ထိုင်းနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထိုင်းနိုင်ငံ
ราชอาณาจักรไทย
ရတ်ချာအနာချက်ထိုင်း(ရာဇအာဏာစကြထိုင်း)
Flag of Thailand.svg Garuda Emblem of Thailand.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - ဖလင်း ချတ် (Phleng Chat)
ပထဝီ
LocationThailand.svg
မြို့တော် ဘန်ကောက်မြို့
အကြီးဆုံးမြို့ ဘန်ကောက်မြို့
ဧရိယာ
  • ဧရိယာ - ၅၁၃,၁၁၅ km² (၁၉၈,၁၁၅ sq mi) (အဆင့်: ၄၉)
  • ရေဖုံးလွှမ်းမှု - ၀.၄%
စံတော်ချိန်ဇုန် UTC +၇
လူနေမှု
ရုံးသုံးဘာသာများ ထိုင်း
လူဦးရေ
လူမျိုးများ ထိုင်း (၇၅%)တရုတ်(၁၄%)၊ အခြားလူမျိုး (၁၁%)
ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓ (၉၅%)အစ္စလာမ် (၄.၆%)ခရစ်ယာန် (၀.၇၅%)
နိုင်ငံရေး
အမျိုးအစား Parliamentary ဒီမိုကရေစီ နှင့် Constitutional ဘုရင်အုပ်ချုပ်မှု
အစိုးရခေါင်းဆောင်များ
  • ဘုရင် - ဘူမီဗိုလ်အဒလ်ယဒဇ်
  • ဝန်ကြီးချုပ် - အာဘီစစ်ဝိဇ္ဇာဇီဝ
ထူထောင်မှု
  • စုခိုထိုင်းတိုင်းပြည် - ၁၂၃၈-၁၃၆၈
  • အယုဒ္ဓယတိုင်းပြည် - ၁၃၅၀
  • သုန်ဘူရိတိုင်းပြည် - ၁၇၆၇
  • ရတနာကိုစင်တိုင်းပြည် - ၆ ဧပြီ ၁၇၈၂
  • Constitutional monarchy - ၂၄ ဇွန် ၁၉၃၂
စီးပွားရေး
GDP(PPP) $၂၀၆.၃၃၈ သိန်းကုဋေ (အဆင့် - ၃၄)
GDP(PPP) $၃,၄၀၀ (အဆင့် - ၉၂)
HDI ၀.၇၈၁ (အလယ်) (အဆင့် - ၇၈)
ဗဟိုဘဏ် ထိုင်းနိုင်ငံဘဏ်
ငွေ ဘတ် (THB "฿")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
အထိမ်းအမှတ်များ ပန်း - ငု၊ သစ်ပင် - Sweet Osmanthus
ISO 3166-1 TH
CCLTD .th
Calling code +၆၆
  • သီချင်းကြီး ဖြစ်သော ယိုးဒယား အကြောင်းဆိုပါက ယိုးဒယား သို့ သွားပါ။

မြန်မာတို့က ယိုးဒယားနိုင်ငံဟု ခေါ်ဝေါ်လာခဲ့ကြသော မြန်မာ နိုင်ငံ အရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံကို ၁၉၄၉ ခုနှစ်မှ အစ ပြု၍ ထိုင်းလင်းနိုင်ငံဟု ကမ္ဘာက အသိအမှတ်ပြုခဲ့ကြသည်။ ထိုနိုင်ငံကို အနောက်တိုင်းသားတို့က ပြုံးရယ်သူတို့ဌာနီ ဟူ၍၎င်း၊"သင်္ကန်းရောင်လွှမ်းသောတိုင်းပြည်"ဟူ၍၎င်း တင်စား ခေါ်ဝေါ်ကြသည်။ အာရှအရှေ့တောင်ပိုင်းတွင် ဥရောပလက်နက် နိုင်ငံကြီး တစ်ခုခု၏လက်အောက်သို့ တစ်ကြိမ်တစ်ခါမျှ မကျ ရောက်ခဲ့ဖူးသည့် တစ်ခုတည်းသောနိုင်ငံလည်း ဖြစ်လေသည်။ [၁]


