အစ္စရေးနိုင်ငံ

ဝီကီပီးဒီးယား မှ

အစ္စရေးနိုင်ငံ מְדִינַת יִשְׂרָאֵל‎ (ဟေဗြဲဘာသာစကား) دَوْلَة إِسْرَائِيل (အာရပ်ဘာသာစကား) သည် အနောက်အာရှတွင် တည်ရှိသည်။ အစ္စရေးနိုင်ငံသည့် လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်၊ ပါလက်စတိုင်း စသည် နိုင်ငံများနှင့် နယ်နိမိတ်ထိ စပ်သည်။ အစ္စရေးနိုင်ငံ တောင်ပိုင်း အီဂျစ်–ဂျော်ဒန် နယ်စပ် အနီတွင် ပင်လယ်နီ ရှိပြီး မြောက်ပိုင်းတွင် မြေထဲပင်လယ် ရှိသည်။

အစ္စရေးနိုင်ငံ
מְדִינַת יִשְׂרָאֵל (ဟေဗြဲဘာသာစကား)‎ دَوْلَة إِسْرَائِيل (အာရပ်ဘာသာစကား)
အစ္စရေးနိုင်ငံ၏ အလံတော်
အလံတော်
အစ္စရေးနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Hatikvah instrumental.ogg
အစ္စရေးနိုင်ငံ ၏ တည်နေရာ
မြို့တော်ဂျေရုဆလင်မြို့
ရုံးသုံး ဘာသာစကားများဟေဗြဲဘာသာစကား
လူမျိုးစုဂျုးလူမျိုး (၇၃%)၊ အာရပ်လူမျိုး (၂၁%)၊ အခြားလူမျိုး (၆%)
အမျိုးအစားတစ်ပြည်ထောင် ပါလီမန် သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Isaac Herzog
• 
ဘင်ဂျမင် နေတန်ယာဟု
တည်ထောင်
• နိုင်ငံကြေညာခြင်း
၁၄ မေ ၁၉၄၈
ဧရိယာ
• စုစုပေါင်း
၂၀,၇၇၀–၂၂,၀၇၂ km2 (အဆင့်: ၁၄၉)
• ရေထု (%)
၂.၇၁
လူဦးရေ
• ခန့်မှန်း
၉ ၇၉၇ ၆၀၀ (အဆင့် - ၉၃)
• သိပ်သည်းမှု
၄၄၄/km2 (၁.၁၅၀.၀/sq mi) (အဆင့် - ၂၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၅၃၇. ၁၄၀ (အဆင့် - ၄၈)
• Per capita
$၅၃,၁၉၅
HDI၀.၉၁၉
အလွန်မြင့် · ၂၂
ငွေကြေးအစ္စရေး ရှက်ကယ်
အချိန်ဇုန်UTC+2:00
တယ်လီဖုန်းကုဒ်+၉၇၂

[၁]

သမိုင်း[ပြင်ဆင်ရန်]

အစ္စရေးနိုင်ငံတွင် လွန်ခဲသော နှစ်ပေါင်း ၁.၅ သန်က လူသားများကို Ubeidiya ဒေသ ဂါလိလဲပင်လယ်အနီတွင် တွေရှိ့သည်။ Yir'onမြို့တွင် ကျောက်လက်နတ်များကို တွေရှိခဲပြီး အာဖရိကတိုက် အပြင်ဘက်တွင် ပထမဆုံးတွေရှိ ခဲခြင်ဖြစ်သည်။[၂]

အစ္စ‌ရေးနိုင်ငံသည် ဂျူလူမျိုး မနေထိုင်ခင် Canann ခေါ်သည် လူမျိုးများ နေထိုင်ခဲသည်။ အစ္စ‌ရေးနိုင်ငံသည် အရင်အရင်ခေတ်က ဂျူးလူမျိုးက ဂျူးနိုင်ငံများ တည်ထောင်က နေထိုင် ခဲကြသည်။ သို့သော Romanနိုင်ငံမှ တိုက်ခိုက်သဖြင် ဂျူလူမျိူးများသည် အခြာသောနိုင်ငံများသို ထွက်ပြေး ခံရသည်။[၃]

