မလေးရှားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မလေးရှား
Malaysia
马来西亚
மலேசியா
Flag of Malaysia.svg Coat of arms of Malaysia.png
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "ညီညွတ်ရေးသည် အားဖြစ်သည်။"[၁]
နိုင်ငံတော်သီချင်း - နဂါရကူ[၁]
ပထဝီ
LocationMalaysia.png
မြို့တော် ကွာလာလမ်ပူမြို့
အကြီးဆုံးမြို့ ကွာလာလမ်ပူမြို့
ဧရိယာ
  • ဧရိယာ - ၃၂၉,၈၄၇ km² (၁၂၇,၃၅၅ sq mi) (အဆင့်: ၆၇)
  • ရေဖုံးလွှမ်းမှု - ၀.၃%
စံတော်ချိန်ဇုန် UTC +၈
လူနေမှု
ရုံးသုံးဘာသာများ ပသျှူး
လူဦးရေ
လူမျိုးများ ပသျှူး (၅၀.၄%)တရုတ် (၂၃.၇%)တိုင်းရင်းသား (၁၁%)ကုလား (၇.၁%)၊ အခြားလူမျိုးများ (၇.၈%)
ကိုးကွယ်ယုံကြည်မှု အစ္စလာမ် (၆၀.၄%)ဗုဒ္ဓ (၁၉.၂%)ခရစ်ယာန် (၉.၁%)ဟိန္ဒူ (၆.၃%)တရုတ် (၂.၆%)၊ အခြားဘာသာများ (၁.၅%)၊ ဘာသာမဝင်သူများ (၀.၈%)
နိုင်ငံရေး
အမျိုးအစား Federal constitutional monarchy and Parliamentary democracy
အစိုးရခေါင်းဆောင်များ
  • ယန်းဒီ-ပဲတွမ်း အာဂုံး (ဘုရင်) - မီဇန်ဇိုင်နလ်အဗီဒင်
  • ဝန်ကြီးချုပ် - နာဂျစ် ရာဇက်
ထူထောင်မှု
စီးပွားရေး
GDP(PPP) USD $၃၅၇.၉ သိန်းကုဋေ (အဆင့် - ၂၉)
GDP(PPP) USD $၁၄,၄၀၀ (အဆင့် - ၅၇)
HDI ၀.၈၁၁ (အမြင့်) (အဆင့် - ၆၃)
ငွေ မလေးရှားရင်းဂစ် (MYR "RM")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 MY
CCLTD .my
Calling code +၆၀

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း (၁၂၇၃၅၅) ၊ (၃၂၉၈၄၇ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။ လူဦးရေ (၂၅) သန်းကျော် နေထိုင်ပြီး မြို့တော်မှာ ကွာလာလမ်ပူမြို့ ဖြစ်သည်။ ကုလသမဂ္ဂ နှင့် အာဆီယံတို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ လူဦးရေ (၂၇) သန်းကျော် နေထိုင်လျက်ရှိပြီး မလေးရှားကျွန်းဆွယ်နှင့် ဘော်နီယိုကျွန်းဟူ၍ နိုင်ငံကို တောင်တရုတ်ပင်လယ်က နှစ်ပိုင်းပိုင်းခြားထားသည်။

မာတိကာ

အမည်ရင်းမြစ် [ပြင်​ဆင်​ရန်​]

သမိုင်း [ပြင်​ဆင်​ရန်​]

မ‌လေးရှားသည် ယခင်က မ‌လေးနိုင်ငံဖြစ်ပြီး ၁၈ရာစုတွင် ဗြိတိသျှအင်ပါယာအတွင်း ကျ‌ရောက်ခဲ့သည်။ ၁၉၄၈ တွင် မ‌လေးရှားဖက်ဒ‌ရေးရှင်းအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ၁၉၅ရ ဩဂုတ် ၃၁ တွင် လွတ်လပ်‌ရေး ရခဲ့သည်။ မ‌လေးရှားသည် ဆာဘား၊ ဆာရာဝပ်၊ စင်ကာပူတို့နှင့် ၁၉၆၃ စက်တင်ဘာ ၁၆တွင် ‌ပေါင်းစည်းခဲ့သည်။ ၁၉၆၅ တွင် စင်ကာပူကို ဖက်ဒ‌ရေးရှင်းမှ ဖယ်ရှားခဲ့သည်။

နိုင်ငံရေးနှင့် အစိုးရ [ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ [ပြင်​ဆင်​ရန်​]

ပြည်နယ်များ [ပြင်​ဆင်​ရန်​]

ပထဝီနှင့် ရာသီဥတု [ပြင်​ဆင်​ရန်​]

မလေးရှားနိုင်ငံသည် ပြည်နယ် (၁၃) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ (၃) ခု ဖြင့် ဖွဲ့စည်းထားသည်။ ထိုင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံစင်ကာပူနိုင်ငံဘရူနိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့ဖြင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။

နိုင်ငံ၏ ဧရိယာ အတော်များများကို ထူထပ်သော သစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။ အမြင့်ဆုံးနေရာမှာ Kinabalu တောင် ဖြစ်ပြီး ၄,၀၉၅.၂ မီတာ (၁၃,၄၃၅.၇ ပေ) မြင့်ပြီး ဘော်နီယိုကျွန်းပေါ်တွင် တည်ရှိသည်။ အီကွေတာနှင့် နီးသဖြင့် အီကွေတာ ရာသီဥတု ရရှိသည်။ မလက္ကာရေလက်ကြားသည် ဆူမတြားနှင့် မလေးရှားကျွန်းဆွယ် အကြားတွင် တည်ရှိပြီး ကမ္ဘာ့ရေကြောင်းသွားလာရေးတွင် အရေးပါဆုံး ရေလက်ကြားတစ်ခု ဖြစ်သည်။

