မွန်လူမျိုး

From Wikipedia

မွန်လူမျိုး
မွန်ရိုးရာဝတ်စုံ


လူဦးရေ ၈ သန်း၊
ထိုင်းနိုင်ငံတွင် ၁၁၄ ၅၀၀
ဘာသာစကား မွန်ဘာသာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာ

မွန်လူမျိုးသည် ပြည်ထောင်စုသားလူမျိုးများ ထဲတွင်ပါဝင်သည်။ မွန်လူမျိုးများသည် ရှေးအခါကတည်းက မျိုးနွယ်မြင့်မားသူများဖြစ်ပြီး အောက်မြန်မာနိုင်ငံတွင်သုဝဏဘူမိ(သထုံ)ကဲ့သို့သော တိုင်းပြည်အား မလေးအနွယ်တို့ကိုတိုက်ခိုက်ကာတည်ထောင်ခဲ့ကြသည်။တစ်ခါက ရာဇာဓိရာဇ် မင်း နှင့် အခြား ဘုန်းတန်ခိုးအာဏာကြီးများသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဘူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပု သည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၄င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာဿနာတော်သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ်သမိုင်းတွင်ထင်ရှားပါသည်။[၁]

Contents

[ပြင်​ဆင်​ရန်​] နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ကျန်စီမြစ်ဝှမ်း(Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ “Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။

“The pioneers in civilization both in Old Burma and Old Siam were the Mons. Significantly, the Mons had played a major role as the most prominent agent in spreading and propagating Indian. And I hold that the original homeland of the Mon-Khmers was Yangtze valley before they were pushed south by the Chinese in time immemorial.”

မွန်-ခမာ အုပ်စုဝင် မွန်လူမျိုးတို့သည် မူလပထမဦးစွာ တရုတ်တောင်ပိုင်း ဂိုဘီသဲကန္တာရမှာ နေထိုင်လာခဲ့ကြသည်။ ထို့နောက် ရေကြည်ရာ မြက်နုရာနေရာဒေသသစ်ကို ရှာဖွေရင်း တရုတ်ပြည် တောင်ပိုင်းဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာပြီး ယခုထိုင်းနိုင်ငံနေရာနှင့် မြန်မာပြည်အရှေ့ တောင်ဖက်ဒေသများ အတွင်းသို့ ၀င်ရောက်လာကြခဲ့သည်။

သမိုင်းပါမောက္ခ ဒေါက်တာသန်ထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားတာကို တွေ့ရသည်။ “မွန်နှင့် ခမေရ်လူမျိုးတို့ကား မွန်ဂိုလ်အနွယ်ဝင်များ ဖြစ်၍ ၀၊ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလ်အနွယ်များ ဖြစ်သော်လည်း ၀ တို့၌် တောင်ဖက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်” ဟု ဆိုထားသည်။

ထို့ပြင် ဦဘသန်း၏ မြန်မာ့ရာဇဝင်၊ စာမျက်နှာ-၅၀ တွင်လည်း အောက်ပါအတိုင်း ရေးသားသည်ကို တွေ့ရသည်။ “ မွန်လူမျိုးတို့ကား တိဘက်တိုးဘားမင်း(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် တရုတ်ပြည်အနောက်ပိုင်း ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝအရပ်ဒေသတို့တွင် မြို့ရွာတည်ထောင်နေထိုင်ကြသည်ဟု ထင်ရန်ရှိသည်။ မွန်ရာဇဝင်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟုအမည်တွင်လျက် ရှမ်း(စောထိုင် သို့မဟုတ် ထိုင်) လူမျိုးတို့နှင့်အတူ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့အကြား ကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိအရပ်ဒေသတို့တွင် နေထိုင်ကြကြောင်းနှင့် ဆိုသည်။”

