ရခိုင်ရိုးမ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

[ပြင်​ဆင်​ရန်​] ရခိုင်ရိုးမ

အရှေ့ပါကစ္စတန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် မြောက်နှင့်တောင် တန်းလျက်ရှိသော တောင်ကုန်းဒေသကို အနောက်ဘက်တောင်ကုန်းဒေသဟု ခေါ်တွင်သည်။ ထိုကုန်း မြင့်ပိုင်းတွင် ရခိုင်တောင်ကုန်းဒေသ၊ ချင်းတောင်၊ လူရှေ (လူရှိုင်း)တောင်တို့ ပါဝင်လေသည်။ ရခိုင်ရိုးမတောင်တန်းသည် ထိုတောင်တန်းဒေသမှ တောင်ဘက်သို့ ကမ်းရိုးတန်းနှင့် ယှဉ်၍ ထိုးထွက်လာသော တောင်တန်းဖြစ်သည်။

ရခိုင်ရိုးမသည် မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပြည်ခရိုင်၊ ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်တို့နှင့် ရခိုင်ဘက်ရှိ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်တို့ကို ခွဲခြာထားလေသည်။ တောင် တန်းတစ်လျှောက်တွင် ပျမ်းမျှအားဖြင့် အမြင့်ပေ ၄ဝဝဝ နှင့် ပေ ၅ဝဝဝ အကြား၌ ရှိသည်။ မြောက်ဘက်တွင် ထိုထက် မြင့်မားသော တောင်တန်းများ ရှိလေသည်။ ရိုးမတောင်တန်း သည် မတ်စောက်၍ တောထူထပ်သည်။ သို့ရာတွင် ကျွန်းပင် များ မပေါက်ချေ။

ရိုးမတောင်ပေါ်တွင် ချင်းလူမျိုးတို့ နေထိုင်ကြသည်။ တောင်ယာစိုက်စားကြသည်။ ပြောင်းဆန်နှင့် တောင်ပေါ်စပါး တစ်မျိုးကို ရှေးရိုးနည်းအတိုင်း စိုက်ပျိုးလုပ်ကိုင်ကြလေသည်။ ရခိုင်ရိုးမတောင်ကို ဖြတ်ကျော်နိုင်သော တောင်ကြားလမ်း နှစ်ခု ရှိသည်။ ပထမတောင်ကြားလမ်းမှာ ကျောက်ဖြူခရိုင် အမ်းမြို့မှ မင်းဘူးခရိုင် ငဖဲမြို့သို့ပေါက်သော အမ်းတောင်ကြား လမ်း ဖြစ်၍၊ ဒုတိယတောင်ကြားလမ်းမှာ သံတွဲခရိုင် တောင် ကုပ်မြို့မှ ပြည်မြို့နှင့် တစ်ဖက်ကား ဧရာဝတီမြစ်ပေါ်ရှိ ပန်းတောင်းမြို့သို့ ပေါက်သော တောင်ကုပ်တောင်ကြားလမ်း ဖြစ်သည်။[၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်