ရခိုင်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရခိုင်ပြည်နယ်
Arakan flag.jpg
မြို့တော် စစ်တွေမြို့
ဧရိယာ ၃၆,၇၈၀ km²
လူဦးရေ ၃, ၈၃၆, ၀၀၀
လူမျိုးများ ရခိုင်ချင်းမြို
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
MyanmarRakhine.png

ရခိုင်ပြည်နယ် ရခိုင်လူမျိုးတို့ အစဉ်တစ်စိုက် နေထိုင်သော ရခိုင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိတည်ရှိပြီး၊ ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။

မာတိကာ

တည်နေရာနှင့် အကျယ်အဝန်း[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်‌သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေးရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး ဧရာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းချင်းပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နှင့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။

ရခိုင်ပြည်နယ်အလံ[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်အလံ
  1. ရခိုင်ပြည်နယ်အလံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့ကြပါသည်၊၊
  2. အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်ပါသည်။
  3. အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြပါသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်ပါသည်။
  4. အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်ပါသည်။

ရခိုင်ပြည်နယ်တံဆိပ်[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်းဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားပါသည်။

(က) သဇင်ပန်း ခွေနှစ်ခက်[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိက မြင့်မြတ်ဖြူစင်သော ပန်းမျိုးဖြစ်ပါသည်။ ထိုပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံး တိုကိုသုံးစွဲရာမှာ သဇင်ပန်းကို ဥပမာပြုပြီး တင်စားသုံးစွဲခဲ့ကြပါသည်။ သဇင်ပန်းကို ရခိုင်တို့က (သန့်စင်)ပန်းဟု ခေါ်ကြပါသည်။ သန့်ရှင်းမှု၊ ဖြူစင်မှု။ သန့်ရှင်းဖြူစင် ယုံတင်မက ပွင့်ဖတ်အလယ်မှာ ဝါဝင်းပြီးတော့ ရွှေရောင်ရှိသော ဝတ်ဆံနှစ်ဆံလည်း ပါရှိသည်။ မွှေးကြိုင်ပြီး မြင့်မြတ်သော သစ်ပင်ကြီးများ၏ အပေါ်၌သာ ပေါက်ရောက်တတ်သည်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်များသည် ဗုဒ္ဒ၏ သင်္ကန်းရောင်ကို ဆောင်သည်။ ထို့ကြောင့် အမြတ်ဆုံးပန်းဟု တင်စားသမုတ်ခဲ့ကြပါသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတ အခေါ်အဝေါ် ကဗျာတွင် (သဇင်ပန်းခိုင် တမြိုင်မြိုင် ၊ ရခိုင်ဘုရားပေါင်း) ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းတစ်ခက်၏ တစ်ဘက်စီတွင် ပါရှိသော (၈) ပွင်နဲ့ ထိပ်ပေါ်ကတစ်ပွင့် ပေါင်းလျှင် (၉) ပွင့်ဖြစ်သည်။ ကျန်တဘက်တွင်လည်း (၈) ပွင့်နှင့် ထိပ်ပေါ်က တစ်ပွင့်ပေါင်းလျှင် (၉) ပွင့်ဖြစ်သည်။ ထိပ်ပေါ်၌ ရှိသော အပွင့်သည် နှစ်ဘက်လုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရန် ကိုးနဝင်းကြေသော လက္ခဏာကိုဖော်ပြထားပါသည်။ ဖော်ပြပါ သဇင်ပန်းခက် တစ်ခက်စီမှာ အပွင့်ငယ် လက်ဝဲမှ (၈) လင်္ကျာမှ ( ၈ ) ပွင့်ဆံရိုးတံကို မှီ၍ ရှိနေကြပါသည်။ ထိပ်ပေါ်မှ တစ်ပွင့်နှင့် ပေါင်းလိုက်လျှင် (၁၇) ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇) မြို့နယ်ကို ဖော်ဆောင်နေပါသည်။

(ခ) ဗိန္ဒုပြောက်များ[ပြင်​ဆင်​ရန်​]

ဝေသာလီဒင်္ဂါး၏ အပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္ဒုပြောက်များမှာ ကနက္ကဒါန်ထီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္ဒုများမှာ အရေအတွက်အားဖြင့် လုံးရေ (၂၀) ပါရှိသည့် ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ (၂၀) ထက်ပိုမိုပါရှိသော ဒင်္ဂါးများလည်း ရှိကြောင်းတွေ့ရှိရသည်။ သို့သော်လည်း အခုသတ်မှတ်ထားသော ရခိုင်ပြည်နယ်တံဆိပ်ပါ ဗိန္ဒုပြောက်များ၏ အရေအတွက် လုံးရေ (၂၀) ဟု သတ်မှတ်ထားပါသည်။ ထိုသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိက ကျင့်ဝတ်များဖြစ်သော မင်းကျင့်တရား ဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါး၊ သင်္ဂဟတရား လေးပါးများကို ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။