ထိုင်းဘုရင့် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ၏ အချက်အချာကျသော နေရာတွင် တည်ရှိသော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြောက်ဘက်တွင် လောနိုင်ငံနှင့် မြန်မာနိုင်ငံ၊ အရှေ့ဘက်တွင် လောနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဖက်တွင် ထိုင်း ရေလက်ကြားနှင့် မလေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီ ပင်လယ်နှင့် မြန်မာနိုင်ငံတို့က ဝန်းရံလျှက် တည်ရှိသည်။ ထိုင်းနိုင်ငံ၏ ပင်လယ်ရေပိုင်နက်သည် အရှေ့တောင်ဖက် ထိုင်းရေလက်ကြားအတွင်း၌ ဗီယက်နမ် ရေပိုင်နက် နှင့် ထိစပ်လျှက် ရှိပြီး အနောက်တောင်ဘက် ကပ္ပလီ ပင်လယ်တွင် အင်ဒိုနီးရှားနားနှင့် အိန္ဒိယ တို့၏ ရေပိုင်နက်နှင့် ထိစပ်လျှက် ရှိသည်။ ထိုင်းနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘန်ကောက်မြို့ ဖြစ်သည်။ ဘန်ကောက်သည် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ အတွက် အချက်အချာကျသော မြို့တစ်မြို့လည်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် ၅၁ နိုင်ငံမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး စပိန်နိုင်ငံနှင့် အရွယ်အစား အတူတူခန့်မျှ ရှိသည်။ မြေမျက်နှာပြင် အကျယ်အဝန်းမှာ ၅၁၃,၀၀၀ စတုရန်း ကီလိုမီတာ (၁၉၈,၂၄၇ စတုရန်းမိုင်) ခန့်မျှ ရှိသည်။ လူဦးရေ ၆၃ သန်းရှိပြီး ကမ္ဘာပေါ်တွင် ၂၃ နိုင်ငံမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး ၊ ၁၄ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်ကြကာ ၃ ရာခိုင်နှုန်းမှာ မလေးလူမျိုးများ ဖြစ်ကြသည်။ ကျန်ရှိသော လူဦးရေတွင် မွန်လူမျိုးများ၊ ခမာ လူမျိုးများနှင့် တောင်ပေါ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးစုများ ပါဝင်ကြသည်။ ထိုင်းနိုင်ငံ၏ တရားဝင်ရုံးသုံး ဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကို ကိုးကွယ်မှု အထွန်းကားဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ နိုင်ငံတော် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး ထိုင်းလူမျိုး ၉၅ ရာခိုင်နှုန်းတို့ ယုံကြည်ကိုးကွယ်ကြသည်။ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်တို့တွင် အိန္ဒိယ၊ တရုတ် နှင့် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုတို့ သိသိသာသာ ပါဝင်နေသည်။

ထိုင်းနိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ပြီး လက်ရှိဘုရင်မှာ ချက်ကရီမင်းဆက်၏ ၉ ဆက်မြောက်ဘုရင် ဘူမိဘော အဒူလျာဒက် ဖြစ်သည်။ ဘူမိဘော ဘုရင်သည် ရာစုနှစ် တစ်ဝက်ကျော်မျှ နန်းစံခဲ့ပြီး ဖြစ်သဖြင့် ထိုင်းနိုင်ငံတွင် နန်းသက် အရှည်ဆုံး ဘုရင် ဖြစ်ရုံသာမက ယခုလက်ရှိ ကမ္ဘာပေါ်တွင် နန်းသက်အရှည်ကြာဆုံး ဘုရင် ဖြစ်သည်။ ဘုရင်အား နိုင်ငံတော်၏ အကြီးအကဲ၊ စစ်တပ်၏ အကြီးအကဲ၊ ဗုဒ္ဓဘာသာကို မြှင့်တင်စောင့်ရှောက်သူ၊ သစ္စာတရားကို ကာကွယ်ပေးသူ စသည်ဖြင့် မှတ်ယူကြသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ နိုင်ငံများထဲတွင် ဥရောပ အင်အားကြီးနိုင်ငံတို့၏ ကိုလိုနီ နိုင်ငံမဖြစ်ခဲ့သော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းတွင် ထိုင်းနိုင်ငံသည် ဂျပန်ဘုရင့်တပ်မတော်၏ ကျူးကျော်ဝင်ရောက်ခြင်း ခံခဲ့ရသည်။

ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်နှင့် ၁၉၉၅ ခုနှစ် အကြားတွင် လျှင်မြန်စွာ စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ပို့ကုန်ကို အဓိကထားသော စက်မှုခေတ်ပြောင်းပြီးစ နိုင်ငံတစ်နိုင်ငံနှင့် တိုးတက်ထွန်းကားနေသော ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်တွင် ကျော်ကြားသော ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လေ့ရှိသည့် နေရာများမှာ ပတ်တရား၊ ဘန်ကောက်နှင့် ဖူးကတ် တို့ဖြစ်သည်။

အမည်ရင်းမြစ်[ပြင်​ဆင်​ရန်​]

၁၉၃၉ ခုနှစ် ဇွန်လ ၂၃ ရက်အထိ ထိုင်းနိုင်ငံ၏ ရုံးသုံးဝေါဟာရအမည်သည် ဆိုင်းယမ်း (ထိုင်း: สยาม; IPA: /saˈjaːm/၊ Siam) ဖြစ်ခဲ့သည်။[၂]ထိုအချိန်မှ ၁၉၄၅ ခုနှစ်အထိ ထိုင်းလန်း (Thailand) ဖြစ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှ ၁၉၄၉ မေလ ၁၁ ရက်အထိ ဆိုင်းယမ်းသည် ရုံးသုံးဝေါဟာရအမည်နောက်တစ်ခါဖြစ်ခဲ့သည်။ သို့သော် ၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် ထိုင်းလန်း (Thailand) ဟူသော အမည်ကို ပြန်လည် အသုံးပြုခဲ့သည်။ ထိုင်း Tai(ไทย)ခေါ်သော ဝေါဟာရသည် ရှမ်းလူမျိုးစုဘာသာစကားတွင် လွတ်လပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သို့သော် ထိုအမည်သည် အလယ်ပိုင်း လွင်ပြင်ဒေသမှ လူမျိုးစု တစ်ခု ၏ အမည်လည်း ဖြစ်သည်။ လူသိများသော ထိုင်းပညာရှင် တစ်ယောက်ကမူ ထိုင်း Tai(ไทย)၏ အဓိပ္ပာယ်မှာ ပြည်သူ သို့မဟုတ် "လူသူ" ဟုသာ အဓိပ္ပာယ်ရသည်ဟု ငြင်းဆိုခဲ့သည်။ သူ၏ စုံစမ်းတွေ့ရှိချက်အရ အချို့သော ကျေးလက်ဒေသတို့တွင် ပြည်သူ ဟူသော စကားလုံးအတွက် ပုံမှန် ထိုင်းစကားလုံး ခေါန် "khon" (คน) အစား ထိုင်း ဟူသော စကားလုံးကို သုံးနှုန်းသောကြောင့်ပင် ဖြစ်သည်။ လွတ်လပ်သော တိုင်းနိုင်ငံ ဆိုသည့် အသုံးအနှုန်းမှာမူ ထိုင်းတို့သည် အရှေ့တောင်အာရှတွင် ဥရောပ အင်အားကြီးနိုင်ငံတို့၏ ကိုလိုနီပြုခြင်းမခံရသော တစ်ခုတည်းသော နိုင်ငံဖြစ်သည်ကို ဂုဏ်ယူပြောဆိုရာမှ ဆင်းသက်လာသည်။

