်။[၆၂] ၁၉၂၃ တိုကျို ငလျင်ကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့သည်။[၆၃] လတ်တလော ဖြစ်ပွားခဲ့သော အဓိက ငလျင်ကြီးများမှာ ၁၉၉၅တွင် ဖြစ်ပွားသော မဟာဟန်ရှင်းငလျင် နှင့် ရစ်ချ်တာစကေး ၉.၀ ရှိပြီး[၆၄] ၂၀၁၁ ခုနှစ် မတ်လ ၁၁ရက်တွင် ဖြစ်ပွားခဲ့သော တိုဟိုကူး ငလျင်တို့ ပြီး ထိုငလျင်ကြောင့် ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်[၃၅] ပစိဖိတ် မီးကွင်း ပေါ်တွင် တည်ရှိသောကြောင့် ဂျပန်နိုင်ငံသည် ငလျင်လှုပ်ရန် နှင့် ဆူနာမီ ဖြစ်ပေါ်ရန် အခြေအနေများပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သဘာဝဘေးအန္တရာယ် အတွက် အမြင့်မားဆုံး အန္တရာယ် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ [၆၅]

ရာသီဥတု[ပြင်​ဆင်​ရန်​]

ယိုရှီနိုတောင်တွင် ချယ်ရီပန်းများပွင့်နေပုံမှာ ပြဇာတ်များနှင့် ဝါကာ ကဗျာများတွင် ချယ်မှုန်း သရုပ်ဖော်လေ့ ရှိသည်။
ယူနက်စကို ကမ္ဘာ့အမွေခံ နေရာဖြစ်သော ကိုယာတောင်ပေါ် ကွန်ဂိုဘူဂျိရှိ ဆောင်းဦးရာသီ မေပယ်လ်ရွက်များ

ဂျပန်နိုင်ငံ၏ ရာသီဥတုမှာ အများအားဖြင့် အပူအအေးမျှတသော်လည်း မြောက်မှတောင်သို့ များစွာ ကွဲပြားခြားနားသည်။ ဂျပန်နိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရာသီဥတုဇုန် ၆ ခု ကွဲပြားနေသည်။ ၎င်းတို့မှာ ဟော့ကိုင်းဒိုး၊ ဂျပန်ပင်လယ်၊ အလယ်ပိုင်းကုန်းမြင့် ဒေသ၊ ဆဲတိုကုန်းတွင်းပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နှင့် ရူကျူးကျွန်းများ တို့ ဖြစ်ကြသည်။ မြောက်ဘက် အစွန်ဆုံး အပိုင်းဖြစ်သော ဟော့ကိုင်းဒိုးတွင် စိုစွတ်သော ကုန်းမြေ ရာသီဥတု ရှိပြီး ရှည်လျားပြီး အေးမြသော ဆောင်းရာသီများနှင့် အလွန်ပူနွေးသည်မှ အေးမြသော နွေရာသီများ ရှိသည်။ မိုးရေချိန် မများသော်လည်း ဆောင်းရာသီတွင် ဧရာမ နှင်းထုကြီးများ ဖြစ်ပေါ်လေ့ ရှိသည်။[၆၆]

ဟွန်ရှူးကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင် ရှိသော ဂျပန်ပင်လယ်ဇုံတွင် အ​​နောက်မြောက် ​​ဆောင်းလေကြောင့် နှင်းများ အများအပြား ကျ​ရောက်တတ်သည်။ ​​နွေရာသီတွင်မူ ပစိဖိတ်​ဒေသထက် ပို၍ ​အေးမြတတ်သော်လည်း တစ်ခါတစ်ရံတွင် ဖာန်း​​လေများကြောင့် အလွန်မြင့်မား​သော အပူချိန် ဖြစ်ပေါ်လေ့ ရှိသည်။ အလယ်ပိုင်း ကုန်းမြင့်​ဒေသတွင် ပုံမှန် စိုစွတ်​​သော ကုန်း​​မြေရာသီဥတု ရှိ​သော်လည်း ​​နွေရာသီနှင့် ​​ဆောင်းရာသီ၊ ​​နေ့နှင့်ည တို့တွင် အပူချိန် ကွာခြားမှု မြင့်မားသည်။ မိုး​ရေချိန်နည်းသော်လည်း ​​ဆောင်းရာသီတွင် အစဉ်သဖြင့် နှင်းကျ​လေ့ရှိသည်။ ချူးဂိုးကု နှင့် ရှီကိုးကု​ဒေသတို့မှ ​တောင်ကုန်းများသည် ဆဲတိုကုန်းတွင်းပင်လယ်ကို ရာသီ​လေ​များမှ ကာဆီးထားသဖြင့် တစ်နှစ်ပတ်လုံး မအေးလွန်းသော ရာသီဥတု ရှိသည်။[၆၆]

ပစိဖိတ် ကမ်းရိုးတန်းမှာမူ စိုစွတ်​​သော အပူ​​လျော့ပိုင်း ရာသီဥတု ရှိပြီး အ​ရှေ့တောင် ရာသီ​​လေများကြောင့် တစ်ခါတရံ နှင်းကျတတ်​​သော မ​​အေးလွန်းသည့် ​ဆောင်းရာသီနှင့် ပူပြင်းပြီး စိုစွတ်​သော ​​နွေရာသီများ ရှိသည်။ ရူကျူးကျွန်းများတွင် အပူ​လျော့ပိုင်း ရာသီဥတု ရှိပြီး ​နွေးထွေးသော ​​ဆောင်းရာသီနှင့် ပူပြင်း​​သော ​​နွေရာသီများ ရှိသည်။ မိုး​ရေချိန်မှာ အလွန်များပြီး အထူးသဖြင့် မိုးရာသီတွင် ဖြစ်သည်။ ​ယေဘူယျအားဖြင့် စိုစွတ်ပြီး အပူအ​အေးမျှတသော ရာသီဥတု များကြောင့် ​​နွေဦးရာသီတွင် ချယ်ရီပန်းများ ပွင့်​ဝေခြင်း၊ ​​နွေရာသီ ပုစဉ်းရင်ကွဲတို့၏ ​​အော်မြည်သံများ၊ ​​ဆောင်းရာသီ သစ်ရွက်တို့၏ အ​ရောင်အဆင်းစသည်တို့ကို ဂျပန်အနုပညာ နှင့် ဂျပန် စာ​ပေ​တို့တွင် ​ဖော်ထုတ်ခြယ်မှုန်းလေ့ ရှိကြသည်။[၆၆]

ဂျပန်နိုင်ငံ၏ ပျမ်းမျှ ​ဆောင်းရာသီ အပူချိန်မှာ ၅.၁ °C (၄၁.၂ °F) ဖြစ်ပြီး ပျမ်းမျှ ​နွေရာသီအပူချိန်မှာ ၂၅.၂ °C (၇၇.၄ °F) ဖြစ်သည်။.[၆၇] ဂျပန်တွင် အမြင့်ဆုံးတိုင်းတာခဲ့သော အပူချိန်မှာ ၄၀.၉ °C (၁၀၅.၆ °F) ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် တိုင်းတာခဲ့ခြင်း ဖြစ်သည်။[၆၈] မိုးရာသီမှာ အိုကီနာဝါတွင် ​မေလ အ​​စောပိုင်းတွင် စတင်ပြီး တဖြည်းဖြည်း ​မြောက်ဘက်သို့ ​ရွေ့လျားသွားရာ ​​ဟော့ကိုင်းဒိုးတွင် ဇူလိုင်​​ ​​နှောင်းပိုင်း မှ စတင်​လေ့ရှိသည်။ ဟွန်ရှူးကျွန်း ​​နေရာ အများစုတွင် မိုးရာသီသည် ဇွန်လ အလယ်ပိုင်း မတိုင်မီ စတင်​လေ့ရှိပြီး ရက်သတ္တပတ် ၆ ပတ်မျှ ကြာမြင့်​လေ့ ရှိသည်။ ​နွေရာသီ ​နှောင်းပိုင်း နှင့် ​ဆောင်းဦးရာသီ အ​​စောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းများ​​ကြောင့် မကြာခဏ မိုးကြီး​လေ့ ရှိသည်။[၆၉]

ဇီဝမျိုးကွဲများ[ပြင်​ဆင်​ရန်​]

ဂျိဂိုကုဒါနိ ရေပူစမ်းမှ ဂျပန်မျောက်များမှာ ဆောင်းရာသီတွင် ရေပူစမ်းသို့ လာရောက်လေ့ ရှိသည့်အတွက် ထင်ရှားသည်။

ဂျပန်နိုင်ငံတွင် သစ်တော ဂေဟဒေသ ကိုးခု ရှိပြီး ထိုဒေသများမှ ကျွန်းများ၏ ရာသီဥတုနှင့် ပထဝီဝင်ကို ထင်ဟပ်ပြ နေကြသည်။ ထိုဒေသများတွင် ရူကျူး နှင့် ဘိုနင်ကျွန်းများရှိ အပူလျော့ပိုင်း စိုစွတ်သော ဆောင်းရွက်ကြွေ သစ်တောများမှ အအေးလျော့သော ဒေသများနှင့် ပင်မကျွန်းများရှိ သမမျှတသော ဆောင်းရွက်ကြွေနှင့် မျိုးစုံ သစ်တောများ၊ မြောက်ဘက်ကျွန်းများရှိ အအေးပိုင်းဒေသများမှ သမမျှတသော ထင်းရူးတောများ အထိ ရှိသည်။[၇၀] ဂျပန်တွင် တောရိုင်းတိရစ္ဆာန် မျိုးပေါင်း ၉၀,၀၀၀ ကျော် ရှိပြီး ဝက်ဝံညိုဂျပန်မျောက်ဂျပန် ရက်ကွန်းခွေး နှင့် ဧရာမ ဂျပန်ရေပုတ်သင် တို့ ပါဝင်သည်။[၇၁] ဒေသရင်း အပင်နှင့် တိရစ္ဆာန်တို့၏ အရေးပါသော ဒေသများကို ထိန်းသိမ်းရန် အမျိုးသား ဥယျာဉ် အများအပြား ရှိပြီး ရမ်ဆာ စိမ့်မြေဒေသ ၃၇ ခုလည်း ရှိသည်။[၇၂][၇၃] နေရာ ၄ခုမှာ သဘာဝ အတိုင်း အလွန်ထူးခြားသော တန်ဖိုးများ ရှိသဖြင့် ယူနက်စကို ကမ္ဘာ့အမွေခံစာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။[၇၄]

သဘာဝပတ်ဝန်းကျင်[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ် အပြီး အလျင်အမြန် စီးပွားရေး တိုးတက်လာသော အချိန်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပေါ်လစီများကို အစိုးရနှင့် ကုန်ထုပ်လုပ်ရေး ကော်ပိုရေးရှင်းများမှ ဘေးဖယ်ထားခဲ့ကြသည်။ ထို့အတွက်ကြောင့် ၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀ ခုနှစ်များတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အနှံ့အပြား ကြုံတွေ့ရသည်။ ထိုပြသနာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု များပြားလာသဖြင့် ၁၉၇၀ တွင် အစိုးရမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအချို့ကို ထုတ်ပြန်ခဲ့သည်။ [၇၅] ၁၉၇၃ ခုနှစ်တွင် ဖြ်စပွားခဲ့သော ရေနံအခက်အခဲကြောင့်လည်း သဘာဝ အရင်းအမြစ် မရှိသော ဂျပန်တို့အား စွမ်းအင်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားဖြစ်ခဲ့သည်။[၇၆] လက်ရှိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများတွင် မြို့ပြလေထု ညစ်ညမ်းမှု (မိုနို နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊လေထဲတွင်တွဲခိုနေသော အမှုန်အမွှားများ နှင့် အဆိပ်အတောက်များ) ၊ အညစ်အကြေး စွန့်ထုတ်မှု စီမံခန့်ခွဲရေး၊ ရေထု ညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ ဓာတုပစ္စည်း စီမံခန့်ခွဲမှု နှင့် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတို့ ပါဝင်သည်။[၇၇]

ဂျပန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများကို တီထွင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ် ရည်မျှော် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို တိုင်းတာသော ၂၀၁၄ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ညွှန်းကိန်းတွင် အဆင့် ၂၆ သတ်မှတ်ခြင်း ခံရသည်။[၇၈] ၁၉၉၇ ခုနှစ် ကျိုတိုပရိုတိုကောလ် ကို လက်မှတ်ရေးထိုးထားပြီး နှင့် ၎င်းအစည်းအဝေးကို လက်ခံကျင်းပသော အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နိုင်ငံအနေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ရာသီဥတု အပြောင်းအလဲကို ထိန်းချုပ်နိုင်မည့် အခြား လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် စာချုပ်ပါ စည်းကမ်းများအရ တာဝန်ရှိသည်။[၇၉]

စီးပွားရေး[ပြင်​ဆင်​ရန်​]

စီးပွားရေး သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အာရှတွင် အကြီးမားဆုံး စတော့ခ်အိတ်ချိန်း ဖြစ်သော တိုကျိုစတော့ အိတ်ချိန်း[၈၀]

ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သော ဖွဲ့စည်းပုံ အင်္ဂါရပ်များဖြစ်သည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်းလမ်းနှင့် ရေလမ်း လမ်းကြောင်းကွန်ယက်များ နှင့် အိုဆာကာ ဆန်ကုန်သည်တို့၏ အနာဂတ်သို့ ကြိုတင်ရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတို့ မှာ အဲဒိုခေတ်မှ စတင်ဖွံ့ဖြိုးလာခဲ့သည်။[၈၁] မေဂျီခေတ် ၁၈၆၈ မှစ၍ ဂျပန်သည် စီးပွားရေး အရ ဖွံဖြိုးလာခဲ့ပြီး ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလာခဲ့သည်။[၈၂] ယနေ့ခေတ်၏ စီးပွားရေး လုပ်ငန်း အများစုမှာ ထိုအချိန်မှ စတင်ထည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဂျပန်အနေနှင့် အာရှ၏ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။[၈၃] ၁၉၆၀ ခုနှစ်များ မှ ၁၉၈၀ ခုနှစ်များ အတွင်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် စီးပွားရေး တိုးတက်မှုများကို ဂျပန်၏ စစ်ပြီးခေတ် စီးပွားရေး ထူးထွေဆန်းပြားခြင်းများဟု ခေါ်တွင်ခဲ့သည်။ စီးပွားရေး တိုးတက်မှုမှာ ၁၉၆၀ ခုနှစ်များမှ ၁၉၇၀ ခုနှစ်များအတွင်း ပျမ်းမျှအားဖြင့် ၇.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၈၀ ခုနှစ်များမှ ၁၉၉၀ခုနှစ်များ အစောပိုင်း အထိ ၃.၂ ရာခိုင်နှုန်းမျှ ရှိခဲ့သည်။[၈၄]

၁၉၉၀ ခုနှစ်များတွင် ဖွံ့ဖြိုးမှု သိသိသာသာ လျော့ကျသွားခဲ့ပြီး ထိုအချိန်ကို ဂျပန်တို့က ဆုံးရှုံးမှု ဆယ်စုနှစ်ဟု ခေါ်ကြသည်။ အဓိကအားဖြင့် ဂျပန်တို့၏ ပိုင်ဆိုင်မှုများဆိုင်ရာ ပူဖောင်း အကျိုးသက်ရောက်မှု အပြီး သက်ရောက်မှုများနှင့် စတော့ခ်ဈေးကွက်နှင့် အိမ်ခြံမြေဈေးကွက်များမှ ဈေးကစားခြင်းကြောင့် ဖြစ်ပေါ်နေသည့် အပိုတန်ဖိုးများကို ညှစ်ထုတ်ယူရန် ကြိုးစားသည့် ပြည်တွင်း ပေါ်လစီများကြောင့် ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးမှုကို ပြန်လည် ရှင်သန်ရန် ကြိုးစားသည့် အစိုးရ၏ ကြိုးပမ်းမှုတွင် အောင်မြင်မှု အနည်းငယ်သာ ရရှိပြီး ၂၀၀၀ ခုနှစ်များအတွင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်လည်း ပိုမို၍ အဟန့်အတား ဖြစ်စေခဲ့သည်။[၃၇] ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးမှာ ပြန်လည်အသက်ဝင်မည့် လက္ခဏာများ ပြသလာခဲ့ပြီး ထိုနှစ်၏ ဂျီဒီပီ တိုးတက်မှုနှုန်းမှဦ ၂.၈ ရာခိုင်နှုန်း ဖြစ်သဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ထိုအချိန်အတွင်း ဖွံ့ဖြိုးမှုနှုန်းထက် သာလွန်ခဲ့သည်။[၈၅]

၂၀၁၂ ခုနှစ် စာရင်းအရ ဂျပန်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးလျှင် နိုင်ငံအဆင့် အမည်ခံ ဂျီဒီပီအားဖြင့် တတိယ စီးပွားရေး အကြီးမားဆုံး နိုင်ငံ ဖြစ်ပြီး[၈၆] ဝယ်ယူနိုင်စွမ်း ကွာခြာမှုနှုန်းကို ထည့်သွင်းတွက်ချက်လျှင် အမေရိကန်၊ တရုတ် နှင့် အိန္ဒိယတို့ ပြီးလျှင် စတုတ္ထမြောက် နိုင်ငံအဆင့် စီးပွားရေး အကြီးမားဆုံး နိုင်ငံ ဖြစ်သည်။[၈၇] ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံ အစိုးရ၏ ကြွေးမြီမှာ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်မှ ၂၀၀ ရာခိုင်နှုန်း ထက်ကျော်လွန်သဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် ဒုတိယမြောက် ကြွေးမြီ အများဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဩဂုတ်လ မူဒီ စံသတ်မှတ်ချက်တွင် နိုင်ငံအလိုက် ဘတ်ဂျက် လိုငွေပြမှုနှင့် ချေးငွေအပေါ်တွင် မူတည်၍ ဂျပန်၏ နှစ်ရှည်နိုင်ငံ ကြွေးမြီ စံသတ်မှတ်ချက်အား Aa3 မှ Aa2 သို့ တစ်ဆင့် လျှော့ချ ခဲ့သည်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားကျဆင်းမှုနှင့် ၂၀၁၁ မတ်လ ငလျင်နှင့် ဆူနာမီတို့ကြောင့် ဖြစ်သော အစိုးရ၏ ကြွေးမြီနှင့် ဘတ်ဂျက် လိုငွေပြမှုတို့ကြောင့် ထိုသို့ စံသတ်မှတ်ချက် လျှော့ချ ခံခဲ့ရခြင်း ဖြစ်သည်။[၈၈] ဝန်ဆောင်မှု ကဏ္ဍမှ စုစုပေါင်း ပြည်တွင်းဝင်ငွေ၏ ၄ပုံ ၃ပုံမျှကို ပံ့ပိုးပေးလျှက် ရှိသည်။[၈၉]

တင်ပို့ကုန်များ[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်၍ ကြီးမားသော လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဂျပန်နိုင်ငံတွင် အကြီးမားဆုံးနှင့် နည်းပညာအားဖြင့် အတိုးတက်ဆုံး ဖြစ်သော ကုန်ထုတ်လုပ်ငန်း အချို့ ဖြစ်သည့် မော်တော်ကား၊ အီလက်ထရွန်းနစ်၊ စက်ကိရိယာများ၊ စတီးလ်နှင့် သံမဟုတ်သော သတ္တုများ၊ သင်္ဘောများ၊ ဓာတုပစ္စည်းများ၊ အဝတ်အထည်များ၊ အစားအသောက် ကုန်ချောများ စသည်တို့ ထုတ်လုပ်လျှက် ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအားဖြင့် ဂျပန်နိုင်ငံသည် မြေစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကို စိုက်ပျိုးထားပြီး တကမ္ဘာလုံးရှိ ငါး၏ ၁၅ ရာခိုင်နှုန်းကို ဂျပန်မှ ဖမ်းဆီးလျှက် ရှိကာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယ နေရာမှ လိုက်သည်။[၃၇] ၂၀၁၀ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူ ၆၅.၉ သန်းမျှ ရှိသည်။[၉၀] ဂျပန်တွင် အလုပ်လက်မဲ့ ရာခိုင်နှုန်း နည်းပြီး ၄ ရာခိုင်နှုန်းမျှသာ ရှိသည်။ ၂၀၀၇ ခုနှစ်တွင် လူဦးရေ သန်း ၂၀ သို့ လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်၏ အောက်တွင် ရှိသည်။[၉၁] ဂျပန်နိုင်ငံရှိ လူနေအိမ်များမှာ မြို့ပြနေရာများတွင် မြေ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။[၉၂]

ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကားထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် တိုယိုတာမှ ထုတ်လုပ်သော ပလဂ်အင် ဟိုက်ဘရစ် ကား[၉၃]

ဂျပန်နိုင်ငံ၏ တင်ပို့ကုန်မှာ ၂၀၀၅ ခုနှစ်တွင် လူတစ်ဦးချင်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၁၀ မျှ ရှိသည်။ ဂျပန်၏ အဓိကတင်ပို့ကုန် ဈေးကွက်မှာ တရုတ်နိုင်ငံ (၁၈.၁ ရာခိုင်နှုန်း)၊ အမေရိကန် (၁၇.၈ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (၇.၇ ရာခိုင်နှုန်း)၊ ထိုင်း (၅.၅ ရာခိုင်နှုန်း) နှင့် ဟောင်ကောင် (၅.၁ ရာခိုင်နှုန်း) တို့ဖြစ်သည် အဓိက တင်ပို့ကုန်များမှာ မော်တော်ကား၊ အီလက်ထရွန်းနစ်၊ လျှပ်စစ်ဆိုင်ရာ ကိရိယာများနှင့် ဓာတုပစ္စည်းများတို့ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ် ဂျပန်၏ အဓိက တင်ပို့ကုန်များမှာ တရုတ် (၂၁.၃ ရာခိုင်နှုန်း)၊ အမေရိကန် (၈.၈ ရာခိုင်နှုန်း)၊ ဩစတြေးလျ (၆.၄ ရာခိုင်နှုန်း)၊ ဆော်ဒီအာရေဗျ (၆.၂ ရာခိုင်နှုန်း)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၅.၀ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (၄.၆ ရာခိုင်နှုန်း) နှင့် ကာတာ (၄.၀ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။[၃၇]

တင်သွင်းကုန်များ[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံ၏ အဓိက တင်သွင်းကုန်များမှာ စက်ယန္တရားများ၊ ကျောက်ဖြစ်ရုပ်ကြွင်းမှ ရသော လောင်စာများ၊ အစားအသောက်များ (အထူးသဖြင့် အမဲသား)၊ ဓာတုပစ္စည်းများ၊ အဝတ်အထည်များ နှင့် ကုန်ထုတ်လုပ်ငန်းများ အတွက် ကုန်ကြမ်းများတို့ ဖြစ်သည်။ ဈေးကွက်ဝေစုအားဖြင့် ကြည့်လျှင် ပြည်တွင်း ဈေးကွက်သည် အိုအီးစီဒီ နိုင်ငံများတွင် ပြင်ပသို့ တံခါးဖွင့်မှု အနည်းဆုံး ဖြစ်သည်၎[၉၄] ဂျူနီချီရို ကိုအိဇူမီ ၏ အစိုးရလက်ထွက်တွင် ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ အလေးပေးသော ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့သည်။[၉၅]

ဂျပန်နိုင်ငံသည် ၂၀၁၄ ခုနှစ် ၌ စီးပွားရေးလုပ်ရန် လွယ်ကူသော တိုင်းပြည်များ ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၉နိုင်ငံအတွင်း အဆင့် ၂၇ သတ်မှတ်ခြင်း ခံရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ဝင်ငွေ အနည်းဆုံး နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံ၏ အရင်းရှင်စနစ်တွင် သိသာထူးခြားသော လက္ခဏာရပ်များ ရှိသည်။ ၎င်းတို့အနက် ကဲရက်ဆု ဟုခေါ်သော ကုမ္ပဏီ အစုအဖွဲ့များမှာ ဩဇာလွှမ်းမိုးမှု များခြင်း၊ တသက်တာလုံး အလုပ်ခန့်အပ်မှု ရှိခြင်း၊ အလုပ်တွင် အဆင့်ဆင့်တိုးတက်ရာတွင် လုပ်သက်ကို ဦးစားပေးခြင်းတို့မှာ ဂျပန် လုပ်ငန်း ပတ်ဝန်းကျင်တွင် ထင်ရှားသည်။[၉၄][၉၆] ဂျပန်ကုမ္ပဏီများတွင် တိုယိုတာ၏နည်းလမ်းကဲ့သို့သော စီမံခန့်ခွဲမှု နည်းလမ်းများမှာ ထင်ရှားပြီး ရှယ်ယာပိုင်ဆိုင်သူတို့၏လှုပ်ရှားပြောင်းလဲရေး လှုပ်ရှားမှုမှာ ရှားပါးသည်။[၉၇]

ဂျပန်နိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီများထဲတွင် တိုယိုတာ၊နစ်တန်ဒိုး၊ အင်န်တီတီ ဒိုကိုမို၊ ကင်နွန်၊ ဟွန်ဒါ၊ တာကဲဒ ဆေးဝါး ကုမ္ပဏီ၊ ဆိုနီ၊ ပင်နာဆိုးနစ်၊ တိုရှီဘာ၊ ရှပ်၊ နစ်ပွန်စတီးလ်၊ နစ်ပွန်ရေနံ နှင့် ဆဲဗင်းန်အင်န် အိုင် ဦးပိုင် ကုမ္ပဏီတို့ ပါဝင်သည်။[၉၈] ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ဘဏ်အချို့ ရှိပြီး နစ်ကီ ၂၂၅ နှင့် တိုပစ်အညွှန်းတို့ကြောင့် ထင်ရှားသော တိုကျိုစတော့ခ်အိတ်ချိန်းသည် ကမ္ဘာပေါ်တွင် ဈေးကွက် အရင်းအနှီးအားဖြင့် ဒုတိယ အကြီးဆုံး ဖြစ်သည်။[၉၉] ၂၀၀၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အနေနှင့် ဖော်ဘီ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီ ၂၀၀၀ စာရင်းတွင် ၃၂၆ ခု ပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၆.၃ ရာခိုင်နှုန်း ဖြစ်သည်။[၁၀၀] ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ယှေလကျောက် သဘာဝဓာတ်ငွေ့များကို တင်သွင်းမည်ဟု ကြေငြာခဲ့သည်။[၁၀၁]

သိပ္ပံနှင့် နည်းပညာ[ပြင်​ဆင်​ရန်​]

နိုင်ငံတကာ အာကာသစခန်းတွင် တွေ့ရသော ဂျပန်တို့၏ စမ်းသပ်မှု အစိတ်အပိုင်း (ကီဘို)

