နေပြည်တော်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Nay Pyi Taw
နေပြည်တော်
Nay Pyi Taw နေပြည်တော် is located in မြန်မာ
Nay Pyi Taw
နေပြည်တော်
နေပြည်တော် တည်နေရာပြ မြေပုံ
Coordinates: 19°45′N 96°6′E / 19.75°N 96.1°E / 19.75; 96.1
နိုင်ငံ Flag of Myanmar.svg မြန်မာနိုင်ငံ
အုပ်ချုပ်ရေးမြို့တော် ပြည်တောင်စုနယ်မြေ
မြို့နယ်များ ၈ မြို့နယ်
အစိုးရ
 - မြို့တော်ဝန် သိန်းညွန့်
ဧရိယာ
 - စုစုပေါင်း ၇၀၅၄.၃၇ km² (၂၇၂၃.၇ sq mi)
လူဦးရေ (၂၀၀၉)
 - လူမျိုးများ ဗမာ
 - လူမျိုးများ Density ၁၃၁.၁/km² (၃၃၉.၆/sq mi)
 - ကိုးကွယ်ယုံကြည်မှု
ဗုဒ္ဓဘာသာ
အချိန်ဇုန် MST (UTC+၆:၃၀)
Area code(s) ၀၆၇

နေပြည်တော်သည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန် (Rangoon) ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကျေညာခဲ့သည်။ မြို့တော်၏နေရာတော်တော်များများသည် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ် ဝန်းကျင်တွင် အပြီးသတ်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။ အသက်မဲ့သည့်မြို့ အဖြစ် တွေးဆနိုင်ပြီး၊ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။

ဝေါဟာရရင်းမြစ်ဗေဒ[ပြင်​ဆင်​ရန်​]

နေပြည်တော်ကို ယေဘုယျအားဖြင့် ဘာသာပြန်ဆိုရလျှင် “တော်ဝင်မြို့တော်”၊ “ဘုရင်နန်းစိုက်ရာ” သို့မဟုတ် “ဘုရင်နန်းစံရာ” ဖြစ်သည်။ ဓလေ့ထုံးတမ်းအရ၊ မင်းနေပြည်များ၏ နောက်ဆက်စကားလုံးအဖြစ် သုံးစွဲသည်။ ဥပမာအားဖြင့် မန္တလေးကို ရတနာပုံနေပြည်တော် (Yadanabon Naypyidaw) ဟုခေါ်ဆိုခဲ့သည်။ အမည်နာမ၏ စာပေအဓိပ္ပါယ်မှာ မြန်မာလို “နေ၏နန်းမြို့” ဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

နေပြည်တော် ဟူ၍ဖြစ်လာပြီးနောက်ပိုင်း နေပြည်တော်၏ သမိုင်းသည် တိုးတောင်းလှသော်လည်း နေပြည်တော်မြို့တော်တည်ထားသော ယခု လက်ရှိမြေနေရာများသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ၏ စစ်ဌာနချုပ်တည်ရှိခဲ့သောနေရာများဖြစ်သောကြောင့် ၎င်းမြေနေရာများ၏ သမိုင်းမှာ အလွန်ရှည်လျားလှသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယိုးဒယားမှ ချီတက်လာပြီး ပျဉ်းမနား-လယ်ဝေးတွင် စစ်ဌာနချုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခု နေပြည်တော်မြို့တော်သည် ဗမာ့လွတ်လပ်ရေးအတွက် အစပြုခဲ့သော မြန်မာနိုင်ငံ၏ "အောင်မြေ" တွင် တည်ရှိနေခြင်းဖြစ်သည်။ နေပြည်တော်ကို ပျဉ်းမနားမြို့၏အနောက်ဘက် ၂ မိုင် (၃.၂ ကီလိုမီတာ ) အကွာတွင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်ခြေအားဖြင့် မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) အကွာတွင်တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ အေးရှားဝေါလ် နှင့် ထူးလီမိတက် အပါအဝင် အနည်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ၂၅ ခုကို စစ်အစိုးရမှ ငှားရမ်းခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင် စေခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးမှုမရှိသေးသော်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အစိုးရအဖွဲ့များ နေပြည်တော်သို့ အဖွဲ့များခွဲ၍ စတင်ပြောင်းရွှေ့ခဲ့သည်။

