တပ်မတော် (လေ)
တပ်မတော်(လေ)သည် မြန်မာ့တပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်တွင်းရှိ ဆန့်ကျင်ရေးလှုပ်ရှားမှုများနှိမ်နင်းရေနှင့် ၂၀၀၈ ခုနှစ်ခန့်က နာဂစ်ဆိုင်ကလုန်းတွင်သာ အဓိက အသုံးချခဲ့သည်။
တပ်မတော်(လေ)ကို ဇန်နဝါရီလ ၁၆ ရက်နေ့၊ ၁၉၄၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်က မြန်မာပြည်သည် ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ တော်ဝင်လေတပ်မတော်မှ လွှဲပြောင်းပေးအပ်သော လူအနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်အသစ်အား လျှင်မြန်စွာ ဖွဲ့စည်းခဲ့ကြသည်။ မြန်မာ့လေတပ်ကို သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် မြန်မာ့ကြည်းတပ်မတော်နှင့် အနီးကပ်ဆုံးရှိစေရေးများကို ရည်ရွယ်ပြီး ပြည်တွင်း ဆန့်ကျင်မှု နှိမ်နင်းရေး အရေးပေါ်အခြေအနေများတွင် အသုံးချခဲ့ကြသည်။ တပ်မတော် (လေ) ၏ သမိုင်းတစ်လျှောက်တွင် ဝေဟင်မှ ဝေဟင်တိုက်ပွဲမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
မင်္ဂလာဒုံလေတပ်အခြေစိုက်စခန်းသည် နိုင်ငံ၏အဓိက အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ၎င်းကို ဇွန်လ ၁၆ ရက်နေ့၊ ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမှတ်-၁ တပ်စု၊ လက်နက်ကိရိယာများ ထိန်းချုပ်ယူနစ်နှင့် ဗမာ့လေတပ်မတော်၊ လေယာဉ်အမောင်းသင်တန်းကျောင်းတို့အတွက် အဆင့်မြင့် အမိန့်များညွှန်ကြားခြင်းများကို ထိုအချေစိုက်စခန်း၌ပင် ထိန်ချုပ်ထားသည့် နေရာတစ်ခုလည်းဖြစ်ခဲ့သည်။ လအတော်ကြာပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ၁၉၅၀ ခုနှစ်တွင် ဒကိုတက်စ် ၉ စင်းဖြင့် တပ်စုသယ်ယူပို့ဆောင်ရေးအဖြစ် အမှတ်၂ တပ်စုကို ဖွဲ့စည်းခဲ့သည်။
ကိုးကား [ပြင်ဆင်ရန်]
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
|
|||||||||||