ဂျပန်နိုင်ငံသည် သိပ္ပံသုတေသနတွင် ဦးဆောင်ဦးရွက် ပြုနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အထူးသဖြင့် နည်းပညာ၊ စက်ယန္တရားနှင့် ဇီဝဆေးပညာ သုတေသနတို့တွင် ဖြစ်သည်။ သုတေသနပညာရှင်ပေါင်း ၇၀၀,၀၀၀ ခန့်သည် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလံယံ မျှ ရှိသော သုတေသနနှင့် ဖွံ့ဖြိုးရေး ဘတ်ဂျက်ကို ခွဲဝေသုံးစွဲ နေကြပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးမားဆုံး ဘတ်ဂျက်ဖြစ်သည်။[၁၀၂] ဂျပန်သည် အခြေခံ သိပ္ပံ သုတေသနတွင် ကမ္ဘာ့ဦးဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဆေးပညာတို့တွင် နိုဘယ်လ်ဆုရှင် ၁၆ဦး ၊[၁၀၃] ဖီးဒ် တံဆိပ်ဆုရှင် ၃ ဦး ၊ [၁၀၄] ဂေါက်စ်ဆုရှင် တစ်ဦးတို့ ထွက်ပေါ်ခဲ့သည်။[၁၀၅] ဂျပန်နိုင်ငံ၏ နည်းပညာဆိုင်ရာ ပါဝင်မှုများတွင် အထင်ရှားဆုံးမှာ အီလက်ထရွန်းနစ်၊ မော်တော်ယာဉ်၊ စက်ယန္တရား၊ ငလျင်အင်ဂျင်နီယာဘာသာ၊ စက်ရုံသုံး စက်ရုပ်၊ အော့ပတစ်၊ ဓာတုဗေဒ၊ ဆီမီးကွန်ဒပ်တာ နှင့် သတ္တု နယ်ပယ်တို့တွင် ဖြစ်သည်။ ဂျပန်နိုင်ငံသည် စက်ရုပ် ထုတ်လုပ်မှုနှင့် အသုံးပြုမှုတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ စက်ရုပ်များထဲမှ တစ်ဝက် (၇၄၂,၅၀၀၀ မှ ၄၀၂,၂၀၀) ကို ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။[၁၀၆]

ဂျပန်နိုင်ငံ၏ အာကာသဆိုင်ရာ အေဂျင်စီကို ဂျပန် လေကြောင်းနှင့် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီ (ဂျာဆာ) ဟုခေါ်ပြီး ၎င်းတို့မှာ အာကာသ၊ ဂြိုဟ်များ၊ လေကြောင်းသွာလာရေးတို့နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများကို လုပ်ဆောင်ကြပြီး ဒုံးပျံ နှင့် ဂြိုဟ်တိုတို့ကို ထုတ်လုပ်ရာတွက် ရှေ့ဆောင်လမ်းပြ ဖြစ်သည်။ ဂျပန်နိုင်ငံသည် နိုင်ငံတကာ အာကာသ စခန်းတွင် ပါဝင်ဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဂျပန်တို့၏ စမ်းသပ်မှု အစိတ်အပိုင်း တစ်ခု ဖြစ်သော ကီဘိုကို ၂၀၀၈ ခုနှစ် အာကာသလွန်းပျံယဉ်၏ တပ်ဆင်ရေးအတွက် ပျံသန်းမှုတွင် နိုင်ငံတကာ အာကာသစခန်းသို့ ထည့်သွင်း တပ်ဆင်ခဲ့သည်။[၁၀၇] ဂျပန်နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်များတွင် ဗီးနပ်စ်ဂြိုဟ်ကို လေ့လာမည့် အာကာဆူကီ အာကာသ စူးစမ်းရေး ယာဉ် လွှတ်တင်ရေး[၁၀၈][၁၀၉] ၂၀၁၆ ခုနှစ်တွင် လွှတ်တင်မည့် မာကျူရီဂြိုဟ်၏ သံလိုက်စက်ကွင်းကို လေ့လာမည့် ဂြိုဟ်ပတ်ယာဉ် [၁၁၀] နှင့် ၂၀၃၀တွင် လကမ္ဘာပေါ်တွင် အခြေစိုက်စခန်း တည်ဆောက်ရန်တို့ ပါဝင်သည်။[၁၁၁]

၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဂျပန်နိုင်ငံသည် ဆယ်လင်း ဟုအတိုကောက်ခေါ်သော လကမ္ဘာဆိုင်ရာနှင့် အင်ဂျင်နီယာဆိုင်ရာ စူးစမ်းလေ့လာရေး ယာဉ်ကို H-IIA ရောကက်ဖြင့် တာနဲဂါရှီးမား အာကာသစခန်းမှ လွှတ်တင်ခဲ့သည်။ ဆယ်လင်းကို ဂျပန် ဝါးခုတ်သမားပုံပြင်ထဲမှ မင်းသမီးလေး၏ အမည် ကာဂုယာ ဟုလည်း ခေါ်ဝေါ်ကြသည်။[၁၁၂] ကာဂုယာသည် အပိုလို အစီအစဉ်ပြီးလျှင် လကမ္ဘာအား စူးစမ်းလေ့လာသော မစ်ရှင်များတွင် အကြီးဆုံး ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ လကမ္ဘာ၏ မူလအစ နှင့် ဆင့်ကဲ ပြောင်းလဲပုံတို့ကို လေ့လာရန်ဖြစ်သည်။ ထို ယာဉ်သည် လပတ်လမ်းကြောင်းအတွင်းသို့ အောက်တိုဘာ ၄ ရက်တွင် ဝင်ရောက်ခဲ့ပြီး[၁၁၃][၁၁၄] ၆၂မိုင် (၁၀၀ကီလိုမီတာ) အမြင့်မှ ပျံသန်းနေခဲ့သည်။[၁၁၅] ထိုစူးစမ်းလေ့လာရေးမှာ ဂျာဆာက ထိုယာဉ်ကို လမျက်နှာပြင်ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ဖျက်ချခဲ့ခြင်းဖြင့် ၂၀၀၉ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြီးဆုံးခဲ့သည်။[၁၁၆]

အခြေခံ အဆောက်အအုံ[ပြင်​ဆင်​ရန်​]

တိုကျို ဘူတာတွင် တွေ့ရသော ကျည်ဆန်ရထား သို့ နိုဇိုမိ ရှင်းကန်းဆင်[၁၁၇]

၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ စွမ်းအင်များထဲမှ ၄၆.၁ ရာခိုင်နှုန်းကို လောင်စာဆီ၊ ၂၁.၃ ရာခိုင်နှုန်းကို ကျောက်မီးသွေး၊ ၂၁.၄ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ ၊ ၄.၀ ရာခိုင်နှုန်းကို နျူးကလီးယား စွမ်းအင်နှင့် ၃.၃ ရာခိုင်နှုန်းကို နျူးကလီးယားစွမ်းအင်မှ ထုတ်လုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား၏ ၉.၂ ရာခိုင်နှုန်းကို နျူးကလီးယားစွမ်းအင်မှ ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် ၂၄.၉ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်း ဖြစ်သည်။[၁၁၈] သို့သော်လည်း ၂၀၁၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ကပ်ဘေး အပြီး အများပြည်သူ၏ ကန့်ကွက်မှုကြောင့် နိုင်ငံတဝှမ်းရှိ နျူးကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံအားလုံးကို ရပ်တန့်ခဲ့ရသည်။ သို့သော်လည်း အစိုးရ တာဝန်ရှိသူများက အများပြည်သူ၏ ဆန္ဒကို ပြောင်းလဲရန် ကြိုးစားလျှက်ရှိကြပြီး ဂျပန်နိုင်ငံ၏ နျူးကလီးယား ဓာတ်ပေါင်းဖို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ပြန်လည် အသုံးပြုနိုင်ရန် ကြိုးပမ်းလျှက် ရှိကြသည်။[၁၁၉] နိုင်ငံခြားမှ စွမ်းအင် တင်ပို့မှုကို ကြီးမားစွာ မှီခိုနေရသဖြင့်[၁၂၀] ဂျပန်နိုင်ငံသည် ရင်းမြစ်များကို မျိုးစုံအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး စွမ်းအင်သုံးစွဲမှုကို ထိရောက်မှု ရှိစေရန် လုပ်ဆောင်လျှက် ရှိသည်။[၁၂၁]

ဂျပန်နိုင်ငံ၏ ကုန်းလမ်းအတွက် အသုံးပြုငွေမှာ အလွန်များသည်။[၁၂၂] အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ၁.၂ သန်း ကီလိုမီတာမျှ ခင်းထားသည့် လမ်းများ ဖြစ်သည်။[၁၂၃] အဓိကမြို့ကြီးများကို ကွန်ယက်တစ်ခုတည်းဖြစ်ပြီး အမြန်မောင်းနိုင်သော၊ ပိုင်းခြားထားသော၊ သုံးစွဲမှု ကန့်သတ်ထားသော လမ်းအသုံးပြုခ ကောက်ခံသော လမ်းများဖြင့် ဆက်သွယ်ထားပြီး လမ်းအသုံးပြုခ ကောက်ခံသော ကုမ္ပဏီများမှ တာဝန်ယူ လုပ်ဆောင်လျှက်ရှိသည်။ ကားအသစ်နှင့် အဟောင်းများမှာ ဈေးမကြီးပေ။ ကားပိုင်ဆိုင်မှု အခွန် နှင့် လောင်စာဆီ လဲဗီးများဖြင့် စွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်မှုကို မြှင့်တင်လျှက် ရှိသည်။ သို့သော်လည်း ခရီးအားလုံး၏ ၅၀ ရာခိုင်နှုန်းတွင်သာ ကားကို အသုံးပြုသဖြင့် ဂျီအိတ် နိုင်ငံများတွင် မော်တော်ကား အသုံးပြုမှု အနည်းဆုံး ဖြစ်သည်။[၁၂၄]

ရထားကုမ္ပဏီ ဒါဇင်ပေါင်းများစွာတို့သည် ဒေသတွင်းနှင့် မြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး ဈေးကွက်တွင် ပြိုင်ဆိုင်လျှက်ရှိကြသည်။ အဓိက ကုမ္ပဏီများတွင်း ဆဲဗင်း ဂျေအာရ် အင်တာပရိုက်စ်၊ ကင်တက်ဆု ကော်ပိုရေးရှင်း၊ ဆဲဘု ရထားကုမ္ပဏီ နှင့် ကဲအိယို ကော်ပိုရေးရှင်းတို့ ပါဝင်သည်။ အဓိက မြို့ကြီးများကို ရှင်းကန်းဆင်ဟု ခေါ်သော ကျည်ဆန်ရထား ၂၅၀ ဖြင့် ဆက်သွယ်ထားပြီး ဂျပန်ရထားများမှာ လုံခြုံစိတ်ချရမှုနှင့် အချိန်မှန်မှု တို့အတွက် နာမည်ကြီးသည်။[၁၂၅][၁၂၆] တိုကျိုနှင့် အိုဆာကာ ကြားတွင် သံလိုက်ရထားဖြင့် ဆက်သွယ်ရန် အဆိုပြုချက်မှာ အတော် ခရီးရောက်နေပြီ ဖြစ်သည်။[၁၂၇] ဂျပန်နိုင်ငံတွင် လေဆိပ်ပေါင်း ၁၇၃ ခု ရှိပြီး အကြီးဆုံး ပြည်တွင်းလေဆိပ်ဖြစ်သော ဟနဲဒါလေဆိပ်သည် အာရှတွင် ဒုတိယမြောက် လူသုံးအများဆုံး လေဆိပ်ဖြစ်သည်။[၁၂၈] အကြီးဆုံးသော နိုင်ငံတကာ လေဆိပ်များမှာ နာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ချူးဘူး စင်န်တာအဲယား အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ဖြစ်ကြသည်။[၁၂၉] နာဂိုယာ ဆိပ်ကမ်းမှာ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး နှင့် အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံကုန်သွယ်ရေး၏ ၁၀ ရာခိုင်နှုန်းမျှ ရှိသည်။[၁၃၀]

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံရှိ လူမျိုးစုတစ်ခုဖြစ်သော အအိနု လူမျိုးများ
မေဂျီဘုရားကျောင်းမှ ဂျပန်မင်္ဂလာပွဲ

ဂျပန်နိုင်ငံ၏ လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၁၂၇.၃သန်းမျှ ရှိပြီး ၈၀ ရာခိုင်နှုန်းသော လူဦးရေမှာ ဟွန်ရှူးကျွန်းပေါ်တွင် နေထိုင်ကြသည်။ ဂျပန်လူ့အဖွဲ့အစည်းမှာ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ယဉ်ကျေးမှုအားဖြင့် ဖြစ်စေ တူညီကြပြီး [၁၃၁] ၈၅ ရာခိုင်နှုန်းမှာ ဂျပန်လူမျိုးများ ဖြစ်ကာ[၁၃၂] နိုင်ငံခြား အလုပ်သမား လူနည်းစု ရှိသည်။[၁၃၁] ဇိုင်းနိချိကိုရီးယားလူမျိုး၊[၁၃၃] ဇိုင်းနိချိ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး၊ အများအားဖြင့် ဂျပန်နိုင်ငံတွင်း ဆင်းသက်လာကြသော ဘရာဇီးလူမျိုး[၁၃၄] နှင့် ပီရူးလူမျိုး တို့မှာ ဂျပန်နိုင်ငံအတွင်း လူနည်းစု လူမျိုးများ ဖြစ်သည်။[၁၃၅] ၂၀၀၃ ခုနှစ်တွင် လက်တင်အမေရိကမှ မဟုတ်သော အနောက်တိုင်းသား ၁၃၄,၇၀၀ နှင့် လက်တင် အမေရိကမှ ၃၄၅,၅၀၀ မျှ ရှိသော နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ ရှိကြသည်။ လက်တင်အမေရိကသားထဲမှ ၂၇၄,၇၀၀ ဦးမှာ ဘရာဇီးလူမျိုးများ ဖြစ်ကြပြီး (ဂျပန်နိုင်ငံတွင်း အဆင့်ဆင့် ဆင်းသက်လာသူ သို့မဟုတ် ဂျပန်နိုင်ငံမှ ရွှေ့ပြောင်းရောက်ရှိသွားသူများနှင့် ၎င်းတို့၏ အိမ်ထောင်ဘက်များ) ဂျပန်နိုင်ငံအတွင်း အကြီးမားဆုံးသော အနောက်နိုင်ငံသား အစုအဝေးဖြစ်သည်။[၁၃၆]

ဌာနေလူမျိုးစုများထဲတွင် အများဆုံးမှာ ယာမာတိုလူမျိုးများ ဖြစ်ပြီး အဓိက လူနည်းစု လူမျိုးများတွင် ရှေးဦးနေ အအိနု လူမျိုးများ [၁၃၇] နှင့် ရူကျူးလူမျိုးများ အပြင် လူမှုရေး အရ လူနည်းစု ဖြစ်သော ဘူရာကူမင် လူစု များလည်း ရှိသည်။[၁၃၈] ထို့အပြင် ဘိုးစဉ်ဘောင်ဆက်က သွေးနှောနေခဲ့သော လူများလည်း ဂျပန်လူမျိုး သို့ ယာမာတိုများထဲတွင် ရှိနေပြီး ဥပမာအားဖြင့် အိုဂါဆာဝါရာ ကျွန်းစုများမှ ဂျပန်များတွင် ၁၀ ရာခိုင်နှုန်းခန့်မှာ ဥရောပ၊ အမေရိကန်၊ မိုက်ခရိုနီးရှန်း နှင့် ပိုလီနီးရှင်း နောက်ခံများ ရှိနေပြီး အချို့မှာ မျိုးဆက် ခုနစ်ဆက်မျှ ရှိသည်။ လူအများစုက ဂျပန်တွင် လူမျိုးအားဖြင့် အားလုံးတူညီသည်ဟု ယုံကြည်ကြပြီး (၂၀၀၉တွင် ဂျပန်နိုင်ငံ၌ နေရင်းမဟုတ်သော နိုင်ငံခြားသား အလုပ်သမားမှာ လူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမျှသာ ရှိသည်။)[၁၃၉] ဂျပန်နိုင်ငံသားများတွင် လူမျိုးစု နှင့် ဆိုင်သော စာရင်းဇယားမရှိသော်လည်း ပရော်ဖက်ဆာ ဂျွန်လိုင်း ကဲ့သို့သော အနည်းဆုံး ခွဲခြမ်းစိတ်ဖြာမှု တစ်ခုအရ ဂျပန်တွင် လူမျိုးကွဲများစွာရှိသော လူ့အဖွဲ့အစည်းဟု ဆိုသည်။ [၁၄၀] သို့သော်လည်း ထိုယူဆချက်ကို ဂျပန် လူ့အဖွဲ့အစည်း၏ အလွှာပေါင်း များစွာမှ လက်ခံရန် ငြင်းဆန်ကြပြီး သူတို့ အနေနှင့် ဂျပန်နိုင်ငံသည် ယဉ်ကျေးမှု တစ်ခုတည်းရှိသော နိုင်ငံ ဆိုသည့် အယူအဆကိုသာ ဆက်လက်ထိန်းသိမ်း လိုကြသည်။ ထိုအယူအဆကို လူနည်းစု လူမျိုးစုများ ဖြစ်သော အအိနုနှင့် ရူကျူးလူမျိုးများကပင် ငြင်းဆန်ကြသည်။ ထိုသို့သော လူမျိုးတစ်မျိုးတည်းသာ ရှိသည်ဟူသော အယူအဆကြောင့် လူမျိုးကွဲပြားမှုကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံတွင် ပုံမှန်အားဖြင့် ငြင်းဆန်လေ့ ရှိကြသည်။ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တာရို အာဆိုက ဂျပန်သည် "လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၊ ဘာသာစကားတစ်မျိုး၊ ယဉ်ကျေးမှု တစ်ခု" ဟု ဆိုခဲ့ဖူးသည်။ [၁၄၁]

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့သက်တမ်းအားဖြင့် ဒုတိယမြောက် အရှည်ဆုံး နိုင်ငံ ဖြစ်ပြီး ၂၀၁၀-၂၀၁၅ အတွင်း မွေးဖွားသော လူများ၏ သက်တမ်းမှာ ၈၃.၅ နှစ် ဖြစ်သည်။[၁၄၂][၁၄၃] ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်ပြီးခေတ် လူဦးရေ အများအပြား တိုးတက်မှု နှင့် နောက်ပိုင်း မွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေမှာ အသက်ကြီးသူ များပြားလာသည်။ ၂၀၁၂ ခုနှစ်တွင် လူဦးရေ၏ ၂၄.၁ ရာခိုင်နှုန်းမှာ အသက်၆၅ နှစ်ကျော်ပြီ ဖြစ်ပြီး ထိုအချိုးမှာ ၂၀၅၀တွင် ၄၀ ရာခိုင်နှုန်းသို့ တိုးတက်လာလိမ့်မည် ဖြစ်သည်။[၁၄၄]

ထိုသို့ လူဦးရေ အချိုးအစား ပြောင်းလဲလာခြင်းသည် လူမှုရေး ဆိုင်ရာ ပြသနာများစွာကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အလုပ်လုပ်နိုင်သော လူဦးရေ ကျဆင်းနိုင်ခြင်း နှင့် ပင်စင် ကဲ့သို့သော လူမှုဖူလုံရေး စရိတ်များ များပြားလာခြင်းတို့ ဖြစ်သည်။[၁၄၅] ဂျပန်လူငယ်များထဲတွင် လက်မထပ်လိုသူနှင့် မိသားစု မထူထောင်လိုသူ များပြားလာသည်။[၁၄၆] ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လူဦးရေမှာ ငါးနှစ်မြောက် အဖြစ် ကျဆင်းခဲ့ပြီး ၁၂၆.၂၄ သန်းမှ ၂၀၄,၀၀၀ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျဆင်းမှုမှာ ၁၉၄၇ ခုနှစ် နှိုင်းယှဉ်နိုင်သော စာရင်းဇယား စတင်ကောက်ယူသည့် အချိန်မှစ၍ ပထမအကြိမ် အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်သည်။[၁၄၇] ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီကလည်း ထိုသို့ ကျဆင်းမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး လူပေါင်း ၁၆,၀၀၀ နီးပါး သေဆုံးကာ ခန့်မှန်းခြေ လူ ၃,၀၀၀ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။[၁၄၈]

ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၂၀၅၀တွင် ၉၅ သန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းရသည်။[၁၄၄][၁၄၉] လူဦးရေ အချိုးအစား လေ့လာသူများနှင့် အစိုးရ စီမံကိန်း ရေးဆွဲသူများက ထိုပြသနာကို မည်သို့မည်ပုံ ဖြေရှင်းမည် ဆိုသည့် အချက်ကို အပြင်းအထန် ငြင်းခုံဆွေးနွေးလျှက် ရှိကြသည်။[၁၄၆] ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံခြင်းနှင့် ကလေးမွေးသူများကို အကျိုးအမြတ်ပေးခြင်းတို့ဖြင့် လူငယ်များ အနေဖြင့် အသက်ကြီးသူ အများအပြားကို ထောက်ပံ့လာနိုင်မည်ဟု ဆွေးနွေး အဖြေရှာခြင်းမျိုးလည်း ရှိသည်။[၁၅၀][၁၅၁] ဂျပန်နိုင်ငံသည် နိုင်ငံသား အသစ် ၁၅,၀၀၀ ကို နှစ်စဉ် ပုံမှန် လက်ခံလျှက် ရှိသည်။[၁၅၂] ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အဆိုအရ ဂျပန်အနေနှင့် ၂၀၁၂ ခုနှစ်တွင် ဒုက္ခသည် ၁၈ ဦးကိုသာ ပြန်လည် အခြေချနိုင်ရန် လက်ခံခဲ့သည်ဟု ဆိုသည်။[၁၅၃] အမေရိကန်နိုင်ငံကမူ ဒုက္ခသည်ပေါင်း ၇၆,၀၀၀ ကို ထိုအချိန်တွင် လက်ခံခဲ့သည်။[၁၅၄]

ဂျပန်နိုင်ငံတွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း အလွန်များပြားသည်။[၁၅၅][၁၅၆] ၂၀၀၉ ခုနှစ်တွင် မိမိကိုယ်ကို သတ်သေသူ ၃၀,၀၀၀ ကျော်သည်မှာ ၁၂ နှစ်ဆက်တိုက် ဖြစ်ခဲ့သည်။[၁၅၇] မိမိကိုယ်ကို အဆုံးစီရင်မှုမှာ အသက် ၃၀ အောက် လူငယ်များအတွက် အဓိက သေဆုံးရသည့် အကြောင်းအရင်း ဖြစ်သည်။[၁၅၈]

ဘာသာရေး[ပြင်​ဆင်​ရန်​]

ဟီရိုရှီးမားမြို့ အနီးရှိ အိဆုကူရှီးမား ဝတ်ပြုကျောင်းမှ ဂိတ်တံခါး သည် ဂျပန်နိုင်ငံ၏ အလှဆုံးနေရာသုံးခုတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေခံ နေရာတစ်ခု ဖြစ်သည်။

ဂျပန်နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပိုဒ် ၂၀ အရ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရှိသည်။ ခန့်မှန်းချက်အရ ဂျပန်လူဦးရေ ၏ ၈၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာ သို့မဟုတ် ရှင်တိုဘာသာကို ကိုးကွယ်ကြသည်ပြီး ထိုဘာသာ နှစ်ခု စလုံးကို လက်ခံသူလည်း အများ အပြား ရှိသည်။[၃၇][၁၅၉] သို့သော်လည်း ထိုခန့်မှန်းချက်မှာ ဘုရားကျောင်းနှင့် ဆက်နွယ်နေသူကိုသာ ခန့်မှန်းခြင့် ဖြစ်ပြီး အမှန်တကယ် ယုံကြည်သက်ဝင်သူကို ခန့်မှန်းခြင်း မဟုတ်ပေ။ အခြားလေ့လာချက်တစ်ခု အရ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းက သာလျှင် ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်သူများဟု မိမိတို့ဘာသာ ဆိုကြသည် ဟု ဆိုသည်။[၁၆၀] အက်ဒ်ဝင် ရိုင်းရှာဝါ နှင့် မားရီးယပ်စ် ဂျန်ဆန်တို့၏ အဆိုအရ ဂျပန်လူမျိုး ၇၀ မှ ၈၀ ရာခိုင်နှုန်းမှာ စာရင်းဇယား ကောက်ယူသူများအား သူတို့သည် မည်သည့်ဘာသာကိုမှ ကိုးကွယ်သူများ မဟုတ်ဟု ပြောလေ့ရှိကြောင်း သိရသည်။[၁၆၁]

သို့သော်လည်း ဘာသာရေးတွင် ပါဝင်ပတ်သက်မှုမှာ မြင့်မားပြီး အထူးသဖြင့် ပွဲတော်များနှင့် နှင့် နှစ်သစ်ကူး ပထမဆုံး ဘုရားကျောင်းသို့ သွားခြင်း စသော အခါကြီးများတွင် ဖြစ်သည်။ တရုတ်နိုင်ငံမှာ တာအိုဘာသာ နှင့် ကွန်ဖြူးရှပ် ဘာသာတို့မှာလည်း ဂျပန်တို့၏ ယုံကြည်မှုနှင့် ထုံးတမ်းစဉ်လာများကို လွှမ်းမိုးမှု ရှိသည်။[၁၆၂] ဂျပန်နိုင်ငံ ရှိ လမ်းများမှာ တာနာဘာတာ (ကြယ်ပွဲတော်)၊ အိုဘွန် (သင်္ချိုင်းကန်တော့ပွဲ) နှင့် ခရစ်စမတ်တို့တွင် အလှဆင်ထားလေ့ ရှိသည်။ ဂျပန်လူဦးရေ၏ ၁ ရာခိုင်နှုန်း အောက်မှာသာ ခရစ်ယာန် ဘာသာ ကိုးကွယ်ကြသည်။[၁၆၃] ၁၉ ရာစု အလယ်ပိုင်း အမျိုးမျိုးသော ဘာသာအသစ်တို့၏ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သဖြင့် အစ္စလာမ် ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ဆစ်ခ်ဘာသာဝင်နှင့် ဂျူးဘာသာဝင် အနည်းငယ်မျှလည်း ရှိသည်။[၁၆၄]

ဘာသာစကား[ပြင်​ဆင်​ရန်​]

ဂျပန်လူဦးရေ၏ ၉၉ ရာခိုင်နှုန်းမှာ ဂျပန်ဘာသာစကားကို ပထမ ဘာသာစကားအနေဖြင့် ပြောဆိုကြသည်။[၃၇] ဂျပန်ဘာသာမှာ အဓိပ္ပာယ်ရှိသာ စာလုံးတစ်လုံးစီကို ပေါင်းစပ်ခြင်းဖြင့် စာလုံးတွဲ ဖြစ်ပေါ်သော ဘာသာစကားဖြစ်ပြီး ဂုဏ်ပြုခြင်း ချီးမြှောက်ခြင်းကို အလေးပေးကာ ဂျပန် လူ့အဖွဲ့အစည်း၏ ဝါစဉ် ခွဲခြားမှု သဘာဝကို ထင်ဟပ်ပြနေပြီး ကြိယာနှင့် အချို့သော စကားလုံးများမှာ နားထောင်သူနှင့် ပြောကြားသူတို့၏ အဆင့်ကို ညွှန်းဆိုလျှက် ရှိသည်။ ဂျပန် စာ ရေးသားရာတွင် ခန်းဂျီး ဟု ခေါ်သော တရုတ်စကားလုံးများကို အသုံးပြုကြပြီး ရိုးရှင်းသော တရုတ်အက္ခရာများကို အခြေခံထားသော ခါန ဟုခေါ်သော အက္ခရာစဉ် နှစ်မျိုးရှိကာ လက်တင် အက္ခရာနှင့် အာရပ်ကိန်းဂဏန်းများကိုလည်း အသုံးပြုကြသည်။[၁၆၅]

