ဂျော်ဒန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟာရှီမိုက် ကင်းဒမ်းအော့ဖ် ဂျော်ဒန်
Hashemite Kingdom of Jordan
اَلمَمْلَكَة اَلأُرْدُنِيَّة اَلهَاشِمِيَّة
Al-Mamlakah al-ʾUrduniyyah al-Hāšimiyyah
Flag of Jordan.svg Coat of Arms of Jordan.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "God, Fatherland, The King"
နိုင်ငံတော်သီချင်း - Long Live the King
ပထဝီ
LocationJordan.svg
မြို့တော် အမ်မန်မြို့
အကြီးဆုံးမြို့ အမ်မန်မြို့
ဧရိယာ
  • ဧရိယာ - ၃၅,၆၃၇ စတုရန်းမိုင် (၉၂,၃၀၀ km²) (အဆင့်: ၁၁၂)
  • ရေဖုံးလွှမ်းမှု - ၀.၈%
စံတော်ချိန်ဇုန် UTC +၂ (နွေရာသီ) +၃
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား စည်းမျဉ်းခံ ဘုရင်စံနစ်[၂]
အစိုးရခေါင်းဆောင်များ
  • ဘုရင် - အဘဒူလာ ၂
  • ဝန်ကြီးချုပ် - Marouf al-Bakhit
ထူထောင်မှု
စီးပွားရေး
GDP(PPP) ၃၄.၅၂၈ ဘီလီယံ [၃] (အဆင့် - )
GDP(PPP) $၅,၉၅၆[၄] (အဆင့် - )
HDI ဝ.၆၈၁ (အမြင့်) [၅] (အဆင့် - ၈၂)
ငွေ ဂျော်ဒန် ဒိုင်နာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .jo
Calling code +၉၆၂

ဂျော်ဒန်နိုင်ငံကို ယခင်က ထရန်စဂျော်ဒန်ဟု ခေါ်သည်။ သို့ရာတွင် အမီအဗ္ဗဒူလာဘုရင်လက်ထက်၌ ၁၉၄၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အတည်ပြုသော အပြည်ပြည်ဆိုင်ရာ စာချုပ်အရ ထရန်စဂျော်ဒန်အမည်ကို ဂျော်ဒန်ဟု ပြောင်းလိုက် ၏။ သို့သော် ထိုအမည်ကို ၁၉၄၉ ခုနှစ်ရောက်မှပင် အများက အသုံးပြုလာကြလေသည်။

ထရန်စဂျော်ဒန်ဟု ခေါ်ဝေါ်ရခြင်းမှာ ထိုပြည်ငယ်သည် မြေထဲပင်လယ်၏ အရှေ့ဘက်ကမ်းခြေဒေသရှိ ဂျော်ဒန်မြစ်ကို ဖြတ်လျက် တည်ရှိသောကြောင့် ဖြစ်ပေသည်။ ထိုပြည်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၄၇၅ဝ ရှိသည်။ လူဦးရေမှာ မူလက ၃၅ဝဝဝဝ ခန့် ရှိသည်ဟု ဆိုသည်။ သို့သော်ယခုအခါ လူဦးရေ ၁၃၃၂၉၈၉ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အစ္စလမ် အယူဝါဒီ အာရပ်လူမျိုးတို့ နေထိုင်ရာ အာရပ်တိုင်းပြည်ဖြစ်၍ သူတို့၏နေအိမ်ပုံစံမှာ အလွန်ရှေးရိုးကျသေး၏။ ရှေးရောမ အင်ပိုင်ယာခေတ်က လယ်ယာစိုက်ပျိုးသော တိုင်းပြည်ဖြစ်ခဲ့ သော်လည်း နောင်အခါနှစ် ရာပေါင်းများစွာ လယ်မြေတို့ကို ပစ်ထားခဲ့သောကြောင့်၎င်း၊ မိုးနည်းပါးသွားသောကြောင့်၎င်း လယ်မြေတို့မှာ စိုက်ပျိုး၍ မဖြစ်ထွန်းတော့ဘဲ ကျဉ်းမြောင်း သော မြေကွက် အနည်းငယ်တွင်သာ ဂျုံ၊ မုယောစပါးနှင့် သစ်သီးများကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ ကုန်းမြင့်ဒေသများ တွင် စပျစ်ခြံများကို လုပ်ကိုင်ကြသည်။ များစွာသောအာရပ် တို့မှာကား သိုး၊ ဆိတ်များကို တစ်နေရာမှ တစ်နေရာသို့ လှည့်လည်ထိန်းကျောင်းကြလေသည်။ ထိုပြည်တွင်ရှိသော ဓာတ်သတ္တုများမှာ ဖော့စဖိတ်နှင့် ပိုတက်တို့ ဖြစ်သည်။ မြို့ တော်မှာ အမ္မန်ဖြစ်၏။ ထိုပြည်၏ဒေသအများသည် သဲကန္တာ ရဖြစ်၍ ရာသီဥတုမှာ ခြောက်သွေ့ပြီးလျှင် နေ့အခါပူ၍ ည ဖက်တွင် ချမ်းအေးလှလေသည်။

ရှေးအခါက ထရန်စဂျော်ဒန်နှင့် ပါလက်စတိုင်းတို့မှာ တစ်ပြည်တည်းဖြစ်၍ ပထမကမ္ဘာစစ်ပြီးသောအခါ ထရန် စဂျော်ဒန်ကို တပြည်သတ်သတ် ခွဲထုတ်ပေးခဲ့သည်။ သို့သော် ဗြိတိသျှဩဇာခံပြည်တစ်ခု ဖြစ်သည်။ ပထမနှင့် ဒုတိယကမ္ဘာ စစ်ကြီး အကြားတွင် ထိုပြည်နယ်၌ ယဟူဒီနှင့် အာရပ်တို့၏ အဓိကရုဏ်းများ မကြာခဏဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းကမူ ယဟူဒီရော အာရပ်တို့ပါ ဂရိတ်ဗြိတိန်ဖက်မှ ကူညီ တိုက်ခိုက်ပေးကြသည်။

၁၉၄၆ ခုနှစ်တွင် ထရန်စဂျော်ဒန်မှာ ဘုရင်အုပ်စိုးသည့် လွတ်လပ်သော ဂျော်ဒန်နိုင်ငံဟူ၍ ဖြစ်လာ၏။ ဂရိတ်ဗြိတိန် နှင့် အနှစ် ၂ဝ မဟာမိတ်စာချုပ် ချုပ်ဆိုထားသော်လည်း အကြောင်းရှိလာပါက ဂျော်ဒန်က အာရပ်နိုင်ငံအဖွဲ့ကိုသာ ပထမ ဦးစားပေးကာ ကူညီမည်ဖြစ်ကြောင်း ထုတ်ဖော်ကျေညာ ထားလေသည်။ ဂျော်ဒန်နိုင်ငံမှာ အိန္ဒိယနှင့် ဥရောပတို့ ဆက် သွယ်သည့် ကုန်းလမ်းခရီးကြောင်းတွင် အရေးပါသော နိုင်ငံ တစ်နိုင်ငံအဖြစ်ဖြင့် ထင်ရှားသိရှိကြလေသည်။ [၆]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. Population: Jordan. CIA.gov. Retrieved on 2010-11-10
  2. Government. www.kinghussein.gov.jo. Retrieved on 15 July 2011
  3. Jordan. International Monetary Fund. Retrieved on 2011-04-30
  4. "Jordan makes progress in human development", November 5, 2010. Retrieved on 2011-05-05. 
  5. Human Development Report 2010 (PDF). United Nations (2010). Retrieved on 2010-11-10
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)