အမရပူရမြို့

From Wikipedia

ဦးပိန်တံတား
တောင်သမန်အင်း

အမရပူရမြို့ (တောင်မြို့) သည် မြန်မာပြည်မန္တလေးတိုင်းတွင် မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သည်။

Contents

[ပြင်​ဆင်​ရန်​] အမည်နှင့် အဓိပ္ပါယ်

အမရပူရမြို့သည် ကုန်းဘောင်ခေတ်က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါ၀င်လျက်ရှိပါသည်။ အမရပူရမြို့၏ အဓိပ္ပါယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဖြစ်၍ မသေသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည် သော အဖိုးအဖွားများစွာ နေထိုင်ကြသည်ကို တွေ့ရပေသည်။

[ပြင်​ဆင်​ရန်​] အမရပူရမြို့သမိုင်း

အမရပူရမြို့ကို စတည်သူမှာ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား(ခေါ် )ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် အင်း၀တွင် နန်းစံနေရာမှ အင်္ဂလိပ်တို့၏ သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း ရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ် တည်ရန်ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွှေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊ အောက်တိုဘာ၊ ၁၇၈၁ တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊မေ၊၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊ ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ် လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရ နန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုပါသည်။

ထိုနောက် ဘကြီးတော်မင်းလက်ထက်တွင် အင်း၀သို့ ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ သာယာ၀တီမင်း လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ထိုနောက် မင်းတုန်းမင်းလက်ထက်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျောကျခဲ့သည်။

[ပြင်​ဆင်​ရန်​] ဆက်သွယ်ရေး

မန္တလေးမှ အနောက်ဖက် စစ်ကိုင်းတိုင်းသို့ သွားရာလမ်းအဖြစ်သာမက ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းမကြီးနှင့်ပါ ချိတ်ဆက်တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူသည်။ ထို့ပြင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဖြတ်သန်းရာ ဒေသလည်းဖြစ်သည်။

[ပြင်​ဆင်​ရန်​] ပညာရေး

ရတနာပုံတက္ကသိုလ် သည် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီး တည်ရှိသည်။ အ.ထ.က ကျောင်းများက မြို့ထဲတွင် တည်ရှိသည်။

[ပြင်​ဆင်​ရန်​] စီးပွားရေး

အမရပူရမြိ်ု့သည် မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ မြို့ကို ဖြတ်သွားသော မန္တလေး စစ်ကိုင်းလမ်းပေါ်တွင် ဆောင်းဒါး ရက်ကန်းကျောင်းလည်း ဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများ အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာကြလေသည်။ ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း ရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။

[ပြင်​ဆင်​ရန်​] စိတ်၀င်စားဖွယ်နေရာများ

  1. ဆောင်းဒါး ရက်ကန်းကျောင်း
  2. ဦးပိန်တံတား
  3. တောင်သမန်အင်း
  4. တက်သေးအင်း
  5. မဟာဂန္ဓာရုံကျောင်း
  6. ဗားကရာဘုန်းကြီးကျောင်း
  7. ရတနာ့ဂူ နတ်ပွဲ
  8. ပုထိုးတော်ကြီး(အမရပူရ)
  9. ကျောက်တော်ကြီးဘုရား
  10. မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ မင်္ဂလာ ဓာတု ဓမ္မစေတီတော်
  11. သံသေကပ်ကျော် ဘုရား
  12. တောင်သမန်အင်းစောင်းက တောင်လေးလုံးဘုန်းကြီးကျောင်း

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
အ​ခြား​ဘာ​သာ​ဖြင့်​