ဂျပန်ဘာသာစကား အပြင် ရူကျူးဘာသာစကားများ ဖြ်စသော အာမာမိ၊ ကူနိဂါမိ၊ အိုကီနာဝန်၊ မိယာကို၊ ယဲယမာ၊ ယိုနဂူနိ အစရှိသော ဂျပိုနစ် မိသားစုဝင် ဖြစ်သော ဘာသာစကား ဖြစ်သော ဘာသာစကားများကိုလည်း ရူကျူးကျွန်းများတွင် ပြောဆိုကြသည်။ ကလေးငယ်များထဲမှ ထိုဘာသာစကားများကို သင်ယူသူ နည်းပါးသည်။[၁၆၆] သို့သော်လည်း ယခု လတ်တလောနှစ်များတွင် ဒေသခံ အစိုးရများက ရိုးရာ ဘာသာစကားနှင့် ပတ်သက်၍ စိတ်ဝင်စားမှု တိုးပွားလာရန် လုပ်ဆောင်လျှက် ရှိသည်။ အိုကီနာဝါ ဂျပန်ဘာသာစကားခွဲကိုလည်း ထိုနယ်မြေတွင် ပြဆိုကြသည်။ အအိနု ဘာသာစကားမှာ ဂျပန်ဘာသာစကားနှင့် မည်သည့် ဘာသာစကားနှင့်မျှ ဆက်စပ်ခြင်း မရှိဘဲ ပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေပြီး ဟော့ကိုင်းဒိုးတွင်သာ အသက်ကြီးသော ဌာနေ စကားပြောသူ အချို့ ကျန်ရှိသည်။[၁၆၇] အစိုးရကျောင်းနှင့် ပုဂ္ဂလိက ကျောင်း အတော်များများတွင် ကျောင်းသားများ အနေနှင့် ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ခုစလုံးကို သင်ယူရန် လိုအပ်သည်။[၁၆၈][၁၆၉]

ပညာရေး[ပြင်​ဆင်​ရန်​]

တိုကျိုတက္ကသိုလ်တွင် ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေငြာနေစဉ်

၁၈၇၂ ခုနှစ် မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်တွင် မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများ နှင့် တက္ကသိုလ်များကို စတင် ဖွင့်လှစ်ခဲ့သည်။ [၁၇၀] ၁၉၄၇ ခုနှစ်မှစ၍ မူလတန်းနှင့် အလယ်တန်း ပညာရေးကို မသင်မနေရ ပညာရေး အဖြစ် သတ်မှတ်ခဲ့ပြီး အချိန်ကာလ အားဖြင့် အသက် ၆ နှစ် မှ ၁၅ နှစ် အထိ ၉ နှစ် ကြာမြင့်သည်။ ဂျပန် ပညာရေး၊ယဉ်ကျေးမှု၊ အားကစားနှင့် နည်းပညာ ဝန်ကြီးဌာန ၏ အဆိုအရ အလယ်တန်း အောင်မြင်ပြီးသော ကလေးငယ် အတော်များများက အထက်တန်း ၃ နှစ်ကို ဆက်လက်သင်ယူကြသည်။ ၂၀၀၅ ခုနှဏ်တွင် အထက်တန်း အောင်မြင်ပြီးသူ ၇၅.၉ ရာခိုင်နှုန်းသည် တက္ကသိုလ်၊ ဂျူနီယာ ကောလိပ်၊ ကုန်သွယ်ရေး သင်တန်းကျောင်းနှင့် အခြားသော အဆင့်မြင့်ပညာသင်ကျောင်းများသို့ ဆက်လက် တက်ရောက်ကြသည်။[၁၇၁]

ဂျပန်တွင် ထိပ်ဆုံးအဆင့် သတ်မှတ်ထားသော တက္ကသိုလ် နှစ်ခုမှာ တိုကျိုတက္ကသိုလ် နှင့် ကျိုတိုတက္ကသိုလ်တို့ ဖြစ်ကြသည်။[၁၇၂][၁၇၃] အိုအီးစီဒီမှ ကြီးမှူးကျင်းပသော နိုင်ငံတကာကျောင်းသားများ၏ အရည်အချင်းစစ် စာမေးပွဲတွင် ဂျပန်နိုင်ငံမှ ၁၅ နှစ်သား ကျောင်းသားတစ်ဦး၏ အသိပညာနှင့် အတတ်ပညာကို တကမ္ဘာလုံး ဆဌမ အဆင့်အဖြစ် သတ်မှတ်ထားသည်။[၁၇၄]

ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများက တာဝန်ယူပေးသည်။ တစ်ဦးချင်းအတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် သက်ဆိုင်သော အဖိုးအခများကို အားလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံစနစ်မှ ပေးဆောင်ပြီး အားလုံး တန်းတူညီမျှ အသုံးပြုနိုင်ကာ အစိုးရ ကော်မတီမှ အဖိုးအခများကို သတ်မှတ်ပေးသည်။ အလုပ်ရှင်မှ အာမခံ ထားမပေးသော လူများ အနေဖြင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံတွင် ပါဝင်နိုင်ပြီး ဒေသခံ အစိုးရများမှ စီမံခန့်ခွဲပေးသည်။ ၁၉၇၃ မှစ၍ အသက်ကြီးသော သူများအားလုံးကို အစိုးရမှ ထောက်ပံ့သော အာမခံဖြင့် အကာအကွယ် ပေးထားသည်။[၁၇၅] လူနာများ အနေဖြင့် ဆရာဝန် သို့မဟုတ် ဆေးကုသမည့် နေရာကို မိမိစိတ်ကြိုက် ရွေးချယ်ခွင့် ရှိသည်။[၁၇၆]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ကျိုတိုမြိုမှ ကင်ကကုဂျိ သို့မဟုတ် ရွှေကနား ဘုရားကျောင်း သည် အထူးသမိုင်းဝင်နေရာများ၊ ရှုမျှော်ကွင်း လှပသော အထူးနေရာများနှင့် ယူနက်စကို ကမ္ဘာ့အမွေခံနေရာများတွင် ပါဝင်သည်။

ဂျပန်တို့၏ ယဉ်ကျေးမှုသည် ရှေးဦးအစ ယဉ်ကျေးမှုမှ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်။ ခေတ်ပြိုင် ယဉ်ကျေးမှုတွင် အာရှ၊ ဥရောပ နှင့် မြောက်အမေရိကမှ လွှမ်းမိုးမှုများ ပေါင်းစပ်​နေသည်ကို တွေ့ရသည်။ ဂျပန် ယဉ်ကျေးမှုများတွင် လက်မှုပညာများဖြစ်သော ကြွေထည်၊ အဝတ်အထည်၊ ယွန်းထည်၊ ဓား နှင့် အရုပ်များ၊ ဖျော်ဖြေမှုများ ဖြစ်သော ဘွန်းရာကု (ရုပ်သေး)၊ ကာဘုကီ(ကဇာတ်)၊ နို (ဂီတပဒေသာ)၊ အက နှင့် ရာကုဂို (ကွက်စိပ်)၊ အခြားယဉ်ကျေးမှုများ ဖြစ်သော လက်ဖက်ရည်ပွဲ(ရေနွေးကြမ်း)၊ အိကဲဘာနာ (ပန်းအလှဆင်ခြင်း)၊ ကိုယ်ခံပညာ၊ လက်ရေးလှပညာ၊ အိုရိဂါမီ (စက္ကူခေါက်ပညာ)၊ အွန်ဆန်(ရေပူစမ်းချိုးခြင်း)၊ ဂေးရှား(ပြည့်တန်ဆာ) နှင့် ကစားပွဲများ ပါဝင်သည်။ ဂျပန်သည် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုများအပြင် ရုပ်ဝတ္ထုမဟုတ်သည့် ယဉ်ကျေးမှု လက္ခဏာများနှင့် အမျိုးသားရေး အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် စနစ်တစ်ခု ထားရှိသည်။[၁၇၇] ယူနက်စကို ကမ္ဘာ့အမွေခံ နေရာများတွင် ဂျပန်နိုင်ငံမှ နေရာ ၁၆ခု ပါဝင်ပြီး ၁၂ ခုမှာ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော နေရာများ ဖြစ်သည်။[၇၄]

အနုပညာ[ပြင်​ဆင်​ရန်​]

အိဆဲ ဝတ်ပြုကျောင်းသည် ဂျပန် ဗိသုကာ ပညာ၏ ဥပမာ တစ်ခု အဖြစ် မှတ်ယူကြသည်။ [၁၇၈] အများအားဖြင့် သစ်သားကို အသုံးပြုထားသော ဂျပန်ရိုးရာအိမ်များနှင့် များပြားလှစွာသော ဘုရားကျောင်းများတွင် တာတာမီ ခေါ် မြက်ဖျာများနှင့် ဘေးသို့ ဆွဲဖွင့်ရသော တံခါးများ အသုံးပြုထားသည်ကို တွေ့နိုင်ပြီး ထိုတံခါးများမှာ အခန်းများ အချင်းချင်း ခွဲခြားရန်နှင့် အတွင်းနှင့် အပြင် ခွဲခြားရန် အသုံးပြုလေ့ ရှိကြသည်။[၁၇၉] အများအားဖြင့် သစ်သား အသုံးပြုသော ဂျပန်ပန်းပုပညာ နှင့် ဂျပန်ပန်းချီတို့မှာ ဂျပန် အနုပညာများထဲတွင် ရှေးအကျဆုံး ဖြစ်ပြီး အစောဆုံး ရုပ်ပုံရေးဆွဲမှုမှာ ဘီစီ ၃၀၀ ခန့်ကပင် တွေ့နိုင်သည်။ ဂျပန်၏ ပန်းချီ သမိုင်းမှ ဌာနေဂျပန်တို့၏ အမြင် နှင့် ပြည်ပမှ ဝင်ရောက်လာသော အတွေးအမြင်များ ရောနှောမှုနှင့် အားပြိုင်မှုကို တွေ့ရသည်။[၁၈၀]

ဂျပန်နှင့် ဥရောပ အနုပညာတို့အကြား ဆက်နွယ်မှုမှာ ထင်ရှားသည်။ ဥပမာအားဖြင့် ၁၉ ရာစုတွင် တင်ပို့ခဲ့သော အူကီယို-အဲ ပန်းချီများမှာ ဂျပိုနစ်ဆင်ဟု သိကြပြီး အနောက်တိုင်းတွင် မော်ဒန်ပန်းချီများ ဖြစ်ပေါ်တိုးတက်မှုအတွက် ဩဇာလွှမ်းမိုးမှုရှိကာ အထူးသဖြင့် ပို့စ်အင်ပရက်စ်ရှင်နစ်ဆင် ပေါ်တွင် ဖြစ်သည်။[၁၈၀] ထင်ရှားသော အူကီယို-အဲ ပန်းချီဆရာများတွင် ဟိုကုဆိုင်းနှင့် ဟိရိုရှိဂဲတို့ ပါဝင်သည်။ ရိုးရာ သစ်သားတုံးဖြင့် ပုံနှိပ်ခြင်းအား အနောက်တိုင်း အနုပညာနှင့် ရောနှောလိုက်သည့်အခါ ယခု ဂျပန်နိုင်ငံတွင်းနှင့် ပြင်ပ တွင် ကျော်ကြားသော မန်ဂါဟူသည့် ရုပ်ပြစာအုပ် ဖြစ်ပေါ်လာခဲ့သည်။[၁၈၁] မန်ဂါ၏ ဩဇာလွှမ်းမိုးမှုဖြင့် ပေါ်ပေါက်လာသော တီဗွီနှင့် ရုပ်ရှင်များကို အန်နီမဲ ဟုခေါ်သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်သော ဗွီဒီယိုဂိမ်းစက်များသည် ၁၉၈၀ ခုနှစ်များမှ စ၍ လူကြိုက်များခဲ့သည်။[၁၈၂]

ဂီတ[ပြင်​ဆင်​ရန်​]

ဂျပန်တို့၏ ဂီတမှာ ရွေးချယ်စရာ များပြားပြီး အမျိုးမျိုး အစားစား ကွဲပြားခြားနားသည်။ ရိုးရာတူရိယာများဖြစ်သော ကိုတို ဟုခေါ်သော ဂျပန်ဒုံမင်း စသည်တို့ကို ၉ ရာစု နှင့် ၁၀ ရာစုနှစ်များကပင် စတင် အသုံးပြုခဲ့သည်။ နို ဂီတပဒေသာများနှင့် အတူ ယှဉ်တွဲတင်ဆက်လေ့ ရှိသော စကားပြောဂီတများမှာ ၁၄ ရာစုကတည်းကပင် ရှိခဲ့ပြီး လူကြိုက်များ၍ ရှားမိဆန် ဟုခေါ်သော ဂစ်တာနှင့် အလားသဏ္ဍန်တူသည့် တူရိယာနှင့် တွဲဖက်လေ့ရှိသော ကျေးလက်ရိုးရာ ဂီတများမှာ ၁၆ ရာစုမှပင် အစပျိုးခဲ့သည်။[၁၈၃] ၁၉ ရာစုတွင် စတင်မိတ်ဆက်ခဲ့သော အနောက်တိုင်း ဂန္တဝင် ဂီတမှာ ယခုအခါတွင် ဂျပန် ယဉ်ကျေးမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဂျပန်နန်းတော်၏ တူရိယာဝိုင်း၏ ဂါဂါကု ဂီတ သည် အချို့သော ၂၀ရာစု အနောက်တိုင်း ဂန္တဝင် တေးရေးများ၏ အချို့သော သီချင်းများတွင် လွှမ်းမိုးမှု ရှိသည်ကို တွေ့ရသည်။[၁၈၄]

