အဇာဘိုင်ဂျန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အဇာဘိုင်ဂျန် သမ္မတနိုင်ငံ
Republic of Azerbaijan
Azərbaycan Respublikası
Flag of Azerbaijan.svg Emblem of Azerbaijan.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - March of Azerbaijan
ပထဝီ
Azerbaijan (orthographic projection).png
မြို့တော် ဘာကူမြို့
အကြီးဆုံးမြို့ ဘာကူမြို့
ဧရိယာ
  • ဧရိယာ - ၈၆,၆၀၀km² (၃၃,၄၃၆sq mi) (အဆင့်: ၁၁၃)
  • ရေဖုံးလွှမ်းမှု - ၁.၆%
စံတော်ချိန်ဇုန် UTC +၄ (နွေရာသီ) +၅
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတ ဦးဆောင်သော သမ္မတအစိုးရ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Ilham Aliyev
  • ဝန်ကြီးချုပ် - Artur Rasizade
ထူထောင်မှု
စီးပွားရေး
GDP(PPP) ၉၄.၃၁၈ ဘီလီယံ[၂] (အဆင့် - )
GDP(PPP) $၁၀,၃၄၀[၂] (အဆင့် - )
HDI ၀.၇၁၃[၃] (အဆင့် - ၆၇)
ငွေ မာနက်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .az
Calling code +၉၉၄

အဇာဘိုင်ဂျန်နိုင်ငံ၏ တရားဝင်အမည်မှာ အဇာဘိုင်ဂျန် သမ္မတနိုင်ငံဖြစ်သည်။ ယူရေးရှား ဒေသတွင် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အရှေ့ဥရောပ နှင့် အနောက်တောင်အာရှကြား တွင် တည်ရှိသည်။ [၄] အရှေ့ဘက်တွင် ကက်စပီယန်ပင်လယ်၊ မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အနောက်ဘက်တွင် အာမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။

နက်ချီဗန် (Nakhchivan) ဒေသကို မြောက်ဘက်နှင့်အရှေ့ဘက်တွင် အာမေးနီးယား၊ တောင်ဘက်နှင့် အနောက်ဘက်တွင် အီရန် တို့ကဝန်းရံလျှက်ရှိသည်။ ကာကီ (Karki)၊ Yuxarı Əskipara, Barxudarlı နှင့် Sofulu ဒေသများကို အာမေးနီးယားနိုင်ငံက ဝန်းရံလျှက်ရှိပြီး နာဂိုမို-ကရာဘက်စစ်ပွဲကာလမှစ၍ အာမေးနီးယားနိုင်ငံက ထိန်းချုပ်ထားသည်။ အာမေးနီးယားလူမျိုး အများစုနေထိုင်ရာဒေသဖြစ်သော နာဂိုမို-ကရာဘက်ဒေသသည် အဇာဘိုင်ဂျန်လက်အောက်မှ လွတ်မြောက်ကြောင်း ၁၉၉၁ တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှအသိအမှတ်မပြုပဲ ယခုထက်တိုင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားကြဆဲဖြစ်သည်။ ထိုဒေသတွင် အာမေးနီးယားစစ်တပ်က သိမ်းပိုက်ထားလျှက်ရှိသည်။ [၅][၆][၇][၈] အဇာဘိုင်ဂျန်သည် မူဆလင်ကမ္ဘာတွင် ပထမဦးဆုံး အောင်မြင်စွာဖြင့် ဒီမိုကရေစီ သမ္မတနိုင်ငံစနစ်ကို စတင်တည်ထောင်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ [၉][၁၀] တာ့ကစ် (Turkic) လူမျိုး ရှီယာမူဆလင်များ အများစုနေထိုင်ရာ အဇာဘိုင်ဂျန်သည် သမိုင်းယဉ်ကျေးမှုအမွေအနှစ်များလည်း များစွာရှိသည်။ [၁၁][၁၂] [၁၃] ကမ္ဘာ့နိုင်ငံပေါင်း (၁၅၈)ခုနှင့် သံသမန်အဆက်အသွယ်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၃၈)ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ [၁၄] အဇာဘိုင်ဂျန်သည် GUAM (Organization for Democracy and Economic Development) အဖွဲ့နှင့် Organisation for the Prohibition of Chemical Weapons အဖွဲ့တို့၏ စတင်တည်ထောင်သော နိုင်ငံများထဲတွင် တစ်ခုဖြစ်သည်။ ၁၉၉၃၊ စက်တင်ဘာလတွင် လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ (Commonwealth of Independent States) တွင် အဖွဲ့ဝင်ဖြစ်လာသည်။ [၁၅] ၂၀၀၆ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေညီလာခံ မှ အဇာဘိုင်ဂျန်အား လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၀၆ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် စတင်တာဝန်ထမ်းသည်။ [၁၆] ဥရောပကော်မရှင် ([European Commission) ၏ အထူးသံသမန်သည် အဇာဘိုင်ဂျန်တွင် ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe|OSCE)၊ ဥရောပကောင်စီ (Council of Europe) နှင့် နေတိုးငြိမ်းချမ်းရေးသဟာယ (NATO Partnership for Peace (PfP) တို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။ အဇာဘိုင်ဂျန်သည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) နှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ (International Telecommunication Union) တို၏ လေ့လာသူနိုင်ငံလည်းဖြစ်သည်။ [၁၄]

