နေပြည်တော်မြို့
| Nay Pyi Taw နေပြည်တော် |
|
| နေပြည်တော် တည်နေရာပြ မြေပုံ | |
| Coordinates: | |
| နိုင်ငံ | |
|---|---|
| အုပ်ချုပ်ရေးမြို့တော် | ပြည်တောင်စုနယ်မြေ |
| မြို့နယ်များ | ၈ မြို့နယ် |
| အစိုးရ | |
| - မြို့တော်ဝန် | သိန်းညွန့် |
| ဧရိယာ | |
| - စုစုပေါင်း | ၇၀၅၄.၃၇ km² (၂၇၂၃.၇ sq mi) |
| လူဦးရေ (၂၀၀၉) | |
| - လူမျိုးများ | ဗမာ |
| - လူမျိုးများ Density | ၁၃၁.၁/km² (၃၃၉.၆/sq mi) |
| - ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ |
| အချိန်ဇုန် | MST (UTC+၆:၃၀) |
| Area code(s) | ၀၆၇ |
နေပြည်တော်သည်မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ ခဲ့သည်။ ယခင်မြို့တော်ဟောင်းရန်ကုန် (Rangoon) ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကျေညာခဲ့သည်။ မြို့တော်၏နေရာတော်တော်များများသည် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ် ဝန်းကျင်တွင် အပြီးသတ်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။ အသက်မဲ့သည့်မြို့ အဖြစ် တွေးဆနိုင်ပြီး၊ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။
[ပြင်ဆင်ရန်] ဝေါဟာရရင်းမြစ်ဗေဒ
နေပြည်တော်ကို ယေဘုယျအားဖြင့် ဘာသာပြန်ဆိုရလျှင် “တော်ဝင်မြို့တော်”၊ “ဘုရင်နန်းစိုက်ရာ” သို့မဟုတ် “ဘုရင်နန်းစံရာ” ဖြစ်သည်။ ဓလေ့ထုံးတမ်းအရ၊ မင်းနေပြည်များ၏ နောက်ဆက်စကားလုံးအဖြစ် သုံးစွဲသည်။ ဥပမာအားဖြင့် မန္တလေးကို ရတနာပုံနေပြည်တော် (Yadanabon Naypyidaw) ဟုခေါ်ဆိုခဲ့သည်။ အမည်နာမ၏ စာပေအဓိပ္ပါယ်မှာ မြန်မာလို “နေ၏နန်းမြို့” ဖြစ်သည်။
[ပြင်ဆင်ရန်] သမိုင်း
နေပြည်တော်၏သမိုင်းသည် တိုတောင်းလွန်းလှသည်။ နေပြည်တော်ကို ပျဉ်းမနားမြို့၏အနောက်ဘက် ၂ မိုင် (၃.၂ ကီလိုမီတာ ) အကွာ ခြုံနွယ်ပိတ်ပေါင်းမြေအတွင်းရှိ အစိမ်းရောင်ကွင်းပြင်တွင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်ခြေအားဖြင့် မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) အကွာတွင်တည် ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ အေးရှားဝေါလ် နှင့် ထူးလီမိတက် အပါအဝင် အနည်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီ၂၅ခုကို စစ်အစိုးရမှငှားရမ်းခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင် စေခဲ့သည်။ ၂၀၀၅ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့ ဗေဒင်နက္ခတ်အရ မင်္ဂလာအခါတော် ကျရောက်ချိန်ဖြစ်သည့် နံနက် ၆နာရီ ၃၇ မိနစ် တွင် စစ်အစိုးရသည် အစိုးရဝန်ကြီးဌာနများကို ရန်ကုန်မှ နေပြည်တော်သို့ စတင်ပြောင်းရွေ့သည်။
ငါးရက်ကြာပြီးနောက် နိုဝင်ဘာလ ၁၁ရက် နံနက် ၁၁ နာရီ တွင် စစ်တပ်ကုန်တင်ယာဉ် ၁၁၀၀ ပါသည့် ဒုတိယယာဉ်တန်းသည် စစ်တပ် တပ်ရင်း ၁၁ ရင်း နှင့် အစိုးရဝန်ကြီးဌာန ၁၁ ခု ကိုတင်ဆောင်ပြီး ရန်ကုန်မြို့မှထွက်ခွါ ခဲ့သည်။ ဝန်ကြီးဌာနများအားလုံးကို ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလကုန်တွင် နေရာချထားပြီးဖြစ်ရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း ကတိုက်ကရိုက် ပြောင်းရွှေ့ခြင်းသည် ကျောင်းများနှင့် အခြားနေ ရာများ မပြည့်စုံခြင်းကိုဖြစ်စေပြီး၊ အစိုးရဝန်ထမ်းများကို ၎င်းတို့၏မိသားစုများနှင့် အချိန်အတိုင်းအတာ တစ်ခု အထိ ခွဲခွာခြင်းကို ဖြစ်စေခဲ့သည်။ အစိုးရသည် အစ ပိုင်းတွင် အစိုးရအလုပ်သမားများ၏ မိသားစုများ အား နေပြည်တော်သို့ပြောင်းရွှေ့ခြင်းကို တားဆီးခဲ့သည်။ စစ်တပ်ဌာနချုပ်များသည် အစိုးရ ဝန်ကြီး ဌာနများမှ ခွဲခြားသည့်နေရာတွင် ထားရှိသည်။ အရပ်သားများကို စစ်တပ် နှင့် အစိုးရ နေရာများသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားသည်။ အစိုးရရုံးများ အနီးရှိ စီးပွားရေးဇုန်အတွင်းသို့ ဈေးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ အစိုးရအလုပ်များအတွက် အရာရှိများသည် အတိုကောက်အဖြစ် “နပတ” ဟုသုံးစွဲသည်။
၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်တွင်၊ စစ်သည် ၁၂၀၀၀ ကျော်သည် မြို ့တော်အသစ်တွင် ပထမဆုံး လူထုဆောင်ရွက်လှုပ်ရှားမှုအဖြစ် ချီတက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်သိမ်းပိုက်မှုကို တော်လှန်ခဲ့သော နှစ်ပတ်လည်နေ့ဖြစ်သည့် တပ်မတော်နေ့ကိုဂုဏ်ပြုရန် ကြီးမားသည့်စစ်ရေးပြ ချီတက်ခြင်း ဖြစ်သည်။ ကွန်ကရစ်စစ်ရေးပြကွင်းအတွင်းသို့ ရုပ်ရှင်၊ ဗွီဒီယို၊ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ထားပြီး၊ ကွင်းထဲတွင် ကြီးမားသည့်ရုပ်တုကြီးသုံးခု - မြန်မာမင်းများဖြစ်ကြသည့် အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းဘုရား တို့၏သရုပ်ဖေါ်ပုံများ-ရှိသည်။ ထိုမင်းသုံးပါးကို မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောဘုရင်များအဖြစ် မှတ်ယူထားသည်။ မြို့၏အမည်ကို ထိုစစ်ရေးပြပွဲကျင်းပနေစဉ် အတွင်း တရားဝင်ခေါ်ဆိုခဲ့သည်။
[ပြင်ဆင်ရန်] နေပြည်တော်သို့ပြောင်းရွှေ့ ခြင်း၏အခြေခံအကြောင်းအရင်း
နေပြည်တော်သည် မြို့တော်ဟောင်းရန်ကုန်ထက် အချက်အချာပို၍ကျပြီး၊ စစ်ရေးစစ်ရာအတွက် နေရာကောင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးအတွက် ဗဟိုချက်မဖြစ်ပြီး၊ ရှမ်း၊ ကယားနှင့်ကရင်ပြည်နယ်တို့နှင့်ထိစပ်နေသည်။ဤအကြောင်းအရာနှင့်ပတ်သက်၍စိတ်တွင်ခံစားမိသည်မှာတောင့်တင်းခိုင်မာသည့် စစ်တပ်နှင့်အစိုးရအနီးအနားတွင်ရှိနေခြင်းဖြင့် ကာလရှည်ကြာစွာ မငြိမ်သက်ခဲ့သည့်ဒေသများကို တည်ငြိမ်မှုရှိလာစေရန် ထောက်ကူပေးရာရောက်သည်။ မြို့တော်ပြောင်းရွှေ့မှုအတွက် တရားဝင်ရှင်းလင်းချက်မှာ ရန်ကုန်မြို့သည် လူဦးရေထူထပ် ပြည့်ကျပ်လာပြီး၊ အနာဂတ်တွင် အစိုးရရုံးများတိုးချဲ့ရန်အတွက် အခန်းများသေးနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုရှင်းလင်းချက်သည် မြန်မာပြည်သူများအဖို့ ယုတ္တိမရှိသလို အကြောင်းပြချက်သည်လည်း မခိုင်လုံဟု သုံးသပ်ကြသည်။ ဗိုလ်ချူပ်ကြီးသန်းရွှေသည်မြန်မာဘုရင်များ၏ခြေရာအတိုင်းလိုက်ရန် မျှော်မှန်းချက်ဖြင့် မြို့တော်အသစ်ကို အာဏာသုံး၍ တည်ဆောက်ခဲ့သည်ဟု တွက်ဆကြသည်။ ရန်ကုန်သည် ပင်လယ်ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး၊ ရေကြောင်းမှ တက်လာရန်လွယ်ကူသည့်အတွက်ကြောင့် အစိုးရသည် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာမည့် ဖြစ်နိုင်ခြေကို စိုးရိမ်၍ ပြောင်းရွှေ့သည်ဟုလည်း တွေးတောထင်မြင်ကြသည်။ မြန်မာ့ကြည်းတပ်အင်အားသည် ရေတပ်ထက်ပိုမို တောင့်တင်းခိုင်မာသည့် အတွက် ရေတပ်မှ ကမ်းရိုးတန်းမြို့တော်ကို ကာကွယ်ထားနိုင်သည်ထက် ကုန်းတွင်းပိုင်းမြို့တော်၏ ပတ်လည် နေရာများကိုပါ ကာကွယ်နိုင်စွမ်းရှိသည်။
အစိုးရသည် မြန်မာ့ယဉ်ကျေးမှုတွင် တစ်ပိုင်းတစ်စ ပါဝင်ပြီးသားဖြစ်သည့် ဗေဒင်ဆရာများ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်သည်များလည်း ရှိသည်။အိန္ဒိယစာနယ်ဇင်းသမား ဆစ်ဒတ် ဗာရာဒရာဂျန် သည် နေပြည်တော် သို့ ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် သွားရောက်လည်ပတ်ခဲ့ပြီး၊ မြို့တော်အသစ်၏ ကြီးကျယ်ခမ်းနားမှုသည် “အုပ်ချုပ်မှုစနစ်ပြောင်းလဲခြင်းကို ဆန့်ကျင်သည့် အကောင်းဆုံးသောအာမခံချက်”၊ အများကသမုတ်သော မည်သည့် ရောင်စုံ တော်လှန်ရေးကိုမဆို ရှုံး နိမ့်စေရန် ရေးဆွဲစီစဉ်ထားသည့် အကောင်းဆုံးမြို့ပြလက်ရာမြောက်မြို့ ဖြစ်သည်ဟုဖေါ်ပြထားသည်။ တော်လှန်ပုန်ကန်မှုများကို သံချပ်ကာကားများ၊ မီးသတ်ပိုက်များ သုံးစွဲနှိမ်နင်းရန်မလိုပဲ၊ ပထဝီအနေအထား၊ မြေပုံအနေအထားဖြင့် ဖြေရှင်းပြီးဖြစ်နိုင်သည်။
[ပြင်ဆင်ရန်] ပထဝီအနေအထား
နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့၏ကြားတွင် တည်ရှိသည်။ တရား ဝင်စာရင်းများအရ မြို့တော်သည် ရ၀၅၄.၃၇ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ လူဦးရေ ၉၂၄၆၀၈ ရှိသည်။ချောင်းမကြီးဆည်သည် နေပြည်တော်၏မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာအဝေးတွင်ရှိပြီး၊ ငလိုက်ဆည်သည် မြို့၏တောင်ဘက် ကီလိုမီတာအနည်းငယ် အကွာတွင်ရှိသည်။ ရေဆင်းဆည်သည် မြို့၏ အရှေ့မြောက် ခပ်လှမ်းလှမ်းတွင်ရှိသည်။ မြောက်လတ္တီကျု ၁၉ ံ ၁၈' နှင့် ၂၀ ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၅ ံ ၄၅' နှင့် ၉၆ ံ ၄၅' အကြားတွင် တည်ရှိသည်။ နေပြည်တော်သည် ရန်ကုန်နှင့် ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ၊ မန္တလေးမြို့နှင့် ၁၃၈ မိုင် ကွာဝေးသည်။
မြို့မြင်ကွင်း
နေပြည်တော်ကို ဇုန်အရေအတွက်များ ဖြင့်ဖွဲ့စည်းထားသည်။ မြို့သည် မြို့တော်တစ်ခုတွင် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်အမြောက်အမြား လိုအပ်နေဆဲဖြစ်သည်။
[ပြင်ဆင်ရန်] လူနေအိမ်ရာဇုန်များ
လူနေအိမ်ရာအကွက်များသည် သေချာစွာဖွဲ့စည်းထားပြီး၊ အခန်းများကို ရာထူးအလိုက်နှင့် အိမ်ထောင်ရှိ/မရှိ အပေါ်မူတည်ပြီး ချထားပေးသည်။ မြို့တွင် လက်ရှိအခန်းတွဲ လေးထပ်တိုက် ၁၂၀၀ ရှိသည်။ ကြီးမားသည့် အခန်းတွဲတိုက်များစွာသည် ခေါင်မိုးအနီရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်များဖြင့် ရှိနေကြသည်။ အချို့သောလူနေအခန်းတွဲတိုက်များ၏ဆေးရောင်အမှတ်အသားကို ဝန်ကြီးဌာနအလိုက်ခွဲခြားထားသည်မှာ ဥပမာကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများသည်အပြာရောင်ခေါင်မိုးနှင့် တိုက်များတွင်နေကြပြီး၊စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ထမ်းများမှာမူအစိမ်းရောင်ခေါင်မိုးများ နှင့်နေကြသည်။အဆင့်မြင့်အရာရှိကြီးများသည် လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြသည်။
[ပြင်ဆင်ရန်] တပ်မတော်ဇုန်များ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အခြားသောအရေးပါသည့် စစ်အရာရှိကြီးများသည် သာမန်ဝန်ထမ်း များနေထိုင်ရာမှ ၁၁ ကီလိုမီတာကွာဝေးသည့် စုပေါင်းဝင်းကြီးအတွင်းတွင် နေထိုင်ကြပြီး၊ ထိုဝင်းကြီးတွင် ဗုံးခိုကျင်းများ ၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများ ပါရှိသည်ဟုဆိုပြီး အများပြည်သူအတွက် ကန့်သတ်နယ်မြေဖြစ်သည်။ မြို့တွင် တပ်မတော်ဇုန်ဟုလည်း သီးသန့်ရှိပြီး၊ ခွင့်ပြုမိန့်မရှိပဲ နိုင်ငံသားများ သို့မဟုတ် အခြားသောလူပုဂ္ဂိုလ်များ ဝင်ရောက်ခွင့်မရှိပါ။
[ပြင်ဆင်ရန်] ဝန်ကြီးဌာနဇုန်
ပါလီမန်အဆောက်အဦးနှင့် သမ္မတအိမ်တော်အသစ်သည် ဆောက်လုပ်ဆဲဖြစ်ပြီး၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်မှီ ပြီးစီးမည်ဟုမျှော်လင့်ထားသည်။ မြို့တော်ခန်းမအဆောက်အဦးသည် ဆိုဗီယက်အစိုးရအဆောက်အဦးနှင့် ဆင်တူပြီး၊ ခေါင်မိုးပုံစံမှာမူ မြန်မာ့ဟန်ဖြစ်သည်။ မြို့တော်ခန်းမ၏ အနောက်ဘက်တွင် ကလေးကစားကွင်းနှင့် ရေတံခွန်အတုရှိပြီး၊ ထိုနေရာတွင် တေးဂီတလျှပ်စစ်မီးရောင်စဉ်ပွဲကို နေ့တိုင်းပြသသည်။
[ပြင်ဆင်ရန်] ဟိုတယ်ဇုန်
ဟိုတယ်ဇုန်တွင် နားနေစံအိမ်ပုံစံ ဟော်တယ်များသည် လက်တစ်ဆုပ်စာလောက်သာရှိပြီး၊ မြို့၏ဆင်ခြေဖုံးရှိ တောင်ကုန်းများပေါ်တွင် ဟိုတစ်ခုဒီတစ်ခု ရှိနေသည်။ ဤဇုန်သည် မြို့၏မြို့လယ်ခေါင် ဖြစ်လာလိမ့်မည်။နေပြည်တော်အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ယခုလက်ရှိ ဟိုတယ် ၁၂ ခုရှိသည်။ ထိုအထဲမှ ရှစ် ခုသည် နေပြည်တော်ဟိုတယ်ဇုန် အတွင်းတွင်ရှိနေပြီး၊ နှစ်ခုသည် ရန်ကုန်-မန္တလေးကားလမ်းမပေါ် လယ်ဝေးတွင် ရှိသည်။
[ပြင်ဆင်ရန်] ဈေးဝယ်ထွက်ခြင်း
ဗဟိုလမ်းဆုံကုန်တိုက် နေပြည်တော် မြို့မဈေးသည် လတ်တစ်လောတွင် နေပြည်တော်၏ စီးပွားရေးအချက်အချကျနေသည်။ အခြားသော ဈေးဝယ်ထွက်ရန်နေရာများမှာ သပြေကုန်းဈေးနှင့် ဗဟိုလမ်းဆုံကုန်တိုက် တို့ဖြစ်ကြသည်။ ဗဟိုလမ်းဆုံကုန်တိုက်ကို ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့ကာ နေပြည်တော်ရှိ ဈေးစီမံကိန်းအတွက် ပထမဆုံးပုဂ္ဂလိက ဖွင့်လှစ်ခဲ့သည့် ဈေးကုန်တိုက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။မြို့မဈေးတွင် စားသောက်ဆိုင်အနည်းငယ်နှင့် လမ်းဘေးအစားအစာဆိုင်တန်းများရှိပြီး၊ သပြေကုန်း ဈေးအနီးတွင်လည်း စားသောက်ဆိုင်များရှိသည်။ မိုင်အနည်းငယ်သွားလိုက်ရုံဖြင့် စိတ်ကြိုက်ညနေစာစားသုံးနိုင်သည့်ဆိုင်များ လယ်ဝေး နှင့် ပျဉ်းမနားတွင်ရှိသည်။
[ပြင်ဆင်ရန်] အပန်းဖြေခြင်း
ငလိုက်ကန်ပန်းခြံများသည် အသေးစားရေကစားပန်းခြံဖြစ်ပြီး၊ ငလိုက်ဆည်၏ဘေး ကျွဲရှင်းရွာအနီး တွင်ရှိသည်။(ခန့်မှန်းခြေအားဖြင့် နေပြည်တော်မှ ခုနှစ်မိုင်ခန့်ကွာဝေးသည်)။ ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ငလိုက်ကန်ပန်းခြံတွင် ရေလွှာလျှောစီး၊ သဘာဝအတိုင်းအပန်းဖြေစရာများ၊ နားနေဆောင်များနှင့် ကမ်းခြေတို့ပါဝင်သည်။ ပန်းခြံကိုသင်္ကြန်ရုံးပိတ်ရက်များတွင် အများပြည်သူအတွက် ဖွင့်လှစ် ပေးသည်။
နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို တိရစ္ဆာန်ကောင်ရေ ၄၂၀ နှင့် ရာသီဥတုထိန်းပေးထားသည့်ပင်ဂွင်း ငှက်အိမ်တို့ဖြင့် ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဤဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သည် ပျဉ်းမနားမြို့မှ (၁၈) မိုင်အကွာ ၊ ပျဉ်းမနားနှင့် တပ်ကုန်မြို့ အကြားတွင် တည်ရှိသည်။ (၆၁၂) ဧက ကျယ်ဝန်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၈) တွင် စတင် တည်ထောင်ခဲ့ကာ ၂၀၀၈ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
ယနေ့အထိ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တွင်
- နို့တိုက်သတ္တဝါပေါင်း - (၃၂) မျိုး - (၂၈၀) ကောင်
- တွားသွားသတ္တဝါပေါင်း - (၁၂) မျိုး - (၆၂) ကောင်
- ငှက်မျိုးနွယ်ပေါင်း - (၄၃) မျိုး - (၂၇၄) ကောင် ရှိသည်။ ရှားပါးစာရင်းဝင် ကျားဖြူနှင့် မြန်မာနိုင်ငံတွင် နေထိုင် ကျက်စားခြင်း မရှိသော ပင်ဂွင်း များလည်း မွေးမြူပြသထားသည်။
တနင်္လာနေ့မှအပ ကျန်နေ့တိုင်း ဖွင့်လှစ်သည်။
အမျိုးသားဆေးဖက်ဝင်အပင်များပန်းခြံကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဧက ၂၀၀ (ဝ.၈၁ ကီလိုမီတာ စကွဲယား) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ဆေးဖက်ဝင်အပင်များကို ပြသထားသည်။ ပရဆေးဥယျာဉ်တွင် ဆေးဖက်ဝင် ပရဆေးပင် မျိုးစိတ်ပေါင်း (၅၀၀) ကျော် စိုက်ပျိုး ထားရှိသည်။ နေပြည်တော်တွင် ဂေါက်ကွင်း နှစ်ကွင်း( နေပြည်တော် မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း) နှင့် ကျောက်မျက်ပြတိုက် တစ်ခုရှိသည်။
[ပြင်ဆင်ရန်] ဥပါတသန္တိ စေတီ
နေပြည်တော်တွင် ထင်ရှားသည့်ဘုန်းတော်ကြီးများ မရှိသော်လည်း၊ ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် အရွယ်အစားနှင့် ပုံသဏ္ဍာန်ပါ ခပ်ဆင်ဆင်တူသည့် စေတီတော်ကြီးကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဤစေတီတော်အသစ်ကို ဥပါတသန္တိ သို့မဟုတ် “ငြိမ်းချမ်းရေးစေတီ” ဟုအမည်ပေးခဲ့သည်။ စေတီတော်၏ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် “ရာဇဌာနီ နေပြည်တော် (ဘုရင် နန်းစံသည့် မင်းနေပြည်) ” စာပိုဒ်ဖြင့်ဖွင့်ထားသည်။ စေတီသည် ရွှေတိဂုံစေတီတော်ထက် ၃၀ စင်တီမီတာ ခန့်သာနိမ့်သည်။ ဥပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် “ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း” ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြ သည်။
[ပြင်ဆင်ရန်] နိုင်ငံတကာဇုန်
အစိုးရသည် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးများအတွက် မြေ နှစ်ဟက်တာ ပေး ထားသည်။
[ပြင်ဆင်ရန်] ယဉ်ကျေးမှု
ဖျော်ဖြေရေး
မြန်မာ့ရုပ်ရှင်အကောင်းဆုံးစွမ်းဆောင်နိုင်သူများအတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နှစ်စဉ် နေပြည်တော် တွင်ကျင်းပသည်။နေပြည်တော်ရှိ လမ်းဆုံဗဟိုကုန်တိုက်တွင် ရုပ်ရှင်ရုံ တစ်ရုံနှင့် ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် တစ်ရုံစီ ရှိသည်။
[ပြင်ဆင်ရန်] စီးပွားရေး
လူဦးရေအခြေပြ
အုပ်ချုပ်ရေး
ခရိုင်အဆင့် နေပြည်တော်မြို့တော်ဒေသတွင် မြို ့စစ်စစ် (မြို့လယ်ခေါင်)နှင့် ပတ်ဝန်းကျင် မြို ့ နယ် ရှစ်ခု ပါဝင်သည်။ မြို့လယ်ခေါင်ကို ဆက်၍ ရပ်ကွက်လေးခု ခွဲထားသည်။ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များသည် ယခင်က ရမည်းသင်းခရိုင်၏ တစ်စိတ်တစ်ဒေသများ ဖြစ်ကြသည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ပသီရိ၊ ဇမ္ဗူသီရိ၊ နှင့် ဇေယျသီရိ တို့သည် မြို့နယ်အသစ်များ ဖြစ်ကြပြီး၊လက်ရှိအချိန်တွင်ဆောက်လုပ်ဆဲဖြစ်သည်။ဒီဇင်ဘာ၂၀၀၉တွင် အားလုံးသော ဝန်ကြီးဌာနရုံးများသည် အုပ်ချုပ်ရေးမြို့တော်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ရမည်။ ဝန်ကြီးဌာန၏ညွှန်ကြားမှုဦးစီးဌာနရုံး များသာ ရန်ကုန်တွင် ကျန်ရှိရမည်။
| မြို့စစ်စစ်(ရပ်ကွက်များ) | ယခင်ရှိပြီသားမြို့နယ်များ | ဆင်ခြေဖုံးအသစ်များ |
|---|---|---|
| ဇေယျသိဒ္ဓိ(ဇေယျသိဒ္ဓိ ပါဌိမှ) | ဥတ္တရသီရိ(ဥတ္တရသီရိ ပါဌိမှ) | |
| ပညာသိဒ္ဓိ(ပညာသိဒ္ဓိ ပါဌိမှ ) | ပျဉ်းမနား | ဒက္ခိဏသီရိ(ဒက္ခိဏသီရိ ပါဌိမှ) |
| ဘောဂသိဒ္ဓိ(ဘောဂသိဒ္ဓိ ပါဌိမှ) | လယ်ဝေး | ပုပ္ပသီရိ(ပုပ္ပသီရိ ပါဌိမှ) |
| မင်္ဂလာသိဒ္ဓိ( မင်္ဂလာသိဒ္ဓိ ပါဌိမှ) | တပ်ကုန်း | ဇမ္ဗူသီရိ (ဇမ္ဗူသီရိ ပါဌိမှ) ၊ဇေယျာသီရိ (ဇေယျာသီရိ ပါဌိမှ) |
[ပြင်ဆင်ရန်] ပညာရေး
နေပြည်တော်
- အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ၊ရေဆင်း (နေပြည်တော် နှင့် ပျဉ်းမနား တို့၏အရှေ့မြောက်ဘက် မိုင်အနည်းငယ်)
- ရေဆင်း တိရစ္ဆာန် ဆေးပညာ တက္ကသိုလ်
- ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်
- သစ်တောတက္ကသိုလ်
[ပြင်ဆင်ရန်] သယ်ယူပို့ဆောင်ရေး
အများပြည်သူ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများသည် အနီးအနားတစ်ဝိုက်အတွက် အကန့်အသတ်ရှိသည်။အရှည်ကီလိုမီတာ ၃၂၃.၂ ရှိသော ရှစ်လမ်းသွားရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးသည် နေပြည်တော်ကို ရန်ကုန်နင့် တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ ၅၆၃ ကီလိုမီတာရှည်လျားသည့် ရန်ကုန် -နေပြည်တော် - မန္တလေး လမ်းမကြီး၏အစိတ်အပိုင်း ဖြစ်သည်။ ရိပ်သာလမ်းမကြီး ၂၀ ရှိပြီး၊ မြို့ထဲမှလမ်းများကဲ့သို့ ကြီးမားပြီးရှင်းလင်းနေသည်။
[ပြင်ဆင်ရန်] ရထားလမ်း
နေပြည်တော်အတွက် ပျဉ်းမနား နှင့် လယ်ဝေးဘူတာတို့မှ လက်ရှိတွင် ဆောက်ရွက်ပေးနေကြသည်။ ပျဉ်းမနားဘူတာတစ်ခုတည်းသာ ရန်ကုန် - မန္တလေးရထားလမ်းပေါ်တွင် ရှိသည်။ လယ်ဝေးဘူတာသည် ပျဉ်းမနားနှင့် ကျောက်ပန်းတောင်း လမ်းပေါ်တွင်ရှိသည်။ ရန်ကုန်မှ ပျဉ်းမနားသို့ ရထားဖြင့် ၉ နာရီကြာသွားရသည်။ ရထားများသည် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီတွင်ထွက်ပြီး၊ ည ရး၃၀ နာရီတွင် ဆိုက်ရောက်သည်။မြို့တော်အသစ်အတွက် ရထားပို့ဆောင်ရေး ပြည့်စုံလာစေရန် ပျဉ်းမနား၏နောက် တစ်ဘူတာတွင် နေပြည်တော်ဘူတာစီမံကိန်းများကို တည်ဆောက်နေဆဲဖြစ်သည်။
[ပြင်ဆင်ရန်] လေကြောင်း
အေလာလေဆိပ်ဟုလည်း သိရှိထားသည့် နေပြည်တော်လေဆိပ်သည် မြို့၏အရှေ့တောင်ဘက် ၁၀ မိုင် ( ၁၆ ကီလိုမီတာ ) ၊ အေလာ နှင့် လယ်ဝေး မြို့များအကြားတွင် တည်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများဖြစ်ကြသည့် ပုဂံလေကြောင်း၊ မန္တလေးလေကြောင်း၊ မြန်မာ့လေကြောင်း နှင့် ရန်ကုန်လေကြောင်း တို့သည် ရန်ကုန် နှင့် နိုင်ငံအနှံ့ရှိ အခြားသောမြို့များသို့ ပုံမှန်ပြေးဆွဲရန်အတွက် ဤလေဆိပ်ကို အသုံးပြုကြသည်။၂၀၀၉ ခုနှစ် ဧပြီလ မှစတင်၍ အဓိကဆောက်လုပ်ရေးများကို တည်ဆောက်ဆဲဖြစ်ပြီး၊ တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း ဝင်ထွက်နိုင်ရန် ဖြစ်သည်။
[ပြင်ဆင်ရန်] ဘတ်စ်ကား နှင့် ကားများ
အစိုးရဝန်ကြီးဌာနများသည် နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ၎င်းတို့၏သက်ဆိုင်ရာရုံးများသို့ လွန်းပျံဘတ်စ်ကားများ ပြေးဆွဲပေးသည်။မြို့တွင် ဗဟိုဘတ်စ်ကားရပ်နားကွင်း နှင့် စစ်တပ်ပိုင်သည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ရှိသည်။
[ပြင်ဆင်ရန်] ကျန်းမာရေးစောင့်ရှောက်မှု
နေပြည်တော်ဆေးရုံကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။အနီးအနားရှိမြို့များဖြစ်ကြသော လယ်ဝေး ၊ ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် ဆေးရုံတစ်ခုစီ ရှိသည်။
[ပြင်ဆင်ရန်] ဆက်သွယ်ရေးများ
၂၀၀၉ ခုနှစ်မှစတင်ပြီး စီဒီအမ်အေ ကြိုးမဲ့ဖုန်း တစ်မြို့လုံးတွင် သုံးစွဲနိုင်သည်။ အစိုးရတိုက်ခန်းများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဖုန်းလိုင်း တပ်ဆင်ခွင့် မရှိပါ။ အများသုံးဖုန်းကိုသာ သုံးစွဲရမည်။ နေပြည်တော်သည် မြန်မာနိုင်ငံတွင် တစ်ရက် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိသည့် တစ်ခုတည်းသော နေရာဖြစ်သည်။
[ပြင်ဆင်ရန်] ကိုးကား
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
|
||||||||||||||||||||||||||||||||
|
||||||||








