သန်းရွှေ

From Wikipedia

Info non-talk.png This page was recently converted to Unicode 5.1. It may still have some display issues. Check here (link) for a list of recently converted articles.

ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ (မြန်မာ၊ မွေးသက္ကရာဇ် ၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂) မြန်မာနိုင်ငံ၏ အုပ်ချုပ်သူဖြစ်သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ.ဖြိုးရေးကောင်စီ၏ ဥက္ကဌအဖြစ် ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ တာဝန်ယူခဲ့ရာ ယနေ့တိုင် ဖြစ်သည်။


[ပြင်​ဆင်​ရန်​] ဘဝအစပိုင်းနှင့် အလုပ်သက်တမ်း

ဗိုလ်ချုပ်မှူး ကြီးသန်းေရွှသည် မန္တလေးတိုင်း၊ ကျောက်ဆည်တွင် မေွးဖွါးသည်။ စာတိုက်ဌာနတွင် အလုပ်စတင်ခဲ့၍ အသက် ၂ဝ တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ြပီး နှစ်အတန်ကြာ စိတ်ဓါတ်စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏ စစ်တပ်သည် ကရင်သောင်းကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။ ၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုး မြှင့်ခြင်းခံရသည်။ ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းြပီး နေါက်ပိုင်း ရာထူးစဥ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့ြပီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူး ကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနေါက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ြပီး ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ အာဏာရစစ်အစိုးရ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ.ဝင်လည်း ဖြစ်သည်။

[ပြင်​ဆင်​ရန်​] နအဖ၏ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်း

၁၉၈၈ ခုနှစ်က သေွးထွက်သံယိုဖြစ်ခဲ့သည့် အရေး တော်ပုံကို တုံ့ပြန်သည့်အနေနှင့် ဖွဲ.စည်းတည်ထောင်ခဲ့သော နိုင်ငံတော်ြငိမ်ဝပ်ပိပြါးမှု တည်ဆောက်ရေးအဖွဲ.၏ အဖွဲ.ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုအခါက အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူး ကြီး စောမောင်၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဧြပီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်း ပြ၍ ဗိုလ်ချုပ်မှူး ကြီး စောမောင် ရုတ်တရက် အနါးယူခဲ့ြပီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူး ကြီး သန်း ရေွှက နဝတ၏ ဥက္ကဌ၊ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဌာန၏ အတွင်း ရေးမှူး နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရါယူခဲ့သည်။

[ပြင်​ဆင်​ရန်​] ဦး ဆောင်မှုပုံစံ

ဗိုလ်ချုပ်မှူး ကြီးသန်း ရေွှသည် အစပိုင်းတွင် သူ၏ ရှေ့ကလူထက် ပိုမိုပျော့ပျောင်းသည့် သဘောကို ဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ရွေး ကောက်ပွဲကို ချေမှုန်းလိုက်ြပီးကတည်းက နေအိမ်အကျယ်ချုပ်ထား ခြင်းခံရသော ဒီမိုကရေစီခေါင်း ဆောင် ဒေါ် အောင်ဆန်းစုကြည်အား ကန့်သတ် ပိတ်ပင်မှုများကို လျှော့ပေးြပီး နိုင်ငံရေးအကျဥ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တိုင်း ပြည်၏ တရားဝင်အင်္ဂၤလိပ်အမည် ဘားမားကို မြန်မာဟု ပြောင်းလဲခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ.စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ် ရေးဆွဲစေခ့ဲသည်။ ဗိုလ်ချုပ်မှူး ကြီးသန်း ရေွှသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို.ကို လွှတ်ပေးခဲ့ြပီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သု့ိ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေး ခြစားမှုကို ကိုယ်တိုင်ကြီး ကြပ်တိုက်ဖျက်ြပီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို.ကို အရေးယူခဲ့သည်။ ဝေဖန်ခြင်းကို လက်မခံသူဟု ရှုမြင်ကြသော်လည်း ကမ္ဘာ့ ကကြ်ခြေနီ အဖွဲ. (International Committee of the Red Cross) နှင့် နိုင်ငံတကာလွတ်ြငိမ်းချမ်းသာခွင့်အဖွဲ. (Amnesty International ) တို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပြုခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူး ကြီးသန်း ရေွှသည် တိုင်းရင်းသားလူနည်းစုများ ဖြစ်သည့် ကရင်နှင့် ရှမ်းလူမျိုးများအား ဆက်လက်ဖိနှိပ်ခဲ့သည်။ မွတ်စလင်များ အား ဖိနှိပ်ခဲ့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ခန့်မှန်း ခြေ လူ ၂၅ဝ,ဝဝဝ ခန့် ဘဂၤလားဒက်ရှ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြေးဝင်ခဲ့ကြသည်။ ဖွဲ.စည်းပုံ အခြေခံဥပဒေအသစ်မှာ ၂ဝဝ၄ ခုနှစ်အထိ ကော်မီတီအဆင့်တွင်သာ ရှိနေသေးြပီး မပြီးးဆုံးေသးေချ။ သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ချယ်ြပီး စစ်အစိုးရအား ဆန့်ကျင်ရေးသားသည့် စာနယ်ဇင်းသမားများအား ထိန်းသိမ်း ခြင်းကိုပါ ကြီး ကြပ်ခဲ့သည်။ ၁၉၉ဝ ခုနှစ်က ဒေါ် အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ပြန်လည်ချုပ်နှောင်ခဲ့သည်။ မြန်မာ့စီးပွါးေရးအား တင်းကျပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏ စီးပွါး ရေးဆိုင်ရာမူများမှာ စနစ်ကျမူမရှိဟု ဝေဖန်ခံရလေ့ရှိသည်။ သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ လူများအမြင်တွင် သူသည် မှုန်ကုတ်ကုတ်နှင့် ရှေ့တန်းထွက် လေ့မရှိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်း ပေါ် ရေ ာက်ရှိရေးတွင် အဓိကအတားအဆီးအဖြစ် မြင်ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိြပီး သတင်ဌာနများအား တိုက်ရိုက် စကား ပြောခြင်း မရှိပေ။

