မဟာဗန္ဓုလ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စစ်သူကြီး မဟာဗန္ဓုလ
စစ်သူကြီး မဟာဗန္ဓုလ
အမည်ရင်း မောင်ရစ်
မိဖများ ဦးပေါက်တော၊ ဒေါ်ငြိမ်း
လူမျိုး ဗမာ
မွေးရပ် ဒီပဲယင်းမြို့မြန်မာနိုင်ငံ
မွေးနေ့ ၆ နိုဝင်ဘာ ၁၇၈၂
ပညာအရည်အချင်း
အလုပ်အကိုင် တော်ဝင်ဗမာ့တပ်မတော်၏ စစ်သူကြီး
နိုင်ငံတော် သစ္စာခံခြင်း ကုန်းဘောင်ခေတ်
ချီးမြှင့်ခံရသော ဘွဲ့အမည်များ အဂ္ဂမဟာ သေနာပတိ၊ သတိုးမဟာ ဗန္ဓုလ၊ နေမျိုးသူရ ရဲခေါင်
တိုက်ပွဲများ မြန်မာ-မဏိပူရ စစ်ပွဲ (၁၈၁၉) ၊ မြန်မာ-အာသံ စစ်ပွဲ (၁၈၂၁ - ၁၈၂၂) ၊ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲဗမာ-အာသံ စစ်ပွဲ(-၁၈၂၁ - ၁၈၂၂)
တာဝန်ထမ်းသည့်နှစ် ၁၈၀၆ - ၁၈၂၅
ကွယ်လွန်သည့်နေရာ ဓနုဖြူမြို့မြန်မာနိုင်ငံ
ကွယ်လွန်ရက် ဧပြီ ၁၈၂၅

စစ်သူကြီး အဂ္ဂ မဟာ သေနာပတိ သတိုးသုဓမ္မ မဟာ ဗန္ဓုလ (၆ နိုဝင်ဘာ ၁၇၈၂-၁ ဧပြီ ၁၈၂၅)သည် ဘိုးတော်ဘုရား နှင့် ဘကြီးတော် မင်းတို့လက်ထက်တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြန်မာစစ်သူကြီးဖြစ်သည်။ ရွယ်ငယ်တွင် မထင်ရှားသော အမျိုးအနွယ်မှ ဖွားမြင်လင့်ကစား စွမ်းရည်သတ္တိ၊ လုံ့လဝီရိယ၊ ကြိုးစားဆောင်ရွက်မှုတို့ကြောင့် နေမျိုးဟူ သောဘွဲ့၊ ထို့ပြင် အိမ်ရှေ့မင်းသားတို့သာ ရခွင့်ရှိသော စစ်သူကြီးဘွဲ့ကိုပါ ချီးမြှင့်ခံရသူဖြစ်၏။[၁]

မဟာဗန္ဓုလသည် ပထမ အင်္ဂလိပ် - မြန်မာစစ် တွင် သူကျဆုံးသည်အထိ စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ နှင့် အာသံ တို့ကို နယ်မြေချဲ့ထွင်ရန် ဟူသော ကုန်းဘောင် မင်းဆက်၏ မူဝါဒတွင် Bandula (ဗန္ဓုလ)သည် အဓိက ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၎င်းမူဝါဒသည် နောက်ဆုံး ရလဒ်အဖြစ် စစ်ပွဲဖြစ်ပွားခဲ့ပြီး မင်းဆက်ကို စတင်ကျဆုံးစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ စစ်ပွဲ တွင်ကျဆုံးခဲ့သော ဗိုလ်ချုပ်ကြီးအား အင်္ဂလိပ်ကို သူ၏ ခုခံတိုက်ခိုက်မှုအတွက် မြန်မာတစ်မျိုးသား လုံးမှ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။ ယနေ့တွင် တိုင်းပြည်အတွင်းရှိ အထင် ရှားဆုံးသော နေရာအချို့ကို သူ့အားအစွဲပြု၍ အမည်ပေးထားသည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

မဟာဗန္ဓုလ၊ (ငယ်အမည် မောင်ရစ်) ကို ဦးပေါက်တော နှင့် ဇနီးဒေါ်ငြိမ် တို့၏ သာမည လူရတတ် မိသားစုမှ သားဦး အဖြစ် ဒီပဲယင်း တွင် ၆ နိုဝင်ဘာ ၁၇၈၂ ခုနှစ်၌ မွေးဖွားခဲ့သည်။ထိုခေတ်အခါက မြန်မာယောက်ျား လေးတို့၏ ဓလေ့ထုံးစံအရ၊ မောင်ရစ် သည် ဒေသတွင်းရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ဖခင်ကွယ်လွန်ပြီးနောက် ငယ်စဉ်ဘဝမှာပင် သူသည် အစော ပိုင်းတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မိခင်နှင့်အတူ လယ်တောထဲတွင် အလုပ်လုပ်ရ ပြီး၊သူ၏ ညီအငယ်နှစ်ယောက်ဖြစ်သော မောင်အေး၊ မောင်မြ နှင့် သူ၏ ညီမ အငယ်ဖြစ်သူ မဒုတ် တို့ကို ကြည့်ရှု စောင့်ရှောက်ခဲ့သည်။

တာဝန်ထမ်းဆောင်ခြင်း[ပြင်​ဆင်​ရန်​]

သူ၏ငယ်စဉ်ဘဝနောက်ပိုင်းတွင် မောင်ရစ်သည် ဒီပဲယင်း ဇာတိဖြစ်သော အိမ်ရှေ့မင်းသား သတိုးမင်းစော ၏ တော်ဝင်တပ်မတော်ကြီး၌ အနိမ့်ဆုံးအဆင့် အစေအပါးအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် နောင်တွင် မင်းနေပြည်တော် ဖြစ်လာမည့် အမရပူရ သို့ ရွှေ့ပြောင်းခဲ့သည်။မောင်ရစ် သည် လျင်မြန်စွာဖြင့် ရာထူးများတိုးလာပြီး ပထမတွင် သတိုးမင်းစော ၏ လက်အောက်၊ပြီးနောက်တွင် ၁၈၀၈ ခုနှစ်၌ အိမ်ရှေ့မင်းသား အဖြစ်ဆက်ခံသော သူ၏သားဖြစ်သူ စစ်ကိုင်း မင်းသား လက်အောက်တွင် အမှုထမ်းခဲ့သည်။ သူသည် ဒီပဲယင်း မြို့၏ ပထမဦးဆုံးသော မြို့စား ဖြစ်လာခဲ့ပြီး နောက်သုံးနှစ်အကြာတွင် အလုံ-မုံရွာ ၏ မြို့စားဖြစ်ခဲ့သည်။

