ယဉ်ကျေးမှု
Wikipedia မှ
ယဉ်ကျေးမှု ဆိုသည်မှာ အဓိကအားဖြင့် ၃ မျိုးအား ရည်ညွှန်းပြောဆိုကြသည်။
- ပထမ တစ်ခုမှာ မြင့်မားသော ယဉ်ကျေးမှု၊ ထိုထဲတွင် အလွန်ကောင်းမွန်သော အနုပညာ လက်ရာများ၊ မြင့်မာသော လူနေမှုများပါဝင်နေသည်။
- ဒုတိယ တစ်ခုမှာ လူသားမျိုးနွယ် တစ်ခု၏ အသိပညာ၊ ယုံကြည်မှု၊ အသုံးပြုသော အမှတ်အသားတို့၏ စိတ်ကူး အရည်အသွေးပေါ်မူတည်သည့် လူမှုရေး လေ့လာမှုများ ဖြစ်သည်။
- တတိယ တစ်ခုမှာ လူမှု အဖွဲ့အစည်း တစ်ခု၏ရည်ရွယ်ချက် ၊ သဘောထားများ၊ တန်ဖိုးများ၊ အစဉ်အလာများ၏ ထူးခြားသော ဝိသေသ လက္ခဏာများ ဖြင့် သတ်မှတ်ထားမှု တို့ဖြစ်ကြသည်။
မည်သို့ပင် ဖြစ်စေ ယဉ်ကျေးမှုဟူသည် လူသားတစ်ဦးအတွက် ဘဝ၏ လမ်းတစ်ဟူသော စကားလုံးတစ်လုံး ဖြစ်သည်။ လူ့အဖွဲ့အစည်းများသည် မတူညီကြသကဲ့သို့ တစ်ခုနှင့်တစ်ခု၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၏ ယဉ်ကျေးမှုသည်လည်း ထိုသူတို့၏ ပတ်ဝန်းကျင်အနေအထား၊ ထိုပတ်ဝန်းကျင်၏ လှုပ်ရှားမှု အနေအထားပေါ်တွင် မူတည်ပြီး မတူညီကြခြင်းဖြစ်သည်။ သို့သော် အားလုံးသော သူတို့သည် ဤ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို လက်ခံလိမ့်မည် မဟုတ်ချေ။ ထိုအဓိပ္ပါယ်မှာ လူမှုအဖွဲ့အစည်းတစ်ခု၏ ပြောဆိုသော စကား၊ ရေးသားထားသော စာအုပ်၊ ယုံကြည်ကိုးကွယ်မှု၊ သီချင်း၊ အဝတ်အထည်၊ ချက်ပြုတ်ခြင်း စသည်တို့မှ ၎င်းတို့၏ အဆင့်အတန်း၊ ခံယူချက်တို့ကို သိမြင်နိုင်သည်။
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |