ကာဂျစ္စတန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကာဂျစ် သမ္မတနိုင်ငံ
Кыргыз Республикасы
Kırgız Respublikası
Кыргызская Республика
Kyrgyzskaya Respublika
Flag of Kyrgyzstan.svg National emblem of Kyrgyzstan.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း -
Кыргыз Республикасынын Мамлекеттик Гимни
Kyrgyz Respublikasynyn Mamlekettik Gimni
National Anthem of the Kyrgyz Republic
ပထဝီ
Kyrgyzstan - Location Map (2013) - KGZ - UNOCHA.svg
မြို့တော် ဘီရှကက်မြို့
အကြီးဆုံးမြို့ ဘီရှကက်မြို့
ဧရိယာ
  • ဧရိယာ - ၁၉၉,၉၀၀ km² (၇၇,၁၈၁ sq mi) (အဆင့်: ၈၆)
  • ရေဖုံးလွှမ်းမှု - ၃.၆%
စံတော်ချိန်ဇုန် UTC +၆
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Roza Otunbayeva
  • ဝန်ကြီးချုပ် - Almazbek Atambayev
ထူထောင်မှု
  • လွတ်လပ်ရေး ကြေငြာခြင်း
    (ဆိုဗီယက်မှ) - ဩဂုတ် ၃၁၊ ၁၉၉၁
စီးပွားရေး
GDP(PPP) US $၂,၂၄၈ (အဆင့် - )
HDI ၀.၅၉၈ (အလယ်) (အဆင့် - ၁၀၉)
ငွေ ဆုမ်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .kg
Calling code +၉၉၆

ကာဂျစ္စတန်နိုင်ငံ၏ တရားဝင်အမည်မှာ ကာဂျစ်သမ္မတနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်ရှိ တာ့ခ် လူမျိုးတို့၏ လွတ်လပ်သော နိုင်ငံ ၆ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အခြား တာ့ခ်နိုင်ငံ ၅ နိုင်ငံမှာ တူရကီနိုင်ငံအဇာဘိုင်ဂျန်နိုင်ငံတပ်မင်နစ္စတန်နိုင်ငံဥဇဘက်ကစ္စတန်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံတို့ဖြစ်သည်။ အာရှ အလယ်ပိုင်းတွင် တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပြီး တောင်ကုန်းထူထပ်သည်။ မြောက်ဘက်တွင် ကာဇက်စတန်နိုင်ငံ၊ အနောက်ဘက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အနောက်တောင်ဘက်တွင် တာဂျစ်ကစ္စတန်နိုင်ငံ နှင့် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့က ဝိုင်းရံထားသည်။ အကြီးဆုံးမြို့နှင့် မြို့တော်မှာ ဘီရှကက်မြို့ဖြစ်သည်။

လူမျိုးရေး အရှုပ်အထွေးများ၊[၁][၂]၊ ပုန်ကန်မှုများ၊[၃] စီးပွားရေး အခက်အခဲများ၊[၄][၅] မတည်ငြိမ်သော အစိုးရအဖွဲ့များ၊ [၆] နိုင်ငံရေးပါတီများ၏ ပဋိပက္ခများ[၇] ကြားတွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန် ကြိုးပမ်းနေသော်လည်း ကာဂျစ္စတန်နိုင်ငံသည် တပေါင်းတည်းဖြစ်သော ပါလီမန် သမ္မတနိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်လျှက် ရှိသည်။

၂၀၀၅ ခုနှစ် နှင့် ၂၀၁၀ ခုနှစ်တွင် အရေးအခင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ရုံးသုံးဘာသာစကား ဖြစ်သော ကာဂျစ် ဘာသာစကားမှာ အခြားသော တာ့ခ် ဘာသာစကားများနှင့် နီးစပ်စွာတူသည်။ သို့သော်လည်း ကာဂျစ္စတန်နိုင်ငံသည် ရုရှားနိုင်ငံမှ ကြီးစွာသော ယဉ်ကျေးမှု လွှမ်းမိုးခြင်းကို ခံခဲ့ရသဖြင့် ရုရှားဆန်ပေသည်။

