မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများ

ဝီကီပီးဒီးယား မှ

မြန်မာ့ဒဏ္ဍာရီပုံပြင်များတွင် သာမန်မဟုတ်ထူးခြားသည့် သတ္တဝါများကို တွေ့ရှိရသည်။ အချို့သတ္တဝါများမှာ လူ့အသွင်တစ်ပိုင်းတစ ရှိတတ်ကြသည်။ အချို့မှာမူ လူ့အသွင်ကိုဖန်ဆင်းနိုင်ကြသည်။[၁] ရွှေသွေးဂျာနယ်မှ ရေးဆွဲထားသော ဗုဒ္ဓဇာတ်တော်များတွင် ထိုကဲ့သို့သောသတ္တဝါများကို တွေ့ရှိရသည်။ လူသိအများဆုံးသတ္တဝါမှာ ဘီလူးဖြစ်သည်။

ဘီလူးဖိုနှင့်ဘီလူးမပန်းချီ
သမန်းကျားပန်းချီ

သတ္တဝါများ[ပြင်ဆင်ရန်]

အောက်ပါတို့မှ မြန်မာ့ဒဏ္ဍာရီပုံပြင်များမှ တွေ့ရှိရသော သတ္တဝါများဖြစ်ကြသည်။

အခြားဘုံမှသတ္တဝါများ[ပြင်ဆင်ရန်]

  • အသူရကာယ် – အပါယ်လေးပါးအနက် တစ်ပါးဖြစ်သော ပြိတ္တာတစ်မျိုး။ (အသူရာ(တာဝတိံသာနတ်တို့၏ပြိုင်ဘက်နှင့်မတူ) အသူရကာယ်သည် (နတ်ပြိတ္တာ) တို့၏ အပေါင်းအစုဟု အနက်ရသည်။)[၂][၃]
  • ဘီလူး – ဇာတ်၊ ဒဏ္ဍာရီများတွင် ဖော်ပြလေ့ရှိသော၊ အစွယ်အမွှေးပါသော၊ လူနှင့်ဆင်တူသော၊ ကြီးမားကြမ်းကြုတ်သောသတ္တဝါ
    • ပန်းကိုက်ဘီလူး – ကြီးမားဖြောင့်တန်းသောအစွယ်ရှိ၍ လူတို့ကိုစားလေ့ရှိသော ဘီလူမျိုး
    • ပန်းဆွဲဘီလူး – ကြီးမားကောက်ကွေ့သော အစွယ်ရှိ၍ ပန်းသို့မဟုတ်သစ်သီးတို့ကို စားလေ့ရှိသောဘီလူမျိုး
  • နတ်စိမ်း – အသေဆိုးနှင့် သေပြီးနောက်ဖြစ်‌သော နတ်တစ်မျိုး
  • ဥစ္စာစောင့် – ဥစ္စာပစ္စည်းစွဲလမ်းစိတ်ဖြင့် သေလွန်ပြီးနောက် ထိုဥစ္စာပစ္စည်းကို စောင့်နေရသော နာနာဘာဝမျိုး
  • သိုက်နန်းရှင် – ရာတနာသိုက်ကို စောင့်ရသော ဥစ္စာစောင့်မျိုး
  • ပြိတ္တာ – သရဲ၊ တစ္တေ၊ မှင်စာစသော နာနာဘာဝမျိုး (အပါယ်လေးဘုံသတ္တဝါအနက် တစ်မျိုးဖြစ်သည်)
  • စုန်း – ပြုစားတတ်သည်ဆိုသော လောကီအတတ်ပညာသည်
  • သရဲ – မကောင်းဆိုးဝါးကောင်တစ်မျိုး
  • ယမမင်း – ငရဲပြည်ကို အစိုးရသောသူ
  • ယက္ခ – သစ်ပင်၌ရှိသောနတ်တစ်မျိုး၊ နတ်ဘီလူးတစ်မျိုး
  • ဇော်ဂျီ – ဆေးဝါးမန္တရားအတတ်၊ မြေလျှိုးမိုးပျံအတတ် စသည်ကျွမ်းကျင်သူ

ငှက်များ[ပြင်ဆင်ရန်]

  • ဂဠုန် – ငှက်တို့၏မင်း၊ နဂါးတို့၏ရန်သူဖြစ်သော ငှက်ကြီး
  • ဟင်္သာ – ရေအိုင်တွင်နေထိုင်ကျက်စားတတ်သော ဝမ်းဘဲမျိုးဝင် ငှက်တစ်မျိုး (မွန်လူမျိုးတို့၏ အထွတ်အမြတ်ထားရာဖြစ်သော ငှက်လည်းဖြစ်သည်)
  • ကရဝိတ်ငှက် – သာသောအသံရှိသည့် ငှက်တစ်မျိုး

တွားသွားသတ္တဝါများ[ပြင်ဆင်ရန်]

  • မကန်း – ဆူးရှိသော ကိုယ်ခွံအထပ်ထပ်နှင့် လက်မကြီးနှစ်ခု၊ လက်ခြောက်ဖက်၊ အမြှီးပါရှိသည့် ပင်လယ်သတ္တဝါတစ်မျိုး
  • နဂါး – ကျမ်းဂန်လာမြွေကြီးတစ်မျိုး
  • ငမိုးရိပ် – မင်းနန္ဒာနှင့်ရှင်မွှေးလွန်း ဒဏ္ဍာရီလာ မိကျောင်း၏အမည်

နို့တိုက်သတ္တဝါများ[ပြင်ဆင်ရန်]

  • ကျွတ် – စိုစွတ်သောအရပ်တွင်နေ၍ တွယ်ကပ်သွေးစုတ်တတ်သေ ကျောရိုးမဲ့ ကောင်ငယ်တစ်မျိုး
  • စာမရီ – မွှေးရှည်နွားတစ်မျိုး
  • သမန်းကျား – လူမှကျားအဖြစ်ပြောင်းလဲသော မိစ္ဆာအတတ်တစ်မျိုး

ပင့်ကူများ[ပြင်ဆင်ရန်]

  • ပင်းတယပင့်ကူ – ပင်းတယမြို့၌ မင်းသမီး ၇ ဦးကို ဖမ်းခေါ်သွားခဲ့သော ပင့်ကူကြီး

ပေါင်းစပ်သတ္တဝါများ[ပြင်ဆင်ရန်]

  • ဗျာလ – ရခိုင်ဒဏ္ဍာရီ၏ နဝရူပသတ္တဝါပုစံ
  • ကိန္နရာ (ထီး)၊ ကိန္နရီ (မ) – မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသောသတ္တဝါ
  • မနုဿီဟ – လူမျက်နှာတစ်ခုနှင့် ခြင်္သေ့ကိုယ်နှစ်ခွပါရှိသော သတ္တဝါ
  • နဝရူပ – သတ္တဝါ ၉ မျိုး၏ ရုပ်အဆင်းရှိသော သတ္တဝါ
  • ပဉ္စရူပ – သတ္တဝါ ၅ မျိုး၏ ရုပ်အဆင်းရှိသော သတ္တဝါ

ကိုးကားချက်[ပြင်ဆင်ရန်]

  1. Mythical Creatures in Burmese Folklore, Jataka tales, History of Burma, Yama Zatdaw, Ramayana, Asura (Buddhism), Rakshasa, Garuda. (2011), 108 pag. ISBN 978-613-6-67801-6
  2. Pali-English Dictionary, A P Buddhadatta Mahathera and Vipassana Research Institute.
  3. မြန်မာ-မြန်မာ အဘိဓာန်၊ မြန်မာစာအဖွဲ့
  • Htin Aung, Maung Folk Elements in Burmese Buddhism. London, New York: Oxford University Press, 1962.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]