တိဘက်တိုးဘားမင်း(တိဘက်တို-မြန်မာ)(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝအရပ်ဒေသတို့တွင် မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦးမင်းနေပြည်တော်သည်သုဝဏဘူမိ(ခေါ်) သထုံဖြစ်ပြီးထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏မင်းနေပြည်တော်မှာ လန်ဖန်း(ယခုထိုင်းနိုင်ငံမြောက်ပိုင်း)ဖြစ်သည်။ (၁၁) ရာစုနှင့် (၁၂ ) ရာစုများအရောက်တွင် မွန်တို့သည် ထိုင်းနိုင်ငံတွင် မြောက်ဖက်မှရွှေ့ပြောင်းလာသည့် ထိုင်းလူမျိုးတို့၏ရန်ကိုခံရသကဲ့သို့ မြန်မာနိုင်ငံအတွင်းတွင်လည်း ဗမာတို့၏ ရန်ကို တစ်ပြိုင်နက်နီးပါးခံခဲ့ရသည်။ထိုအခါ ယဉ်ကျေးမှုမြှင့်မားပြီးအင်အားကြီးသော မွန်တို့မှာစည်းလုံးမှုနည်းခဲ့သည့်အတွက် မိမိတို့ပိုင်နက်များကို လက်လွတ်ခဲ့ကြရသည်။ထိုင်းနိုင်ငံအတွင်းရှိမွန်တို့မှာ ဆုံးခန်းတိုင်ပျက်စီးခြင်းသို့ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတစ်လျှောက် စစ်ပြုကာဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ်ရပ်တည်နေနိုင်သေးသည်။မြန်မာနိုင်ငံရှိမွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမ ကိုဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြှင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။နောက်ပိုင်းတွင် ဟံသာဝတီ(ပဲခူး)မှာမင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြားတိုတောင်းတဲ့ကာလများမှာအတွင်း မြန်မာ နိုင်ငံတွင် အလွန်တန်ခိုးသြဇာ ကြီးမားခဲ့ကြသည်။ [၂] မွန် နှင့် ခမာ မှာဘာသာစကားအားဖြင့်သာ တူညီပြီး မျိုးနွယ်မှာ တစ်ခုတည်းမဟုတ်ဟုလည်းဆိုကြသည်။မွန်-ခမာတို့သည် အရှေ့အာရှတွင် မိုးရေသောက်လယ်များဖော်ထုတ်ပြီး စပါးကို ပထမဆုံးအကြီးအကျယ်စိုက်ပျိုးသည့် လူမျိုးများဖြစ်သည်ဟု သမိုင်းများက ဆိုပါသည်။

[ပြင်​ဆင်​ရန်​] ရှေးဟောင်းမွန်လူမျိုးများ

ရှေး ဟောင်း ပျူ လူမျိုး များ နည်း တူမြန်မာ နိုင်ငံ သ မိုင်း နှင့် ထေရ ၀ါရ ဗုဒ္ဓ ဘာသာ သာသနာ ကို အခြေခံ အုတ် မြစ် ချပေး ခဲ့သူ လူမျိုး ကြီး တမျိုး မှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး များဖြစ်သည်။ အရှေ ့ ့အာရှ တိုက် ဆိုင်ရာ သမိုင်း ပညာရှင် များဖြစ်ကြ သည့် အိုနယ်လုစ ်နှင့် ဟာဘတ် အေစတက် တို ့က အာ ရှတိုက် တောင် ပိုင်း ဒေသများ သို ့ဦးစွာ ၀င်ရောက်လာ သည့် မောင်းဂွတ် အနွယ်ဝင ်များ ဟု ဆိုကြသည် သို ့သော် တိဗက် တ ရုတ် နှင့် ထိုင်း တရုတ် အနွယ်ဝင် များ နှင့်မ ဆိုင်ပဲ သြစထရို အေရှတစ် အုပ်စုဝင် လူမျိုးနွယ် များ အ ဖြစ် မွန် ခမာလူမျိုး များအား သတ်မှတ်ကြသည်။

အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုး များ ၊ ဘင်္ဂလား နယ်ရှိ ဆန်သာလ် လူမျိုး များ ၊ အာ သံနယ် ရှိ ခါဆီး လူမျိုးများ ၊မြန်မာနိုင်ငံရှိ ပလောင် ၊ ၀ ၊ မွန်လူမျိုး များသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်း သို ့ဝင်ရောက် လာကြ ရင်း အိန္ဒိယ ၊ မြန်မာ ၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ဒေသများ သို ့ပြန် ့နှံ ့သွားကြ သည်ဟု သမိုင်း သုတေ သီများ က ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်း သို ့ ၀င်ရောက် မလာခင် က ငှင်း တို ့နှင့် အ နွယ်တူ ခမာလူမျိုးများ နှင့် အတူ အင်ဒိုချိုင်းနား တဝိုက် တွင် နေထိုင် ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရ သည်။ယိုးဒယား ( ထိုင်းလင်း )များမှာ ၁၃ ရာစု လောက်က မှဝင်ရောက်နေထိုင်ကြသည်။

အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ် ၀ှမ်းဒေသတဝိုက် တွင် ရှေးဟောင်း မွန်လူမျိုး များ နှင့် သက်ဆိုင်သည့် မြို ့ဟောင်းမြို ့ပျက် များ ၊ ဘာသာ ကိုးကွယ် မှု ဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာ များ ကို တွေ့ရှိရသည်။ မွန်ရာဇဝင ်ဟောင်း များ ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသကို ယောနကတိုင်း-ဟရိပုဥ္စပြည်နယ် ၊ တောင်ပိုင်းဒေသကို အယဇ္စျယတိုင်း-ဒွါရဝတီပြည်နယ ်ဟု ရေးသား ဖေါ်ပြ ကြပြီး အာရပ် ခရီးသွား မှတ်တမ်း များ တွင် လည်း သုဝဏ္ဏဘုမ္ဓိ တိုင်း ၏ ကြီး ကျယ် ခန်းနား ပုံ ကို ရေးသား ထားကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် အိန္ဒိယ တောင်ပိုင်း ဒေသများ နှင့်ကူးလူး ဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှု များ ကိုမြန်မာ နိုင်ငံတွင်းသို ့တင်သွင်းခဲ့ကြသည်။

၃ ရာစု ခန် ့ဝန်းကျင် လောက် တွင် ဗီယက်နမ် နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် စမ္ပပြည်နယ် နှင့်၄င်း ၊ ၅ ရာစု လောက် တွင် စတင် တည်ထောင် ၍ ၁၃ ရာစု ခန့်လောက် အထိ အင်ဒိုချိုင်းနား ကျွန်းဆွယ် နှင့် အ ရှေ ့ အာ ရှတိုက် တောင်ပိုင်း တွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဇ နိုင်ငံ တော်ကြီး နှင့် ရှေး ဟောင်းမွန်လူမျိုး များ သည်ဆက်သွယ် မှု များရှိ ခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် မဲနံ မြစ်ဝှမ်း ဒေ သ တဝိုက် တွင် နှစ်ကာလ များ စွာ နေထိုင်ပြီး မှ မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ ဖြစ် သည့် တနင်္သာရီ ဘက်သို ့ပြန် ့နှံဝင်ရောက်လာကြသည်။ ထို ့နောက် ဧရာဝတီမြစ် ၀ှမ်းများ နှင့် ၊ စစ်တောင်း ၊ မြစ်ဝကျွန်းပေါ် ပဲခူး ဘက် သို ့ပြန် ့နှံ့လာပြီး ၉ ရာစုနှစ်ခန် ့တွင် ဥဿာပဲခူးပြည် နှင့် မာလ မင်းဆက် ကို ထူထောင်ကြသည်။ ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန်ကြိုးပမ်း အား ထုတ်ကြသည့် အိန္ဒိယနိုင်ငံတောင်ပိုင်းချိုလာ မင်းဆက်ဘုရင်များနှင့်တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း အားမွန်ရာဇဝင် များ ၌ရေးသားထားသည်။၁၀ရာစုခန့်က အိန္ဒိယတောင်ပိုင်းချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင် လယ်ကမ်းရိုးတန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဖေါ် ပြထားသည်။

ခမာ လူမျိုးတို ့ ၏ ကမ္ဗောဒီးယား နိုင်ငံ တန်ခိုး ကြီးမား ခဲ့ စဉ် က မွန်လူမျိုး တို ့၏ မြို ့ပြ ပြည်နယ်များ ကို ယင်း တို့ နိုင်ငံ ၏ အစိပ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက် တွင် ဥဿ ပဲ ခူး အား မဲနံမြစ်ဝှမ်း မှ ဂျွန်း(ဂျွမ်း)စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကို လည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။