ငါးရက် ကြာပြီးနောက် နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ တွင် စစ်တပ်ကုန်တင်ယာဉ် ၁၁၀၀ ပါသည့် ဒုတိယယာဉ်တန်းသည် အစိုးရဝန်ကြီးဌာန ၁၁ ခု ကိုတင်ဆောင်ပြီး ရန်ကုန်မြို့မှထွက်ခွါခဲ့သည်။ ဝန်ကြီးဌာနများအားလုံးကို ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလကုန်တွင် နေရာချထားပြီးဖြစ်ရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း ကတိုက်ကရိုက် ပြောင်းရွှေ့ခြင်းသည် ကျောင်းများနှင့် အခြားနေရာများ မပြည့်စုံခြင်းကိုဖြစ်စေပြီး၊ အစိုးရဝန်ထမ်းများကို ၎င်းတို့၏မိသားစုများနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ခွဲခွာခြင်းကို ဖြစ်စေခဲ့သည်။ အစိုးရသည် အစပိုင်းတွင် အစိုးရအလုပ်သမားများ၏ မိသားစုများအား နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းကို တားဆီးခဲ့သည်။ စစ်တပ်ဌာနချုပ်များသည် အစိုးရ ဝန်ကြီးဌာနများမှ ခွဲခြားသည့်နေရာတွင် ထားရှိသည်။ အရပ်သားများကို စစ်တပ် နှင့် အစိုးရ နေရာများသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားသည်။ အစိုးရရုံးများ အနီးရှိ စီးပွားရေးဇုန်အတွင်းသို့ ဈေးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ အစိုးရအလုပ်များအတွက် အရာရှိများသည် အတိုကောက်အဖြစ် “နပတ” ဟုသုံးစွဲသည်။

၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်တွင်၊ စစ်သည် ၁၂,၀၀၀ ကျော်သည် မြို့တော်အသစ်တွင် ပထမဆုံး လူထုဆောင်ရွက်လှုပ်ရှားမှုအဖြစ် ချီတက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်သိမ်းပိုက်မှုကို တော်လှန်ခဲ့သော နှစ်ပတ်လည်နေ့ဖြစ်သည့် တပ်မတော်နေ့ကိုဂုဏ်ပြုရန် ကြီးမားသည့် စစ်ရေးပြ ချီတက်ခြင်း ဖြစ်သည်။ ကွန်ကရစ် စစ်ရေးပြကွင်း အတွင်းသို့ ရုပ်ရှင်၊ ဗွီဒီယို၊ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ထားပြီး၊ ကွင်းထဲတွင် ကြီးမားသည့် ရုပ်တုကြီးသုံးခု - မြန်မာမင်းများဖြစ်ကြသည့် အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းဘုရား တို့၏သရုပ်ဖေါ်ပုံများ ရှိသည်။ ထိုမင်းသုံးပါးကို မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောဘုရင်များအဖြစ် မှတ်ယူထားသည်။ မြို့၏အမည်ကို ထိုစစ်ရေးပြပွဲကျင်းပနေစဉ် အတွင်း တရားဝင်ခေါ်ဆိုခဲ့သည်။

နေပြည်တော်သို့ပြောင်းရွှေ့ခြင်း၏အခြေခံအကြောင်းအရင်း[ပြင်​ဆင်​ရန်​]

နေပြည်တော်သည် မြန်မာပြည်၏ အလယ်ဗဟိုနားတွင်တည်ရှိပြီး မြန်မာပြည် တပြည်လုံးကို အုပ်ချုပ်ရန်အတွက် နေရာကောင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ဗဟိုချက်မဖြစ်ပြီး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။ အစိုးရအဖွဲ့ အနီးအနားတွင်တည်ရှိနေခြင်းဖြင့် ကာလရှည်ကြာစွာ မငြိမ်သက်ခဲ့သည့်ဒေသများကို တည်ငြိမ်မှုရှိလာစေရန် ထောက်ကူပေးနိုင်သည်။ နေပြည်တော် မြို့တော်ပြောင်းရွှေ့ရခြင်းမှာ ရန်ကုန်မြို့သည် မြန်မာပြည်၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သဖြင့် လူဦးရေထူထပ်များပြားသောကြောင့်လည်းကောင်း၊ အစိုးရရုံးများနှင့် လူနေရပ်ကွက်များ ရောထွေးနေခြင်းကြောင့်လည်းကောင်း၊ မြို့အတွင်း စစ်တပ်ရှိနေခြင်းကြောင့်လည်းကောင်း၊ စသည်တို့အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ရန်ကုန်မြို့တွင် စနစ်တကျမရှိခြင်းတို့ကြောင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ အုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် ယခုလက်ရှိ နေပြည်တော် တည်ရှိနေသော နေရာသည် ဗမာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ စစ်ဌာနချုပ်တည်ရှိခဲ့ရာနေရာ (သို့မဟုတ်) မြန်မာပြည်၏ အောင်မြေ ဖြစ်သည်။