အစ္စ‌ရေးနိုင်ငံသည် ၁၄ ရက်နေ့ မေလ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ တိုထန်မှ လွှတ်လပ်ရေးရခဲသည်။ လွှတ်လပ်ရေးရသည် အချိန်မှ အခုအထိ ပဋိပက္ခများစွာ ဖြစ်ပွားသည်။ [၄]

အစ္စရေးနိုင်ငံရှိ မြန်မာလူမျိုးများ[ပြင်ဆင်ရန်]

အစ္စရေးနိုင်ငံ လွှတ်လပ်ရေးရသည် အချိန်ကာလတွင် မြန်မာနိုင်ငံရှိ ဂျူးလူမျိုးများ ရွှေ့ပြောင် နေထိုင်ကြမည်ဟု ယူစကြသည်။ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံတွင် မြန်မာ ကျောင်းသားများ ပညာသင်ကြားကြပြီး မြန်မာ အလုပ်သမာများ အလုပ်လုပ်ကိုင် ကြသည်။ အစ္စနိုင်ငံတွင် မြန်မာကျောင်းသား ၃၀၀ ကျော်နှင့် အခြာအလုပ်လုပ်ကိုင်သူ ၂၀၀ ကျော် စုစုပေါင်း ၅၀၀–၆၀၀ ကျော် (ခန့်မှန်) ရှိသည်။ အချိုမြန်မာလူမျိုးများ အစ္စရေးနိုင်ငံတွင် နေထိုင်နိုင်သည်။[၅]

အစ္စရေးနိုင်ငံ[ပြင်ဆင်ရန်]

အစ္စရေးနိုင်ငံသည် ဆိုင်းနိုင်းဒေသ ပြဿနာကို အိဂျစ်နှင့် အသင့်အတင့်ဖြေရှင်းနိုင်ခဲ့သော်လည်းတဘက်တွင် ပါလက်စတိုင်း ပြောက်ကျားတို့နှင့် တိုက်ပွဲများ ဆက်လက် ဆင်နွှဲနေရလေသည်။ ၁၉၇၇ ခုနှစ်တွင် အစ္စရေး၌ အပြောင်းအလဲများ ပေါ်ပေါက်ခဲ့သည်။အစ္စရေး နိုင်ငံ ထူ ထောင်ချိန်မှစ၍ ၁၉ နှစ် တိုင်တိုင် ဆက်တိုက်အာဏာရခဲ့သော လေဘာပါတီ သည် ၁၉၇၇ ခုနှစ်တွင် ကျင်း ပသော ရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရလေသည်။

၁၉၇၄ ခုနှစ် ဧပြီလတွင် ဝန်ကြီးချုပ် [[[[ဂိုလ်ဒါမယ်ယာ]]]] နုတ်ထွက်၍ ယစ်ဇတ်ရာဗင် ဦးဆောင် သည့် အစိုးရအဖွဲ့ တက်လာပြီးသည့်နောက်မှာပင် လေဘာပါတီတွင်း၌ ညီညွတ် မှု လျော့နည်းစ ပြုခဲ့သည်။

ဂျော်ဒန်မြစ် အနောက်ကမ်းဒေသနှင့် ပတ်သက်သော ပြဿနာ ရေးရာများ၌ ရာဗင်အစိုးရအဖွဲ့ဝင်အ ချင်းချင်း သဘောထား ကွဲလွဲခဲ့ကြသည်။ တစ်ဖက်တွင် လေဘာပါတီဝင်များ၏ စာရိတ္တပျက်ပြားမှုများ ပေါ် ပေါက်လာခြင်းသည်လည်း လေဘာပါတီအတွက် သိက္ခာကျဆင်းစရာအကြောင်း ဖြစ်ခဲ့ သည်။ ပြဿနာအရပ် ရပ်နှင့် ရင်ဆိုင်နေရသော ရာဗင်အစိုးရ အဖွဲ့ကို ဘာသာရေးပါတီမှ လွှတ်တော်အမတ်များက အယုံ ကြည်မ ရှိ အဆိုတင်သွင်းသဖြင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရာဗင်အစိုးရအဖွဲ့ နုတ်ထွက်ပေးခဲ့ရ သည်။