ဂျပန်နိုင်ငံမှ ဂန္တဝင် ဂီတဖန်တီးသူများတွင် နာမည်ကျော်ကြားသူများမှာ တိုရု တာကဲမိဆု နှင့် ရန်န်တာရိုး တာကီ တို့ ဖြစ်သည်။ စစ်ပြီးခေတ် ဂျပန်၏ လူကြိုက်များသော ဂီတများသည် အမေရိကန်နှင့် ဥရောပတို့၏ ဂီတရေစီးကြောင်းများမှ အကြီးအကျယ်လွှမ်းမိုးမှု ရှိပြီး ထိုမှတဆင့် ဂျေပေါ့ပ် ဂီတ သို့မဟုတ် ဂျပန်လူကြိုက်များဂီတ အမျိုးအစား ဖြစ်ပေါ်လာခဲ့သည်။[၁၈၅] ကာရာအိုကေ သီဆိုခြင်းသည် ဂျပန်နိုင်ငံတွင် အနှံ့အပြား ကျင့်သုံးသော ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ၏ ၁၉၉၃ စစ်တမ်းအရ ဂျပန်အများစုမှာ နှစ်တစ်နှစ်အတွင် ကာရာအိုကေ သီဆိုချိန်သည် အခြားယဉ်ကျေးမှု ဓလေ့များဖြစ်သော အိကဲဘာနာ ခေါ် ပန်းအလှဆင်ခြင်းနှင့် လက်ဖက်ရည်ပွဲ ကျင်းပခြင်းတို့ထက် ပို၍ များကြောင်း တွေ့ရသည်။[၁၈၆]

စာပေ[ပြင်​ဆင်​ရန်​]

၁၂ ရာစုမှ ဂျပန်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်သော ဂန်းဂျိပုံပြင်များလက်ရေးဖြင့် ရေးသားထားသောမူ

ဂျပန်နိုင်ငံ၏ အစောဆုံး စာပေများတွင် ကိုဂျိကိ မော်ကွန်းနှင့် နိဟွန်းရှိုးကိ မော်ကွန်းတို့ ပါဝင်သည့်အပြင် မန်းယိုးရှုဟုခေါ်သော ကဗျာညွန့်ပေါင်း များပါဝင်သည်။ ထိုစာပေများကို ၈ ရာစုက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး တရုတ်အက္ခရာများဖြင့် ရေးသားထားသည်။[၁၈၇][၁၈၈] ဟဲအိအန်ခေတ်တွင် ဟိရာဂန နှင့် ခတ်တာခန အက္ခရာများ တီထွင်ဖန်တီးလာခဲ့သည်။ သစ်ခုတ်သမားပုံပြင်သည် ဂျပန်နိုင်ငံ၏ အစောဆုံးပုံပြင်ဟု ဆိုနိုင်သည်။[၁၈၉] ဟဲအိအန် နန်းတွင်းဘဝကို ဆဲအိ ရှိုးနာဂွန်၏ ခေါင်းအုံးစာအုပ်တွင် မှတ်တမ်းတင်ထားခဲ့ပြီး မူရာဆာကိ ရှိကိဘု၏ ဂန်းဂျိ ပုံပြင်များမှာ ကမ္ဘာ့ပထမဆုံး ဝတ္တုဟုပင် အမြဲလိုလို ရည်ညွှန်းလေ့ ရှိကြသည်။ [၁၉၀][၁၉၁]

အဲဒိုခေတ်တွင် ချိုးနင်း ဟုခေါ်သော မြို့နေလူထုက စာပေဖတ်ရှုသူနှင့် ဖန်တီးသူမျာ အဖြစ် ဆာမူရိုင်း အထက်တန်းလွှာတို့ အား ကျော်တက်သွားခဲ့သည်။ ဆိုင်းကကု၏ စာပေများ လူကြိုက်များလာခြင်းက စာဖတ်သူ လူတန်းစားနှင့် စာရေးဆရာ လူတန်းစား ပြောင်းလဲလာမှုကို ဖော်ပြနေခဲ့ပြီး ဘရှိုး က ကိုကင်းရှု ကဗျာ ယဉ်ကျေးမှုကို သူ၏ ဟိုက္ကူ ကဗျာများဖြင့် ပြန်လည်အသက်သွင်းခဲ့ကာ ခရီးသွား ကဗျာမှတ်တမ်း အိုကုနော့ ဟိုဆိုမိချီကို ဖန်တီးခဲ့သည်။[၁၉၂] မေဂျီခေတ်တွင် ဂျပန်ရိုးရာ စာပေများ ယုတ်လျော့လာခဲ့ပြီး ဂျပန်စာပေများမှာ အနောက်တိုင်း လွှမ်းမိုးမှုများဖြင့် ဖြစ်ပေါ်လာခဲ့သည်။ နဆုမဲ ဆိုဆဲကိ နှင့် မိုရိ အိုဂါအိတို့မှာ ဂျပန်နိုင်ငံ၏ ပထမဆုံး ခေတ်သစ် ဝတ္ထုရေး ဆရာများ ဖြစ်ကြပြီး သူတို့နောက်တွင် ရူးနိုဆုကဲ အကုတာဂါဝါ၊ ဂျူးနိချိရို တာနိဇာကီ၊ ရူကီအို မီရှိမာတို့ ပေါ်ထွက်ခဲ့ကာ လတ်တလောတွင် ဟာရူကီ မူရာကာမီ တို့ ဖြစ်ကြသည်။ ဂျပန် စာရေးဆရာ ယာဆုနာရီ ကာဝါဘာတာ နှင့် ကင်ဇာဘူရို အိုအဲ တို့သည် စာပေဆိုင်ရာ နိုဘဲလ်ဆု တစ်ခုစီကို ရရှိခဲ့သည်။[၁၈၉]

အစားအသောက်များ[ပြင်​ဆင်​ရန်​]

ရိုကန်ခေါ် အင်းတွင် တည်ခင်းသော နံနက်စာ

ဂျပန်တို့၏ အစားအသောက်များမှာ နေ့စဉ်စားသုံနေကြဖြစ်သော ထမင်း သို့မဟုတ် ခေါက်ဆွဲကို ဟင်းရည် နှင့် အိုကာဇု ဟုခေါ်သော ငါးဖြင့် ချက်ထားသော ဟင်းတစ်မျိုး၊ ဟင်းသီးဟင်းရွက်၊ တို့ဖူးနှင့် အလားသဏ္ဍန်တူသောအရာများဖြင့် အရသာရှိစေရန် တွဲဖက်စားသုံးလေ့ ရှိကြသည်။ မျက်မှောက်ခေတ် အစောပိုင်းတွင် ဂျပန်တွင် ယခင်က ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့ မရှိကြသော အသားနီ ခေါ် အမဲသားကဲ့သို့သော အစားအစာများကို စတင် စားသုံးခဲ့ကြသည်။ ဂျပန်အစားအသောက်များသည် ရာသီအလိုက် အစားအစာများပေါ်တွင် အလေးပေးခြင်း[၁၉၃]၊ ပါဝင်သော ဟင်းခတ်များနှင့် ဟင်းပွဲပြင်ဆင်မှုတို့ကြောင့် ထင်ရှားသည်။ ဂျပန်အစားအသောက်များတွင် ဒေသအလိုက် အထူးပြု ချက်ပြုတ်မှုများ အမျိုးမျိုး အစားစား ရှိပြီး ရိုးရာချက်ပြုတ်နည်းများနှင့် ဒေသခံ ဟင်းခတ်များကို သုံးစွဲလေ့ ရှိကြသည်။ မီရှဲလင်း လမ်းညွှန်မှ ဂျပန်နိုင်ငံ အတွင်းရှိ စားသောက်ဆိုင်များကို ကြယ်ပွင့် အဆင့် သတ်မှတ်ချက်ပေးရာတွင် ဂျပန်စားသောက်ဆိုင်များ၏ ကြယ်ပွင့်ပေါင်းသည် အခြားတကမ္ဘာလုံးရှိ စားသောက်ဆိုင်များ အားလုံးပေါင်းခြင်းထက် ပိုများသည်ကို တွေ့ရသည်။[၁၉၄]

အားကစား[ပြင်​ဆင်​ရန်​]

ဆူမို နပန်းသမားများ ကွင်းတွင်းသို့ ဝင်ရောက်ပွဲတွင် ဒိုင်လူကြီးအား ဝိုင်းရံနေသည်ကို တွေ့ရပုံ

ဆူမို နပန်း သတ်ခြင်း သည် ဂျပန်နိုင်ငံ၏ အမျိုးသား အားကစားနည်း ဖြစ်သည်။[၁၉၅] ဂျပန် ကိုယ်ခံပညာများ ဖြ်စသော ဂျူဒိုကရာတေး နှင့် ကန်ဒိုတို့ကို လူအများအပြား ကစားကြပြီး နိုင်ငံတဝှမ်းရှိ ပရိသတ် အများအပြား ကြည့်ရှုအားပေးကြသည်။ မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်အပြီးတွင် အနောက်တိုင်း အားကစားနည်းများကို ဂျပန်တွင် စတင်မိတ်ဆက်ခဲ့ပြီး ပညာရေးစနစ်အတွင်း ပျံ့နှံ့သွားခဲ့သည်။[၁၉၆] ဂျပန်နိုင်ငံသည် ၁၉၆၄တွင် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပ ခဲ့သည်။ ဂျပန်သည် ဆောင်းရာသီ အိုလံပစ်ကို နှစ်ကြိမ်တိုင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆပ်ပိုရို၊ ၁၉၉၈တွင် နာဂါနို တို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။[၁၉၇] ၂၀၂၀ ခုနှစ်တွင် တိုကျိုသည် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာရှမြို့တော်များတွင် အိုလံပစ် ကစားပွဲ နှစ်ကြိမ်တိုင် လက်ခံကျင်းပသော ပထမဆုံး မြို့တော် ဖြစ်လာပေလိမ့်မည်။[၁၉၈] ဂျပန်နိုင်ငံသည် ရပ်ဂ်ဘီ ယူနီယံ ကစားနည်းတွင် အအောင်မြင်ဆုံးသော အာရှနိုင်ငံ ဖြစ်ပြီး အာရှ ငါးနိုင်ငံပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်တိုင် အနိုင်ရခဲ့ကာ အသစ်ဖွဲ့စည်းသော အိုင်အာရ်ဘီ ပစိဖိတ်နိုင်ငံများ ဖလားကို ၂၀၁၁ တွင် ရရှိခဲ့သည်။ ဂျပန်သည် ၂၀၁၉တွင် အိုင်အာရ်ဘီ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။[၁၉၉]

ဘေ့စ်ဘောလ် ကစားနည်းသည် ယခုလက်ရှိတွင် ဂျပန်၌ အားပေးသူ အများဆုံး အားကစားနည်း ဖြစ်သည်။ ဂျပန်၏ ထိပ်တန်း ပရော်ဖက်ရှင်နယ် လိဂ် ဖြစ်သော နိပွန် ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောလ် ကို ၁၉၃၆ တွင် စတင် တည်ထောင်ခဲ့သည်။[၂၀၀] ၁၉၉၂ ခုနှစ် ဂျပန် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ကို တည်ထောင်ပြီးနောက်တွင် ဘောလုံး ကစားနည်းကို အားပေးသူ များပြားလာခဲ့သည်။[၂၀၁] ဂျပန်သည် ၁၉၈၁ ခုနှစ်တွင် တိုက်ကြီးများ ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ နေရာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလားကို တောင်ကိုရီးယားနိုင်ငံ နှင့် အတူ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။[၂၀၂] ဂျပန်သည် အာရှတွင် အအောင်မြင်ဆုံး ဘောလုံးအသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ပြီး အာရှဖလားကို လေးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သည်။[၂၀၃] ထို့အတူ မကြာသေးမီက ၂၀၁၁ ဖီဖာ ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျပန်မှ ဖလားရရှိခဲ့သည်။[၂၀၄] ဂေါက်သီးကစားခြင်းမှာလည်း ဂျပန်တွင် လူကြိုက်များသော ကစားနည်း ဖြစ်သည်။[၂၀၅] ထို့အတူ ကားပြိုင်ပွဲများ ဖြစ်သော စူပါ ဂျီတီ နှင့် ဖော်မြူလာ နိပွန် တို့မှာလည်း လူကြိုက်များသည်။[၂၀၆] ဂျပန်သည် အမေရိကန် အင်န်ဘီအေ ဘတ်စကက်ဘော လိဂ်တွင် ကစားသော ကစားသမား ယူတာ တာဘုဆဲကို မွေးထုတ်ပေးနိုင်ခဲ့သည်။[၂၀၇]

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Matsumara, Hirofumi; Dodo, Yukio (2009). "Dental characteristics of Tohoku residents in Japan: implications for biological affinity with ancient Emishi". Anthropological Science 117 (2): 95–105. doi:10.1537/ase.080325. 
  2. Hammer, Michael F., et al (2006). "Dual origins of the Japanese: common ground for hunter-gatherer and farmer Y chromosomes". Journal of Human Genetics 51 (1): 47–58. doi:10.1007/s10038-005-0322-0. PMID 16328082. 
  3. Travis, John. Jomon Genes. University of Pittsburgh. Retrieved on January 15, 2011
  4. Denoon, Donald; Hudson, Mark (2001). Multicultural Japan: palaeolithic to postmodern. Cambridge University Press, 22–23. ISBN 0-521-00362-8. 
  5. Road of rice plant. National Science Museum of Japan. Retrieved on January 15, 2011
  6. Kofun Period. Metropolitan Museum of Art. Retrieved on January 15, 2011
  7. Yayoi Culture. Metropolitan Museum of Art. Retrieved on January 15, 2011
  8. Takashi, Okazaki (1993). "Japan and the continent", The Cambridge history of Japan, Volume 1: Ancient Japan. Cambridge: Cambridge University Press, 275. ISBN 0-521-22352-0. 
  9. (1993) in Brown, Delmer M.: The Cambridge History of Japan. Cambridge University Press, 140–149. 
  10. Beasley, William Gerald (1999). The Japanese Experience: A Short History of Japan. University of California Press, 42. ISBN 0-520-22560-0. 
  11. Totman, Conrad (2002). A History of Japan. Blackwell, 64–79. ISBN 978-1-4051-2359-4. 
  12. Hays, J.N. (2005). Epidemics and pandemics: their impacts on human history. ABC-CLIO, 31. ISBN 1-85109-658-2. 
  13. Totman, Conrad (2002). A History of Japan. Blackwell, 79–87, 122–123. ISBN 978-1-4051-2359-4. 
  14. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 106–112. ISBN 1-4051-2359-1. 
  15. Sansom, George (1961). A History of Japan: 1334–1615. Stanford University Press, 42, 217. ISBN 0-8047-0525-9. 
  16. Turnbull, Stephen (2002). Samurai Invasion: Japan's Korean War. Cassel, 227. ISBN 978-0-304-35948-6. 
  17. Turnbull, Stephen (2010). Toyotomi Hideyoshi. Osprey Publishing, 61. ISBN 978-1-84603-960-7. 
  18. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 142–143. ISBN 1-4051-2359-1. 
  19. Toby, Ronald P. (1977). "Reopening the Question of Sakoku: Diplomacy in the Legitimation of the Tokugawa Bakufu". Journal of Japanese Studies 3 (2): 323–363. doi:10.2307/132115. 
  20. Ohtsu, M. (1999). "Japanese National Values and Confucianism". Japanese Economy 27 (2): 45–59. doi:10.2753/JES1097-203X270245. 
  21. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 289–296. ISBN 1-4051-2359-1. 
  22. Matsusaka, Y. Tak (2009). "The Japanese Empire", in Tsutsui, William M.: Companion to Japanese History. Blackwell, 224–241. ISBN 9781-4051-1690-9. 
  23. Hiroshi, Shimizu (1999). Japan and Singapore in the world economy : Japan's economic advance into Singapore, 1870–1965. Routledge, 17. ISBN 978-0-415-19236-1. 
  24. The Axis Alliance. iBiblio. Retrieved on January 16, 2011
  25. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 442. ISBN 1-4051-2359-1. 
  26. Judgment International Military Tribunal for the Far East, Chapter VIII: Conventional War Crimes (Atrocities). iBiblio (November 1948).
  27. Worth, Roland H., Jr. (1995). No Choice But War: the United States Embargo Against Japan and the Eruption of War in the Pacific. McFarland, 56, 86. ISBN 0-7864-0141-9. 
  28. インドネシア独立運動と日本とスカルノ(2) (in Japanese). 馬 樹禮. 産経新聞社 (April 2005). Retrieved on October 2, 2009
  29. The Kingdom of the Netherlands Declares War with Japan. iBiblio. Retrieved on October 2, 2009
  30. Pape, Robert A. (1993). "Why Japan Surrendered". International Security 18 (2): 154–201. doi:10.2307/2539100. 
  31. Watt, Lori (2010). When Empire Comes Home: Repatriation and Reintegration in Postwar Japan. Harvard University Press, 1–4. ISBN 978-0-674-05598-8. 
  32. Thomas, J.E. (1996). Modern Japan. Longman, 284–287. ISBN 0-582-25962-2. 
  33. Coleman, Joseph (March 6, 2007). '52 coup plot bid to rearm Japan: CIA. The Japan Times. Retrieved on April 3, 2007
  34. "Japan scraps zero interest rates", BBC News, July 14, 2006. Retrieved on December 28, 2006. 
  35. ၃၅.၀ ၃၅.၁ Fackler, Martin; Drew, Kevin. "Devastation as Tsunami Crashes Into Japan", March 11, 2011. Retrieved on March 11, 2011. 
  36. ၃၆.၀ ၃၆.၁ ၃၆.၂ ၃၆.၃ The Constitution of Japan. Prime Minister of Japan and His Cabinet (November 3, 1946). Retrieved on February 14, 2014
  37. Cite error: Invalid <ref> tag; no text was provided for refs named cia
  38. Fackler, Martin. "Ex-Premier Is Chosen To Govern Japan Again", December 27, 2013. Retrieved on March 12, 2013. 
  39. Dean, Meryll (2002). Japanese legal system: text, cases & materials, 2nd, Cavendish, 55–58. ISBN 978-1-85941-673-0. 
  40. Kanamori, Shigenari (January 1, 1999). "German influences on Japanese Pre-War Constitution and Civil Code". European Journal of Law and Economics 7 (1): 93–95. doi:10.1023/A:1008688209052. 
  41. The Japanese Judicial System. Office of the Prime Minister of Japan. Retrieved on March 27, 2007
  42. Dean, Meryll (2002). Japanese legal system: text, cases & materials, 2nd, Cavendish, 131. ISBN 978-1-85941-673-0. 
  43. Japan-Australia Joint Declaration on Security Cooperation. Ministry of Foreign Affairs. Retrieved on August 25, 2010
  44. Joint Declaration on Security Cooperation between Japan and India. Ministry of Foreign Affairs (October 22, 2008). Retrieved on August 25, 2010
  45. Net Official Development Assistance in 2009. OECD. Retrieved on January 16, 2011
  46. Michael Green. Japan Is Back: Why Tokyo's New Assertiveness Is Good for Washington. Real Clear Politics. Retrieved on March 28, 2007
  47. UK backs Japan for UNSC bid. Central Chronicle. Archived from the original on February 21, 2007။ Retrieved on March 28, 2007
  48. (2008) in Schoenbaum, Thomas J.: Peace in Northeast Asia. Edward Elgar Publishing Limited, 26–29. 
  49. Chanlett-Avery, Emma. North Korea's Abduction of Japanese Citizens and the Six-Party Talks. CRS Report for Congress. Federation of American Scientists. Retrieved on January 7, 2011
  50. The 15 countries with the highest military expenditure in 2009. Stockholm International Peace Research Institute. Retrieved on January 16, 2011
  51. ၅၁.၀ ၅၁.၁ Tokyo says it will bring troops home from Iraq. International Herald Tribune (June 20, 2006). Archived from the original on July 1, 2006။ Retrieved on March 28, 2007
  52. About RIMPAC. Government of Singapore. Retrieved on March 2, 2014
  53. 正論, May 2014 (171).
  54. "Japan business lobby wants weapon export ban eased", Reuters, July 13, 2010. Retrieved on April 12, 2011. 
  55. "Abe offers Japan's help in maintaining regional security", Japan Herald. Retrieved on May 31, 2014. 
  56. McCargo, Duncan (2000). Contemporary Japan. Macmillan, 84–85. ISBN 0333710002. 
  57. Mabuchi, Masaru (May 2001). Municipal Amalgamation in Japan. World Bank. Retrieved on December 28, 2006
  58. McCargo, Duncan (2000). Contemporary Japan. Macmillan, 8–11. ISBN 0-333-710002. 
  59. Japan. US Department of State. Retrieved on January 16, 2011
  60. World Population Prospects. UN Department of Economic and Social Affairs. Archived from the original on March 21, 2007။ Retrieved on March 27, 2007
  61. Barnes, Gina L. (2003). Origins of the Japanese Islands. University of Durham. Retrieved on August 11, 2009
  62. Tectonics and Volcanoes of Japan. Oregon State University. Archived from the original on February 4, 2007။ Retrieved on March 27, 2007
  63. James, C.D. (2002). The 1923 Tokyo Earthquake and Fire. University of California Berkeley. Retrieved on January 16, 2011
  64. USGS analysis as of March 12, 2011. Earthquake.usgs.gov (June 23, 2011). Retrieved on November 9, 2011
  65. 2013 World Risk Report
  66. ၆၆.၀ ၆၆.၁ ၆၆.၂ Karan, Pradyumna Prasad (2005). Japan in the 21st century. University Press of Kentucky, 18–21, 41. ISBN 0-8131-2342-9. 
  67. Climate. JNTO. Retrieved on March 2, 2011
  68. Gifu Prefecture sees highest temperature ever recorded in Japan – 40.9. Japan News Review Society (August 16, 2007). Retrieved on August 16, 2007
  69. Essential Info: Climate. JNTO. Retrieved on April 1, 2007
  70. Flora and Fauna: Diversity and regional uniqueness. Embassy of Japan in the USA. Archived from the original on February 13, 2007။ Retrieved on April 1, 2007
  71. The Wildlife in Japan. Ministry of the Environment. Retrieved on February 19, 2011
  72. National Parks of Japan. Ministry of the Environment. Retrieved on May 11, 2011
  73. The Annotated Ramsar List: Japan. Ramsar. Retrieved on May 11, 2011
  74. ၇၄.၀ ၇၄.၁ Japan – Properties Inscribed on the World Heritage List. UNESCO. Retrieved on July 5, 2011
  75. 日本の大気汚染の歴史 (in Japanese). Environmental Restoration and Conservation Agency. Retrieved on March 2, 2014
  76. Sekiyama, Takeshi. Japan's international cooperation for energy efficiency and conservation in Asian region. Energy Conservation Center. Archived from the original on February 16, 2008။ Retrieved on January 16, 2011
  77. Environmental Performance Review of Japan. OECD. Retrieved on January 16, 2011
  78. Environmental Performance Index: Japan. Yale University. Retrieved on February 3, 2014
  79. Japan sees extra emission cuts to 2020 goal -minister. World Business Council for Sustainable Development. Retrieved on March 2, 2011
  80. "Japan's Tokyo Stock Exchange is the second largest stock market with a market value of $3.8 trillion", The Economic Times, June 19, 2010. Retrieved on June 19, 2010. 
  81. Howe, Christopher (1996). The Origins of Japanese Trade Supremacy. Hurst & Company, 58f. ISBN 1-85065-538-3. 
  82. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 312–314. ISBN 1-4051-2359-1. 
  83. McCargo, Duncan (2000). Contemporary Japan. Macmillan, 18–19. ISBN 0-333-71000-2. 
  84. Ryan, Liam (January 1, 2000). "The "Asian economic miracle" unmasked: The political economy of the reality". International Journal of Social Economics 27 (7–10): 802–815. doi:10.1108/03068290010335235. 
  85. Masake, Hisane. "A farewell to zero", March 2, 2006. Retrieved on January 16, 2011. 
  86. Inman, James. "China confirmed as World's Second Largest Economy", January 21, 2011. Retrieved on January 21, 2011. 
  87. Japan. International Monetary Fund. Retrieved on June 28, 2014
  88. "Moody's cuts Japan's debt rating on deficit concerns", BBC News, August 24, 2011. 
  89. Manufacturing and Construction. Statistical Handbook of Japan. Statistics Bureau. Retrieved on January 16, 2011
  90. Background Note: Japan. US State Department. Retrieved on March 19, 2011
  91. Fackler, Martin. "Japan Tries to Face Up to Growing Poverty Problem", April 21, 2010. Retrieved on January 16, 2011. 
  92. 2008 Housing and Land Survey. Statistics Bureau. Retrieved on January 20, 2011
  93. World Motor Vehicle Production by Country. OICA. Retrieved on January 16, 2011
  94. ၉၄.၀ ၉၄.၁ Economic survey of Japan 2008. OECD. Retrieved on August 25, 2010
  95. "Foreign investment in Japan soars", June 29, 2005. Retrieved on January 16, 2011. 
  96. "Japan's Economy: Free at last", July 20, 2006. Retrieved on January 23, 2011. 
  97. "Activist shareholders swarm in Japan", June 28, 2007. Retrieved on January 23, 2011. 
  98. "Japan 500 2007". Retrieved on January 23, 2011. 
  99. Market Data. New York Stock Exchange (January 31, 2006). Retrieved on August 11, 2007
  100. "The Forbes 2000", Forbes. Retrieved on January 7, 2011. 
  101. Abe Says Japan, Canada Agree to Cooperate on Natural Gas
  102. McDonald, Joe. "China to spend $136 billion on R&D", December 4, 2006. 
  103. Japanese Nobel Laureates. Kyoto University (2009). Retrieved on November 7, 2009
  104. Japanese Fields Medalists. Kyoto University (2009). Retrieved on November 7, 2009
  105. Dr. Kiyoshi Ito receives Gauss Prize. Kyoto University (2009). Retrieved on November 7, 2009
  106. The Boom in Robot Investment Continues. UN Economic Commission for Europe (October 17, 2000). Retrieved on December 28, 2006
  107. Japan Aerospace Exploration Agency Homepage. Japan Aerospace Exploration Agency (August 3, 2006). Retrieved on March 28, 2007