ကာဂျစ္စတန်နိုင်ငံသည် လွတ်လပ်သော နိုင်ငံများ၏ ဓနသဟာယ အဖွဲ့၊ ယူရေးရှန်း စီးပွားရေး အဖွဲ့၊ ပူးပေါင်း လုံခြုံရေးစာချုပ် အဖွဲ့၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ၊ တာ့ခ် ကောင်စီ၊ တာ့ခ်ဆွိုင်း နှင့် ကမ္ဘာ့ ကုလသမ္မဂ္ဂ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံသည် ယခုလက်ရှိ ဘဲလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ ပါဝင်သော ယူရေးရှန်း အကောက်ခွန် သမဂ္ဂ နှင့် ယူရေးရှန်း စီးပွားရေး သမဂ္ဂ တို့သို့ ဝင်ရောက်မည်ဟု ထုတ်ဖော်ပြောကြားပြီး ဖြစ်သည်။[၈]

အမည်မှည့်ခေါ်ခြင်း[ပြင်​ဆင်​ရန်​]

ကာဂျစ် ဆိုသော စကားမှာ တာ့ခ်ဘာသာစကား ၄၀ မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အူရီဂါတို့အားတွန်းလှန်ရန်အတွက် ဒေသခံ လူမျိုးစု ၄၀ ကို စုစည်းသော ဒဏ္ဍာရီလာ သူရဲကောင်း မာနာ့စ်ကို ရည်ညွှန်းသည်ဟု ယုံကြည်ရသည်။ ၉ ရာစု အစောပိုင်းက အူရီဂါတို့သည် ကာဂျစ္စတန် နိုင်ငံ အပါအဝင် အာရှ အလယ်ပိုင်း၊ မွန်ဂိုလီးယား၊ ရုရှား၏ တစိတ်တဒေသနှင့် တရုတ်နိုင်ငံတို့တွင် အကြီးအကျယ် စိုးမိုးထားသည်။[၉]

ကာဂျစ္စတန်နိုင်ငံ၏ အလံတော်မှ နေရောင်ခြည် အလင်းတန်း ၄၀ သည် ထို လူမျိုးစု ၄၀ ကိုပင် ရည်ညွှန်းပြီး နေ၏ အလယ်ခေါင်ရှိ ရုပ်ပုံမှာ အာရှ အလယ်ပိုင်း ရွှေ့ပြောင်းသွားလာသူတို့၏ တဲများမှ သစ်သား အမိုး ကို ရည်ညွှန်းခြင်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရှေးခေတ်[ပြင်​ဆင်​ရန်​]

တာ့ခ် အင်ပိုင်ယာ

ကာဂျစ္စတန်နိုင်ငံတွင် ရှေးခေတ်ကာလက အီရန် မြင်းစီးလူမျိုးများ ဖြစ်သော ဆိုင်သီယန်တို့ အခြေချ နေထိုင်ခဲ့ကြသည်။

အစ္စလာမ်ဝါဒ ပြန့်ပွားလာခြင်း[ပြင်​ဆင်​ရန်​]

အစောဆုံး ၇ ရာစု ကာလခန့်ကပင် တာ့ခ် ကုန်သည်တို့သည် အာရပ်ကုန်သည်တို့နှင့် စီးပွားရေး အတူတကွ လုပ်ဆောင်ရာမှ အလယ်အာရှသို့ အစ္စလာမ် ဝါဒဖြင့် မိတ်ဆက်ပေးခဲ့ပြီး ယနေ့ခေတ် ကာဂျစ္စတန်နိုင်ငံ အပါအဝင် ဖြစ်သည်။[၁၀] ကာဂျစ်နိုင်ငံသည် အူရီဂါ အင်ပိုင်ယာကို အေဒီ ၈၄၀ တွင် အောင်နိုင်ခဲ့ပြီးနောက် အကျယ်ပြန့်ဆုံး ချဲ့ထွင်နိုင်ခဲ့သည်။[၁၀] ထို့နောက် ကာဂျစ်တို့သည် ထန်ရှန်း တောင်တန်းများအထိ နယ်မြေချဲ့ထွင်ခဲ့ကြပြီး ထိုဒေသတွင် ၎င်းတို့၏ ဩဇာကို နှစ်ပေါင်း ၂၀၀ ခန့် လွှမ်းမိုး ထားနိုင်ခဲ့သည်။