၁၉၇၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် နဝမအကြိမ် ရွေး ကောက်ပွဲကို ကျင်းပရာ၌ လီယာကွတ်ပါတီ၏ ခေါင်းဆောင် မီနာချင်ဗယ်ဂင် ဦးဆောင်၍ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။

ဗယ်ဂင်က လွှတ်တော်၌အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ထိပ်သီးညီလာခံကျင်းပ ရန် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်နိုင်ငံ ခေါင်းဆောင်များကို ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်ကို တုံ့ပြန် သောအားဖြင့် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အီဂျစ် သမ္မတ အန္နဝါဆဒတ်သည် အဇ္ဇရီယယ်နိုင် ငံသို့ လာရောက် ကာ အဇ္ဇရီယယ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်း ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဂျီနီဗာငြိမ်းချမ်းရေး ကွန်ဖရင့်ကိုပြန် လည်ကျင်းပနိုင်ရန်အတွက် ရှေ့ပြေးညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကိုင်ရိုမြို့တွင် ကျင်းပရန် ဆုံးဖြတ်ကြသည်။ ယင်း ကိုင်ရိုဆွေးနွေးပွဲသို့ တက်ရောက်ရန် အဇ္ဇရီယယ်နိုင်ငံ၊ အာရပ်နိုင်ငံများနှင့် ပယ်လက်စတိုင် လွတ် မြောက်ရေးအဖွဲ့၊ ရုရှနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အား အီဂျစ်က တရားဝင်ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သည်။ ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကိုင်ရို ဆွေးနွေးပွဲကို တရားဝင် စတင်ကျင်းပသော အခါ၌မူ အဇ္ဇရီယယ်နိုင်ငံမှ ဗင်အဲလစ်ဇာခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကုလ သမဂ္ဂကိုယ်စားလှယ်၊ အမေရိ ကန်နိုင်ငံ ကိုယ်စားလှယ်နှင့် အီဂျစ်နိုင်ငံ၏ကိုယ်စားလှယ်တို့သာ ပါဝင်ဆွေးနွေးခဲ့ကြလေ သည်။ ရုရှနိုင်ငံက ယင်းဆွေးနွေးပွဲသည် ဂျီနီဗာကွန်ဖရင့် ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်နေသည်ဆိုကာ မတက်ရောက် ဘဲနေခဲ့သည်။

၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အဇ္ဇရီယယ် ဝန်ကြီးချုပ်ဗယ်ဂင်သည် အမေရိကန်သမ္မတ ကာတာနှင့် တွေ့ဆုံပြီးလျှင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း ၍ ပြဿနာများကို ဖြေရှင်းရန်နည်း လမ်းများ၊ လျာထား ချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် အီဂျစ်နိုင်ငံ အစ္စမေး လီးယားမြို့၌ အီဂျစ်သမ္မတဆဒတ်နှင့် အဇ္ဇရီယယ်ဝန်ကြီးချုပ် ဗယ်ဂင်တို့ တွေ့ဆုံ ဆွေးနွေးကြပြန်သည်။