  108. JAXA | Venus Climate Orbiter "AKATSUKI" (PLANET-C). Japan Aerospace Exploration Agency. Retrieved on December 4, 2010
  109. ISAS | Venus Meteorology AKATSUKI (PLANET-C). Institute of Space and Astronautical Science. Japan Aerospace Exploration Agency. Retrieved on December 4, 2010
  110. ESA Science & Technology: Fact Sheet. esa.int. Retrieved on February 5, 2014
  111. Japan Plans Moon Base by 2030. MoonDaily (August 3, 2006). Retrieved on March 27, 2007
  112. "KAGUYA" selected as SELENE's nickname. Retrieved on October 13, 2007
  113. Japan Successfully Launches Lunar Explorer "Kaguya". Japan Corporate News Network. Retrieved on August 25, 2010
  114. "Japan launches first lunar probe", BBC News, September 14, 2007. Retrieved on August 25, 2010. 
  115. JAXA, KAGUYA (SELENE) Image Taking of "Full Earth-Rise" by HDTV. Japan Aerospace Exploration Agency. Retrieved on August 25, 2010
  116. "Japanese probe crashes into Moon", BBC News, June 11, 2009. Retrieved on April 12, 2011. 
  117. Hood, Christopher P. (2006). Shinkansen – From Bullet Train to Symbol of Modern Japan. Routledge, 61–68. ISBN 0-415-32052-6. 
  118. Energy. Statistical Handbook of Japan 2013. Statistics Bureau. Retrieved on February 14, 2014
  119. Tsukimori, Osamu. "Japan nuclear power-free as last reactor shuts", May 5, 2012. Retrieved on May 8, 2012. 
  120. You must specify title = and url = when using {{cite web}}.. Our World 2.0 (February 2, 2011). Retrieved on March 15, 2011
  121. Japan. U.S. Department of State. Retrieved on March 15, 2011
  122. Pollack, Andrew. "Japan's Road to Deep Deficit is Paved with Public Works", March 1, 1997. Retrieved on January 16, 2011. 
  123. Transport. Statistical Handbook of Japan 2007. Statistics Bureau. Retrieved on March 2, 2014
  124. Transport in Japan. International Transport Statistics Database. International Road Assessment Program. Retrieved on February 17, 2009Template:Subscription required
  125. About the Shinkansen – Safety. Central Japan Railway Company. Retrieved on October 17, 2011
  126. Corporate Culture as Strong Diving Force for Punctuality- Another "Just in Time". Hitachi. Archived from the original on May 13, 2008။ Retrieved on April 19, 2009
  127. "Japan to approve plans for a new super-train", The Independent, April 27, 2011. Retrieved on May 11, 2011. 
  128. Year to Date Passenger Traffic. Airports Council International (November 11, 2010). Retrieved on March 2, 2014
  129. Nakagawa, Dai (2006). Transport Policy and Funding. Elsevier, 63. ISBN 0-08-044852-6. 
  130. Port Profile. Port of Nagoya. Retrieved on January 7, 2011
  131. ၁၃၁.၀ ၁၃၁.၁ "'Multicultural Japan' remains a pipe dream", March 27, 2007. Retrieved on January 16, 2011. Archived from the original on July 16, 2012. 
  132. CIA Factbook: Japan. Cia.gov. Retrieved on November 9, 2011
  133. "Japan-born Koreans live in limbo", April 2, 2005. Retrieved on January 16, 2011. 
  134. Onishi, Norimitsu. "An Enclave of Brazilians Is Testing Insular Japan", November 1, 2008. Retrieved on January 16, 2011. 
  135. "'Home' is where the heartbreak is for Japanese-Peruvians", October 16, 1999. Retrieved on January 16, 2011. 
  136. Registered Foreigners in Japan by Nationality. Statistics Bureau. Archived from the original on August 24, 2005။ Retrieved on January 16, 2011
  137. Fogarty, Philippa. "Recognition at last for Japan's Ainu", BBC, June 6, 2008. Retrieved on June 7, 2008. 
  138. "The Invisible Race", January 8, 1973. Retrieved on January 16, 2011. 
  139. "Japan to Immigrants: Thanks, But You Can Go Home Now". Time. April 20, 2009.
  140. John Lie Multiethnic Japan (Cambridge, Mass.: Harvard University Press, 2001)
  141. "Aso says Japan is nation of 'one race'". The Japan Times. October 18, 2005.
  142. Cite error: Invalid <ref> tag; no text was provided for refs named haaretz.com
  143. Cite error: Invalid <ref> tag; no text was provided for refs named Table_A.17
  144. ၁၄၄.၀ ၁၄၄.၁ Statistical Handbook of Japan 2013: Chapter 2—Population. Statistics Bureau. Retrieved on February 14, 2014
  145. Gonzalo Garland et al "Dynamics of Demographic Development and its impact on Personal Saving : case of Japan", with Albert Ando, Andrea Moro, Juan Pablo Cordoba, in Ricerche Economiche, Vol 49, August 1995
  146. ၁၄၆.၀ ၁၄၆.၁ Ogawa, Naohiro. Demographic Trends and their implications for Japan's future. Transcript of speech delivered on 7 March 1997. Ministry of Foreign Affairs. Retrieved on May 14, 2006
  147. Japan Population Drops Most Since World War II (January 2, 2012).
  148. Ryall, Julian. "Japan's population contracts at fastest rate since at least 1947", January 3, 2012. Retrieved on October 29, 2013. 
  149. Forecast provided by International Futures
  150. Sakanaka, Hidenori (October 5, 2005). Japan Immigration Policy Institute: Director's message. Japan Immigration Policy Institute. Archived from the original on September 29, 2007။ Retrieved on January 5, 2007
  151. French, Howard. "Insular Japan Needs, but Resists, Immigration", July 24, 2003. Retrieved on February 21, 2007. 
  152. 帰化許可申請者数等の推移 (in Japanese). Ministry of Justice. Retrieved on March 17, 2011
  153. "2012 saw record-high 2,545 people apply for refugee status in Japan", March 20, 2013. 
  154. Presidential Memorandum--Fiscal Year 2012 Refugee Admissions Numbers and Authorizations of In-Country Refugee Status. The White House (September 30, 2011).
  155. Strom, Stephanie. "In Japan, Mired in Recession, Suicides Soar", July 15, 1999. Retrieved on September 20, 2008. 
  156. Lewis, Leo. "Japan gripped by suicide epidemic", June 19, 2008. Retrieved on September 20, 2008. 
  157. "Bare statistics mask human cost of Japan’s high suicide rate", March 31, 2010. Retrieved on February 3, 2014. 
  158. Ozawa-de Silva, Chikako (December 2008). "Too Lonely to Die Alone: Internet Suicide Pacts and Existential Suffering in Japan". Cult Med Psychiatry 32 (4): 516–551. doi:10.1007/s11013-008-9108-0. PMID 18800195. 
  159. Bureau of Democracy, Human Rights, and Labor (September 15, 2006). International Religious Freedom Report 2006. US Department of State. Retrieved on December 4, 2007
  160. Kisala, Robert (2005). in Wargo, Robert: The Logic Of Nothingness: A Study of Nishida Kitarō. University of Hawaii Press, 3–4. ISBN 0-8248-2284-6. 
  161. (1988) The Japanese today: change and continuity, 2nd, Belknap Press of Harvard University Press, 215. ISBN 978-0-674-47184-9. 
  162. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 72. ISBN 1-4051-2359-1. 
  163. Kato, Mariko. "Christianity's long history in the margins", February 24, 2009. 
  164. (1993) in Clarke, Peter: The World's religions : understanding the living faiths. Reader's Digest, 208. ISBN 978-0-89577-501-6. 
  165. Miyagawa, Shigeru. The Japanese Language. Massachusetts Institute of Technology. Retrieved on January 16, 2011
  166. Heinrich, Patrick (January 2004). "Language Planning and Language Ideology in the Ryūkyū Islands". Language Policy 3 (2): 153–179. doi:10.1023/B:LPOL.0000036192.53709.fc. 
  167. 15 families keep ancient language alive in Japan. UN. Archived from the original on January 6, 2008။ Retrieved on March 27, 2007
  168. Ellington, Lucien (September 1, 2005). Japan Digest: Japanese Education. Indiana University. Archived from the original on April 27, 2006။ Retrieved on April 27, 2006
  169. Ambasciata d'Italia a Tokio: Lo studio della lingua e della cultura italiana in Giappone.
  170. Ellington, Lucien (December 1, 2003). Beyond the Rhetoric: Essential Questions About Japanese Education. Foreign Policy Research Institute. Retrieved on April 1, 2007
  171. School Education. MEXT. Retrieved on March 2, 2014
  172. TOP – 100. Global Universities Ranking (2009). Retrieved on March 22, 2010
  173. QS World University Rankings 2010. QS TopUniversities (2010). Retrieved on January 15, 2010
  174. OECD's PISA survey shows some countries making significant gains in learning outcomes. OECD. Retrieved on January 16, 2011
  175. Rodwin, Victor. Health Care in Japan. New York University. Retrieved on March 10, 2007
  176. Health Insurance: General Characteristics. National Institute of Population and Social Security Research. Retrieved on March 28, 2007
  177. Administration of Cultural Affairs in Japan. Agency for Cultural Affairs. Retrieved on May 11, 2011
  178. (1965) Ise: Prototype of Japanese Architecture. Massachusetts Institute of Technology Press. 
  179. (1995) What is Japanese Architecture?: A Survey of Traditional Japanese Architecture with a List of Sites and a Map. Kodansha. ISBN 978-4-7700-1992-9. 
  180. ၁၈၀.၀ ၁၈၀.၁ Arrowsmith, Rupert Richard (2010). Modernism and the Museum: Asian, African, and Pacific Art and the London Avant-Garde. Oxford University Press. ISBN 978-0-19-959369-9. 
  181. A History of Manga. NMP International. Retrieved on March 2, 2014
  182. Herman, Leonard (2002). The History of Video Games. GameSpot. Archived from the original on February 3, 2014။ Retrieved on April 1, 2007
  183. Malm, William P. (2000). Traditional Japanese music and musical instruments, New, Kodansha International, 31–45. ISBN 978-4-7700-2395-7. 
  184. See for example, Olivier Messiaen, Sept haïkaï (1962), (Olivier Messiaen: a research and information guide, Routledge, 2008, By Vincent Perez Benitez, page 67) and (Messiaen the Theologian, Ashgate Publishing, Ltd., 2010, page 243-65, By Andrew Shenton)
  185. Campion, Chris. "J-Pop History", The Observer, August 22, 2005. Retrieved on April 1, 2007. 
  186. (1998) in Martinez, D.P.: The worlds of Japanese popular culture: gender, shifting boundaries and global cultures, Repr., Cambridge University Press, 76. ISBN 978-0-521-63729-9. 
  187. Keene, Donald (2000). Seeds in the Heart: Japanese Literature from Earliest Times to the Late Sixteenth Century. Columbia University Press. ISBN 978-0-231-11441-7. 
  188. Asian Studies Conference, Japan (2000). Meiji Gakuin University. Retrieved on April 1, 2007
  189. ၁၈၉.၀ ၁၈၉.၁ Windows on Asia—Literature : Antiquity to Middle Ages: Recent Past. Michigan State University. Archived from the original on October 11, 2007။ Retrieved on December 28, 2007
  190. Totman, Conrad (2005). A History of Japan (2nd ed.). Blackwell, 126–127. ISBN 1-4051-2359-1. 
  191. (2003) in Royall, Tyler: The Tale of Genji. Penguin Classics, i–ii, xii. ISBN 0-14-243714-X. 
  192. Keene, Donald (1999). World Within Walls: Japanese Literature of the Pre-Modern Era, 1600–1867. Columbia University Press. ISBN 978-0-231-11467-7. 
  193. "A Day in the Life: Seasonal Foods", The Japan Forum Newsletter No.September 14, 1999.
  194. 「ミシュランガイド東京・横浜・鎌倉2011」を発行 三つ星が14軒、 二つ星が54軒、一つ星が198軒に (in Japanese). Michelin Japan (November 24, 2010). Retrieved on February 7, 2011
  195. Sumo: East and West. PBS. Retrieved on March 10, 2007
  196. Culture and Daily Life. Embassy of Japan in the UK. Archived from the original on March 17, 2007။ Retrieved on March 27, 2007
  197. Olympic History in Japan. Japanese Olympic Committee. Retrieved on January 7, 2011
  198. IOC selects Tokyo as host of 2020 Summer Olympic Games
  199. rugbyworldcup.com. Retrieved on November 1, 2013
  200. Nagata, Yoichi; Holway, John B. (1995). "Japanese Baseball", in Palmer, Pete: Total Baseball, 4th, Viking Press, 547. 
  201. Soccer as a Popular Sport: Putting Down Roots in Japan. The Japan Forum. Retrieved on April 1, 2007
  202. Previous FIFA World Cups. FIFA. Retrieved on January 7, 2011
  203. Team Japan. Asian Football Confederation. Retrieved on March 2, 2014
  204. Japan edge USA for maiden title. FIFA (July 17, 2011). Retrieved on July 17, 2011
  205. Varcoe, Fred. Japanese Golf Gets Friendly. Metropolis. Archived from the original on September 26, 2007။ Retrieved on April 1, 2007
  206. Clarke, Len. Japanese Omnibus: Sports. Metropolis. Archived from the original on September 26, 2007။ Retrieved on April 1, 2007
  207. "Hoop Dreams – Yuta Tabuse, "The Jordan of Japan"", Consulate General of Japan in New York, December 2004 – January 2005. Retrieved on January 19, 2009. Archived from the original on December 3, 2010.