နောင်အနာဂတ်များတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲများ၊ အားကစားပြိုင်ပွဲများ စသည်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ရန် ရည်ရွယ်သည့်အတွက် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီသည့် အစိုးရဧည့်ဂေဟာများ၊ နိုင်ငံတကာ အဆင့်မီသည့် ဟိုတယ်များ စသည့် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်အတွက် အလွန်ရေးပါသည့် လွှတ်တော်အဆောက်အအုံများလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းလွှတ်တော် အဆောက်အအုံများအတွင်း လွှတ်တော်အစည်းအဝေးများ ကျင်းပပြုလုပ်နေပြီဖြစ်သည်။

ပထဝီအနေအထား[ပြင်​ဆင်​ရန်​]

နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့၏အကြားတွင် တည်ရှိသည်။ တရားဝင်စာရင်းများအရ မြို့တော်သည် ရ၀၅၄.၃၇ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ လူဦးရေ ၉၂၄,၆၀၈ ရှိသည်။ ချောင်းမကြီးဆည်သည် နေပြည်တော်၏မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာအဝေးတွင်ရှိပြီး၊ ငလိုက်ဆည်သည် မြို့၏တောင်ဘက် ကီလိုမီတာအနည်းငယ် အကွာတွင်ရှိသည်။ ရေဆင်းဆည်သည် မြို့၏ အရှေ့မြောက် ခပ်လှမ်းလှမ်းတွင်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉° ၁၈' နှင့် ၂၀° ၂၅' အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၅° ၄၅' နှင့် ၉၆° ၄၅' အကြားတွင် တည်ရှိသည်။ နေပြည်တော်သည် ရန်ကုန်နှင့် ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ၊ မန္တလေးမြို့နှင့် ၁၃၈ မိုင် ကွာဝေးသည်။

နေပြည်တော်ရှိလူနေအဆောက်အဦး
နေပြည်တော်ရှိလူနေအိမ်ရာများ

လူနေအိမ်ရာဇုန်များ[ပြင်​ဆင်​ရန်​]

လူနေအိမ်ရာအကွက်များသည် သေချာစွာဖွဲ့စည်းထားပြီး၊ အခန်းများကို ရာထူးအလိုက်နှင့် အိမ်ထောင်ရှိ/မရှိ အပေါ်မူတည်ပြီး ချထားပေးသည်။ မြို့တွင် လက်ရှိအခန်းတွဲ လေးထပ်တိုက် ၁၂၀၀ ရှိသည်။ ကြီးမားသည့် အခန်းတွဲတိုက်များစွာသည် ခေါင်မိုးအနီရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်များဖြင့် ရှိနေကြသည်။ အချို့သောလူနေအခန်းတွဲတိုက်များ၏ဆေးရောင်အမှတ်အသားကို ဝန်ကြီးဌာနအလိုက်ခွဲခြားထားသည်မှာ ဥပမာကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများသည် အပြာရောင်ခေါင်မိုးနှင့် တိုက်များတွင်နေကြပြီး၊ စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ထမ်းများမှာမူ အစိမ်းရောင်ခေါင်မိုးများ နှင့်နေကြသည်။ အဆင့်မြင့်အရာရှိကြီးများသည် လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြသည်။

တပ်မတော်ဇုန်များ[ပြင်​ဆင်​ရန်​]

အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အခြားသောအရေးပါသည့် စစ်အရာရှိကြီးများသည် သာမန်ဝန်ထမ်း များနေထိုင်ရာမှ ၁၁ ကီလိုမီတာကွာဝေးသည့် စုပေါင်းဝင်းကြီးအတွင်းတွင် နေထိုင်ကြပြီး၊ ထိုဝင်းကြီးတွင် ဗုံးခိုကျင်းများ၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများ ပါရှိသည်ဟုဆိုပြီး အများပြည်သူအတွက် ကန့်သတ်နယ်မြေဖြစ်သည်။ မြို့တွင် တပ်မတော်ဇုန်ဟုလည်း သီးသန့်ရှိပြီး၊ ခွင့်ပြုမိန့်မရှိပဲ နိုင်ငံသားများ သို့မဟုတ် အခြားသောလူပုဂ္ဂိုလ်များ ဝင်ရောက်ခွင့်မရှိပါ။

