ဥဇဘက်ကစ္စတန်နိုင်ငံ
| ကာဂျစ် သမ္မတနိုင်ငံ | |||||
| Republic of Uzbekistan O‘zbekiston Respublikasi Ўзбекистон Республикаси O'zbekstan Respublikası |
|||||
|
|||||
| နိုင်ငံတော်သီချင်း - National Anthem of the Republic of Uzbekistan | |||||
| ပထဝီ |
|||||
| မြို့တော် | တရှကင့်မြို့ | ||||
| အကြီးဆုံးမြို့ | တရှကင့်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၅ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၉၆.၁၈၈ ဘီလီယံ [၂] (အဆင့် - ) | ||||
| GDP(PPP) | US $၅,၀၁၅[၂] (အဆင့် - ) | ||||
| HDI | ▲ ၀.၆၁၇ (အလယ်)[၃] (အဆင့် - ၁၀၂) | ||||
| ငွေ | ဥဇဘက်ကစ္စတန် ဆုမ် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .uz | ||||
| Calling code | +၉၉၈ | ||||
ဥဇဘက်ကစ္စတန်နိုင်ငံသည် အာရှအလယ်ပိုင်းတွင် ရှိသော နှစ်ထပ် ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။
ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ (သို့မဟုတ်) ဥဇဗက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ(ရုရှနိုင်ငံ)တွင် ပါဝင်သော ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်၍၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၇၃၅၄၆ ရှိသည်။ မြောက်ဘက်တွင် ကာမ္ဘက်ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ကီရဂစ်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် တာဂျစ်ဆိုဗီယက် သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် တူကမင် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံစသော ဆိုဗီယက်ပြည်ထောင် စုဝင် နိုင်ငံများနှင့် တောင်ဘက်တွင် အာဖဂနိစတန်နိုင်ငံတို့ အသီးအသီး တည်ရှိကြသည်။
အာရှတိုက်အလယ်ပိုင်းတွင် တာကီစတန်သေ ဟူ၍ ရှိရာ ၁၈၆ဝ နှင့် ၁၈၇ဝ ပြည့်နှစ်များအတွင်းက ရုရှ တို့သည် အနောက်တာကီစတန်ကို သိမ်းယူခဲ့ကြလေသည်။ အရှေ့ တာကီစတန်သည် တရုတ်နိုင်ငံ နယ်နမိတ်ထဲတွင် ကျရောက် လျက်ရှိသည်။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တာကီ စတန်၊ ခီဗာနှင့် ဗူခါးရား နယ်မြေများ ပါဝင်စေလျက် ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့ လေသည်။ ၁၉၂၅ ခုနှစ် မေလတွင် ဆိုဗီယက်ပြည်ထောင်စု ထဲ၌ သမ္မတနိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ( တာကီစတန်- ။)
ဥဇဗက်ကစ္စတန်နိုင်ငံတွင်း၌ မြေဩဇာ ထက်သန်သော ဖါးဂါးနားချိုင့်ဝှမ်း တည်ရှိသည်။ ထိုဒေသတွင် ဆားဒါယာ မြစ်မှ ရေသွင်း၍ ဝါ၊ သစ်သီးနှင့် ဆန်စပါးတို့ကို အကြီး အကျယ် စိုက်ပျိုးသည်။ ဥဇဗက်ကစ္စတန် နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတွင် ဝါအများဆုံးထွက်သော နိုင်ငံဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ထွက် ဝါ ၆ဝ ရာခိုင်နှုန်းကို ဥဇဗက် ကစ္စတန်နိုင်ငံမှရရှိသည်။ လူဆန်ပဲပင်၊ ဆန်စပါး၊ စပျစ်သီးနှင့် ဗင်္ဂလား ဆီးသီးတို့ကိုလည်း စိုက်ပျိုးသည်။
နိုင်ငံ၏အနောက်ပိုင်းတွင် မြင်း၊ သိုးစသော တိရစ္ဆာန် များကို မွေးမြူကြသည်။ အထူးသဖြင့် တာရာကား သိုးမျိုးကို အကြီးအကျယ်မွေးမြူသော နိုင်ငံဖြစ်သည်။ ဥဇဗက်ကစ္စတန် နိုင်ငံသည် တွင်းထွက်ပစ္စည်း ကြွယ်ဝ သောနိုင်ငံလည်း ဖြစ်၍ ကြေးနီ၊ ရေနံနှင့် ကျောက်မီးသွေး ထွက်သည်။ အာရှတိုက် အလယ်ပိုင်းတွင် စက်မှု လုပ်ငန်း၌ အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။ တက်ရှကင့်မြို့တော်တွင် အထည်အလိပ်စက်ရုံ၊ စိုက်ပျိုးရေးကိရိယာ စက်ရုံ၊ သားရေစက်ရုံစသော စက်ရုံများ ရှိသည်။ နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံ၊ စက္ကူစက်ရုံ၊ သံနှင့် သံမဏိ စက်ရုံ၊ ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစရှိသော စက်ရုံ မြောက်မြားစွာ ရှိသည်။
တက်ရှကင့်မြို့သည် ဥဇဗက်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက်ပြည် ထောင်စုမြို့တွင်လည်း အကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေ ၁၃၈၅ဝဝဝ (၁၉၇ဝ)ရှိသည်။ အခြားထင်ရှားသော မြို့များမှာ ဗူခါးရားမြို့၊ ခီဗာမြို့၊ ခိုကန်း မြို့နှင့် ဆမာကန်းမြို့များ ဖြစ်သည်။ ဆမာကန်းမြို့သည် ၁၉၃ဝ ပြည့်နှစ်အထိ ဥဇဗက်ကစ္စတန်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့ဘူးသည်။တစ်ဆဲ့ကိုးရာစုနှစ်တွင် ရုရှတို့ ဝင်ရောက်မလာမီက ဥဇဗက် လူမျိုးတို့သည် အာရှတိုက်အလယ်ပိုင်းဒေသ၌ ကြီးစိုးခဲ့သည်။ ဥဇဗက်လူမျိုးသည် တူရကီတို့၏ အဆက်အနွယ်ဖြစ်၍ အစ္စလာမ်အယူဝါဒီများ ဖြစ်သည်။ ဥဇဗက်ကစ္စတန်နိုင်ငံတွင် လူဦးရေ ၁၁၉၆ဝဝဝဝ (၁၉၇ဝ) ရှိသည်။ [၄]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on March 12, 2009.
- ↑ ၂.၀ ၂.၁ Uzbekistan. International Monetary Fund. Retrieved on April 21, 2010။
- ↑ Human Development Report 2010. United Nations (2010). Retrieved on November 5, 2010။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)