(ဂ) သီရိဝစ္ဆ[ပြင်​ဆင်​ရန်​]

သီရိဝစ္ဆမှာ သဇင်ပန်းခွေ အလယ်တွင် ရှိပါသည်။ ၎င်းသည် ဝေသာလီ စန္ဒြားမင်းတို့၏ ဒင်္ဂါးတွင် ခတ်နှိပ်သုံးစွဲခဲ့သော ပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်၊ မုတ်တံကဲများ၊ ဘုရားတန်ဆောင်း မုတ်တန်ကဲများ၊ တံခါး မုတ်စီများတွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟု အဓိပ္ပါယ်ရသည်။ သင်္ကတ အများကြီးပါရှိသေးသည် ဟု သိရှိရ၏။ plz

(ဃ) နေနှင့် လ[ပြင်​ဆင်​ရန်​]

နေနဲ့လတို့မှာ ပထမဆုံး ရခိုင်ဆိုတဲ့ အမည်ကို ခံယူခြင်းမှ စ၍အုပ်ချုပ် ခဲ့ကြသောမင်းတို့သည် နေလ အမည်ရှိရေ ဘွဲ့ထူးဂုဏ်ထူး အမည်တွေကို ခံယူခဲ့ကြပါတယ်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ပါတယ်။ နေနှင့်လ တို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့်အလျောက် အအေးနဲ့အပူ၊ အလင်းနဲ့အမှောင်၊ အကျိုးနဲ့အပြစ် တွေကို ထင်ရှားစေနိုင်တဲ့ သတ္တိရှိကြပါတယ်။ နေမင်းနဲ့တူသောအကျင့်၊ လမင်းနဲ့တူသောအကျင့်တွေရှိကြပါတယ်။ ယင်းနည်းတူ မင်းနှင့်တကွ ပြည်သူများလည်း သစ္စာတရား တည်ကြရမည်။ ယဉ်ကျေးမှု အနုပညာ၊ စီးပွါးရေးအခြေအနေနဲ့ အမျိုးသားရေး လက္ခဏာကို ဖော်ညွှန်းထားပါတယ်။ နေသည်ကမ္ဘာမြေပြင်ပေါ်ရှိ လူသတ္တဝါတွေကို အလင်းရောင်ပေးသည်။ လသည် အေးမြ ကြည်လင် သော သာယာမှုတွေကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်မရွေးမျှတသော အလင်းရောင်တွေကိုပေးတတ်ပါသည်။ လူသား၊ သတ္တဝါတွေ အပေါ်မှာ အေးမြကြည်လင်သော သစ္စာတရား ရှိတာကိုဖော်ညွှန်းထားခြင်းဖြစ်သည်။

(င) လက်ဝဲရစ်ခရုသင်းနှင့် လက်ယာရစ်ခရုသင်း[ပြင်​ဆင်​ရန်​]

တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်တွေ ဘိသိက်ခံရာ၌ လက်ဝဲရစ်ခရုသင်းနှင့် လက်ယာရစ်ခရုသင်း တို့ဖြင့် သစ္စာရေစင် ဖြန်းရပါသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိ တရားနဲ့ တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ။ တိုင်းသူပြည်သား တွေကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကိုဖော်ဆောင် ပါသည်။

(စ) စိန်တောင်[ပြင်​ဆင်​ရန်​]

စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားပါသည် ။ ဖော်ပြခဲ့သောသစ္စာ၊ ဓမ္မတရား တို့သည် မင်းနှင့်တကွ ပြည်သူတို့ အားတည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကို ဖော်ပြထားပါသည်။

(ဆ) စိန်တောင်အောက်ခံ[ပြင်​ဆင်​ရန်​]

စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန် ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့်မတ်တည်ရှိ နိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကို သရုပ်ဆောင် ပါသည်။

(ဇ) ရွေးလုံး (၇) လုံး (ဗန္ဒု)[ပြင်​ဆင်​ရန်​]

ရခိုင်တို့သည် ကြတ္တိကာ နက္ခတ်နှင့် ယှဉ်သည့် လူမျိုးများ ဖြစ်ကြသည်။ ကြတ္တိကာ နက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကိုဆောင်သည် ( တချို့ကျမ်း၌ ကြယ်ခုနစ်ကောင် ဟုဆိုသည်။) ကြတ္တိကာ နက္ခတကို မှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တွေကိုပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာ နက္ခတ် နှင့်လျော်ညီစွာ စပါး စိုက်ပျိုးရေး ကို အဓိကပြု၍ သက်မွေးဝမ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးကြော ဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောဆောင်ထားခြင်း ဖြစ်သည်။

(ဈ) ခြူပန်း[ပြင်​ဆင်​ရန်​]

ခြူပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူပန်းမှာ အပင်မှ ပွင့်သော ပန်းမဟုတ်ပေ။ ခြူကောင် ဟူသော သတ္တဝါတမျိုး၏ ခန္ဓာကိုယ်မှ ပေါက်ရောက်နိုင်သော အမွှေး အမျှင် တို့၏ ပုံသဏ္ဍန်တွင် အခွေခွေ အလိပ်လိပ် ဖြစ်ဖော်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ ပန်းပု ဆရာ တို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင် နန်းဆောင် စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက်၊ ပန်းခွေ၊ ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြပါသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူကောင်များ ထုလုပ်ထားခြင်းကြောင်း ခြူပန်းဟူ၍ ခေါ်ပါသည် ။ ခြူကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကို လည်းကောင်း၊ အသီးအနှံ တွေကို လည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိပါ။ သူတို့၏ သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်ပါတယ်။ ယင်းကြောင်း ဆွဲလွဲငယ်များကို ခြူးငယ်ဟု ခေါ်ပါတယ် ။ မင်္ဂလာ ရှိသော ၊ တေးသံသာသော အသံတွေကိုသရုပ်ဆောင်ထားပါတယ်။ ၎င်းတို့သည် ကာမဆန္ဒ တရား၌ တသက်လျှင် တကြိမ်သာ မှီဝဲခြင်း ရှိပါတယ်။ သူတပါး အမျိုးအနွယ်ကိုလည်း ဖျက်ဆီးခြင်း မရှိပါ။ အဗြဟ္မ စရိယာ သိက္ခာ ပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သား တို့သည်လည်း မုဒိန်း တန္တ မကျူးလွန်ကြ စေရန်သရုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ဤသီရိဝစ တစ်ခုလုံး၏ သဘောတရားမှာ သစ္စာ ဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံတိုး ပွါးများစေခြင်း၊ အလင်းနှင့် အမှောင်၊ အကျိုးနှင့် အပြစ် တရားတွေကို ဆင်ခြင်နိုင်စေခြင်း၊ မိမိတို့၏ ရိုးရာ ဓလေ့ထုံးစံ တွေကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီအောင် တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ် ပေါများတိုးတက် စေနိုင်တဲ့ သင်္ကေတ သဘောတွေကိုသရုပ်ဖော်ဆောင် ထားခြင်းဖြစ်သည်။

မြို့တော်[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄ ံ ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇ဝံ ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁ လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆ လက်မ၊ စစ်တွေမြို့တွင် ၂၀၃ လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။

စစ်တွေမြို့

ဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ နှင့် အမ်း တို့တွင် လေယာဉ်ကွင်းရှိသည်။

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်​ဆင်​ရန်​]

စာပေ[ပြင်​ဆင်​ရန်​]

ရခိုင် စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။

မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-

အောက်အာကာဗွီ၊ ဝါယောထွီ၍

ရီထက်ကားမြီ၊ မြီထက်လီနှင့်

ပထဝီဟု၊ ထူထု နှစ်သိန်း၊

လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ

ညီစွာဝန်းလည်၊ ကျောက်တိတည်ကား

ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ရိုးရာဓလေ့[ပြင်​ဆင်​ရန်​]

တက္ကသိုလ်နှင့် ကောလိပ်များ[ပြင်​ဆင်​ရန်​]

ဒေသထွက်ကုန်များ နှင့် စီးပွားရေး[ပြင်​ဆင်​ရန်​]

ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ ဓနိ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။

တွင်းထွက်များ[ပြင်​ဆင်​ရန်​]

ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓါတ်ငွေ့သိုက်များ ရှိသည်။

ရခိုင်ပြည်နယ်

ပါဝင်သောမြို့နယ်များ[ပြင်​ဆင်​ရန်​]

  1. အမ်းမြို့
  2. ဂွမြို့
  3. ကျောက်တော်မြို့
  4. မင်းပြားမြို့
  5. မြောက်ဦး
  6. မာန်အောင်
  7. မြေပုံမြို့
  8. ပေါက်တောမြို့
  9. ပုဏ္ဏားကျွန်းမြို့
  10. ရမ်းဗြဲမြို့
  11. ရသေ့တောင်မြို့
  12. တောင်ကုတ်
  13. စစ်တွေမြို့
  14. ပေါက်တောမြို့
  15. ဘူးသီးတောင်မြို့
  16. မောင်တောမြို့
  17. ကျောက်ဖြူမြို့

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်ရှိ ကျွန်းများ[ပြင်​ဆင်​ရန်​]

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. D.P.S. MYANMAR GUIDE MAP. 2000.