မဏိပူရ (၁၈၁၉)[ပြင်​ဆင်​ရန်​]

မဟာဗန္ဓုလ သည် သူ၏အရှင်သခင်ဖြစ်သူ စစ်ကိုင်း မင်းသားသည် ဘကြီးတော်မင်း အဖြစ် ၁၈၁၉ ဇွန်လတွင် မြန်မာ့ထီးနန်းကို စိုးစံပြီးနောက် စစ်သေနာ ပတိ ဖြစ်လာခဲ့သည်။ မဟာဗန္ဓုလ ၏ စစ်သေနာပတိအဖြစ် ပထမဦးဆုံး အဓိက ကျသော စစ်ရေးဆိုင်ရာတိုက်ခိုက်မှုမှာ များမကြာမီ မဏိပူရ တွင် ဖြစ်ပွားခဲ့သည်။ အနောက် ဘက်ရှိ နိုင်ငံအငယ်မှာ ၁၇၅၆ ခုနှစ် ကတည်းက ပုန်ကန်ထကြွသူများ ထိန်းသိမ်းထားသည့် နိုင်ငံဖြစ်ပြီး ၁၈၁၃ ခုနှစ်အချိန်ကပင် ဘိုးတော်ဘုရားမင်း တရားဝင်တိုက်ခိုက်သိမ်းယူခဲ့သည်။ အစောပိုင်းခြောက်နှစ်ခန့် မြန်မာတို့က နန်းတင်ပေးခဲ့သောမဏိပူရ ရာဂျာမာဂျစ် ဆင်း(န်) သည် လက်အောက်ခံဘုရင်များက ပြုလုပ်ရန်တာဝန်ရှိသည့်အတိုင်း၊ ဘုရင်အသစ်၏ နန်းတက်ပွဲအခမ်းအနားကို မတက်ရောက်သည်မျှသာမက သံရုံး မှတဆင့် လက် ဆောင်ပဏ္ဏာ ဆက်သခြင်းကို မပြုလုပ်ခဲ့သည့်အတွက် ဘကြီးတော် သည် စစ်ဆင်ရေး အတွက်ဖွဲ့စည်းထားသောတပ်ကို မဏိပူရ အားပြန်သိမ်းယူရန် စေလွှတ်ခဲ့သည်။

၁၈၁၉ ခုနှစ် အောက်တိုဘာလတွင်၊ ဗန္ဓုလ သည် မြန်မာစစ်တပ်များ၏ စစ်ကဲ) (တပ်မှူးချုပ်) အဖြစ် မဏိပူရ ကို ကျူးကျော်ခြင်းတွင် ဦးဆောင်ခဲ့သည်။သူသည် ခြေ လျင်တပ်သား အယောက် ၅၀၀၀ နှင့် မြင်းတပ်သား ၅၀၀ ကို အမိန့်ပေးကွပ်ကဲခဲ့ပြီးနောက်တွင်မှ ဗိုလ်ချုပ်ကြီး နေမျိုးသူရမင်းလှနော်ရထာ ၏ ခြေလျင်တပ်သား ၂၀၀၀၀ နှင့် မြင်းတပ်သား ၂၅၀၀ လိုက်ပါခဲ့သည်။ မဏိပူရလူမျိုးများ သည် သူတို့၏ မြို့တော် အနီးတွင် ခံတပ်ကို တည်ဆောက်ထားသည်။ ဘေးနှစ်ဖက်တွင် မြင့်မားသော တောင်များနှင့် ဝန်းရံ ထားပြီး ကျန်တစ်ဖက်တွင် တောင့်တင်းသောသစ်သားဝင်းတံခါး များဖြင့် အခိုင်အမာပြု လုပ် ထားသောခံတပ်သည် မထိုးဖောက်ဝင်နိုင် လုနီးပါးရှိသည်ဟုဆိုခဲ့ကြသည်။ ဗန္ဓုလ သည် အထူးတပ်သားများကို စေလွှတ်ခဲ့ပြီး ၎င်းတို့သည် ညဘက်တွင်တောင်များကို ဖက် တက်၍ ဂိတ်များကိုချိုးဖျက်ဖွင့်ပြီး ဗမာများကို ခံတပ်နှင့်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်ရန် ခွင့်ပြု ခဲ့သည်။ရာဂျာ မာဂျစ်ဆင်း (န်) သည် သူ၏ ညီအကိုတော်သူ ချော်ဂျစ် ဆင်း(န်) အုပ်ချုပ်သော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကချာ သို့ထွက်ပြေး သွားခဲ့သည်။ ထိုရဲရင့်သော စစ်ဆင်ရေးသည် သူ့အားကျော်ကြားစေခဲ့သည်။ဘုရင်မင်းမြတ်သည် သူ့အား နေမျိုး သူရ ရဲခေါင် ဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ အနိုင်ရပြီးနောက်တွင် မြန်မာတို့သည် မဏိပူရ တွင် မြို့စောင့်တပ်ကို ထားခဲ့ပြီး ၎င်းကို ရှည် လျားသော ချင်းတွင်း မြစ် အထောက်အပံ့အစီအစဉ်ဖြင့် ကာကွယ်ထားခဲ့သည်။

အာသံ (၁၈၂၁ - ၁၈၂၂)[ပြင်​ဆင်​ရန်​]

မဏိပူရ ကဲ့သို့ပင် အာသံ သည် ဘိုးတော်ဘုရား ထီးနန်းစိုးစံချိန် နောက်ပိုင်းတွင် သိမ်းပိုက်ထားခြင်းများမှ တစ်ခုဖြစ်သည်။ မြန်မာတို့ သည် ၁၈၁၇ မတ်လတွင် အဟွမ်း တိုင်းပြည်ကို ပထမဦးဆုံးကျူးကျော် ဝင်ခဲ့ပြီး ရုပ်သေးဘုရင် တစ်ယောက်အဖြစ် ချန်ထရာ ကန်တ ဆင်း (န်) ကို ခန့်အပ်ခဲ့သည်။ မြန်မာစစ်တပ်များ နိုင်ငံအတွင်းမှ ထွက်ခွာပြီးနောက် မကြာမီတွင် ရုပ်သေးဘုရင်မှာ နန်းချခံရပြီး ဘိုးတော်ဘုရားမင်း၏ အုပ်စိုးချိန် နောက်ဆုံးနေ့ရက်များအတွင်း ၁၈၁၉ ခုနှစ်အစောပိုင်းတွင် မြန်မာတပ်များကို ပြန်လာစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ၁၈၂၁ ခုနှစ်တွင် ရုပ်သေးဘုရင်သည် ဗြိတိသျှ တို့ထံတွင် ပြောင်းလဲ၍ သစ္စာခံခြင်းဖြင့် ဗမာတို့ကို ဆန့်ကျင်ခဲ့သည်။ ဘကြီးတော်မင်း သည် နောက်တစ်ဖန် ဗန္ဓုလ အား အာသံ ကို ပြန်လည်သိမ်းယူရန် စေလွှတ်ခဲ့သည်။