၁၂ ရာစုသို့ ရောက်သော အခါတွင်မူ မွန်ဂိုတို့၏ နယ်မြေချဲ့ထွင်မှုကြောင့် ကာဂျစ်တို့ ပိုင်ဆိုင်သော ဒေသမှာ အော်လ်တေးတောင်တန်း နှင့် ဆာယန် တောင်တန်း ဒေသများသာ ကျန်ရှိတော့သည်။ ၁၃ ရာစုတွင် မွန်ဂို အင်ပိုင်ယာ အင်အားကောင်းလာပြီးနောက် ကာဂျစ်တို့ တောင်ပိုင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ ကာဂျစ်တို့သည် မွန်ဂို အင်ပိုင်ယာ၏ အစိတ်အပိုင်း အဖြစ် ၁၂၀၇ တွင် ငြိမ်းချမ်းစွာ ဝင်ရောက်ခဲ့သည်။

၇ ရာစုနှင့် ၁၂ ရာစု အတွင်းမှ တရုတ်နှင့် မူစလင်တို့၏ အဆိုအရ ကာဂျစ်လူမျိုးများကို ဆံပင်အနီရောင်ရှိပြီး အသားဖြူကာ မျက်လုံး အပြာရောင် ရှိသောသူများဟု ဆိုကြပြီး ထိုအဆိုအရ ရှေးခေတ် အီရန် တောင်ကုန်းဒေသနေ လူမျိုးများ ဖြစ်သော ပါမီရီ လူမျိုး နှင့် ဒါဒစ် လူမျိုးတို့နှင့် ဆင်တူသည်ဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။[၁၁][၁၂] လတ်တလော လေ့လာမှုများအရ ဆိုင်ဘေးရီးယား ဒေသရှိ ရှေးဦးနေ လူမျိုးတို့မှာ ကာဂျစ် လူမျိုးများမှ ဆင်းသက်လာသည်ဟု အခိုင်အမာ ပြောနိုင်သည်ကို တွေ့ရသည်။[၁၃] ရွှေ့ပြောင်းခြင်း၊ စစ်ပွဲများကို အောင်နိုင်ခြင်း၊ လူမျိုးအချင်းချင်း လက်ထပ်ခြင်း နှင့် ယဉ်ကျေးမှု အချင်းချင်း ဆင်တူခြင်းတို့ကြောင့် ယခုလက်ရှိ အလယ်အာရှ နှင့် အနောက်တောင် အာရှတွင် နေထိုင်သော ကာဂျစ်လူမျိုးတို့မှာ နီးစပ်စွာ တူညီသော ဘာသာစကားများကို ပြောဆိုနေကြသော်လည်း သွေးနှောနေကြပြီး အမျိုးမျိုးသော လူမျိုးတို့မှ ပေါင်းစပ်ဆင်းသက်လာကြောင်း တွေ့ရသည်။[၁၄][၁၅]

အစ်ဆစ်ကူး ကန်မှာ အရှေ့ဖျားဒေသမှ ဥရောပသို့ သွားရောက်သော ကုန်သည်များ၊ စီးပွားရေး သမားများ နှင့် အခြားသော ခရီးသည်များ အသုံးပြုကြသော ကုန်းလမ်း ဖြစ်သည့် ပိုးသား လမ်းမကြီး၏ ခရီးတစ်ထောက် နားနေရာ ဖြစ်သည်။

ကာဂျစ်လူမျိုးများကို ၁၇ ရာစုတွင် မွန်ဂို အွိုင်းရက် တို့က လည်းကောင်း၊ ၁၈ ရာစု အလယ်ပိုင်းတွင် မန်ချူး ချင်မင်းဆက်မှ လည်းကောင်း၊ ၁၉ ရာစု အစောပိုင်းတွင် ဥဇဘက် ကိုကန်း ခန်နိတ် မှ လည်းကောင်း ကျူးကျော် သိမ်းပိုက်ခဲ့ကြသည်။[၁၆]

၁၉ ရာစု နှောင်းပိုင်းတွင် မျက်မှောက်ခေတ် ကာဂျစ်စ္စတန် ဒေသ၏ အဓိက အစိတ်အပိုင်း အတော်များများကို တရုတ်နိုင်ငံ (ချင်မင်းဆက်) နှင့် ရုရှားတို့ အကြား သဘောတူ စာချုပ် နှစ်ခုဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအချိန်က ရုရှားတွင် ကာဂျစ်ဇီးယား ဟု ခေါ်ဝေါ်သော ထိုဒေသကို ရုရှား အင်ပိုင်ယာ အတွင်းသို့ ၁၈၇၆ တွင် သွတ်သွင်းခဲ့သည်။ ရုရှားတို့၏ လွှဲပြောင်း ရယူမှုအပြီး ဇာဘုရင်၏ အုပ်ချုပ်မှုမှာ ပုန်ကန်မှုများစွာဖြင့် ကြုံတွေ့ခဲ့ရပြီး ကာဂျစ် အများအပြားမှာ ပါမီယာ တောင်ကုန်း ဒေသနှင့် အာဖဂန်နစ္စတန် သို့ ရွှေ့ပြောင်းခဲ့ကြသည်။