ရတ်ချာအာဏာချက်ထိုင်း (ထိုင်း: ราชอาณาจักรไทย၊ မြန်မာ: ရာဇအာဏာစကြာထိုင်း) သည် ထိုင်းတိုင်းပြည်ဟု အဓိပ္ပာယ်ရှိသည်။ ဗျုပ္ပတ်နှင့်ခွဲလျင် အမည်အပိုင်းများသည် - -ရတ်ချာ- (သင်္သကရိက် ရာဇ, အဓိပ္ပာယ်သည် "ဘုရင်" ဖြစ်သည်)၊ -အာဏာ- (ပါဠိ အာဏာ āṇā) နှင့် -ချတ် (သင်္သကရိက် စကြာ၊ အဓိပ္ပာယ်သည် "ဘီး" ဖြစ်သော်လည်း မင်းမူအာဏာပိုင် သင်္ကေတလည်ဖြစ်သည်)။

သမိုင်း[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံ၏နောက်ခံသမိုင်းမှာ ထိုင်းလူမျိုးတို့သည် ယခင်က တရုတ်ပြည် အနောက်မြောက်ဘက်ပိုင်းတွင် နေထိုင်ကြသည်။ တရုတ်တို့၏လွှမ်းမိုးမှုကြောင့်တောင်ဖက်သို့ဆင်းလာကြသည်။ အေဒီ၉ရာစုခန့်တွင် ယခုယူနန်နယ်သို့ရောက်ရှိကြပြီး နယ်မြေများကိုစုစည်းကာ နန်ချောင် နိုင်ငံကိုထူထောင်ကြသည်။ နန်ချောင်နိုင်ငံသည်တဖြည်းဖြည်းအင်အားကြီးလာပြီးတရုတ်တို့နှင့်ရင်ဘောင်တန်းဆက်ဆံနိုင်ခဲ့သည်။ မြို့တော်မှာတာလီမြို့ဖြစ်သည်။ အနီးဝန်းကျင်ရှိနိုင်ငံများသို့လည်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပျူတို့၏မြို့တော် သရေခေတ္တရာ၊ မိနော နှင့် မိချန် စသည့်မွန်မြို့ပြနိုင်ငံများကိုလည်းတိုက်ခိုက်ဖျက်ဆီးခဲ့သည်။ နောက်ပိုင်းတွင်နန်ချောင်တို့အားနည်းလာသည်။ အေဒီ ၁၃ ရာစုတွင် မွန်ဂိုတို့ အင်အားကြီးမားလာပြီး တရုတ်ပြည်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် နန်ချောင်တို့ဒေသကို တိုက်ခိုက်လာသောအခါ နန်ချောင်ရှမ်းတို့သည် တောင်ဖက်သို့ အလုံးအရင်းဖြင့် ဆုတ်ခွာလာခဲ့ကြသည်။ အချို့မှာ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာပြီး မိုးညှင်း၊ မိုးကောင်း၊ သိန္နီ၊ မိုးမိတ် စသောနယ်များ တည်ထောင်ကြသည်။ အချို့မှာ အိန္ဒိယနိုင်ငံဖက်သို့ ရောက်သွားပြီး အာသံနယ် တည်ထောင်ကြသည်။ တောင်ဖက်တည့်တည့် ဆုတ်ခွာလာသော အုပ်စုများသည် လင်းဇင်း၊ ဇင်းမယ်၊ သောက္ကတဲ (ဆူခိုထိုင်း)၊ လန်နာ စသည့်မြို့များတည်ထောင်ကြသည်။ ယင်းတို့သည် ထိုင်းရှမ်းတို့၏ရှေးဦးမြို့များဖြစ်ကြသည်။ ခမာအင်ပါယာအင်အားနည်းလာချိန်တွင် အဆိုပါမြို့ပြနိုင်ငံများအင်အားကောင်းလာကြသည်။ နောက်ပိုင်းတွင် အယုဒ္ဓယကိုတည်ထောင်ပြီးအင်အားကြီးမားလာကာ နိုင်ငံတစ်ခုအဖြစ်ရောက်ရှိလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဟု အများက သိကြသော ဒေသသည် ကျောက်ခေတ်ဟောင်း ဖြစ်သည့် လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်းခန့် ကပင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ ၁၃ ရာစုနှစ် ခမာ အင်ပိုင်ယာ မပျက်သုဉ်းမှီ အချိန်တွင် ထိုင်း၊ မွန်၊ ခမာ နှင့် မလေး တိုင်းနိုင်ငံ အစရှိသည့် ပြည်ထောင်အသီးသီးတို့သည် ထိုဒေသတွင် ဖွံ့ဖြိုးတိုးတက်ခဲ့ကြကြောင်းကို ဆိုင်ယမ်း ပတ်ဝန်းကျင် အနှံ့တွင် ပျံ့နှံ့နေသာ ရှေးဟောင်းသုတေသန ပြုလုပ်ရာ ဒေသများနှင့် လက်မှုပစ္စည်းများမှ တဆင့် တွေ့မြင်နိုင်သည်။ ၁၂ ရာစု မတိုင်မီကမူ ပထမဆုံး ထိုင်း သို့မဟုတ် ဆိုင်ယမ်း ပြည်ကို ဆူခိုထိုင်း ဗုဒ္ဓဘာသာတိုင်းပြည်ဟု သိရှိခဲ့ကြပြီး ၁၂၃၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