၁၈၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အယောက် ၂၀၀၀၀ ရှိသော မြန်မာစစ်တပ် တစ်တပ် ခမ်းတီး ရှမ်းနှင့် ကချင် အပါအဝင်) သည်ဟူးကောင်း တောင်ကြား တစ်လျှောက်ရှိ ၎င်းတို့၏ မြောက်ဘက်စွန်းအကျဆုံးခံတပ်များမှနေ၍ နှင်းထူထပ်သော တောင်တန်း များကို ကျော်ဖြတ်ပြီး အာသံ ကို ချီတက်ခဲ့ကြသည်။ တစ်နှစ်ခွဲနီးပါးမျှ ကမ္ဘာပေါ်ရှိ အခက် အခဲ အကြမ်းတမ်းဆုံး သော မြေအနေအထားအချို ့တွင် ပြင်းပြင်းထန်ထန်တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ဆုံးတွင် မြန်မာတပ်များသည် ချန်ထရာ ကန်တ ဆင်း(န်)နှင့် အာသံ စစ်တပ်ကို ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အနိုင်ရခဲ့ပြီး အာသံ အား စစ်တပ် ဘုရင်ခံချုပ် အုပ်ချုပ်မှုအောက်တွင် ဗမာနယ်ပယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ကာ သက်တမ်း နှစ် ၆၀၀ ရှည်ကြာခဲ့ သော အဟွမ်း နန်းတော်ကို တစ်ကြိမ်တည်းနှင့် အားလုံးအတွက် အဆုံးသတ်စေခဲ့ သည်။အရေးနိမ့်ခဲ့သော အာသံ လူမျိုးဘုရင်သည် ဗြိတိသျှ ပိုင်နက်နယ်မြေဖြစ်သော ဘင်္ဂလားနယ် သို့ ထွက်ပြေးခဲ့သည်။ ဗန္ဓုလ ၏ တောင်းဆိုချက် ဖြစ်သော ထွက်ပြေးတိမ်းရှောင်နေသည့်ဘုရင် လက်နက်ချရန် ဆိုသည်ကို ဗြိတိသျှတို့ အနေဖြင့် လျစ်လျူရှုပြီး ၎င်းအစား စစ်ကူတပ်စိပ်များကိုနယ်ခြားခံတပ်များသို့ စေလွှတ်ခဲ့သည်။မဟာဗန္ဓုလ သည် ဗိုလ်ချုပ်ကြီး မဟာ သီလဝ အုပ်ချုပ်သော စစ်သား အယောက် ၂၀၀၀ ပါဝင် သည့် မြို့စောင့်တပ်ကိုထားခဲ့ပြီး အင်းဝ သို့ ပြန်ခဲ့သည်။ယခင် မောင်ရစ်သည် သတိုးမဟာဗန္ဓုလ (သို့မဟုတ် ရိုးရှင်းစွာဖြင့် မဟာဗန္ဓုလ) ဟူသော ဘွဲ့ကို ရရှိခဲ့သည့် အာသံ ကို အောင်နိုင်ပြီး နောက်ပိုင်းမှ စတင်၍ သူ့အား ထိုကဲ့သို့ သိစေခဲ့ခြင်းဖြစ်သည်။

ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆)[ပြင်​ဆင်​ရန်​]

၁၈၂၂ အရောက်တွင် မဏိပူရ နှင့် အာသံ ကို အောင်နိုင်ခဲ့ခြင်းများသည် ဗြိတိသျှ အိန္ဒိယနှင့် အင်းဝ နေပြည်တော်တို့ အကြားရှိ ရှည်လျားသော နယ်နိမိတ်ကို ဖြစ်စေခဲ့သည်။ ကာလကတ္တား တွင် အခြေစိုက်သော ဗြိတိသျှတို့တွင် နယ်မြေဒေသအပေါ် ၌ ၎င်းတို့ကိုယ်ပိုင် အကြံအစည်များရှိပြီး မဏိပူရ၊ အာသံ နှင့် ရခိုင်တို့ရှိ ပုန်ကန်ထကြွသူများကို အားတက်သရော အထောက်အပံ့ပေးခဲ့ကြသည်။ ကာလကတ္တား သည် ကချာ နှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှထိန်းသိမ်းထားသော နိုင်ငံများဟု တစ်ဖက်သတ် ကြေငြာခဲ့ပြီး တပ်များစေလွှတ်ခဲ့သည်။ ဗြိတိသျှပိုင်နက်များမှ လတ်တလောရရှိထား သည့်နယ်မြေများအတွင်းသို့ နယ်စပ်ဖြတ်ကျော်၍ စီးနင်းတိုက်ခိုက်ခြင်းများနှင့် ဩဇာလွှမ်းမိုးမှု စက် ဝန်းများသည် ဗမာများကို စိတ်ရှုပ်ထွေးစေခဲ့သည်။ စစ်ပွဲသည် ရှောင်လွဲ၍မရနိုင်ကြောင်း သေချာ ပြီးနောက်တွင် ဗန္ဓုလသည် ဗြိတိသျှကိုဆန့်ကျင်၍ ထိုးစစ်ဆင်နွှဲရန် မူဝါဒ၏ အဓိက ထောက်ခံသူ တစ်ဦးဖြစ်လာခဲ့သည်။ ဗန္ဓုလသည် ဘကြီးတော် နန်းတော် တွင် စစ်လိုလားသောအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုအုပ်စုတွင် မိဖုရား မယ်နု နှင့် သူမ ၏အစ်ကို စလင်းမင်းသားကြီး တို့လည်း ပါဝင်သည်။ ပြတ်ပြတ်သားသား အောင်မြင် ခြင်း သည် အင်းဝ နေပြည်တော်ကြီးအား ၎င်း၏ အနောက်ဘက် အင်ပါယာ အသစ်တွင်တိုးလာ ခြင်းများကို အာရကန်၊ မဏိပူရ၊ အာသံ၊ ကချာ နှင့် ဂျိမ်းရှ တို့တွင် ခိုင်မာတောင့်တင်းရန်နှင့် ဘင်္ဂလား အရှေ့ပိုင်းကို သိမ်းပိုက်ရန် အခွင့် အရေးရှိနိုင်မည်ဖြစ်ကြောင်းကို ယုံကြည်ခဲ့သည်။

၁၈၂၄ ခုနှစ် ဇန်နဝါရီလတွင် ဗန္ဓုလသည် သူ၏ထိပ်တန်း ဒုတိယအကြီးအကဲများမှ တစ် ယောက်ဖြစ်သော သတိုး သီရိမဟာ ဥဇန ကို ကချာ နှင့် ဂျိမ်းရှ သို့ သူပုန်များကို တိုက်ထုတ်ရန် စေလွှတ်ခဲ့သည်။ ဗြိတိသျှတို့မှ ၄င်းတို့၏ ကိုယ်ပိုင် တပ်ကို မြန်မာတို့နှင့် ကချာတွင် ရင်ဆိုင်တွေ့စေရန် စေလွှတ်ခဲ့ပြီး၊ အကျိုးဆက် အားဖြင့် နှစ်ဦးနှစ်ဘက်အကြားတွင် ပထမဦးစွာ ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။ စစ်ပွဲသည် ရခိုင်၌ နယ်စပ် ရင်ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်တွင် တရားဝင်ဖြစ်ပွားခဲ့သည်။

အနောက်ဘက်ခြမ်း စစ်နယ်ဝန်း[ပြင်​ဆင်​ရန်​]

မြန်မာ့တပ်မတော်တွင် စစ်သေနာပတိဖြစ်သည်နှင့်အညီ မဟာဗန္ဓုလ ၏ ကိုယ်ပိုင် ကွပ်ကဲမှု အောက်တွင်ရှိသော တပ်တစ်တပ်အပါအဝင် စုစုပေါင်း လူအရေအတွက် တစ်သောင်းနှင့် မြင်းအကောင်ရေ ငါးရာရှိသည့် တိုင်းပြည်၏ အကောင်းဆုံးဖြစ်သော တပ်ရင်း တစ်ဆယ့်နှစ်ခုဖြင့် အထောက်အပံ့ပေးထားသည်။ သူ၏ ဗိုလ်ချုပ်ကြီးများတွင် တိုင်းပြည်၏ ဘွဲ့တံဆိပ်ချီးမြှင့် ခံထား ရသော လူများဖြစ်သည့် စလေ မင်းကြီး နှင့် ဓညဝတီ၊ ဝန်းသိုနှင့် တောင်ငူမြို့စားများတို့ ပါဝင်သည်။ ဗန္ဓုလ ၏ အစီအစဉ်မှာ ဗြိတိသျှကို မျက်နှာစာ နှစ်ခုတွင် တိုက်ခိုက်ရန်ဖြစ်သည်။ အရှေ့တောင်ဘက်ပိုင်းရှိ အာရကန် မှ စစ်တကောင်း နှင့် မြောက်ပိုင်းတွင် ကချာ နှင့် ဂျိမ်းရှ မှဆိုင်ဟက် တို့ဖြစ်သည်။ဗန္ဓုလ သည် အာရကန် ကို ကိုယ်တိုင် ကွပ်ကဲ နေစဉ် ဥဇန သည် ကချာ နှင့် ဂျိမ်းရှ တို့ကို ကွပ်ကဲခဲ့သည်။ စစ်ပွဲအစောပိုင်းတွင် တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော ဗမာတပ်များသည် ဗြိတိသျှတပ်များကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မဏိပူရ နှင့် အာသံ ရှိ တောများတွင် ဆယ်စုနှစ်တစ်ခုနီးပါးမျှ တိုက်ခိုက်ခဲ့ကြသော ဗမာများသည် `ဥရောပတပ်များ ချီ တက်ခြင်းအတွက် ရှိန်လောက်သော အနှောင့်အယှက်´ ဟု ကိုယ်စားပြုသော မြေအနေအထားတို့နှင့် ပို၍ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်၍ ဖြစ်သည်။[8] ဇန်နဝါရီလတွင် ဥဇန သည် ဗြိတိသျှတပ်များကို ကချာ နှင့် ဂျိမ်းရှ တို့တွင် အောင်နိုင်ခဲ့ပြီး ဖြစ်သည်။ မေလတွင် မြဝတီမင်းကြီး ဦးဆောင်သော ဗမာတပ်များက ဗြိတိသျှ-အိန္ဒိယ စစ်တပ်များကို ဗြိတိသျှနယ်မြေအတွင်းရှိ ရာမူးစစ်ပွဲ တွင် အနိုင်ရလိုက်ခြင်းမှာ ကာလ ကတ္တား တွင် အကြီးအကျယ်တုန်လှုပ်ခြင်းကို ဖြစ်ပေါ်စေသည်။ သို့သော် ဗန္ဓုလ သည် ဝန်နှင့်အား မမျှအောင် ထမ်းရန်ဆန္ဒမရှိ၍ စစ်တကောင်း သို့ ချီတက်ခြင်းမပြုဘဲ မြဝတီ မှာပင် ရပ်ခဲ့သည်။ အကယ်၍ ဗန္ဓုလ သည် စစ်တ ကောင်း သို့ ချီတက်ခဲ့ပါက သူ သတိမထားမိသောအချက် အနည်းငယ်ရှိသည်၊ ၎င်းမှာ သူသည် ဤအခွင့်အရေးကိုယူနိုင်ခဲ့ပြီး ကာလကတ္တား သို့ လမ်းကြောင်းမှာ ပွင့်ခဲ့လိမ့်မည်။(မြန်မာတို့သည် လက်နက်ချင်းကွာဟချက်ကြောင့်၊ စစ်ပွဲတွင်မည်သည့်အကြောင်းကြောင့်နှင့်မျှ အောင်မြင်နိုင်ခဲ့မည်မဟုတ်ပါ။ သို့သော် အကယ်၍ သူတို့သည် ကာလကတ္တားကို ခြိမ်း ခြောက်နိုင်ခဲ့ပါက၊ နောက်ပိုင်းငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခြင်းများတွင် မြန်မာတို့အနေဖြင့် ပို၍ အလေးသာသော သတ်မှတ်ချက်များကို ရရှိနိုင်ခဲ့မည် ဖြစ်သည်။

ရန်ကုန် စစ်ပွဲ (မေ-ဒီဇင်ဘာ ၁၈၂၄)[ပြင်​ဆင်​ရန်​]

ကြည့်မြင်တိုင် စစ်ပွဲ

ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားတွင် တိုက်ခိုက်သည့်အစား ဗြိတိသျှတို့သည် မြန်မာ့ ပင်မ နယ်မြေပေါ်တွင် တိုက်ပွဲဆင်နွှဲခဲ့သည်။ ၁၈၂၄ ခုနှစ် မေလ ၁၁ ရက်တွင် လူအယောက် ၁၀၀၀၀ ကျော် ပါဝင် သော (ဗြိတိသျှ စစ်သား ၅၀၀၀ နှင့် အိန္ဒိယ စစ်သား ၅၀၀၀ ကျော်) ဗြိတိသျှ ရေတပ်တစ် တပ်သည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ပြီး မြန်မာတို့ကို အံအားသင့်စေခဲ့သည်။ မြန်မာတို့သည် ချေဖျက် ထားသောမြေမူကို ကျင့်သုံးပြီး မြို့တော်ကို အလွတ်ထားခဲ့ကာ ၎င်းအစားမြို့အပြင်ဘက် အရှေ့- အနောက် ၁၀ မိုင် အနီးအနား တပ်ချထားသောနေရာများကို အခိုင်အမာပြုလုပ်ရန် ရွေးချယ် ခဲ့သည်။ ဗိုလ်ချုပ်ကြီး အာခီဘော ကမ်းဘဲ(လ်) ဦးဆောင်သော ဗြိတိသျှတပ် များသည် အခိုင်အမာရှိပြီးဖြစ်သော ရွှေတိဂုံဘုရား ပရဝုဏ်အတွင်းတွင် တပ်စွဲခဲ့ကြသည်။ ဗြိတိသျှတို့သည် ဗမာ ရှေ့တန်းစစ်မြေပြင်ကို စတင်၍ထိုးစစ်များ ဆင်ခဲ့ပြီး ၁၈၂၄ ဇူလိုင် လတွင် ရွှေတိဂုံမှ ငါးမိုင်အကွာရှိ ကမာရွတ်ဆီသို့ ဗမာတို့ကို အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့ သည်။ ရွှေတိဂုံကို စက်တင်ဘာလတွင် ပြန်လည်သိမ်းယူရန် ဗမာတို့၏ ကြိုးစားမှုများသည် မအောင် မြင်ခဲ့ပါ။

ဘကြီးတော် မင်းသည် အနောက်ဘက်စစ်မျက်နှာစာမှ တပ်အကုန်လုုံးနီးပါးကို ပြန်လည် ဆုတ်ခွာရန် အမိန် ပေးခဲ့သည်။ ဗန္ဓုလ အား အာရကန် နှင့် ဘင်္ဂလား မှ လည်းကောင်း၊ ဥဇန အား အာသံ၊ ကချာ နှင့် ဂျိမ်းရှ မှ လည်းကောင်း ပြန်လည်ဆုတ်ခွာစေခဲ့ပြီး - ရန်သူကို ရန်ကုန်တွင် ရင်ဆိုင်စေခဲ့သည်။ မုတ်သုံ ရာသီ၏ အလယ်ဖြစ်သော ဩဂုတ်လတွင် ဗန္ဓုလနှင့် သူ၏စစ်တပ်သည် ရခိုင်ရိုးမကို ကျော်ဖြတ်ခဲ့သည်။ဘုရင်မင်းမြတ်သည် စစ်တပ်၏ အမြင့်ဆုံးရာထူးအဆင့် ဖြစ်နိုင်သည့် အဂ္ဂ မဟာ သေနာပတိ ဟူသော ဘွဲ့ကို ဗန္ဓုလနှင့် ဥဇန နှစ်ဦးစလုံးအား ချီးမြှင့်ခဲ့သည်။ ဗန္ဓုလအား စစ်တောင်းမြို့ စား အဖြစ်လည်း ခန့်အပ်ခဲ့သည်။

နိုဝင်ဘာလတွင် ဗန္ဓုလ သည် ရန်ကုန်အပြင်ဘက်တွင် အင်အား ၃၀၀၀၀ ရှိသော တပ်အစု အဝေးကို ကွပ်ကဲခဲ့သည်။ ဗန္ဓုလ သည် အင်အား ၁၀၀၀၀ ရှိသော လက်နက်အင်အား အ ပြည့်အစုံဖြင့် ဗြိတိသျှတပ်ကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ ဗမာတို့သည် အရေ အတွက်အားဖြင့် သာလွန်သော်လည်း ၃၀၀၀၀ ၏ ၁၅၀၀၀ သာ စစ်သုံး ပြောင်းချောသေနတ်များ ကိုင် ဆောင်ကြသည်။ ဗမာအမြောက်များသည် အမြောက်ဆံအလုံးများကိုသာ ပစ်ခတ်နိုင်သော်လည်း ဗြိတိသျှအမြောက်များမှာ ပေါက်ကွဲစေနိုင်သော အမြောက်ဆံများကို ပစ်ခတ်နိုင်သည်။သူ့အား မသိစေခဲ့သောအချက်မှာ ဗမာများအနေဖြင့် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသော ကွန်ဂရိ(ဖ်) ဒုံးကျည်လက်နက် ကဲ့သို့ အသစ်ဆန်းဆုံးသော လက်နက်များကို စစ်အတွင်းတွင်ပထမဦးဆုံးအဖြစ် ဗြိတိသျှတို့သည် မကြာ သေးမီကမှ ရရှိခဲ့ခြင်းပင်ဖြစ်သည်။

သူ၏ အလုပ်သက်တမ်းတွင် အကြီးဆုံးအမှားဖြစ်လာမည့် ဗြိတိသျှတို့တပ်နေရာချထားခြင်းများကို ထိပ်တိုက် တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းအား ၃၀ နိုဝင်ဘာလတွင် ဗန္ဓုလ သည် ပြုလုပ် ခဲ့သည်။ အလွန် သာလွန်သောလက်နက်များဖြင့် ဗြိတိသျှတို့သည် ရွှေတိဂုံ ခံတပ်တွင် မြန်မာတို့၏ ရဲရင့်သောတိုက်ခိုက်မှုများစွာကို ခံနိုင်ခဲ့ကြပြီး ဗမာစစ်သား ထောင်ပေါင်းများ စွာကို သေဆုံးစေခဲ့သည်။ ဒီဇင်ဘာလ ရ ရက်တွင် ဒုံးကျည်လက်နက်များဖြင့် အထောက်အပံ့ပေးထား သော ဗြိတိသျှတပ်များသည် စတင်၍ အသာစီးရခဲ့ကြသည်။ ဒီဇင်ဘာ ၁၅ ရက်တွင် ဗမာများသည် ၎င်းတို့ နောက်ဆုံးကျန်ရှိသည့် အခိုင်အမာတပ်စွဲထားသော ကုက္ကိုင်း မှ မောင်းထုတ်ခြင်းခံ ခဲ့ရ သည်။ နောက်ဆုံးတွင် ဗမာစစ်သား ၃၀၀၀၀ အနက် ရ၀၀၀ သာ ပြန်လာခဲ့သည်။