ဝန်ကြီးဌာနဇုန်[ပြင်​ဆင်​ရန်​]

ပါလီမန်အဆောက်အဦးနှင့် သမ္မတအိမ်တော်အသစ်သည် ဆောက်လုပ်ဆဲဖြစ်ပြီး၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်မှီ ပြီးစီးမည်ဟုမျှော်လင့်ထားသည်။ မြို့တော်ခန်းမအဆောက်အဦးသည် ဆိုဗီယက်အစိုးရအဆောက်အဦးနှင့် ဆင်တူပြီး၊ ခေါင်မိုးပုံစံမှာမူ မြန်မာ့ဟန်ဖြစ်သည်။ မြို့တော်ခန်းမ၏ အနောက်ဘက်တွင် ကလေးကစားကွင်းနှင့် ရေတံခွန်အတုရှိပြီး၊ ထိုနေရာတွင် တေးဂီတလျှပ်စစ်မီးရောင်စဉ်ပွဲကို နေ့တိုင်းပြသသည်။

ဟိုတယ်ဇုန်[ပြင်​ဆင်​ရန်​]

တော်ဝင်ကုမုဒြာဟော်တယ်၊ နေပြည်တော်ဟိုတယ်ဇုန်တွင်ရှိသည်။

ဟိုတယ်ဇုန်တွင် နားနေစံအိမ်ပုံစံ ဟော်တယ်များသည် လက်တစ်ဆုပ်စာလောက်သာရှိပြီး၊ မြို့၏ဆင်ခြေဖုံးရှိ တောင်ကုန်းများပေါ်တွင် ဟိုတစ်ခု ဒီတစ်ခု ရှိနေသည်။ ဤဇုန်သည် မြို့၏မြို့လယ်ခေါင် ဖြစ်လာလိမ့်မည်။ နေပြည်တော်အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ယခုလက်ရှိ ဟိုတယ် ၁၂ ခုရှိသည်။ ထိုအထဲမှ ရှစ် ခုသည် နေပြည်တော်ဟိုတယ်ဇုန် အတွင်းတွင်ရှိနေပြီး၊ နှစ်ခုသည် ရန်ကုန်-မန္တလေးကားလမ်းမပေါ် လယ်ဝေးတွင် ရှိသည်။

ဈေးဝယ်ထွက်ခြင်း[ပြင်​ဆင်​ရန်​]

Naypyidaw.4.jpg

ဗဟိုလမ်းဆုံကုန်တိုက် နေပြည်တော် မြို့မဈေးသည် လတ်တစ်လောတွင် နေပြည်တော်၏ စီးပွားရေးအချက်အချကျနေသည်။ အခြားသော ဈေးဝယ်ထွက်ရန်နေရာများမှာ သပြေကုန်းဈေးနှင့် ဗဟိုလမ်းဆုံကုန်တိုက် တို့ဖြစ်ကြသည်။ ဗဟိုလမ်းဆုံကုန်တိုက်ကို ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့ကာ နေပြည်တော်ရှိ ဈေးစီမံကိန်းအတွက် ပထမဆုံးပုဂ္ဂလိက ဖွင့်လှစ်ခဲ့သည့် ဈေးကုန်တိုက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။ မြို့မဈေးတွင် စားသောက်ဆိုင်အနည်းငယ်နှင့် လမ်းဘေးအစားအစာဆိုင်တန်းများရှိပြီး၊ သပြေကုန်း ဈေးအနီးတွင်လည်း စားသောက်ဆိုင်များရှိသည်။ မိုင်အနည်းငယ်သွားလိုက်ရုံဖြင့် စိတ်ကြိုက်ညနေစာစားသုံးနိုင်သည့်ဆိုင်များ လယ်ဝေး နှင့် ပျဉ်းမနားတွင်ရှိသည်။