သူသည် ခေါင်း ဆောင်ပြယုဂ်သာဖြစ်ြပီး မူဝါဒများကို ဝန်ကြီးများမှ ကိုင်တွယ်ထားသည်ဟု နှစ်ပေါင်းများစွာ ယူဆခဲ့ကြသည်။ သို့သော် မကြာမီက သတင်းများအရ သူသည် အာဏာကို စုစည်းလျက်ရှိြပီး တိုင်း ပြည်ကို ကိုယ်တိုင်ထိန်းချုပ်ထားြပီဟု ဆိုကြသည်။ အနါးယူရမည့် အသက် ၆ဝ ပြည့်သော် လည်း မနါးဘဲ သူ၏ သက်တမ်းကို တိုးြမှင့်လိုက်သည့်အတွက် ဤရာထူးတွင် တစ်သက်လုံး နေသွားလိမ့်မည်ဟု ယူဆနေကြသည်။ ဝန်ကြီးချုပ် ခင်ညွန့်အား ဖြုတ်ချသည့်ကိစ္စတွင်လည်း ပါဝင်ခဲ့သည်ဟု ရိုးစွပ်ခြင်းခံရြပီး ထိုကိစ္စအပြီးသူ၏အာဏာမှာ ပိုမိုခိုင်မြဲလာသည်။ ဗိုလ်ချုပ်မှူး ကြီးသန်း ရေွှ၏ ဇနီး ဒေါ် ကြိုင်ကြိုင်မှာ ပအို့ဝ်တိုင်းရင်းသူတစ်ဦး ဖြစ်ြပီး၊ နိုင်ငံရေးကိစ္စတွင် အဓိကဏ္ဍမှ ပါဝင်သည်။ သူသည် လာဘ်စားသည်ဟု အမည်ထွက်လျက်ရှိြပီး ၂ဝဝ၄ ခုနှစ် လူသိရှင်ကြား လာဘ်စားမှုတွင် ပါဝင်ခဲ့သည်။

ဗိုလ်ချုပ်မှူး ကြီးသန်း ရေွှသည် မူဝါဒများကို ချမှတ်ရာတွင် ဗေဒကိန်းခန်းများကို အသုံးချသည်ဟု နါမည်ဆိုးထွက်လျက်ရှိသည်။ ၂ဝဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို. တော်အဖြစ် ပျဥ်းမနါးအနီးရှိ နေပြည်တော်သို့ ရန်ကုန်မှ ရွှေ့ ပြောင်းသည့်ကိစ္စတွင် ဗေဒင်ကြောင့်ဟု ကောလာဟာလများကဆိုသည်။ ဗိုလ်ချုပ်မှူး ကြီး ရရှိသည့် ဗေဒင်လမ်းညွှန်ချက်အတိုင်း မြန်မာနိုင်ငံအလံကိုလည်း မကြာမီပြောင်းလိမ့်မည်ဟု နောက်ထပ်ကောလဟလများက ဆိုလျက်ရှိသည်။