အရှေ့တောင်အာရှ
အရှေ့တောင်အာရှ
| ဧရိယာ | ၄၅၂၃၀၀၀ km² |
|---|---|
| လူဦးရေ | ၅၆၈၃၀၀၀၀၀ |
| သိပ်သည်းမှု | ၁၂၆ယောက် per km² |
| နိုင်ငံပေါင်း | ၁၁ |
| နယ်မြေပေါင်း | ၁၃ |
| GDP | $900 ဘီလျံ (ငွေလဲနှုန်း) $၂.၈ ထရီလျံ (purchasing power parity) |
| GDP per capita | $၁၅၈၄ (ငွေလဲနှုန်း) $၄၉၂၇ (purchasing power parity) |
| ဘာသာစကားများ | အင်ဒိုနီးရှား, ဖိလစ်ပိုင်, ဗီယက်နမ်, ထိုင်း, မြန်မာ, Buginese, မလေး, ခမာ, လာအို, Tetum, Nicobarese, မန်ဒရင်, အင်္ဂလိပ်, တမီလ်, ပေါ်တူဂီ, ကွမ်တုန်, Min, Taiwanese (Min Nan), Lan-Nang, Cebuano, Ilokano, Hiligaynon, Bikol, Waray-Waray, Kapampangan, Pangasinan, အာရပ်, စပိန်, ဂျာဗား, ဆူဒန်, Madura, ဘင်္ဂါလီ, ဟိန္ဒူ, Malayalam, ပန်ချာပီ, Telugu |
| စံတော်ချိန် | UTC +၅:၃၀ (အက်ဒမန် နှင့် နီကိုဘာ ကျွန်း) UTC +၉:ဝ၀ (အင်ဒိုနီးရှား) |
| မြို့ကြီးများ |
အာရှ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော ဒေသဖြစ်ပြီး SEA(South East Asia) ဟုလည်း အတိုကောက် ခေါ်သည်။ ပို၍တိကျစွာ ဆိုရသော် တရုတ်နိုင်ငံ၏ တောင်ဘက်၊ အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်နှင့် ဩစတြေးလျနိုင်ငံ၏ မြောက်ဘက်တို့တွင် တည်ရှိသည်။ ကမ္ဘာ့မြေအောက်ရှိ ကျောက် လွှာကြီးများ ဆုံရာတွင် တည်ရှိသောကြောင့် မြေငလျှင်နှင့် မီးတောင် လှုပ်ရှားမှုများ အများအပြား ရှိသည်။
အရှေ့တောင်အာရှ ဒေသအား ကုန်းမကြီးဒေသ (သို့) ကျွန်းဆွယ်ဒေသ နှင့် ကျွန်းစုဒေသ ဟူ၍ နှစ်မျိုးပိုင်းခြား ရှုမြင်နိုင်သည်။ ကုန်းမကြီး ဒေသတွင် တိုင်(Tai) အနွယ်များနှင့် ဩစတိုအာရှ (Austroasiatic) အနွယ်များ အများဆုံးရှိပြီး ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ နှင့် ခရစ်ယာန်ဘာသာ ဝင်များ အရေအတွက်အားဖြင့် အစဉ်လိုက် တည်ရှိကြသည်။ ကျွန်းစုဒေသတွင် ဩစတိုအာရှ (Austroasiatic) အနွယ်များ လွှမ်းမိုးကာ အစ္စလမ်ဘာသာဝင် အများဆုံး ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် အရေအတွက်က ဒုတိယလိုက်သည်။
[ပြင်ဆင်ရန်] ပါဝင်သောနိုင်ငံများ
ကုန်းမကြီး/ကျွန်းဆွယ်ဒေသ
ကျွန်းစုဒေသ