စီးပွါးရေး [ပြင်​ဆင်​ရန်​]

လူဦးရေနှင့် နေထိုင်မှု [ပြင်​ဆင်​ရန်​]

၂၀၁၀ ပြည့်နှစ်စစ်တမ်းများအရ မလေးရှားနိုင်ငံ၏ လူဦးရေသည် ၂၈ ၃၃၄ ၁၃၅ ယောက်ဖြစ်သည်။ မလေးရှားနိုင်ငံသည် တိုင်းရင်းသားလူမျိူးများစွာဖြင့် ဖွဲ့စည်းထားသည်။ မလေးလူမျိူး ၅၀.၄%၊ အခြားဘူမိပူတြ ၁၁%၊ တရုတ် ၂၃.၇% နှင့် အိန္ဒိယ ၇.၁% ပါဝင်သည်။ ဘူမိပူတြ ဆိုသည်မှာ ကမ္ဘာ​​မြေ၏သားများဟု အဓိပ္ပာယ်ရသည်။ မလေးရှားအခြေခံဉပဒေအရ မလေးမွတ်စလင်လူမျိူးများကို ဘူမိပူတြများအဖြစ် သတ်မှတ်သည်။ မလေးမွတ်စလင်မဟုတ်သည့် အခြားဘူမိပူတြများအဖြစ် သတ်မှတ်ခံရသောလူမျိူးများမှာ ယိုးဒယား၊ ခမာ၊ ချမ် နှင့် ဆာဘားနှင့် ဆာရာဝက် ပြည်နယ်များမှ ဒေသခံမူလ လူမျိူးများပါဝင်သသည်။ တရုတ်နှင့် အိန္ဒိယလူမျိူးများမှာ ဘူမိပူတြများအဖြစ်သတ်မှတ်ခံရခြင်း မရှိပေ။ တရုတ်လူမျိူးများမှာ အစဉ်အလာအရ စီးပွားရေးလုပ်ငန်းများတွင် လွှမ်းမိုးထားသည်။ ပီနန်မြို့၏ လူဦးရေအများစုသည် တရုတ်လူမျိူးများဖြစ်သည်။ အိန္ဒိယလူမျိူးများသည် ၁၉ ရာစု အစောပိုင်းကတည်းက မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်နေပြီဖြစ်ပြီး အများစုသည် တမီးလ် အနွယ်ဝင်များဖြစ်သည်။

အယူဘာသာများ [ပြင်​ဆင်​ရန်​]

မလေးရှားနိုင်ငံသည် အခြေခံဉပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ရှိသည်။ သို့သော် အစ္စလမ်ဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်စစ်တမ်းများအရ အစ္စလမ်ဘာသာကိုးကွယ်သူ ၆၁.၃%၊ ဗုဒ္ဓဘာသာ ၁၉.၈%၊ ခရစ်ယာန်ဘာသာ ၉.၂%၊ ဟိန္ဒူဘာသာ ၆.၃%၊ ကွန်ဖြူးရှပ်တာအိုနှင့် အခြားတရုတ်ရိုးရာဘာသာကိုးကွယ်သူ ၁.၃% ရှိသည်။ ၀.၇% မှာ ဘာသာမဲ့များဖြစ်ပြီး ၁.၄% မှာ မည်သည့်ဘာသာ ကိုးကွယ်သည်ကို ဖြေကြားခြင်းမရှိပေ။

မလေးလူမျိူးတိုင်းကို အခြေခံဉပဒေ အရ မွတ်စလင်များဟုယူဆသည်။ ၂၀၁၀ ပြည့်နှစ်စစ်တမ်းများအရ ၈၃.၆% သော တရုတ်လူမျိူးများ သည် ဗုဒ္ဓဘာသာများဖြစ်ကြပြီး တာအိုဘာသာ ၃.၄%၊ ခရစ်ယာန်ဘာသာ ၁၁.၁% နှင့် ပန်းသေး အနည်းငယ်ရှိသည်။ အိန္ဒိယလူမျိူးအများစုသည် ဟိန္ဒူဘာသာ (၈၆.၂%) ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာ ၆.၀%၊ အစ္စလမ်ဘာသာ ၄.၁% ကိုးကွယ်ကြသည်။ ခရစ်ယာန်ဘာသာသည် မလေးမဟုတ်​သော အခြားဘူမိပူတြများ၏ အဓိက ကိုးကွယ်ရာဘာသာ ဖြစ်ပြီး ကိုးကွယ်သူ ၄၆.၅% ရှိ၍ ၄၀.၄% မှာ မွတ်စလင်များဟု ဖော်ပြကြသည်။

ယဉ်ကျေးမှု [ပြင်​ဆင်​ရန်​]

အားကစား [ပြင်​ဆင်​ရန်​]

ဆက်စပ်ကြည့်ရှုရန် [ပြင်​ဆင်​ရန်​]

ပြည်ပဆက်သွယ်ရေး [ပြင်​ဆင်​ရန်​]

ရည်ညွှန်းချက်များ [ပြင်​ဆင်​ရန်​]