ထို့ပြင် ၁၉၁၆ အလယ်အာရှ အတွင်း ရုရှားတို့၏ အုပ်ချုပ်ရေးအား ပုန်ကန်မှုအား ဖိနှိပ်ခြင်းကြောင့် ကာဂျစ် အများအပြားမှာ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ကြ သည်။[၁၇] လူမျိုးစု အများအပြားမှာ ထိုအချိန်၌ (ယခုတိုင်အောင်) အိမ်နီးချင်း နိုင်ငံများ အတွင်း ပျံ့နှံ့နေကြပြီး နိုင်ငံများ အကြား နယ်နိမိတ်မှာ အသေအချာ စောင့်ကြပ်ခြင်း နှင့် ထိန်းသိမ်းခြင်း မရှိသဖြင့် တောင်ကုန်းဒေသများအတွင်း ဟိုမှသည်မှ ရွှေ့ပြောင်းနေထိုင်လျှက် ရှိကြသည်။ ထိုသို့ ရွှေ့ပြောင်းနေထိုင်ရာတွင် မည်သည့်နေရာတွင် နေထိုင်သည်က ပို၍ ကောင်းမည်ဆိုသည့် အပေါ်မူတည်ပြီး စိုက်ပျိုးရန် အတွက် မိုးကောင်းကောင်းရခြင်း၊ ဖိနှိပ်ခံရစဉ် အတွင်း မည်သည့် အစိုးရက ပိုကောင်းမည်ဟု တွေးတောခြင်းတို့ ပေါ်တွင် မူတည်နေသည်။

ဆိုဗီယက် ကာဂျစ္စတန်[ပြင်​ဆင်​ရန်​]

လွတ်လပ်ရေး ရပြီးခေတ်[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဒေသများ[ပြင်​ဆင်​ရန်​]

ပထဝီဝင်[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

လူဦးရေပျံ့နှံ့နေထိုင်ပုံ[ပြင်​ဆင်​ရန်​]

ဘာသာစကားများ[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. "Investigating Kyrgyzstan's ethnic violence: Bloody business", The Economist, 12 May 2011. Retrieved on 26 March 2013. 
  2. Foreigners in Kyrgyzstan: ‘Will We Be Banned, Too?’. EurasiaNet.org (15 June 2011). Retrieved on 26 March 2013
  3. Kyrgyz private armies incite "permanent revolution" — RT. Rt.com (17 March 2012). Retrieved on 26 March 2013
  4. Kyrgyzstan: Economy globalEDGE: Your source for Global Business Knowledge. Globaledge.msu.edu (20 December 1998). Retrieved on 26 March 2013
  5. Kyrgyz Republic Economy: Population, GDP, Inflation, Business, Trade, FDI, Corruption. Heritage.org. Retrieved on 26 March 2013
  6. BBC News – Kyrgyzstan profile – Timeline. Bbc.co.uk (10 October 2012). Retrieved on 26 March 2013
  7. Kyrgyz Unrest. EurasiaNet.org. Retrieved on 26 March 2013
  8. "Kyrgyzstan to join Customs Union by year end", English News, 12 August 2014. Retrieved on 12 August 2014. 
  9. Forty tribes and the 40-ray sun on the flag of Kyrgyzstan, SRAS–The School of Russian and Asian Studies
  10. ၁၀.၀ ၁၀.၁ "Kyrgyzstan timeline", BBC News, 12 June 2010. 
  11. V.V. Bartold, The Kyrgyz: A Historical Essay, Frunze, 1927. Reprinted in V.V. Bartold, Collected Works, Volume II, Part 1, Izd. Vostochnoi Literatury, Moscow, 1963, p. 480 Template:Ru icon
  12. Mirfatyh Zakiev, Origins of the Turks and Tatars, Part Two, Third Chapter, sections 109–100, 2002. Retrieved on 15 May 2009
  13. Template:Cite doi
  14. Kyrgyzstan. Encyclopædia Britannica (2010). Retrieved on 14 April 2010
  15. Template:Cite doi
  16. "Kyrgyzstan–Mongol Domination" Library of Congress Country Studies.
  17. "Uzbekistan – The Jadidists and Basmachis". Library of Congress Country Studies.