၁၃ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း ခမာအင်ပိုင်ယာ၏ အာဏာ လျော့ကျလာမှုနှင့် ပျက်သုဉ်းမှုတို့ အပြီးတွင် ဆူခိုထိုင်း ဗုဒ္ဓဘာသာပြည်၊ လန်နပြည် (Lanna) နှင့် လန်ချန်ပြည် (Lan Chang) တို့မှာ တိုးတက်ထွန်းကား လာခဲ့သည်။ သို့သော် ရာစုနှစ် တစ်ခုမျှ ကြာသောအခါတွင် ဆူခိုထိုင်းပြည်၏ အာဏာစက်ကို ၁၄ ရာစုနှစ်လယ်တွင် ထူထောင်ခဲ့သော အယုဒ္ဓယ ပြည်က ဩဇာလွှမ်းမိုး လာခဲ့သည်။

ဘုရင့်နောင်မင်းတရားလက်ထက်တွင် ယခုထိုင်းနိုင်ငံဖြစ်လာမည့် အယုဒ္ဓယ၊ ဇင်းမယ်တို့သည် ဟံသာဝတီလက်အောက်သို့ကျရောက်ခဲ့သည်။

၁၇၆၇ ခုနှစ် အယုဒ္ဓယပြည် မြန်မာတို့လက်သို့ ကျရောက်သွားသော အခါတွင် မဟာတက်ဆင် ဘုရင်သည် ထိုင်းနိုင်ငံ၏ မြို့တော်ကို သွန်ဘူရီ (Thonburi) သို့ ၁၅ နှစ်ခန့်မျှ ရွှေ့ပြောင်းခဲ့သည်။ ထိုအခါ မြန်မာတို့က မူလအမည် အယုဒ္ဓယ( စစ်ထိုး၍ မရသော နိုင်ငံ) အား ယုဒ္ဓယ( စစ်ထိုး၍ ရသော နိုင်ငံ)ဟု ခေါ်ဝေါ်ခဲ့ကြသည်။ကာလ ရွေ့လျောလာသောအခါ ယုဒ္ဓယမှ ယိုးဒယားဟူ၍ ပြောင်းလဲလာခဲ့သည်။ ၁၇၈၂ ခုနှစ် ချက်ကရီ မင်းဆက် မဟာရာမ ၁ ဘုရင်လက်ထက်တွင် ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးချိန်တွင် ယခုလက်ရှိ ရက်တနာကိုဆင် ခေတ် စတင်ခဲ့သည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း တိုင်းပြည်များနှင့် ကုန်သွယ်ရေး၊ အိန္ဒိယသမုဒ္ဒရာ နှင့် တောင်တရုတ်ပင်လယ် တို့၏ ယဉ်ကျေးမှု စသည်တို့ကို ထိန်းသိမ်းထားခဲ့သည်။ ဥရောပမှ ကုန်သွယ်မှုနှင့် လွှမ်းမိုးမှုတို့သည် ၁၆ ရာစုတွင် ပေါ်တူဂီတို့မှ အစပြု၍ ရောက်ရှိလာခဲ့သည်။ ဥရောပမှ ဖိအားပေးမှုများ ရှိသော်လည်း ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကိုလိုနီပြုလုပ်ခြင်း မခံရသော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ အဓိက အကြောင်းအရင်း နှစ်ရပ်မှာ ထိုင်းနိုင်ငံသည် ၁၈၀၀ ပြည့်နှစ်များတွင် ပါးနပ်လိမ္မာသော အုပ်ချုပ်သူ အစဉ်အဆက် အုပ်ချုပ်ခဲ့ခြင်းနှင့် ၄င်းတို့သည် ပြင်သစ် နှင့် ဗြိတိသျှတို့အကြား