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

အမျိုးသားဆေးဖက်ဝင်အပင်များပန်းခြံ အဝင်ပေါက်
  • ငလိုက်ကန်ပန်းခြံများသည် အသေးစားရေကစားပန်းခြံဖြစ်ပြီး၊ ငလိုက်ဆည်၏ဘေး ကျွဲရှင်းရွာအနီး တွင်ရှိသည်။ (ခန့်မှန်းခြေအားဖြင့် နေပြည်တော်မှ ခုနှစ်မိုင်ခန့်ကွာဝေးသည်)။ ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ငလိုက်ကန်ပန်းခြံတွင် ရေလွှာလျှောစီး၊ သဘာဝအတိုင်းအပန်းဖြေစရာများ၊ နားနေဆောင်များနှင့် ကမ်းခြေတို့ပါဝင်သည်။ ပန်းခြံကို သင်္ကြန် ရုံးပိတ်ရက်များတွင် အများပြည်သူအတွက်

ဖွင့်လှစ် ပေးသည်။

နေပြည်တော်ကျောက်မျက်ပြတိုက်
  • နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို တိရစ္ဆာန်ကောင်ရေ ၄၂၀ နှင့် ရာသီဥတု ထိန်းပေးထားသည့် ပင်ဂွင်း ငှက်အိမ်တို့ဖြင့် ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဤဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သည် ပျဉ်းမနားမြို့မှ (၁၈) မိုင်အကွာ ၊ ပျဉ်းမနားနှင့် တပ်ကုန်မြို့ အကြားတွင် တည်ရှိသည်။ (၆၁၂) ဧက ကျယ်ဝန်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၈) တွင် စတင် တည်ထောင်ခဲ့ကာ ၂၀၀၈ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ယနေ့အထိ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တွင်

  • နို့တိုက်သတ္တဝါပေါင်း - (၃၂) မျိုး - (၂၈၀) ကောင်
  • တွားသွားသတ္တဝါပေါင်း - (၁၂) မျိုး - (၆၂) ကောင်
  • ငှက်မျိုးနွယ်ပေါင်း - (၄၃) မျိုး - (၂၇၄) ကောင် ရှိသည်။ ရှားပါးစာရင်းဝင် ကျားဖြူနှင့် မြန်မာနိုင်ငံတွင် နေထိုင် ကျက်စားခြင်း မရှိသော ပင်ဂွင်း များလည်း မွေးမြူပြသထားသည်။

တနင်္လာနေ့မှအပ ကျန်နေ့တိုင်း ဖွင့်လှစ်သည်။

နေပြည်တော်ရေပန်းဥယျာဉ်
  • အမျိုးသားဆေးဖက်ဝင်အပင်များပန်းခြံကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဧက ၂၀၀ (ဝ.၈၁ ကီလိုမီတာ စကွဲယား) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ဆေးဖက်ဝင်အပင်များကို ပြသထားသည်။ ပရဆေးဥယျာဉ်တွင် ဆေးဖက်ဝင် ပရဆေးပင် မျိုးစိတ်ပေါင်း (၅၀၀) ကျော် စိုက်ပျိုး ထားရှိသည်။
  • နေပြည်တော်တွင် ဂေါက်ကွင်း နှစ်ကွင်း( နေပြည်တော်မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း) နှင့် ကျောက်မျက်ပြတိုက် တစ်ခုရှိသည်။
  • နက္ခတ်တာရာပြခန်း(Planetarium) (နေပြည်တော်)
  • ဆာဖာရီဥယျာဉ် (နေပြည်တော်)

ဥပါတသန္တိ စေတီ[ပြင်​ဆင်​ရန်​]

ဥပါတသန္တိစေတီ

နေပြည်တော်တွင် ထင်ရှားသည့်ဘုန်းတော်ကြီးများ မရှိသော်လည်း၊ ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် အရွယ်အစားနှင့် ပုံသဏ္ဍာန်ပါ ခပ်ဆင်ဆင်တူသည့် စေတီတော်ကြီးကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဤစေတီတော်အသစ်ကို ဥပါတသန္တိ သို့မဟုတ် “ငြိမ်းချမ်းရေးစေတီ” ဟုအမည်ပေးခဲ့သည်။ စေတီတော်၏ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် “ရာဇဌာနီ နေပြည်တော် (ဘုရင် နန်းစံသည့် မင်းနေပြည်) ” စာပိုဒ်ဖြင့် ဖွင့်ထားသည်။ စေတီသည် ရွှေတိဂုံစေတီတော်ထက် ၃၀ စင်တီမီတာ ခန့်သာနိမ့်သည်။ ဥပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် “ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း” ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြ သည်။