ရှေး ဟောင်း မွန်လူမျိုးများ သည် တနင်္သာရီ မှ ပဲခူး အထိပြန့်နှံ့လာပြီး ရာစုနှစ် အနည်းငယ် အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသတခုလုံး သို ့ပြန် ့နှံ့သွားကြသည်။ ရန်ကုန်၊ မြောင်းမြ ၊ပုသိမ် ၊ဖျာပုံ ၊ကျိုက်လတ် ၊တွံတေး ၊ဒေးဒရဲ၊ လပွတ္ကာ၊ဓနုဖြူ ၊ကျုံပျော် အစရှိသည့်မြို ့များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြ သည့်မြို ့ပြများ ဖြစ်ပြီး အ ခေါ် အဝေါ် များ သည် လည်း မွန်လူမျိုး တို ့ဝေါဟာရများ ဖြစ်သည်။

၁၄ ရာစုခန် ့လောက်တွင် ရှေးဟောင်း မွန်လူမျိုး တို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ် နေ ခြင်း အား ရာမညတိုင်း ကို စတင်ထူထောင် သည့် ၀ါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင် က ပထမ ဦးဆုံး အကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို ့ ၏ မြို ့့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာ နှင့် ယဉ်ကျေးမှု များ အား လေ့လာ တွေ ့့ရှိချက် တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို ့ဗြဟ္မဏ နှင့် မဟာယန များ ကို မတွေ ့ရှိရ ပဲ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများ ကို သာ တွေ့ရှိရသည်။ ပိသုကာ နည်းမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း သို့နွယ် ကာ ပါဠိစာပေ ကို သာသုံးစွဲပြီး အက္ခရာ အရေးအသား မှာ အိန္ဒိယ နိုင်ငံအရှေ ့တောင် ဘက် ကမ်းရိုးတန်းဒေသသုံး ပါလဝ အက္ခရာမျိုးနှင့် ဆင််တူလေသည်။ [၃] [၄] [၅] [၆]

  1. Professor G.H.Luce ၏ Old Burma, Early Pagan (1969)
  2. ဦးဘသန်းရေး၏ မြန်မာ့ရာဇဝင်
  3. ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
  4. အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
  5. မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
  6. မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

[ပြင်​ဆင်​ရန်​] ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှု တွေနှင့်နေလာကြသည်။ ရွှေဟသာင်္ဆိုတာ မွန်လူမျိုးတွေရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ ရွှေဟသာင်္ကိုမြင်တာနှင့် မွန်လူမျိုးကို အထူးပြုထားမှန်း သိသာပါသည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြပါသည်။

ဟံသာဝတီ မွန်နိုင်ငံတော်ကြီး ကျဆုံးပြီးကတည်းက မွန်လူမျိုးများ ထီးမဲ့ နန်းမဲ့ ဖြစ်ခဲ့ကြသည်။ ရာမညမြေမှာ ရွှေဟသာင်္တွေနားမှာပေါ့ ဘာဖြစ်လို့ဆွမ်းအုပ်ကနေရာဝင်ယူရတာလဲ ကိုယ့်မြေမှာ ကိုယ့်စာပေ၊ယဉ်ကျေးမှု အသင်းအဖွဲ့ တွေရှိမှာပေါ့ ဘာဖြစ်လို့ ပိတ်ပင်တာလဲ တားဆီးရလဲဗျာ။ ရာမညမြေမှာ ရွှေင်္ဟသာမှ မရှိရင်မွန် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေမှမရှိရင် ရာမညမြေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။

ရွှေင်္ဟသာ ရာမညမြေဆီ ပျံသန်းနိုင်ဖို့ သမိုင်းကပေးတဲ့တာဝန်ကိုထမ်းဆောင်ရမှာ ကျနော်တို့မွန်လူမျိုးတွေရဲ့ ကြီးလေးတဲ့တာဝန် တစ်ရပ်ပါ။ မွန်လူမျိုးတိုင်းဘယ်နေရာပဲရောက်ရောက် ဘယ်အခြေအနေပဲရှိရှိ တတ်စွမ်းသလောက်ထမ်းဆောင်သင့်တယ်လို့ ကျနော်ထင် မြင်မိပါတယ်။

