ကုလသမဂ္ဂ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကမ္ဘာ့ကုလသမဂ္ဂ
800px-Flag of the United Nations.svg.png
800px-United Nations Members.svg.png
အသုံးပြုသည့်ဘာသာ အာရေဗျပြင်သစ်အင်္ဂလိပ်ရုရှစပိန်တရုတ်
တည်ထောင်ခုနှစ် ၂၆ ဇွန် ၁၉၄၅
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံ
ဌာနချုပ် နယူးယောက်အမေရိကန်ပြည်ထောင်စု
ခေါင်းဆောင်များ

အတွင်းရေးမှူးချုပ် - Ban Ki-moon ဘန်ကီမွန်း(တောင်ကိုးရီးယား)


ကွန်ယက် http://www.un.org

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ၊ လုံခြုံရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့တွင် ဖွဲ့စည်းထားသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ် ၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် ဝင်စတန်ချာချီ နှင့် ရုစဗဲ့တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကမ္ဘာ့ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ်တရုတ်ဆိုဗီယက်ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်နဝါရီတွင် လန်ဒန်မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြသည်။

[ပြင်​ဆင်​ရန်​] အဖွဲ့ဝင်နိုင်ငံများ

၂၀၀၆ ခုနှစ် ၊ ဇွန်လ (၂၈) ရက်နေ့တွင် မွန်တီနီဂရိုးနိုင်ငံ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာသည့်အတွက် လက်ရှိအနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံ ရှိသည်။

နှစ်အလိုက်ဝင်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများ

[ပြင်​ဆင်​ရန်​] ဖွဲ့စည်းပုံ

ကုလသမဂ္ဂ အထွေထွေ ညီလာခံ

[ပြင်​ဆင်​ရန်​] အထွေထွေ ညီလာခံ


အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ၏ အဓိက အစည်းအဝေးဖြစ်သည်။ နှစ်စဉ် ကျင်းပ၍ အဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

[ပြင်​ဆင်​ရန်​] လုံခြုံရေးကောင်စီ


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ
လုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် ယာယီအလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံတို့ ပါဝင်ကြသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှာ တရုတ် ၊ ပြင်သစ် ၊ ရုရှ ၊ ဗြိတိန် နှင့် အမေရိကန်တို့ ဖြစ်ကြပြီး ၽ၎င်းတို့သည် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိကြသည်။ ကျန်အလှည့်ကျအဖွဲ့ဝင်နိုင်ငံများကိုမူ မဲခွဲတင်မြောက်ပြီး ဗီတိုအာဏာ သုံးစွဲပိုင်ခွင့်မရှိပေ။

[ပြင်​ဆင်​ရန်​] အထွေထွေ အတွင်းရေးမှူးချုပ်ရုံး


အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦ
အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထား၍ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးထိုင်သည်။ ကုလသမဂ္ဂ၏ အစည်းအဝေးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုသည်။ လုံခြုံရေး ကောင်စီနှင့် အထွေထွေ ညီလာခံတို့က တိုက်ရိုက် တာဝန်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်သည်။

[ပြင်​ဆင်​ရန်​] ဘဏ္ဍာရေး

အဖွဲ့ဝင် နိုင်ငံများ၏ ရံပုံငွေ အချိုးကျ ထည့်ဝင်မှု
(၂၀၀၆)
နိုင်ငံ ထည့်ဝင်သည့် အချိုး
Flag of the United States.svg အမေရိကန် ၂၂.၀၀၀ %
Japan flag.png ဂျပန် ၁၆.၆၂၄ %
Germany.png ဂျာမနီ ၈.၆၆၀ %
UK.png ဗြိတိန် ၆.၁၃၀ %
Flag of France.svg ပြင်သစ် ၆.၀၃၀ %
Italy.png အီတလီ ၄.၈၉၀ %
Canada.png ကနေဒါ ၂.၈၁၀ %
China flag.png တရုတ် ၂.၆၆၇ %
Spain flag.png စပိန် ၂.၅၂၀ %
Mexico.png မက္ကဆီကို ၁.၈၈၀ %
Australia flag.png ဩစတြေးလျ ၁.၅၉၀ %
Brazil.png ဘရာဇီး ၁.၅၂၀ %
အခြား နိုင်ငံများ ၂၂.၆၇၉ %

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရံပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့် ှရှိသည်။

[ပြင်​ဆင်​ရန်​] အထွေထွေ အတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။ တာဝန်ထမ်းဆောင်ခဲ့ကြသော အထွေထွေအတွင်းရေးမှူးချုပ်များမှာ -

တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်များ
စဉ် အမည် နိုင်ငံ မှ ထိ မှတ်ချက်
ထရီဗီလီ (Trygve Lie ) Norway.png နော်ဝေး ၁၉၄၆ ဖေဖေါ်ဝါရီ ၂ ၁၉၅၂ နိုဝင်ဘာ ၂၀
ဒက်ဟမ်းမားရှိုး (Dag Hammarskjöld ) Sweden.png ဆွီဒင် ၁၉၅၃ ဧပြီ ၁၀ ၁၉၆၁စက်တင်ဘာ ၁၈
ဦးသန့် (U Thant) Myanmar flag.pngမြန်မာ ၁၉၆၁ နိုဝင်ဘာ ၃၀ ၁၉၇၂ ဇန်နဝါရီ ၁
ကွတ်ဝေါလ်ဟိုင်း (Kurt Waldheim) Austria.png ဩစတြီးယား ၁၉၇၂ ဇန်နဝါရီ ၁ ၁၉၈၂ ဇန်နဝါရီ ၁
ဟာဗီးယား ပဲရက်စ် ဒီကွေးလျား (Javier Pérez de Cuéllar) Peru.png ပီရူး ၁၉၈၂ ဇန်နဝါရီ ၁ ၁၉၉၂ ဇန်နဝါရီ ၁
ဘူးထရို့စ် ဘူးထရို့စ် ဂါလီ (Boutros Boutros-Ghali) Egypt flag.png အီဂျစ် ၁၉၉၂ ဇန်နဝါရီ ၁ ၁၉၉၇ ဇန်နဝါရီ ၁
ကိုဖီအန်နန် (Kofi Annan) Ghana.png ဂါနာ ၁၉၉၇ ဇန်နဝါရီ ၁ ၂၀၀၇ ဇန်နဝါရီ ၁
ဘန်ကီမွန်း (Ban Ki-moon) S Korea.png တောင်ကိုရီးယား ၂၀၀၇ ဇန်နဝါရီ ၁ - လက်ရှိ

[၁]

[ပြင်​ဆင်​ရန်​] ကျမ်းကိုး

  1. ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်