တင်းမာမှုကို အခွင့်ကောင်းယူ နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ထိုအကြောင်းများကြောင့် ထိုင်းနိုင်ငံသည် ကိုလိုနီနိုင်ငံကြီး နှစ်နိုင်ငံက ကိုလိုနီအဖြစ်သတ်မှတ်ခဲ့သော အရှေ့တောင် အာရှ၏ အစိတ်အပိုင်း အတော်များများကြားတွင် ကြားခံနယ်အဖြစ် ကျန်ရှိနေခဲ့သည်။ သို့သော်လည်း အနောက်မှ လွှမ်းမိုးမှုများသည် ၁၉ ရာစုအတွင်း ပြုပြင်ပြောင်းလဲမှု အများအပြားကို ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းနိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်ထားရှိပြီး ပါလီမန် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည်။ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ဦးဆောင်ပြီး အုပ်ချုပ်ရေးကိုတာဝန်ယူရသည်။ လက်ရှိထီးနန်းစိုးစံနေသည်မှာ ဘုရင် ဘူမိဘော အဒူလျာဒက် ဖြစ်ပြီး ဝန်ကြီးချုပ်မှာ ယင်လပ် ရှင်နာဝပ်ဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ ၂၃၊ဒီဇင်ဘာ၊၂၀၀၇ တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုထားခြင်းဖြစ်ပြီး မကြာခင်ကဖြစ်ပွားခဲ့သည့် နိုင်ငံရေး ပဋိပက္ခများကြောင့် ဝန်ကြီးချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန်ရှိမရှိမှာမူ မသေချာသေးပေ။

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်​ဆင်​ရန်​]

လူမျိုးများ[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံတွင် အဓိကနေထိုင်သည့် လူမျိုးမှာ ထိုင်းလူမျိုးများဖြစ်ပြီး တိုင်းရင်းသာများအနေဖြင့် ကရင်မွန် နှင့် ခမာ လူမျိုးများလည်း အနည်းငယ်ရှိသည်။တိုင်းတပါးသားများဖြစ်သည့် မျိုးနွယ်စု တရုတ်(၁၀%)နှင့် မလေး (၃%)တို့လည်းနေထိုင်ကြသည်။ တရုတ်လူမျိုးများမှာ စီးပွါးရေးအရ တောင့်တင်းပြီးနိုင်ငံရေးတွင်လည်း ဩဇာရှိကြသည်။(ထိုင်းဝန်ကြီးချုပ် ၁ဝဦးတွင် ၈ဦးမှာ တရုတ်သွေးမကင်းကြပေ။) ထိုင်းစာမှာ နိုင်ငံသုံး၊ ရုံးသုံးစာ ဖြစ်သည်။


ပြည်နယ်များ[ပြင်​ဆင်​ရန်​]