ဝေါဟာရရင်းမြစ်[ပြင်​ဆင်​ရန်​]

ပထဝီဝင်အနေအထား[ပြင်​ဆင်​ရန်​]

ရာသီဥတု[ပြင်​ဆင်​ရန်​]

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အဇာဘိုင်ဂျန်နိုင်ငံသည် ရှေးခေတ်က ဆီသီယန်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်၍ ရောမနိုင်ငံတော် လက်အောက်ခံ ဖြစ်ခဲ့သည်။ အလယ်ခေတ် ၁၁ ရာစုနှစ်တွင် တူရကီလူမျိုးတို့က ချင်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ၁၇ ရာစုနှစ်တွင်ကား ပါရှန်းလူမျိုးတို့၏ လက်အောက်သို့ ရောက်ခဲ့သည်။ ခရစ် ၁၈ဝ၆ ခုနှစ်၊ ၁၈၁၃ ခုနှစ်များတွင် အဇာဘိုင်ဂျန်နယ်အတော် များများကို ရုရှလူမျိုးတို့က သိမ်းပိုက်ထားခဲ့သည်။ ပထမ ကမ္ဘာစစ်ပွဲတွင် စစ်မြေပြင်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်သို့ ရောက် သောအခါ တာတာလူမျိုးတို့၏ အမျိုးသားကောင်စီ (ဝါ) တိုင်းပြည်ပြု လွှတ်တော်က (ပါရှားနိုင်ငံတွင်းရှိ အဇာဘိုင်ဂျန်နယ် အပါအဝင်) အဇာဘိုင်ဂျန်နယ် တစ်ခုလုံး၏ လွတ်လပ်ရေးကို ကြေငြာကာ သမ္မတနိုင်ငံ ထူထောင်ခဲ့လေသည်။ ၁၉၂ဝ ပြည့် နှစ်တွင် တူရကီမျိုးချစ်တပ်များနှင့် ဆိုဗီယက်တပ်များက ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထို ၁၉၂ဝ ပြည့်နှစ်တွင် အဇာဘိုင်ဂျန်နယ်ကို ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့ပြီးသည့်နောက် ၁၉၂၂ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံ၊ အာမေးနီးယားနိုင်ငံတို့နှင့် ပူးပေါင်၍ ထရန်စကော်ကေးရှန် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် တည် ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစ၍ ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံတွင် အပါအဝင် ဆိုဗီယက်သမ္မတနိုင်ငံတစ်ခု အဖြစ်ဖြင့် သီးခြားတည်ရှိခဲ့လေသည်။ [၁၇] ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်တွင် သီးခြားနိုင်ငံ တစ်ခု အဖြစ် ရပ်တည်ခဲ့လေသည်။

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

အစိုးရအဖွဲ့[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

စစ်တပ်[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

အဇာဘိုင်ဂျန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ရေနံ အများဆုံးထွက်သည့်နိုင်ငံများတွင် အပါအဝင် တစ်ခု ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် တောင်ထူထပ်၍ ကော်ကေးဆပ်တောင်တန်း၏ တောင်ဘက်စောင်းတွင် ရှိသည်။ မြောက်ဘက်နှင့်အနောက်ဘက်တွင် တောင်များ ဝိုင်းရံလျက်ရှိ၍ အလယ်တွင် လွင်ပြင်ရှိသည်။ ကူရားမြစ်သည် ထိုလွင်ပြင်ကို ဖြတ်၍ အရှေ့ဘက် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သွားသည်။ အဇာဘိုင်ဂျန်နိုင်ငံ အနိမ့်ပိုင်းတွင် များသောအားဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် ကူရားမြစ်မှ ရေသွင်းစိုက်ပျိုးခြင်း ဖြစ်ရာ ကောက်နှံ၊ဝါ၊ စပျစ်သီး၊ အခြား သစ်သီးများ၊ ဆေးပင်များကို စိုက်ပျိုးလုပ်ကိုင်ကြသည်။အဇာဘိုင်ဂျန်နိုင်ငံသည် သဘာဝပင်ရင်း အခြေအမြစ်များဖြင့် လည်း ပေါကြွယ်ဝသည်။ ရေနံ၊ သံ၊ အလျူမီနီယမ်၊ ကြေးနီ၊ ခဲ၊ သွပ်၊ ထုံးကျောက်၊ ဆားစသည်တို့ အများအပြားထွက် သည်။ သို့သော် အကြီးအကျယ်ဆုံး လုပ်ငန်းကား ရေနံ လုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ဗားကူးဒေသတွင် ရေနံ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည်။ ကက်စပီယံပင်လယ် အနောက်ဘက်ကမ်းရှိ ဗားကူးမြို့၏ တောင်ဘက်နှင့် မြောက်ဘက်ဒေသများတွင် အကြီးဆုံးသော ရေနံချက်စက်ရုံများရှိသည်။ ၁၉၆၉ ခုနှစ်တွင် ရေနံတန်ချိန် သန်းပေါင်း ၂ဝ. ၄ ထွက်ခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံ၏အကြီးဆုံးမြစ်မှာ ကူရားမြစ်ဖြစ်၍ မိုင် ပေါင်း ၃၇၅ မိုင်ထိ မီးသင်္ဘောများဖြင့် ကူးသန်းသွားလာနိုင် သည်။ ကူရားမြစ်ပေါ်တွင် ဆောက်လုပ်ထားသော ရေအား လျှပ်စစ်ဓာတ်အားရုံကြီးသည် ၁၉၄၅ ခုနှစ်က ပြီးစီးခဲ့ရာ ယင်း ကြောင့် အလုပ်အကိုင်များ များစွာ တွင်ကျယ်လျက် ရှိသည်။ ယခုအခါ ကူးရားမြစ်ပေါ်တွင် အလွန်အားကောင်းသော လျှပ်စစ် ရေစုတ်စက်များ ဆောက်လုပ်လျက်ရှိရာ ပြီးစီးပါက လယ်ဧကထောင်ပေါင်းများစွာကို ရေသွင်း၍ စိုက်ပျိုးလုပ်ကိုင် နိုင်လာမည် ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် မီးရထားသံလမ်း အကျဉ်းများအပြင် သံလမ်း အကျယ်မိုင်ပေါင်း ၉၅ဝ မျှရှိ သည်။ ဆိုဗီယက်ရုရှနိုင်ငံ၏ ပထမဆုံး လျှပ်စစ် မီးရထားကို ၁၉၂၄ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံတွင် တည်ဆောက်ခဲ့သည်။အဇာဘိုင်ဂျန်နိုင်ငံ၏ လူဦးရေ ငါးပုံသုံးပုံမှာ အဇာဘိုင်ဂျန် တူရကီလူမျိုးများဖြစ်၍၊ ကျန်လူဦးရေမှာ အာမီးနီးယန်း၊ ဂျော ဂျီးယန်းနှင့်ရုရှာလူမျိုးများ ဖြစ်ကြသည်။ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်းပေါင်း မြောက်မြားစွာ ရှိသည့် ပြင် စက်မှုအတတ်သင် ကောလိပ်ကျောင်းပေါင်း ၇၉ ကျောင်း ရှိသည်။ ဗားကူးတက္ကသိုလ်ကျောင်းနှင့် ဆေးသိပ္ပံကျောင်းတွင် ကျောင်းသားပေါင်း ၃ဝဝဝ ကျော်ရှိသည်။ အဇာဘိုင်ဂျန် သိပ္ပံ ပညာတံခွန်ကျောင်းတွင် သုတေသနအဖွဲ့ ပေါင်း ၂၅ ဖွဲ့ရှိ၍ သုတေသီပုဂ္ဂိုလ်ပေါင်း ၅၅ဝခန့် ရှိသည်။[၁၈]

ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

လူဦးရေနှင့်လူမျိုးများ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. 11 July – The International Population Day, The demographic situation in Azerbaijan, The State Statistical Committee of the Republic of Azerbaijan, 11 July 2011, retrieved 12 July 2011
  2. ၂.၀ ၂.၁ Azerbaijan:Report for Selected Countries and Subjects. International Monetary Fund. Retrieved on April 12, 2011
  3. Human Development Report 2010. United Nations (2010). Retrieved on 4 November 2010
  4. Azerbaijan may be considered to be in Asia and/or Europe. The UN classification of world regions places Azerbaijan in Western Asia; the CIA World Factbook CIA.gov, NationalGeographic.com, and Encyclopædia Britannica also place Georgia in Asia. Conversely, numerous sources place Azerbaijan in Europe such as the BBC NEWS.bbc.co.uk, Oxford Reference Online OxfordReference.com, Merriam-Webster's Collegiate Dictionary, and www.worldatlas.com.
  5. Резолюция СБ ООН № 822 от 30 апреля 1993 года
  6. Резолюция СБ ООН № 853 от 29 июля 1993 года
  7. Резолюция СБ ООН № 874 14 октября 1993 года
  8. Резолюция СБ ООН № 884 от 12 ноября 1993 года
  9. Tadeusz Swietochowski. Russia and Azerbaijan: A Borderland in Transition. Columbia University Press, 1995. ISBN 0-231-07068-3, 9780231070683, p.69.
  10. Reinhard Schulze. A Modern History of the Islamic World. I.B.Tauris, 2000. ISBN 1-86064-822-3, 9781860648229.Template:Page needed
  11. Country Profile: Azerbaijan. British Foreign & Commonwealth Office (FCO) (2009). Retrieved on 2009-07-07
  12. Azerbaijan. World Factbook. CIA (2009). Retrieved on 2009-06-04
  13. Azerbaijan. Background Note. U.S. Department of State (2009). Retrieved on 2009-06-04
  14. ၁၄.၀ ၁၄.၁ AUK Foreign Office – Country Profiles: Azerbaijan. FCO.gov.uk. Retrieved on 2007-05-26
  15. US State Department 1993 Country Reports on Economic Practice and Trade Reports: Azerbaijan.
  16. Elections & Appointments – Human Rights Council. Un.org. Retrieved on 2009-01-03
  17. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  18. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။