ဓနုဖြူ တိုက်ပွဲ (မတ်-ဧပြီ ၁၈၂၅)[ပြင်​ဆင်​ရန်​]

ဗန္ဓုလ သည် ဧရာဝတီမြစ်ဝကျွန်း ပေါ်ရှိ ရန်ကုန်မှ သိပ်မဝေးသောမြို့ ငယ်တစ်ခုဖြစ်သည့် ဓနုဖြူ ရှိ သူ၏နောက်တန်း စစ်အခြေစခန်းသို့ ပြန်ဆုတ်ခဲ့သည်။ ရန်ကုန် စစ်ပွဲတွင် အတွေ့အကြုရှိသောလူများကို ဆုံးရှုံးခဲ့ရသော မြန်မာစစ်တပ်သည် ယခုအခါ အရည်အသွေးမျိုးစုံရှိသည့် အယောက် ၁၀၀၀၀ ခန့် အရေအတွက်ရှိပြီး ဘုရင်မင်းမြတ်၏ အတော်ဆုံး စစ်သားအချို့ပါဝင်သော်လည်း အများစုမှာ လေ့ကျင့်သင်ကြားထားခြင်းမရှိသေးသောသူများနှင့် လက်နက်တပ် ဆင်ထားခြင်းမရှိသော ဥပဒေအရ စစ်မှုထမ်းရသူများဖြစ်သည်။ သစ်လုံးခံတပ်သည် မြစ်ကမ်းနဖူး တစ်လျှောက်တွင် တစ်မိုင်ခန့်ရှည်လျားပြီး ၁၅ ပေ အမြင့်အောက်မလျော့သော ကျွန်းသစ်လုံး ရက်မ များဖြင့် ပြုလုပ်ထားသည်။

၁၈၂၅ ခုနှစ် မတ်လတွင် အမြောက်တင်သင်္ဘောများပါဝင်သော ရေယာဉ်စုဖြင့် အထောက်အပံ့ပေးထား သည့် အင်အားလေးထောင်ရှိ ဗြိတိသျှအင်အားကြီး တပ်တစ်တပ်သည် ဓနုဖြူ ကို တိုက် ခိုက်ခဲ့သည်။ ဗြိတိသျှတို့၏ ပထမအကြိမ်တိုက်ခိုက်မှုသည် အရေးနိမ့်ခဲ့ပြီး ဗန္ဓုလ သည် တန်ပြန်တိုက်ခိုက်မှုကို ခြေလျင်တပ်သားများ၊ မြင်းတပ်နှင့် တိုက်ဆင် ၁၇ ကောင်တို့ဖြင့် ကြိုးစားခဲ့ သည်။ သို့သော် ဆင်များသည် ဒုံးကျည်လက်နက်ပစ်ခတ်မှုများကြောင့် ရှေ့မတိုးနိုင်ဖြစ်ပြီး မြင်းတပ် သည်လည်း အားဖြည့်ထားသော ဗြိတိသျှ ဒုံးကျည်လက်နက် ပစ်ခတ်မှုများကို ဆန့်ကျင်၍ ရှေ့တိုးရန် မဖြစ်နိုင်ကြောင်းကို တွေ့ရှိခဲ့သည်။

ဧပြီလ ၁ ရက်တွင် ဗြိတိသျှတို့သည် ကြီးမားသော ထိုးစစ်တစ်ခုကိုစတင်ခဲ့ပြီး ၎င်းတို့၏ လက်နက်ကြီး များဖြင့် မြို့ကို စိစိညက်ညက်ကျေစေခဲ့ကာ မြန်မာရှေ့တန်းစစ်မျက်နှာပြင်၏ နေရာတိုင်းကို ၎င်းတို့ ၏ ဒုံးကျည်လက်နက်မိုးရွာချခဲ့သည်။ ဗန္ဓုလ သည် မော်တာအမြောက် ဆန်ထိမှန်၍ ကျ ဆုံးခဲ့သည်။ ဗန္ဓုလသည် သူ၏အဆောင်အယောင်အပြည့်အစုံဖြစ်သော ရွှေရောင်တဝင်းဝင်း လက်နေသည့်ထီးအောက်တွင် နေ၍ ခံတပ်ပတ်လည်ကို လျှောက်သွားပြီး သူ၏ လူများ၏ စိတ်ဓာတ် မြှင့်တင်ပေးခြင်းသည် သူ၏ဗိုလ်ချုပ်ကြီးများ၏ သတိပေးချက်ဖြစ်သော သူသည် ရန်သူ့ သေ နတ်အတွက် လွယ်လင့်တကူပစ်မှတ်ဖြစ်လိမ့်မည်ဆိုသောအချက်ကို စွန့်ပယ်ခဲ့ခြင်း ဖြစ်သည်။ ဗန္ဓုလ သေဆုံးပြီးနောက်တွင် ဗမာတို့သည် ဓနုဖြူ မှထွက်ခွာ ခဲ့သည်။

ဓနုဖြူမြို့ရှိ သတိုးမဟာဗန္ဓုလအုတ်ဂူမှ ကျောက်စာတိုင်

ရန္တပို စာချုပ်[ပြင်​ဆင်​ရန်​]

စစ်ပွဲသည် နောက်ထပ် ၁၀ လကြာအောင်ဆက်လက်ဖြစ်ပွားခဲ့ပြီး ဗြိတိသျှတပ်များသည် ဖြည်းဖြည်း ချင်းရှေ ့သို့ချီတက်လာကာ နောက်ဆုံးတွင် အင်းဝမှ လေးရက်ခရီး ချီတက်ရသည့် ရန္တပို ရွာသို့ ရောက်ရှိခဲ့သည်။ ၁၈၂၆ ဖေဖော်ဝါရီလတွင် မြန်မာတို့သည် ရှုံးနိမ့်ခြင်းကို လက်ခံခဲ့သည်။ ရန္တပို စာချုပ် အရ အင်းဝ ရွှေနန်းတော်မှ ဖော်ပြပါတို့ကို သဘောတူခဲ့ရသည်။ (၁) ဗြိတိသျှ အား အာရကန် (ရခိုင်)၊ တန်နစ်စီရင် (တနင်္သာရီ)၊ မဏိပူရ နှင့် အာသံ တို့ကို ပေးအပ်လိုက်ရသည်၊ (၂) ကချာနှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှ ပိုင်နက်နယ်မြေများအဖြစ် အသိအမှတ်ပြုရသည်၊ (၃) လျော်ကြေးငွေ ပေါင်စတာလင် တစ်သန်းကို လေးရစ်ခွဲပြီး ပေးရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ဗြိတိသျှ အိန္ဒိယ သမိုင်းတွင် အရှည်ကြာဆုံးနှင့် တန်ဖိုးအကြီးဆုံးစစ်ပွဲဖြစ်သည်။ ဥရောပနှင့် အိန္ဒိယစစ်သား တစ်သောင်းငါးထောင်နှင့်အတူ ပို၍မြင့် မားသော (အတိအကျအားဖြင့် အလွန်မြင့်မားလုနီးပါး) အရေအတွက်ရှိသည့် မြန်မာစစ်သားများ သေဆုံးခဲ့သည်။ ထိုတိုက်ပွဲစဉ်သည် ဗြိတိသျှတို့အား မည်သည့်နေရာတွင်မဆို စတာလင်ပေါင် ငါး သန်းမှ (အကြမ်းအားဖြင့် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ) စတာလင်ပေါင် ၁၃ သန်း အထိ ကုန်ကျစေခဲ့ပြီး ၁၈၃၃ ခုနှစ်တွင် ဗြိတိသျှ အိန္ဒိယတွင် ဆိုးရွားသော စီးပွားရေးကပ်ဆိုက်မှု တစ်ခုကို ဖြစ်စေခဲ့သည်။

သို့သော် မြန်မာတို့အတွက်မူ ဤအရာသည် သူတို့၏လွတ်လပ်ရေး အဆုံးသတ်ခြင်း၏ တကယ့်အစ ဦးဖြစ်သည်။ ဗြိတိသျှ အိန္ဒိယအတွက် ကြောက်စရာကောင်းခြင်းကို တိုတောင်းသောအချိန်ကာလ တစ်ခု ဖြစ်စေခဲ့သော တတိယ ဗမာ အင်ပါယာသည် ထိထိရောက်ရောက် မပြီးစီးခဲ့ဘဲ အကြီးအ ကျယ် ထိခိုက်ပျက်စီးခဲ့ကာ ဗြိတိသျှ အိန္ဒိယ၏ အရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်ရှိနေနိုင်တော့မည် မဟုတ်ပါ။ဗမာတို့ကို ထိုအချိန်ကပင် ဥရောပ၌ ကြီးမားသော ငွေ ပမာဏ ဖြစ်သည့် ကြီးမားသော လျော်ကြေးငွေ ပေါင်တစ်သန်း (ထို့နောက်တွင် အမေရိကန် ဒေါ်လာ ၅ သန်း) ကို ပြန်လည်ပေးဆပ်စေခြင်းဖြင့် နှစ်ပေါင်းများစွာ နှိမ်နှင်းထားခဲ့သည်။ ဗြိတိသျှတို့သည် အလွန်အင်အားချိနဲ့နေပြီဖြစ်သော ဗမာတို့အပေါ်တွင် နောက်ထပ်စစ်ပွဲနှစ်ကြိမ်ပြုလုပ်ပြီး တစ်နိုင်ငံ လုံးအား ၁၈၈၅ အရောက်တွင် ဝါးမြိုသိမ်းပိုက်ခဲ့သည်။

အမွေအနှစ်[ပြင်​ဆင်​ရန်​]

မဟာ ဗန္ဓုလ သည် ဗြိတိသျှကို ယှဉ်ပြိုင်ရဲသည့် သူ၏သတ္တိကြောင့် မြန်မာ့သမိုင်း တွင် အကြီးအကျယ်စိုးမိုးနေရာယူသည်။ ဗန္ဓုလ ၏ ကြီးကျယ်သော ခေါင်းဆောင်မှုကြောင့် အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးခု အနက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ တွင်သာ ဗမာတို့သည် တိုက်ပွဲဝင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာတို့သည် ဗန္ဓုလ ၏ နောက်ဆုံးစကားများမှာ- ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွနု်ပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွနု်ပ်တို့ အကောင်းဆုံးတိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ ပင်ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့သည့်အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်း ကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ်မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကိုဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း သူတို့အား သဘော ပေါက်ပါ စေ။ ဤအရာသည် အမြဲတည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှုစိတ်ဓာတ်ကို သက်သေပြ လိမ့်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် မဏိပူရ နှင့် အာသံ တွင် ဖြစ်နိုင်ဖွယ်မရှိသော အောင်နိုင်မှုများကို ဦးတည်စေခဲ့သည့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် တကယ့်သတ္တိနှင့် ရဲရင့်သောစစ်နည်းဗျူဟာများကို အသုံးပြုခြင်းသည် ဆယ်စုနှစ်တစ်ခုမျှအစောပိုင်းကသာ နပိုလီယန် ၏ စစ်တပ်ကို အနိုင်ရ ခဲ့သော အလွန်ကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားပြီး ကမ္ဘာကိုသိမ်းပိုက် စိုးမိုးထားသည့် ဗြိတိသျှ တို့ကို ဆန့်ကျင်သည့် သူ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းကို သက်သေပြခဲ့သည်။ သူသည် ထင် ပေါ်ကျော်စောသော်လည်း အလွန်သာလွန်သော ဗြိတိသျှလက်နက်များကို ရင်ဆိုင်ရာတွင် နည်းဗျူ ဟာများကို ပြောင်းလဲရန် ပျက်ကွက်ခဲ့သည်။ ပြောက်ကျားနည်းဗျူဟာ သို့မဟုတ် နည်းဗျူဟာ အသစ် များကို အသုံးပြုခြင်းအား စဉ်းစားရန် သူပျက်ကွက်ခဲ့သည်။အကယ်၍ သူသည် ပြောက်ကျားစနစ် နည်းဗျူဟာကို လက်ခံကျင့်သုံးခဲ့ပါက စစ်ပွဲ၏ နောက်ဆုံးရလဒ်သည် ပြောင်းလဲမှုရှိချင်မှရှိမည်ဖြစ် သော်လည်း သတ်မှတ်ချက်များမှာ အနည်းငယ်လျော့ပေါ့သက်ညှာကောင်းသက်ညှာနိုင်မည်။

လူကြိုက်များခြင်းနှင့် ထင်ပေါ်ကျော်စောခြင်း[ပြင်​ဆင်​ရန်​]

