ရခိုင်ပြည်နယ်

From Wikipedia

ရခိုင်ပြည်နယ်
Flag of Rakhine.svg
မြို့တော် စစ်တွေမြို့
ဧရိယာ ၃၆,၇၈၀ km²
လူဦးရေ ၂,၆၉၈,၀၀၀
လူမျိုးများ ရခိုင်ချင်းမြို
ဘာသာတရားများ ဗုဒ္ဓအစ္စလာမ်
MyanmarRakhine.png

ရခိုင်ပြည်နယ်


Contents

[ပြင်​ဆင်​ရန်​] တည်နေရာနှင့် အကျယ်အဝန်း

ရခိုင်ပြည်နယ်‌သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေး ရခိုင်လူမျိုးတို့၏ ယာဉ်ကျေးမှု အမွေအနှစ်များ ပေါများသောဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး ဧရာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းချင်းပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတီကျူဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီကျူဒ် ၉၂ဒီဂရီ ၁၀မိနစ် နှင့် ၉၄ဒီဂရီ ၂၀မိနစ်ကြားတွင်တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။

[ပြင်​ဆင်​ရန်​] မြို့တော်

ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄ ံ ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇၀ ံ ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆လက်မ၊ စစ်တွေမြို့တွင် ၂၀၃လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။

စစ်တွေမြို့

[ပြင်​ဆင်​ရန်​] ဆက်သွယ်ရေး

လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ သံတွဲတွင် လေယာဉ်ကွင်းရှိသည်။

[ပြင်​ဆင်​ရန်​] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

[ပြင်​ဆင်​ရန်​] ဒေသထွက်ကုန်များ နှင့် စီးပွားရေး

ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ဓနိ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။

[ပြင်​ဆင်​ရန်​] တွင်းထွက်များ

ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓါတ်ငွေ့သိုက်များ ရှိသည်။

[ပြင်​ဆင်​ရန်​] ခရိုင်ရုံးစိုက်ရာမြို့များ

ရခိုင်ပြည်နယ်

[ပြင်​ဆင်​ရန်​] ပါဝင်သောမြို့နယ်များ

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[၁]


[ပြင်​ဆင်​ရန်​] ကိုးကား

  1. D.P.S. MYANMAR GUIDE MAP. 2000.