ဆဒတ်-ဗယ်ဂင် ဆွေးနွေးပွဲ၌ဝန်ကြီးချုပ် ဗယ်ဂင်၏တင်ပြ ချက်တွင် အဇ္ဇရီယယ်က သိမ်းယူထား သော ဂျော်ဒန်အ နောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌ အဇ္ဇရီယယ်စစ်တပ်များကို လုံခြုံရေး တပ်များ အသွင်ဖြင့် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ ယင်းဒေသများမှ အဇ္ဇရီယယ် စစ်တပ်များကို ရုပ် သိမ်းခဲ့လျှင် ပယ်လက် စတိုင်း လွတ်မြောက်ရေးတပ်များက ဝင်ရောက် သိမ်းပိုက် မည့်အဖြစ်ကို လက်မခံနိုင် ကြောင်း၊ ယင်းဒေသနှစ်ခု၌ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း၍ ကိုယ်ပိုင် အုပ်ချုပ်ရေးကို အစားထိုးပေးမည်ဖြစ် ကြောင်း၊ ဆိုင်းနိုင်းမှ စစ်တပ်များ ရုပ်သိမ်းရေးကို သုံးနှစ်မှ ငါးနှစ်အတွင်း အဆင့်ဆင့်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်းနိုင်းဒေသ၌ ဂျူးလူမျိုး များ အခြေစိုက် နေထိုင်ခြင်းကို ဆက်လက်ခွင့်ပြု၍ ယင်း တို့ကို အဇ္ဇရီယယ်က အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ယင်းပြဿနာများကို ဆက်လက်စဉ်းစားရန် လမ်းဖွင့် ပေး ထားကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဗယ်ဂင်၏ အစိုးရလက်ထက်၌ သိမ်းပိုက်ထား သော နယ်မြေများတွင် အဇ္ဇရီယယ်နိုင်ငံ သားတို့ကို အခြေ စိုက်နေထိုင်ခွင့်များ တိုးချဲ့ခွင့်ပြုသဖြင့် ယင်းလုပ်ရပ်ကို ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဂျီနီဗာမြို့၌ ကျင်းပ သော ကုလသမဂ္ဂလူ့အခွင့်အရေးကာကွယ်ရေးကော်မရှင်က ရှုတ်ချဝေဖန်ခဲ့ သည်။

အဇ္ဇရီယယ်၏ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ အီဂျစ်သမ္မတ ဆဒတ်၏ သဘောထားမှာ ဂျော်ဒန်အ နောက်ဘက်ကမ်း ဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌ အဇ္ဇရီယယ်တို့က အုပ်ချုပ်ရေးရုပ်သိမ်းပေးပြီးသည်နှင့် တစ်ပြိုင်နက်ပယ်လက် စတိုင်နိုင်ငံကို ထူထောင်ပေးရမည်၊ ဆိုင်းနိုင်းဒေသမှ ငါးနှစ် အတွင်း တပ်ရုပ်ပေးမည့် ကိစ္စတွင် အဇ္ဇရီယယ်တို့ ဆက် လက်အခြေစိုက်နေထိုင်ခွင့်ကို ပေးနိုင်မည်မဟုတ်ကြောင်း၊ တပ်ရုပ်သိမ်းပေး ရေးဆိုရာ၌ ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်မီက နယ်မြေများအထိ ဆုတ်ခွာပေးရမည်ဖြစ်ကြောင်းကို ထုတ်ဖော် ပြော ကြားသည်။ အီဂျစ်၏တောင်းဆိုချက်မှာ ဆိုင်းနိုင်းဒေသ၊ ဂိုလန်ကုန်းမြင့်၊ ဂျော်ဒန်အနောက်ဘက်ကမ်းဒေသ နှင့် ဂါဇာ ကမ်းမြောင်ဒေသတို့မှ အဇ္ဇရီယယ်တို့ အပြီးအပိုင် ဆုတ်ခွာ ထွက်ပေးရေးဖြစ်သည်။

ယင်းသို့ဖြစ်သည့်အားလျော်စွာ အစ္စမေးလီးယားမြို့၌ ကျင်း သည့် ဆဒတ်ဗယ်ဂင် ဆွေးနွေးပွဲ၌အရှေ့ အလယ်ပိုင်းငြိမ်း ချမ်းရေးပြဿနာမှာ မည်သို့မျှ မပြေလည်နိုင်ဘဲ ဂျရူးဆလမ်းနှင့် ကိုင်ရိုဆွေးနွေးပွဲတို့၌ဆက် လက်ညှိနှိုင်းယူရမည့် အခြေအနေ တွင် တည်နေသည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]