[ပြင်​ဆင်​ရန်​] မွန်အမျိုးသား အလံ

Monflag.jpg

[ပြင်​ဆင်​ရန်​] ဘာသာ

မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာကို ရှေးပဝေသဏီကတည်းက ကိုးကွယ်ကြသည်။

[ပြင်​ဆင်​ရန်​] သာသနာအစသထုံက

ဂေါတမမြတ်စွာဘုရား ဘုရားဖြစ်ပြီး (၈) ၀ါမြောက်တွင် ဂဝမ္ပတိမဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ဒေသ များသို့ ဒေသစာရီကြွချီရောက်ရှိတော်မူသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီး သာသနာသက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီး လက်ထက် ကိုတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ်သာသနာပြုစေရာတွင် သောဏထေရ်နှင့်ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန်ရောက်ရှိတော်မူပြန်သည်။ သာသနာသက္ကရာဇ် ၉၀၀ ကျော်တွင် မွန်အရှင်ဗုဒ္ဓဃောသမထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ)သို့ ကြွကာပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင်ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်းလက်ထက် ပိဋကတ်တော်များကို သထုံမှပုဂံသို့ဆောင်ကြဉ်းခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် “သာသနာအစသထုံက´´ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရပါသည်။

[ပြင်​ဆင်​ရန်​] ဦးငါးဦး

သာသနာဝင်ကျမ်းများအဆိုအရ ဂေါတမမြတ်စွာဘုရားပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်၌စံနေတော်မူစဉ် မြန်မာနိုင်ငံဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့်ရသူများ၊ မြတ်စွာဘုရား၏ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံးစေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့်ရခဲ့သူများဖြစ်သည်။

[ပြင်​ဆင်​ရန်​] စာပေ

မွန်လူမျိုးကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားပါသည်။မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး ၊ သရ (၁၂) လုံးရှိသည်။

မွန်စာပေသည် အေဒီ(၅)ရာစုခန့်လောက်တွင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း စတင်တွေ့ရပါသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမ္မိ ၀န်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာသည် ခရာဇ်နှစ် (၅)ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း ပြဆိုနေသည်။

မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဥ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့်ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။

[ပြင်​ဆင်​ရန်​] မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး

မွန်နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် ဗမာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။

ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန်ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများဖြစ်ကြပေပြီး။

ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီမြဲဖြစ်သည့်အတိုင်း မွန်နှင့် ဗမာတို့ဆုံတွေ့ကြရာတွင်မြင့်မား သော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည်ဖြစ်ပါသည်။


မွန်နှင့်မြန်မာကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က မြန်မာထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။

ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကိုတည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။

ရှေးမြန်မာသမိုင်းပညာရှင်များသည် မြန်မာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိခဲသည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်းအထောက်အထားများအရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း ” မြန်မာတို့ဆရာကား မွန်ဖြစ်သည်” ဆိုသည်မှာ ထင်ရှားလှပါသည်။

မြန်မာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့်အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစတိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာတို့၏ ဒုတိယ ဆရာဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် မြန်မာတို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တဝသောက်စို့ ခဲ့ရပြီးဖြစ်သည်။

[ပြင်​ဆင်​ရန်​] အနုပညာ ယဉ်ကျေးမှု

မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း(၁၀)မျိုး အတတ်နှင့်အဆောက်အဦးများတည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများထွင်းထုခြင်းစသည့် လက်မှုပညာများကိုသထုံခေတ်တွင်ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများကျန်ရစ်နေသည်ကို ယခုတိုင်တွေ့မြင်နိုင်ကြပါသည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ််သည်။

[ပြင်​ဆင်​ရန်​] တူရိယာ

မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်းတူရိယာ ဖြစ်သည်။

[ပြင်​ဆင်​ရန်​] အကိုးအကားများ

  • ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း
  • ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူး