နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

From Wikipedia

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ ၁၉၉၀ ခုနှစ်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွ်ငအပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတိုက်အခံပါတီကို အာဏာလွှဲပြောင်းမပေးဘဲ အင်အားသုံး၍ အာဏာကို ရယူခဲ့သည်။ စစ်အစိုးရကို လူနည်းစုတိုင်းရင်းသားများ၊ အတိုက်အခံအုပ်စုများ၊ ကျောင်းသားများနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူများအား ကြမ်းကြုတ်စွာဖိနှိပ်မှုဖြင့် စွပ်စွဲကြသည်။ ဤကဲ့သို့အာဏာရှင်ဆန်စွာ အုပ်ချုပ်ကိုင်တွယ်မှုကြောင့် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကိုရရှိသည်။

၁၉၉၇ ခုနှစ်ကနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)ဟု အမည်ပြောင်းလဲခဲ့ကြသည်။ နအဖသည် ကြည်း၊ ရေ၊ လေ ခေါင်းဆောင်များနှင့် စစ်တိုင်းမှုများဖြင့်ဖွဲ့စည်းထားသည်။ စစ်အစိုးရ၏အဖွဲ့ဝင် ၁၉ သည်ကက်ဘိနက်ဝန်ကြီးများထက်များစွာ အာဏာပိုရှိသည်မှာ သေချာသည်။ အချို့စစ်ကောင်းစီအဖွဲ့ဝင်များမှာ ဝန်ကြီးနေရာကိုလည်းရယူထားကြသည်။ သက်သေအထောက်အထားအရ ထိုင်းမှုးများသည် မိမိတို့အုပ်ချုပ်သည့် နယ်မြေဒေသတွင် လုပ်ပိုင်ခွင့်များစွာရရှိထားသည်။

[ပြင်​ဆင်​ရန်​] နအဖခေါင်းဆောင်များ

ရာထူး အမည် တပ်မတော်ရာထူး
ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချိုပ်ကြည်း
ဗိုလ်ချုပ်ကြီးသူရရွှေမန်း တွဲဘက်စစ်ဦးချုပ်ကြည်း၊ ရေ၊ လေ
ဗိုလ်ချုပ်ကြီး ဝန်ကြီးကျုပ်
ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး တပ်ထောက်ချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဝင်း တပ်မတော်လေ့ကျင့်ရေးမှုချုပ်
ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တပ်မတော်ခဲယမ်းမီး ‌ကျောက်ညွှန်ကြားရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အထူးစစ်ဆင်ရေးမှူး-၁​ (ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး)
ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး အထူးစစ်ဆင်ရေးမှူး-၂ (ကယား၊ ရှမ်း)
ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း အထူးစစ်ဆင်ရေးမှူး-၄ (ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်)
ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို အထူးစစ်ဆင်ရေးမှူး-၄ (ကရင်၊ မွန်၊ တနင်္သာရီ)