နိုင်ငံတကာဇုန်[ပြင်​ဆင်​ရန်​]

အစိုးရသည် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးများအတွက် မြေ နှစ်ဟက်တာ ပေးထားသည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ဖျော်ဖြေရေး

မြန်မာ့ရုပ်ရှင်အကောင်းဆုံးစွမ်းဆောင်နိုင်သူများအတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နှစ်စဉ် နေပြည်တော်တွင် ကျင်းပသည်။ နေပြည်တော်ရှိ လမ်းဆုံဗဟိုကုန်တိုက်တွင် ရုပ်ရှင်ရုံ တစ်ရုံနှင့် ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် တစ်ရုံစီ ရှိသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

လူဦးရေအခြေပြ

အုပ်ချုပ်ရေး

ခရိုင်အဆင့် နေပြည်တော်မြို့တော်ဒေသတွင် မြို့စစ်စစ် (မြို့လယ်ခေါင်)နှင့် ပတ်ဝန်းကျင်မြို့နယ် ရှစ်ခု ပါဝင်သည်။ မြို့လယ်ခေါင်ကို ဆက်၍ ရပ်ကွက်လေးခု ခွဲထားသည်။ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များသည် ယခင်က ရမည်းသင်းခရိုင်၏ တစ်စိတ်တစ်ဒေသများ ဖြစ်ကြသည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ပသီရိ၊ ဇမ္ဗူသီရိ၊ နှင့် ဇေယျသီရိ တို့သည် မြို့နယ်အသစ်များ ဖြစ်ကြပြီး၊ လက်ရှိအချိန်တွင်ဆောက်လုပ်ဆဲဖြစ်သည်။ ဒီဇင်ဘာ၂၀၀၉ တွင် အားလုံးသော ဝန်ကြီးဌာနရုံးများသည် အုပ်ချုပ်ရေးမြို့တော်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ရမည်။ ဝန်ကြီးဌာန၏ ညွှန်ကြားမှုဦးစီးဌာနရုံး များသာ ရန်ကုန်တွင် ကျန်ရှိရမည်။

မြို့စစ်စစ်(ရပ်ကွက်များ) ယခင်ရှိပြီသားမြို့နယ်များ ဆင်ခြေဖုံးအသစ်များ
ဇေယျသိဒ္ဓိ(ဇေယျသိဒ္ဓိ ပါဌိမှ) ဥတ္တရသီရိ(ဥတ္တရသီရိ ပါဌိမှ)
ပညာသိဒ္ဓိ(ပညာသိဒ္ဓိ ပါဌိမှ ) ပျဉ်းမနား ဒက္ခိဏသီရိ(ဒက္ခိဏသီရိ ပါဌိမှ)
ဘောဂသိဒ္ဓိ(ဘောဂသိဒ္ဓိ ပါဌိမှ) လယ်ဝေး ပုပ္ပသီရိ(ပုပ္ပသီရိ ပါဌိမှ)
မင်္ဂလာသိဒ္ဓိ( မင်္ဂလာသိဒ္ဓိ ပါဌိမှ) တပ်ကုန်း ဇမ္ဗူသီရိ (ဇမ္ဗူသီရိ ပါဌိမှ) ၊ဇေယျာသီရိ (ဇေယျာသီရိ ပါဌိမှ)

ပညာရေး[ပြင်​ဆင်​ရန်​]

နေပြည်တော်

  • အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်း (နေပြည်တော် နှင့် ပျဉ်းမနား တို့၏အရှေ့မြောက်ဘက် မိုင်အနည်းငယ်)
  • ရေဆင်း တိရစ္ဆာန် ဆေးပညာ တက္ကသိုလ်
  • ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်
  • သစ်တောတက္ကသိုလ်

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

အများပြည်သူ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများသည် အနီးအနားတစ်ဝိုက်အတွက် အကန့်အသတ်ရှိသည်။ အရှည်ကီလိုမီတာ ၃၂၃.၂ ရှိသော ရှစ်လမ်းသွား ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးသည် နေပြည်တော်ကို ရန်ကုန်နင့် တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ ၅၆၃ ကီလိုမီတာရှည်လျားသည့် ရန်ကုန် -နေပြည်တော် - မန္တလေး လမ်းမကြီး၏အစိတ်အပိုင်း ဖြစ်သည်။ ရိပ်သာလမ်းမကြီး ၂၀ ရှိပြီး၊ မြို့ထဲမှလမ်းများကဲ့သို့ ကြီးမားပြီးရှင်းလင်းနေသည်။

ရထားလမ်း[ပြင်​ဆင်​ရန်​]

နေပြည်တော်အတွက် ပျဉ်းမနား နှင့် လယ်ဝေးဘူတာတို့မှ လက်ရှိတွင် ဆောက်ရွက်ပေးနေကြသည်။ ပျဉ်းမနားဘူတာတစ်ခုတည်းသာ ရန်ကုန် - မန္တလေးရထားလမ်းပေါ်တွင် ရှိသည်။ လယ်ဝေးဘူတာသည် ပျဉ်းမနားနှင့် ကျောက်ပန်းတောင်း လမ်းပေါ်တွင်ရှိသည်။ ရန်ကုန်မှ ပျဉ်းမနားသို့ ရထားဖြင့် ၉ နာရီကြာသွားရသည်။ ရထားများသည် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီတွင်ထွက်ပြီး၊ ည ၇:၃၀ နာရီတွင် ဆိုက်ရောက်သည်။ မြို့တော်အသစ်အတွက် ရထားပို့ဆောင်ရေး ပြည့်စုံလာစေရန် ပျဉ်းမနား၏နောက် တစ်ဘူတာတွင် နေပြည်တော်ဘူတာစီမံကိန်းများကို တည်ဆောက်နေဆဲဖြစ်သည်။

လေကြောင်း[ပြင်​ဆင်​ရန်​]

နေပြည်တော်လေဆိပ် သရုပ်ဖေါ်ပုံ

အေလာလေဆိပ်ဟုလည်း သိရှိထားသည့် နေပြည်တော်လေဆိပ်သည် မြို့၏အရှေ့တောင်ဘက် ၁၀ မိုင် ( ၁၆ ကီလိုမီတာ ) ၊ အေလာ နှင့် လယ်ဝေး မြို့များအကြားတွင် တည်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများဖြစ်ကြသည့် ပုဂံလေကြောင်း၊ မန္တလေးလေကြောင်း၊ မြန်မာ့လေကြောင်း နှင့် ရန်ကုန်လေကြောင်း တို့သည် ရန်ကုန် နှင့် နိုင်ငံအနှံ့ရှိ အခြားသောမြို့များသို့ ပုံမှန်ပြေးဆွဲရန်အတွက် ဤလေဆိပ်ကို အသုံးပြုကြသည်။ ၂၀၀၉ ခုနှစ် ဧပြီလ မှစတင်၍ အဓိကဆောက်လုပ်ရေးများကို တည်ဆောက်ဆဲဖြစ်ပြီး၊ တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း ဝင်ထွက်နိုင်ရန် ဖြစ်သည်။

ဘတ်စ်ကား နှင့် ကားများ[ပြင်​ဆင်​ရန်​]

အစိုးရဝန်ကြီးဌာနများသည် နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ၎င်းတို့၏သက်ဆိုင်ရာရုံးများသို့ လွန်းပျံဘတ်စ်ကားများ ပြေးဆွဲပေးသည်။ မြို့တွင် ဗဟိုဘတ်စ်ကားရပ်နားကွင်း နှင့် စစ်တပ်ပိုင်သည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှု[ပြင်​ဆင်​ရန်​]

နေပြည်တော်အထွေထွေဆေးရုံ

နေပြည်တော်ဆေးရုံကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အနီးအနားရှိ မြို့များဖြစ်ကြသော လယ်ဝေး၊ ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် ဆေးရုံတစ်ခုစီ ရှိသည်။

ဆက်သွယ်ရေးများ[ပြင်​ဆင်​ရန်​]

၂၀၀၉ ခုနှစ်မှစတင်ပြီး စီဒီအမ်အေ ကြိုးမဲ့ဖုန်း တစ်မြို့လုံးတွင် သုံးစွဲနိုင်သည်။ အစိုးရတိုက်ခန်းများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဖုန်းလိုင်း တပ်ဆင်ခွင့် မရှိပါ။ အများသုံးဖုန်းကိုသာ သုံးစွဲရမည်။ နေပြည်တော်သည် မြန်မာနိုင်ငံတွင် တစ်ရက် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိသည့် တစ်ခုတည်းသော နေရာဖြစ်သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Naypyidaw

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]