Thailand map CIA.png


ပထဝီဝင်[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံ(ထိုင်းဘုရင့်နိုင်ငံတော်-Kingdom of Thailand)သည် အရှေ့တောင်အာရှ ကုန်းမြေ၏ အလယ်ဗဟိုနေရာတွင်တည်ရှိ ပြီး အနောက်ဖက်တွင်မြန်မာနိုင်ငံ၊ အရှေ့မြောက်ဖက်တွင် လောနိုင်ငံ၊အရှေ့တောင်ဖက်တွင် ကမ္ဘောဒီးယားနိုင်ငံ ၊တောင်ဖက်တွင် မလေးရှားနိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၁၉၈၁၁၅ ဧတုရန်းမိုင်ရှိကာ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘန်ကောက်မြို့ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် ၅၁ နိုင်ငံမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး စပိန်နိုင်ငံနှင့် အရွယ်အစား အတူတူခန့်မျှ ရှိသည်။ ထိုင်းနိုင်ငံသည် ၅၁၄,၀၀ဝ စတုရန်း ကီလိုမီတာ (၁၉၈,၀၀ဝ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် မြေဧရိယာ ပိုင်ဆိုင်မှုအားဖြင့် အဆင့် (၅၀) ဖြစ်သည်။ ပြင်သစ်နိုင်ငံတစ်ခုလုံး ၊ အမေရိကန်နိုင်ငံ၏ ကယ်လီဖိုးနီးယား ပြည်နယ် တို့နှင့် အရွယ်အစား တူညီကြပြီး ဗြိတိန်နိုင်ငံ၏ နှစ်ဆကျော် ရှိကာ ဂျာမဏီနိုင်ငံ အကျယ်အဝန်း၏ (၁.၄)ဆ ကျယ်ဝန်းသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံ၏ ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း ထင်ထင်ရှားရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများမှာ လယ်ယာကဏ္ဍထုတ်လုပ်မှု မှန်မှန်ကြီး တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ လယ်ယာကဏ္ဍမှ လျင်မြန်စွာ တိုးတက်နေသော လူဦးရေ အတွက် စားနပ်ရိက္ခာ ဖူလုံအောင်ဖြည့်ဆည်းပေးခဲ့ပြီး အချို့ပိုလျှံသော ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့စေနိုင်ခဲ့သည်။[၃]

၁၉၈၅ ခုနှစ် နှင့် ၁၉၉၅ ခုနှစ် အကြားတွင် လျှင်မြန်စွာ စီးပွားရေး တိုးတက်မှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ပို့ကုန်ကို အဓိကထားသော စက်မှုခေတ်ပြောင်းပြီးစ နိုင်ငံတစ်နိုင်ငံနှင့် တိုးတက်ထွန်းကားနေသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်တွင် ကျော်ကြားသော ကမ္ဘာလှည့် ခရီးသည်များ သွားရောက်လေ့ရှိသည့် နေရာများမှာ ဘန်ကောက်၊ ပတ္တယားကမ်းခြေနှင့် ဖူးကတ်ကမ်းခြေ တို့ဖြစ်သည်။

လူဦးရေပျံနှင့် နေထိုင်မှု[ပြင်​ဆင်​ရန်​]

ဘာသာကိုးကွယ်မှု[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကို ကိုးကွယ်မှု အထွန်းကားဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ နိုင်ငံတော် ဘာသာမှာ ထေရေဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး ထိုင်းလူမျိုး ၉၅ ရာခိုင်နှုန်း ယုံကြည် ကိုးကွယ်ကြသည်။ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်တို့တွင် အိန္ဒိယ၊ တရုတ် နှင့် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုတို့ သိသိသာသာ ပါဝင်နေသည်။

၂၀၀ဝ ပြည့်နှစ် စာရင်းများအရ ထိုင်းလူမျိုးတို့၏ (၉၅%) မှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊ မူစလင်များမှာ ဒုတိယ အများဆုံး ဖြစ်ကာ လူဦးရေ၏ (၄.၆%) ရှိသည်။ ခရစ်ယာန်ဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်ခြင်းတို့လည်းရှိသည်။ တောင်ပိုင်းဒေသများတွင် အစ္စလာမ်ဘာသာဝင်များနေထိုင်ကြပြီး ထိုဒေသမှာ ထိုင်းနိုင်ငံမှ ခွဲထွက်လိုသည့် အတွက် အဓိကရုဏ်းများ မကြာခဏပင် ဖြစ်ပွားနေရသည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

ဆက်စပ်ကြည့်ရှုရန်[ပြင်​ဆင်​ရန်​]

ပြည်ပဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

ရည်ညွှန်းချက်များ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။