မြန်မာတို့၏ စိတ်အာရုံထဲတွင် ဗန္ဓုလ သည် အလွန်လူကြိုက်များလျက်ရှိနေဆဲဖြစ်ပြီး ထင် ရှားသော မြန်မာဘုရင်များနှင့် ယှဉ်တွဲနေရာယူလေ့ရှိသည့် တစ်ဦးတည်းသော ဗိုလ်ချုပ်ကြီး လည်းဖြစ် သည်။ ၄င်းကို လူကြိုက်များရခြင်းမှာ စစ်ဘက်ရေးရာအုပ်ချုပ်သူအဖြစ် သူ၏ကျွမ်းကျင်မှုများ ကြောင့်သာ မဖြစ်နိုင်ပါ။ အဆုံးတွင် ဗန္ဓုလ ၏ အောင်မြင်မှုများသည် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့် ကျက်သော ဒုတိယအကြီးအကဲများဖြစ်သည့် မဏိပူရ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး နေမျိုးသူရ မင်းလှ နော်ရထာနှင့် အာသံ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး မဟာ သီလဝ တို့နှင့်အတူ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် တိုင်းပြည်တွင် လူသိ များပြီး ပို၍အောင်မြင်သော ဗိုလ်ချုပ်ကြီးများဖြစ်သည့် မန်ချူး(Manchu ) ကျင်း မင်း ဆက် ၏ ၁၇၆၇ ခုနှစ် နှင့် ၁၇၆၉ ခုနှစ်များတွင် ကျူးကျော်ဝင်ရောက်မှုများကို အနိုင်ရခဲ့သော ဗိုလ်ချုပ်ကြီးမဟာသီဟသူရ ၊ ၁၇၆၇ တွင် အယုဒ္ဓယ မင်းနေ ပြည်တော် ကို အစိတ်စိတ်အမြွာမြွာပြိုကွဲစေခဲ့သည့် ဗိုလ်ချုပ်ကြီး မဟာနော်ရထာ နှင့် ဗိုလ်ချုပ်ကြီး သီဟပတေ့ သို့မဟုတ် ၁၆ ရာစုတွင် အရှေ့တောင် အာရှ၏ အနောက်ပိုင်း ပင်မနယ်မြေအတော်များများကိုသိမ်းပိုက်ခဲ့သည့်စစ်သည် ဘုရင် ဘုရင့်နောင် မင်းတရားကြီးတို့ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ထိုအချိန်က ကမ္ဘာ့အင်အားကြီးဖြစ်သော ဗြိတိသျှတို့ကို ဆန့်ကျင်၍ မည်သည့်အခါကမျှ မတိုက်ခိုက်ခဲ့ပေ။

အတိအကျဆိုရလျှင် ဗန္ဓုလ အား ဆက်လက်၍ လူကြိုက်များ နေခြင်းမှာ အလွန့် အလွန် သာလွန်သည့် ရန်သူကို ဆန့်ကျင်တိုက်ခိုက်ရဲသော သူ၏ ရဲစွမ်းသတ္တိကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤအရာသည် မြန်မာများအနေဖြင့် ဗန္ဓုလအား တတိယ မြန်မာ အင်ပါယာ၏ နောက်ဆုံးထည်ဝါတောက်ပခဲ့သောရက်များအတွက် ကိုယ်စားလှယ်အဖြစ်မြင်ကြခြင်းကြောင့် လည်း ဖြစ်နိုင် သည်။ ဗန္ဓုလ ကျဆုံးပြီးနောက်တွင် ရှက်ဖွယ်ကောင်းသည့် ဆုတ်ဆိုင်းမှုဖြစ်စဉ်များ တစ်ခုပြီး တစ်ခု အစဉ်လိုက်ဖြစ်ပွားကာ နောက်ဆုံးတွင် ၁၈၈၅ ခုနှစ်၌ အချုပ်အခြာအာဏာကို ဆုံးရှုံး ခဲ့ရသည့်အဖြစ်သို့ ဦးတည်စေခဲ့ကြောင်း ဗမာတို့အမှတ်ရနေသည်။ အမှန်တွင်မူ ထိုရှက်ဖွယ် ကောင်းသော ဆုတ်ဆိုင်းမှုများသည် ယနေ့ထိတိုင်အောင်ဆက်လက် ဖြစ်ပွားနေဆဲဟု တစ်ချို့က ဆို ကြလိမ့်မည်။ မည်သို့သော အကြောင်းပြချက်အတွက်မဆို ဗန္ဓုလ သည် မြန်မာ့ရာဇဝင်တွင် အထင်ရှားဆုံးသော ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

အထိမ်းအမှတ်များ[ပြင်​ဆင်​ရန်​]

ရန်ကုန် မြို့လယ်ရှိ မဟာ ဗန္ဓုလ တံတား

ဗန္ဓုလ အသင်း သည် မြန်မာမူလတန်းနှင့် အလယ်တန်း ကျောင်းတိုင်းရှိ ကျောင်းသားများ အားလုံးဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားအသင်းလေးသင်းအနက်မှ တစ်သင်းဖြစ်သည်။ အခြား အသင်းသုံးသင်းမှာ မြန်မာ့ရာဇဝင်တွင် အကြီးကျယ်ဆုံးသော ဘုရင်များကို အစွဲပြု၍ အမည်ပေး ထားခြင်းဖြစ်သည်- ကျန်စစ်သား အသင်း ၊ ဘုရင့်နောင် အသင်း နှင့် အလောင်းဘုရား အသင်းတို့ ဖြစ်ကြသည်။ မြန်မာပြည်ရှိ အထင်ရှားဆုံးသော နေရာအချို့မှာ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။

မဟာ ဗန္ဓုလ လမ်း ရန်ကုန် မြို့လယ်တွင် အဓိကလမ်း ကြောင်းကြီး လေးခုအနက်မှတစ်ခု၊မဟာ ဗန္ဓုလ ပန်းခြံ ရန်ကုန် မြို့လယ်၏ ဗဟိုအချက်အချာ၊ မဟာ ဗန္ဓုလ ပန်းခြံလမ်း ရန်ကုန် မြို့လယ်တွင် လူသူ လှုပ်ရှားမှု ထူထပ်သောလမ်းနှင့်မဟာ ဗန္ဓုလ တံတား ရန်ကုန် အရှေ့ပိုင်းရှိ တံတားတစ်စင်းတို့ ဖြစ်ကြသည်။ သို့သော် အထက်ဖော်ပြပါ အမည်များမှာ ရန်ကုန်မြို့ အတွင်း၌သာ ဖြစ်သည်။ သို့သော် အခြား မြို့ရွာတိုင်း၌ ဤသို့သော ဂုဏ်ပြု အမည် နာမများ ရှိကြသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Maha_Bandula

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]