အင်တာနက်

ဝီကီပီးဒီးယား မှ
အင်တာနက်၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်သွားသည့် အမျိုးမျိုးသော လမ်းကြောင်းများကို အမြင်ပုံဖော်ထားပုံ။ ‘The Opte Project’ မှ။

အင်တာနက် (အင်္ဂလိပ်: The Internet) ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား ဝန်ဆောင်မှုပေးနေသော ကမ္ဘာနှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော အီလက်ထရွန်းနစ် အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်နည်းပညာများဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် (electronic mail) ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။

တယ်လီဖုန်း၊ တေးဂီတရုပ်ရှင် နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Websites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် လူမှုရေးကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။

၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် အမေရိကန်ပြည်ထောင်စုစစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား သိပ္ပံရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက် ရန်ပုံငွေ နှင့် အခြားသော စီးပွားရေးကွန်ယက် နောက် ကျော ရိုးသစ် အတွက် ကိုယ်ပိုင် ရန်ပုံငွေ တို့ကို ကမ္ဘာတဝှမ်းလုံးကို ကွန်ယက်ချိတ်ဆက်မှု နည်းပညာသစ်များ နှင့် ကွန်ယက်အများအပြားကို စုပေါင်းခြင်းများ တည်ဆောက်ဖွံ့ဖြိုးမှုတွင် ပါဝင်လာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၀ခုနှစ်များ၏ အလယ်နှစ်များက အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကို စီးပွားဖြစ် ပြုလုပ်ခြင်းကြောင့် အင်တာနက်သည် လူသိများလာပြီး ခေတ်သစ်လူသားဘဝ၏ အရာရာတိုင်း နီးပါးတွင် ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးများရရှိခဲ့သည်။ ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုနေပြီဖြစ်သည်။

နည်းပညာဆိုင်ရာ အကောင်အထည်ဖော်ခြင်းတွင်လည်းကောင်း ရယူခြင်းနှင့် အသုံးပြုခြင်းအတွက် ပေါ်လစီများတွင်လည်းကောင်း အင်တာနက်ကို ဗဟိုမှ ထိန်းချုပ်မှုမရှိပါ၊ ပေါင်းစပ်ပါဝင်သော ကွန်ယက်တစ်ခုစီသည် ၎င်း၏ ကိုယ်ပိုင် စံချိန်စံညွှန်းများကို သတ်မှတ်သည်။ အင်တာနက်တွင် အမည်နေရာပေးခြင်းဆိုင်ရာ နိယာမနှစ်ခုဖြစ်သည့် အင်တာနက် ပရိုတိုကော(လ်) လိပ်စာ နေရာနှင့် ဒိုမိန်း အမည် စနစ် တို့၏ လှည့်စားသော အဓိပ္ပာယ်သတ်မှတ်ချက်များကိုသာ ထိန်းသိမ်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော Internet Corporation for Assigned Names and Numbers (ICANN)က ညွှန်ကြားသည်။ အဓိက ပရိုတိုကော(လ်)များ(IPv4 နှင့် IPv6)၏ နည်းပညာဆိုင်ရာ နောက်မှထောက်ပံ့ခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် Internet Engineering Task Force (IETF)၏ လှုပ်ရှားမှုဖြစ်သည်။ ၎င်းသည် နည်းပညာ ကျွမ်းကျင်မှုကို ထည့်ဝင်ခြင်းအားဖြင့် မည်သူမဆို ပါဝင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ပါဝင်သူများကို အဖွဲ့ဝင်အဖြစ် လျော့ရဲစွာ လက်ခံသော အကျိုးအမြတ် မရည်ရွယ်သော အဖွဲ့အစည်းဖြစ်သည်။

ပညာရပ်ဝေါဟာရ[ပြင်ဆင်ရန်]

Internet Diagram
အင်တာနက်ကွန်ယက် ချိတ်ဆက်မှု သရုပ်ပြ ပုံ

အင်တာနက် စာလုံးကြီးအသုံးပြုမှု လုပ်ထုံးလုပ်နည်း

အင်တာနက် နှင့် World Wide Web ဝေါဟာရများကို နေ့စဉ်သုံးစကားပြောများတွင် ထူးထူးခြားခြား မဟုတ်ပဲ မကြာခဏ ပြောဆို သုံးစွဲကြသည်။ သို့သော် အင်တာနက်နှင့် World Wide Web မှာ တစ်ခုတည်းမဟုတ်သကဲ့သို့ တူညီမှုလည်းမရှိပါ။ အင်တာနက်သည် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များကို ဆက်သွယ်မှု စနစ်ဖြစ်သည်။ ၎င်းသည် ကွန်ပျူတာများအကြား ချိတ်ဆက်မှုကို ထောက်ပံ့ပေးသော ဟာ့ဒ်ဝဲနှင့် ဆော့(ဖ်)ဝဲ အခြေခံဖွဲ့စည်းတည်ဆောက်မှု ဖြစ်သည်။ ခြားနားမှုမှာ ဝက်(ဘ်)သည် အင်တာနက်မှတဆင့် အသုံးပြုဆက်သွယ်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ၎င်းသည် စာရွက်စာတမ်းများနှင့် အခြားသော အရင်းအမြစ်များကို ဟိုက်ပါလင့်ခ်များ၊ URL များဖြင့် အချင်းချင်း ချိတ်ဆက်ထားသော အစုအဝေးဖြစ်သည်။

IP ကွန်ယက်များ၏ ကမ္ဘာ့ကွန်ယက်စနစ်တစ်ခုလုံးကို ရည်ညွှန်းသည့်အခါInternetဆိုသည့် ဝေါဟာရကိုအစဉ်အလာအားဖြင့် ကိုယ်ပိုင်နာမ်အဖြစ်ယူဆပြီး အစဦးဆုံးစာလုံးကိုစာလုံးကြီးဖြင့် ရေးသည်။ မီဒီယာနှင့် လူသိများသော ယဉ်ကျေးမှုတွင် ၎င်းကို ယေဘုယျ ဝေါဟာရ သို့မဟုတ် အများဆိုင်နာမ်အဖြစ် သတ်မှတ်ရန် ဦးတည်ချက်ထားသောကြောင့် "the internet" ဟူ၍ စာလုံးကြီးမသုံးဘဲ ရေးကြသည်။ အင်တာနက်ကို မကြာခဏ net ဟုလည်း ရိုးရှင်းစွာ ရည်ညွှန်းသည်။ နည်းပညာပိုင်းဆိုင်ရာ ရုပ်ပုံဖော်ပြချက်များတွင် အင်တာနက် အရင်းအမြစ်များ၏ နေရာတိကျမှု သို့မဟုတ် အပြန်အလှန်ချိတ်ဆက်မှုသည် အရေးမပါသောအခါတွင် အင်တာနက်ကို cloud ဟု မကြာခဏ ရည်ညွှန်းပြီး စာပေအရလည်း ဤသို့ပင် ဖော်ပြသည်။

အင်တာနက် ရာဇဝင်[ပြင်ဆင်ရန်]

USSR ၏ Sputnik ကို ဖွင့်လှစ်မှုသည် ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလတွင် နည်းပညာ ဦးဆောင်မှုကို တဖန် ပြန်လည်ရရှိရန်အတွက် အမေရိကန်ပြည်ထောင်စုကို အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (Advanced Research Projects Agency) (ARPA or DARPA)ကို တည်ထောင်ရန် လှုံ့ဆော်ခဲ့သည်။[2][3] ARPA က Semi Automatic Ground Environment (SAGE) အစီအစဉ်၏ သုတေသနကို ဆက်လက်ပြုလုပ်ရန် Information Processing Technology Office (IPTO)ကို တည်ထောင်ခဲ့သည်။ ၎င်းသည် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဒါ စနစ်များကို အတူတကွ ကွန်ယက်ဖွဲ့ ချိတ်ဆက်ထားသည်။ IPTO ၏ ရည်ရွယ်ချက်မှာ US စစ်တပ်၏ ဆက်သွယ်ရေးကွန်ယက်များ၏ ရှင်သန်နိုင်စွမ်း နှင့်ပတ်သက်သော ၎င်းတို့၏ အလေးထားစရာကိစ္စကို ရင်ဆိုင်ရန် နည်းလမ်းရှာရေးဖြစ်ပြီး ပထမဆင့်အနေနှင့် ပန်တဂွန်၊ ရှိုင်ယန်တောင်နှင့် SAC HQ တို့ရှိ ၎င်းတို့၏ ကွန်ပျူတာများ အပြန်အလှန်ချိတ်ဆက်ရန် ဖြစ်သည်။

တကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကို မြှင့်တင်သူ ဂျေစီအာရ် လစ်(ခ်)လစ်ဒါ (J. C. R. Licklider) သည် IPTO ၏ အကြီးအကဲအဖြစ် ရွေးချယ်ခံရသည်။ လစ်(ခ်)လစ်ဒါသည် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာကို စိတ်ဝင်စားလာပြီးနောက် ၁၉၅၀ နှစ်လယ်ပိုင်းတွင် ဟားဗတ် တက္ကသိုလ် ရှိ Psycho-Acoustic Laboratory မှ MIT သို့ ရွှေ့ပြောင်းလာခဲ့သည်။ MIT တွင် သူသည် လင်ကွန်းစမ်းသပ်ခန်းကို တည်ထောင်သည့် ကော်မတီတွင် အမှုထမ်းခဲ့ပြီး SAGE စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် သူ၏ PDP-1 ကွန်ပျူတာ၏ ပထမ ထုတ်လုပ်မှုကို ဝယ်ခဲ့ပြီး အချိန်ဝေမျှခြင်းနည်းပညာကို ပထမဆုံးအကြိမ် အများပြည်သူသို့ လက်တွေ့လုပ်ဆောင်ပြခဲ့ရာ နေရာဖြစ်သည့် BBN ၌ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။



IPTO တွင် လစ်(ခ်)လစ်ဒါကို ဆက်ခံသူ အိုင်ဗင် ဆပ်သာလန်သည် ၁၉၆၅ခုနှစ်တွင် လောရန့်(စ်) ရောဘတ်(စ်)ကို ရရှိခဲ့ပြီး ကွန်ယက်ချိတ်ဆက်ခြင်း စီမံကိန်းကို စတင်ခဲ့သည်။ ရောဘတ်(စ်)က ပေါလ် ဘာရန်၏ နည်းပညာကို အခြေခံခဲ့သည်။ ဘာရန်သည် ကြံ့ခိုင်ပြီး ဘေးအန္တရာယ် အသွယ်သွယ်ကြောင့် မပျက်စီးစေဘဲ ပိုမိုကောင်းမွန်သည့် ကွန်ယက်ကို ရရှိရန်အတွက် ပက်ကက် လမ်းပြောင်းလွှဲခြင်း (ဆားကစ် လမ်းပြောင်းလွှဲခြင်း နှင့် ဆန့်ကျင်ဘက်) ကို ထောက်ခံချက်ပေးသည့် အမေရိကန်ပြည်ထောင်စု လေတပ်အတွက် ပြည့်စုံစေ့စပ်သော လေ့လာမှုတစ်ခုကို ရေးသားခဲ့သူဖြစ်သည်။ ရောဘတ်(စ်)သည် SAGE စနစ်၏ ဒီဇိုင်းကို လုပ်ဆောင်ရန် မူလအားဖြင့် တည်ထောင်ခဲ့သော MIT လင်ကွန်း စမ်းသပ်ခန်းတွင် အလုပ်လုပ်ခဲ့ဖူးသည်။ UCLA ပါမောက္ခ လီယိုနတ် ကလိန်းရော့(ခ်) သည် ၁၉၆၂ခုနှစ်တွင် ပက်ကက် ကွန်ယက်အတွက် အယူအဆဆိုင်ရာ အခြေခံကို ပေးခဲ့ပြီး နောက်ပိုင်း ၁၉၇၀ခုနှစ်များတွင် (အဆင့်ဆင့်ဖွဲ့စည်းထားသော လမ်းကြောင်း အတွက်) ယနေ့ အင်တာနက်ဆီသို့ ဖြစ်ထွန်းလာမှုကို ထောက်ပံ့ခဲ့သည့် အယူအဆကိုလည်း ပေးခဲ့သည်။

ဆပ်သာလန်ကို ဆက်ခံသော ရောဘတ် တေလာ သည် ရောဘတ်(စ်)ကို သူ၏ ယခင်က ပက်ကက် လမ်းပြောင်းလွှဲခြင်း အောင်မြင်မှုအပေါ် ဆက်လက်လုပ်ဆောင်သွားပြီး IPTO ၏ သိပ္ပံပညာရှင်ချုပ် ဖြစ်လာစေရန် စည်းရုံးခဲ့သည်။ တစ်ခါတွင် ရောဘတ်(စ်)သည် ကွန်ပျူတာကွန်ယက်များ အရင်းမြစ်ဝေမျှခြင်း ဟုခေါ်တွင်သည့် အစီရင်ခံစာတစ်ခုကို ရေးသားခဲ့သည်။ ထိုအစီရင်ခံစာကို ၁၉၆၈ခုနှစ် ဇွန်လတွင် တေလာက အတည်ပြုခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းလုပ်ဆောင်သည့် ARPANET ကို စတင်ဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ် ချခဲ့သည်။

များစွာသော လုပ်ဆောင်မှုများအပြီး ၁၉၆၉ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် UCLA ၏ အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံကျောင်းရှိ ကလိန်းရော့(ခ်)၏ ကွန်ယက်တိုင်းတာခြင်းစင်တာနှင့် မန်နီလို ပါ့(ခ်)၊ ကယ်လီဖိုးနီးယားပြည်နယ် SRI အင်တာနေရှင်နယ်(SRI)ရှိ ဒေါက်ကလပ်(စ်) အိန်ဂျယ်(လ်)ဘတ်(တ်)၏ NLS စနစ်အကြားရှိ ARPANET ဖြစ်လာနိုင်သည့် ပထမဆုံး ကွန်ပျူတာနှစ်ခုသည် အချင်းချင်း ချိတ်ဆက်နိုင်ခဲ့သည်။ ARPANET ပေါ်ရှိ တတိယနေရာမှာ ဆန်တာဘာဘရာရှိ ကာလီဖိုးနီးယား တက္ကသိုလ် ကူလာဖရိုင်း အပြန်အလှန် အကျိုးသက်ရောက်သော သင်္ချာ စင်တာ ဖြစ်ပြီး စတုတ္ထနေရာမှာ ယူတားတက္ကသိုလ် ဂရပ်ဖစ်ဌာန ဖြစ်သည်။ အနာဂတ် ဖွံ့ဖြိုးမှု၏ ရှေးဦးသင်္ကေအဖြစ် ၁၉၇၁ခုနှစ်ကုန်ပိုင်းတွင် သက်တမ်းနု ARPANETသို့ ချိတ်ဆက်ထားသော နေရာပေါင်း တစ်ဆယ့်ငါးခု ရှိနေပြီဖြစ်သည်။

ARPANET သည် ယနေ့အင်တာနက်၏ အကြိုကွန်ယက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သီးခြား တည်ဆောက်မှုတစ်ခုအနေဖြင့် UK National Physical Laboratory မှ ဒေါ်နယ် ဒေးဗီး(စ်)သည်လည်း ပက်ကက် လမ်းပြောင်းလွှဲခြင်း အယူအဆကို ၁၉၆၀ခုနှစ်များ အစောပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအကြောင်းအရာကို ၁၉၆၅ခုနှစ်တွင် ဟောပြောခဲ့ပြီး နောက်ပိုင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းနှစ်ဘက်မှ နယ်ပယ်သစ်ရှိ အဖွဲ့များသည် သိကျွမ်းလာခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ဒေးဗီး(စ်) အသစ်ထွင်ခဲ့သော စာလုံးများဖြစ်သည့် “ပက်ကက်” နှင့် “ပက်ကက် လမ်းပြောင်းလွှဲခြင်း”တို့ကို စံဝေါဟာရများအဖြစ် လက်ခံခဲ့ကြသည်။

ဒေးဗီးစ်သည် မာ့(ခ်) I ဟု ခေါ်သော packet လမ်းပြောင်းလွှဲသော ကွန်ယက်ကိုလည်း UK တွင် ၁၉၇၀ခုနှစ်က ထည်ဆောက်ခဲ့သည်။ARPANET အတွက် ပုဂ္ဂလိက ကန်ထရိုက်တာများဖြစ်သည့် ဘော့(လ်)(ထ်) ဘာရာနက်(ခ်)နှင့် နယူးမန်း (BBN) က “ထပ်ဆင့် တန်ဖိုး သယ်ယူပို့ဆောင်ရေးများ” ကို အမေရိကန် ပြည်ထောင်စုတွင် တရားဝင်ဖြစ်ရန် ထူထောင်ပြီးနောက် သီးခြား စီးပွားဖြစ် မူကွဲကို ဖန်တီးရန် ဆောင်ရွက်ခဲ့သည်။၎င်းတို့ တည်ထောင်ခဲ့သော ကွန်ယက်သည် Telenet ဟုအမည်ရပြီး ၁၉၇၅ခုနှစ်တွင် အမေရိကန်နိုင်ငံတဝှမ်း မြို့များတွင် အခမဲ့ အများသုံး လက်လှည့် ဖုန်းစနစ်သုံး ဆက်သွယ်ရယူနိုင်မှုကို တပ်ဆင်ခြင်းဖြင့် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့သည်။ Telenet သည် အများပြည်သူသို့ ပထမဆုံး ဖွင့်လှစ်ပေးသော packet လမ်းပြောင်းလွှဲခြင်း ကွန်ယက်ဖြစ်သည်။

ARPANET ပေါ်တွင် အလုပ်လုပ်သော ပက်ကက် လမ်းပြောင်းလွှဲခြင်း ကို သရုပ်ဖော်မှုနောက်တွင် ဗြိတိန် စာတိုက်၊ Telenet၊ DATAPAC နှင့် TRANSPAC တို့သည် ပထမဆုံး packet လမ်းပြောင်းလွှဲသော ကွန်ယက် ဝန်ဆောင်မှုကို ဖန်တီးရန် ပူးပေါင်းခဲ့ကြသည်။ ၁၉၇၈ခုနှစ်တွင် UK ၌ ဤသည်ကို အပြည်ပြည်ဆိုင်ရာ ပက်ကက် လမ်းပြောင်းလွှဲသော ဝန်ဆောင်မှု (IPSS)ဟု ရည်ညွှန်းကြသည်။ X.25 ကို အခြေခံသော ကွန်ယက်များ စုစည်းမှုသည် ဥရောပနှင့် US မှသည် ကနေဒါ၊ ဟောင်ကောင် နှင့် ဩစတြေးလျတို့သို့ ပြန့်နှံ့သွားခဲ့သည်။ ၁၉၇၆ခုနှစ်ခန့်တွင် X.25 packet လမ်းပြောင်းလွှဲခြင်း စံချိန်စံညွှန်းကို CCITT (ယခုအခေါ် ITU-T) တွင် ပြုလုပ်ခဲ့သည်။

စတန်းဖို့ တက္ကသိုလ်တွင် အင်တာနက် မွေးဖွားမှု အထိမ်းအမှတ် ကမ္ဗည်း[ပြင်ဆင်ရန်]

X.25 သည် တူညီသော ကာလအတွင်း လုပ်ဆောင်ခဲ့ကြသော ARPANET ပေါ်တွင် DARPA ၏ စမ်းသပ်မှုလုပ်ငန်း၊ ပက်ကက် ရေဒီယို ကွန်ယက်နှင့် ပက်ကက် ဂြိုဟ်ထုကွန်ယက် တို့မှ ပေါ်ထွက်လာသော TCP/IP ပရိုတိုကော(လ်)များပေါ်တွင် မှီခိုနေသည်။ အစောပိုင်း ARPANET ကို စတိဗ် ခရော့ကာ ဦးဆောင်သော (Network Working Group - NWG) ဟုခေါ်သည့် အဖွဲ့မှ ၁၉၇၀ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ဒီဇိုင်းဆွဲ ဆောင်ရွက်ခဲ့ပြီး လက်ခံအစိတ်အပိုင်းများ တစ်ခုမှတစ်ခုသို့ ချိတ်ဆက်နိုင်မှုနှင့် ပရိုတိုကော(လ်) အစုအစည်း၏ လှည့်နေသော အလွှာများ ကို အကောင်အထည်ဖော်ကာ ကွန်ယက် ထိန်းချုပ်မှု ပရိုဂရမ် (Network Control Program - NCP) ပေါ်တွင် လည်ပတ်သည်။ နေရာများ ပို၍ပို၍ ချိတ်ဆက်လာသည်နှင့်အမျှ ကွန်ယက်၏ လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားမှုကို တုံ့ပြန်ရန် ဗင်တန်ဆာ့(ဖ်) နှင့် ရောဘတ်ခန်းတို့သည် ယခုတွင်ကျယ်စွာ အသုံးပြုနေသော TCP ပရိုတိုကော(လ်)များ၏ ပထမဆုံး သရုပ်ဖော်ရေးသားချက်ကို ၁၉၇၃ခုနှစ်အတွင်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့ကြပြီး ထိုအကြောင်း စာတမ်းကို ၁၉၇၄ခုနှစ် မေလတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ကမ္ဘာတဝှမ်းလုံးနှင့်ဆိုင်သော TCP/IP ကွန်ယက် တစ်ခုကို ဖော်ပြရေးသားရန် “အင်တာနက်” ဆိုသည့် ဝေါဟာရကို အသုံးပြုမှုသည် RFC 675 ပုံနှိပ်ထုတ်ဝေမှုနှင့်အတူ ၁၉၇၄ခုနှစ် ဒီဇင်ဘာလတွင် အစပြုခဲ့သည်။ RFC 675 သည် ပထမဆုံး TCP သတ်မှတ်ချက် အပြည့်အစုံဖြစ်ပြီး ၎င်းကို ဗင်တန်ဆာ့(ဖ်) (Vinton Cerf)၊ ယိုဂျင်ဒါလယ်(လ်) (Yogen Dalal)နှင့် ကား(လ်)ဆန်းရှိုင်း (Carl Sunshine) တို့က စတန်းဖို့ တက္ကသိုလ်တွင် ရေးသားခဲ့သည်။ နောက်ကိုးနှစ်အတွင်းတွင် ပရိုတိုကော(လ်)များကို ပြုပြင်ပြင်ဆင်ရန်နှင့် ၎င်းကို ကွန်ပျူတာ မောင်းနှင်လည်ပတ်မှု စနစ် အမျိုးမျိုးပေါ်တွင် အကောင်အထည်ဖော်နိုင်ရန် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ARPANET ပေါ်ရှိ လက်ခံဟို့(စ်)များအားလုံးကို NCP ပရိုတိုကော(လ်) အဟောင်းများမှ ရွှေ့ပြောင်းအပြီး ၁၉၈၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ပထမဆုံး TCP/IP-ကိုအခြေခံသော နယ်ပယ်ကျယ်ပြန့်သည့် ကွန်ယက်သည် အသုံးပြုရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ၁၉၈၅ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏

အမျိုးသား သိပ္ပံ ဖောင်ဒေးရှင်း (NSF)သည်၎င်းတို့၏ တီထွင်သူ ဒေးဗစ် အယ်(လ်) မီး(လ်)(စ်) (David L. Mills)က "ဖက်(ဇ်)ဘော(လ်)(စ်)(fuzzballs)" ဟုခေါ်ဆိုသော ကွန်ပျူတာကို အသုံးပြု၍ တက္ကသိုလ် ၅၆ ကီလိုဘစ်/စက္ကန့် ကွန်ယက်ကျောရိုးဖြစ်သည့် NSFNETကို တည်ဆောက်ရန် လုပ်ငန်းအပ်နှံခဲ့သည်။ နောက်နှစ်တွင် NSFသည် ပိုမိုမြန်ဆန်သည့် ၁.၅ မီဂါဘစ်/စက္ကန့် ကွန်ယက်သို့ ပြောင်းလဲရန် ကမကထပြုခဲ့သည်။ DARPA TCP/IP ပရိုတိုကော(လ်)များကို အသုံးပြုရန် အဓိက ဆုံးဖြတ်ချက်ကို ဒန်းနစ် ဂျန်နင်း(စ်)က ပြုလုပ်ခဲ့ပြီးနောက် NSF တွင် ဆူပါကွန်ပျူတာ ပရိုဂရမ်ကို တာဝန်ယူခဲ့သည်။

အခြား ကွန်ယက်များသို့ NSFNET ကို ဖွင့်ပေးခြင်းသည် ၁၉၈၈ခုနှစ်တွင် စတင်ခဲ့သည်။ ထိုနှစ်ထဲတွင် NSFNETနှင့် စီးပွားဖြစ်ထုတ်လုပ်သော MCI စာပို့ စနစ်တို့ အပြန်အလှန်ဆက်သွယ်မှုကို US ဖယ်ဒရယ် ကွန်ယက်ကောင်စီက အတည်ပြုပေးခဲ့ပြီး ချိတ်ဆက်ခြင်းကို ၁၉၈၉ခုနှစ် နွေရာသီတွင် ပြုလုပ်ခဲ့သည်။ OnTyme၊ Telemail နှင့် Compuserve အပါအဝင် အခြား စီးပွားဖြစ်ထုတ်လုပ်သော အီလက်ထရောနစ် စာပို့ခြင်း ဝန်ဆောင်မှုများ မကြာမီ ချိတ်ဆက်လာခဲ့ကြသည်။ ထိုနှစ်ထဲတွင်ပင် စီးပွားဖြစ် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများ (ISPs) သုံးခုသည် လုပ်ငန်း စတင်ခဲ့ကြသည်- UUNET၊ PSINet၊ နှင့် CERFNET။ နောက်ပိုင်းတွင် ပေါင်းစည်းခဲ့ရာ အင်တာနက်သို့ မုခ်ပေါက် လမ်းများကို ပေးသော အရေးကြီးသည့် သီးခြား ကွန်ယက်များတွင် Usenet နှင့် BITNET တို့ပါဝင်သည်။ TCP/IP ပရိုတိုကော(လ်)သည် ပိုမိုရေပန်းစားလာသည့်အလျောက် Telenet (ထိုအချိန်က Sprintnet ဟုအမည်ပြောင်း), Tymnet၊ Compuserve နှင့် JANET ကဲ့သို့ အမျိုးမျိုးသော အခြား စီးပွားဖြစ်နှင့် ပညာရေးဆိုင်ရာ ကွန်ယက်များသည် ၁၉၈၀ခုနှစ်များတွင် ကြီးထွားလာနေသော အင်တာနက်နှင့် အပြန်အလှန်ချိတ်ဆက်ခဲ့ကြသည်။ TCP/IP မှ တည်ရှိနေသော ဆက်သွယ်ရေး ကွန်ယက်များ၏ အလိုက်သင့် ပြောင်းလဲနိုင်မှုသည် လျင်မြန်စွာ ကြီးထွားမှုကို အခွင့်ပေးခဲ့သည်။

သတ်မှတ်မှုများနှင့် ရည်ညွှန်းဥပဒေ၏ လမ်းဖွင့်ထားသော ရယူနိုင်မှုသည် စီးပွားဖြစ် ရောင်းချသူများကို အပြန်အလှန် လုပ်ဆောင်နိုင်သော ကွန်ယက် အစိတ်အပိုင်းများ၊ ဥပမာ ရောက်တာများ၊ တည်ဆောက်ရန် ခွင့်ပြုထားသည်။ ၎င်းက ကုမ္ပဏီပေါင်းများစွာမှ စံချိန်စံညွှန်းမီ ကွန်ယက် ဂီယာကို ရရှိစေနိုင်သည်။ ဤအရာသည် အင်တာနက် လျင်မြန်စွာ ကြီးထွားလာမှုနှင့် ဒေသန္တရနယ်ပယ် ကွန်ယက်ဖွဲ့ခြင်း တဟုန်ထိုး တိုးပွားလာမှုတို့ကို အထောက်အပံ့ဖြစ်စေခဲ့သည်။ ယင်းသည် UNIX နှင့် အခြား သုံးနေကျဖြစ်သော ကွန်ပျူတာ မောင်းနှင်လည်ပတ်မှု စနစ်တိုင်းနီးပါး ပေါ်တွင် TCP/IP ၏ ကျယ်ပြန့်သော အကောင်အထည်ဖော်မှုနှင့် တိကျသော စံချိန်စံညွှန်း သတ်မှတ်ခြင်းတို့ကို မျိုးစေ့ချခဲ့သည်။ 150pxဤ NeXT ကွန်ပျူတာကို CERN တွင် ဆာတင်(မ်)ဘာနား(စ်)-လီးက အသုံးပြုခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဝက်(ဘ်)ဆာဗာ ဖြစ်လာခဲ့သည်။

အင်တာနက်ကို ဖြစ်လာစေခဲ့သော အခြေခံ အသုံးချလုပ်ငန်းများနှင့် လမ်းညွှန်များသည် ဆယ်စုနှစ် နှစ်ခုနီးပါးမျှ တည်ရှိခဲ့သော်လည်း ကွန်ယက်သည် ၁၉၉၀ခုနှစ်များအထိ အများပြည်သူရှေ့တွင် မျက်နှာမရခဲ့ပေ။ ၁၉၉၁ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် သေးငယ်သော အရာများကို သုနေသနပြုရာ ဥရောပတိုက် တစ်တိုက်လုံးနှင့်ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် CERN သည် World Wide Web စီမံကိန်းသစ်ကို ကြော်ငြာခဲ့သည်။ ဝက်(ဘ်)ကို ဗြိတိသျှ သိပ္ပံပညာရှင် တင်(မ်)ဘာနား-လီးက ၁၉၈၉ခုနှစ်တွင် တီထွင်ခဲ့သည်။ အစောပိုင်းတွင် နာမည်ကြီးသည့် ဝက်(ဘ်)ဘရောက်ဆာမှာ HyperCardနှင့် X Window System တည်ဆောက်အသုံးပြုပြီးနောက်တွင် ပုံဖော်ခဲ့သည့် ViolaWWW ဖြစ်သည်။ ၎င်းနေရာတွင် Mosaic ဝက်(ဘ်)ဘရောက်ဆာဖြင့် တဖြည်းဖြည်း အစားထိုးလာခဲ့သည်။ ၁၉၉၃ခုနှစ်တွင် အီလီနွိုက်တက္ကသိုလ်၌ အထူးတွက်ချက်ရေးအသုံးချလုပ်ငန်းများအတွက် နိုင်ငံတော်စင်တာက Mosaic ပုံစံကွဲ ၁.၀ ကို ဖြန့်ချိခဲ့သည်။ ထို့နောက် ၁၉၉၄ခုနှစ်နှောင်းပိုင်းတွင် ယခင်က ပညာရေးဆိုင်ရာဖြစ်သော နည်းပညာရပ်ဆိုင်ရာ အင်တာနက်ကို လူအများ စိတ်ဝင်စားလာခဲ့ကြသည်။ ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့အင်တာနက် အသုံးပြုမှုသည် နေ့စဉ်သုံးဖြစ်လာခဲ့ပြီး ထို့အတွက်ကြောင့် ၎င်းကို World Wide Webကို ရည်ညွှန်းသော synecdoche အဖြစ် အသုံးပြုလာခဲ့ကြသည်။

ထိုအတောအတွင်း ဆယ်စုနှစ်တစ်ခု၏ တိုးတက်မှုဖြစ်စဉ်တွင် အင်တာနက်သည် ယခင်က ရှိနေခဲ့သော အများပြည်သူ ကွန်ပျူတာ ကွန်ယက်များ၏ အများစုကို (FidoNet ကဲ့သို့ အချို့ ကွန်ယက်များသည် သီးခြားဆက်လက် တည်ရှိနေသော်လည်း) အောင်မြင်စွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ၁၉၉၀ပြည့်လွန်နှစ်များတွင် အင်တာနက်သည် ၁၉၉၆ခုနှစ်နှင့် ၁၉၉၇ခုနှစ်တို့တွင် ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် ကြီးထွားမှုနှင့်အတူ နှစ်စဉ် ၁၀၀ ရာခိုင်နှုန်း ကြီးထားလာသည်ဟု ခန့်မှန်းခဲ့သည်။ ဤသို့ ကြီးထွားလာခြင်းသည် ကွန်ယက် ကြီးထွားလာမှုကို ရှင်သန်စေပြီး အင်တာနက် ပရိုတိုကော(လ်)များ၏ တစ်ဦးတည်းပိုင်မဟုတ်ဘဲ ဖွင့်ထားသော သဘာဝကိုလည်း ခွင့်ပြုသည့် ဗဟိုအုပ်ချုပ်ရေး ကင်းမဲ့မှုကြောင့်ဟု မကြာခဏ မှတ်ယူကြသည်။ ယင်း အင်တာနက် ပရိုတိုကော(လ်)များသည် ရောင်းသူ၏ သတင်းအချက်အလက် ဖလှယ်နိုင်စွမ်းကို အားပေးရန်နှင့် မည်သည့် ကုမ္ပဏီတစ်ခုကမဆို ကွန်ယက်ကို အလွန်အမင်း ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှ ကာကွယ်ရန် အားပေးသည်။၂၀၁၀ခုနှစ် ဇွန်လ ၃၀ရက်နေ့အရ ခန့်မှန်းခြေ အင်တာနက်အသုံးပြုသူ ဦးရေမှာ သန်းထောင်ပေါင်း ၁.၉၇ ဖြစ်သည်။

၂၀၀၉ခုနှစ်နောက်ပိုင်းတွင် ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှား (BRICI နိုင်ငံများ)တွင် အင်တာနက်အသုံးပြုမှုသည် သိသာထင်ရှားစွာ ထွန်းကားလာစေရန် ဖြစ်သည်။ ထိုနိုင်ငံများတွင် လူဦးရေများပြားပြီး စီးပွားရေးမှာ အလယ်အလတ်မှ အဆင့်မြင့်အထိ ဖြစ်ထွန်းမှုရှိသော်လည်း အင်တာနက် ထိုးဖောက်ဝင်ရောက်မှုနှုန်းမှာ နည်းလျက် ရှိသေးသည်။ ၂၀၀၉ခုနှစ်တွင် BRICI နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပြီး အင်တာနက် အသုံးပြုသူပေါင်း ခန့်မှန်ခြေ သန်း ၆၁၀ ရှိသည်။ သို့သော် ၂၀၁၅ခုနှစ်တွင် BRICI နိုင်ငံများ၌ အင်တာနက် အသုံးပြုသူသည် နှစ်ဆဖြစ်သော သန်း တစ်ထောင့်နှစ်ရာထိ ရှိလာနိုင်ပြီး အင်ဒိုနီးရှားတွင် သုံးဆဖြစ်လာနိုင်သည်။

နည်းပညာ[ပြင်ဆင်ရန်]

ပရိုတိုကော(လ်)များ(protocols)

အင်တာနက် ပရိုတိုကော(လ်)စုံ အင်တာနက်၏ ရှုပ်ထွေးစွာ ပါဝင်ပေါင်းစပ်နေသော ဆက်သွယ်ရေး အခြေခံဖွဲ့စည်းတည်ဆောက်ပုံတွင် ၎င်း၏ ဟာ့ဒ်ဝဲ အစိတ်အပိုင်းများနှင့် တည်ဆောက်ပုံ၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကို ထိန်းချုပ်သော ဆော့(ဖ်)ဝဲအလွှာ(layers)များပါသည့် စနစ်တို့ ပါဝင်သည်။ ဟာ့ဒ်ဝဲကို အခြား ဆော့(ဖ်)ဝဲစနစ်များအား ထောက်ပံ့ရန် မကြာခဏ အသုံးပြုနိုင်သော်လည်း ၎င်းသည် အင်တာနက်၏ ဂုဏ်အင်္ဂါကို ဖော်ပြပြီး ၎င်း၏ တတ်နိုင်မှုနှင့် အောင်မြင်မှုအခြေခံကို ထောက်ပံ့ပေးသည့် ဒီဇိုင်းနှင့် ဆော့(ဖ်)ဝဲ တည်ဆောက်ပုံ၏ တိကျသော စံနှုန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ အင်တာနက် ဆော့(ဖ်)ဝဲစနစ်များ၏ တည်ဆောက်ပုံဒီဇိုင်းအတွက် တာဝန်ကို အင်တာနက် အင်ဂျင်နီယာပညာ အထူးစစ်ဆင်ရေးအဖွဲ့ (Internet Engineering Task Force - IETF) သို့ လွှဲအပ်ထားသည်။IETF သည် အင်တာနက် တည်ဆောက်ပုံ၏ အမျိုးမျိုးသော ရှုထောင့် နှင့်ပတ်သက်၍ မည်သည့် တစ်ဦးချင်းကိုမဆို ဖွင့်ထားသော စံချိန်စံညွှန်းသတ်မှတ်ရေး လုပ်ငန်း အုပ်စုများကို စီမံခန့်ခွဲသည်။ ဆွေးနွေးမှုရလဒ်များနှင့် အပြီးသတ် စံချိန်စံညွှန်းများကို ဝေဖန်ချက်များ တောင်းခံခြင်း (Request for Comments - RFC) ဟုခေါ်သည့် ပုံနှိပ်ထုတ်ဝေခြင်း အတွဲများတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းတို့ကို IETF ဝက်(ဘ်)ဆိုဒ်များတွင် အခမဲ့ ရယူနိုင်သည်။ အင်တာနက်ကို ထောက်ကူသော ကွန်ယက်ဖွဲ့ခြင်း အခြေခံနိယာမများသည် အင်တာနက် စံချိန်စံညွှန်းများကို ဖွဲ့စည်းတည်ထောင်သော အထူးတလည် တာဝန်ခန့်အပ်ထားသည့် RFC များတွင် ပါဝင်သည်။ အခြား တိကျမှုနည်းသော စာရွက်စာတမ်းများမှာ မှတ်သားဖွယ်စုံလင်သော၊ စမ်းသပ်လေ့လာမှုနှင့် ဆိုင်သော၊ သို့မဟုတ် သမိုင်းကြောင်းနှင့်ဆိုင်သော စာရွက်စာတမ်းများဖြစ်သည်။ သို့မဟုတ် အင်တာနက် နည်းပညာများကို အကောင်အထည်ဖော်နေစဉ် လက်ရှိအကောင်းဆုံး လက်တွေ့ဆောင်ရွက်မှုများ (best current practices -BCP) ကိုမှတ်တမ်းတင်ထားမှုများဖြစ်သည်။

အင်တာနက် စံချိန်စံညွှန်းများသည် အင်တာနက် ပရိုတိုကော(လ်)စုံဟု လူသိများသော ဖွဲ့စည်းမှုတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ ပရိုတိုကောများ အလွှာများဖြင့်ပြုလုပ်ထားသည့် စနစ် (RFC 1122, RFC 1123)သို့ နည်းလမ်းများ ခွဲဝေသော စံပြ တည်ဆောက်ပုံဖြစ်သည်။ အလွှာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ လုပ်ဆောင်သော ပတ်ဝန်းကျင် သို့မဟုတ် ဘောင်နေရာအကျယ်အဝန်း နှင့်ဆက်စပ်နေသည်။ အပေါ်ဆုံးလွှာမှာ အသုံးချအလွှာ ဖြစ်ပြီး ဆော့(ဖ်)ဝဲ အသုံးချပရိုဂရမ်များတွင် အသုံးပြုရာတွင် အသုံးချပရိုဂရမ်ကို တိကျစွာ သတ်မှတ်ထားသည့် ကွန်ယက်ဖွဲ့ခြင်း နည်းလမ်းများအတွက် နေရာဖြစ်သည်၊ ဥပမာ ဆိုဒ်များကို လှန်လှောကြည့်ရှုနိုင်သော ဝက်(ဘ်) ဘရောက်ဆာ ပရိုဂရမ်တစ်ခု။ သယ်ယူပို့ဆောင်ရေးအလွှာမှာ အပေါ်ဆုံးလွှာ၏အောက်တွင် တည်ရှိပြီး ကွန်ယက်(ဥပမာ-ဗဟိုမှထိန်းချုပ်သော ဖောက်သည်-ဆာဗာ ပုံစံ)မှတဆင့် သင့်လျော်သော အချက်အလက် လဲလှယ်ခြင်း နည်းလမ်းများကို အသုံးပြု၍ ကွဲပြားခြားနားသော လက်ခံဟို့(စ်)များပေါ်တွင် အသုံးချပရိုဂရမ်များနှင့် ချိတ်ဆက်ထားသည်။ ထိုအလွှာများ၏ အခြေခံမှာ အလွှာနှစ်ခုပါဝင်သော အဓိက ကွန်ယက်ဖွဲ့ခြင်း နည်းပညာများဖြစ်သည်။

အင်တာနက်အလွှာသည် ကွန်ပျူတာများကို အင်တာနက် ပရိုတိုကော(လ်) IP လိပ်စာများမှတဆင့် အချင်းချင်း သိမှတ်ရန်နှင့် နေရာချထားရန် ဆောင်ရွက်နိုင်ပြီး ကွန်ပျူတာတစ်ခုနှင့်တစ်ခုကို ကြားခံ(တဆင့်ခံ) ကွန်ယက်များမှတဆင့် ချိတ်ဆက်ရန် လုပ်ဆောင်ခွင့်ပြုသည်။ နောက်ဆုံးဖြစ်သော တည်ဆောက်ပုံ၏ အောက်ဆုံးလွှာမှာ ဆော့(ဖ်)ဝဲအလွှာဖြစ်သည့် ချိတ်ဆက်အလွှာဖြစ်သည်။ ၎င်းက တူညီသော ကွန်ယက် အချိတ်အဆက်နယ်ပယ်တွင်း လက်ခံဟို့(စ်)များအကြား ဆက်သွယ်ချိတ်ဆက်မှုကို ထောက်ပံ့ပေးသည် - ဥပမာ ဒေသန္တရနယ်ပယ်ကွန်ယက် (local area network - LAN) သို့မဟုတ် ဖုန်းဖြင့်ချိတ်ဆက်ခြင်း။ TCP/IP ဟုလူသိများသော ပုံစံငယ်ကို အောက်ခံ ဟာ့ဒ်ဝဲအား မှီခိုမှုကင်းလွတ်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ ထို့ကြောင့် ပုံစံငယ်သည် ၎င်းသက်သက်ဆိုလျှင် မည်သည့် အစိတ်အပိုင်းနှင့်မျှ ပတ်သက်ခြင်းမရှိပေ။ Open Systems Interconnection (OSI) ပုံစံငယ်ကဲ့သို့ အခြား ပုံစံငယ်များကိုလည်း ဖန်တီးတည်ဆောက်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဖော်ပြချက် အသေးစိတ်များ နှင့်လည်းကောင်း အကောင်ထည်ဖော်ခြင်းတွင်လည်းကောင်း သဟဇာတဖြစ်မဖြစ်ပါ။ သို့သော် ဆင်တူမှု များစွာ ရှိနေပြီး ပုံမှန်အားဖြင့် OSI ကွန်ယက်ဖွဲ့ခြင်း ဆွေးနွေးမှုများတွင် TCP/IP ပရိုတိုကော(လ်)များအကြောင်း ပါဝင်သည်။

အင်တာနက် မော်ဒယ်၏ အထင်ရှားဆုံး အစိတ်အပိုင်းမှာ အင်တာနက် ပရိုတိုကော(လ်) (Internet Protocol - IP) ဖြစ်သည်။ ၎င်းက အင်တာနက်ပေါ်တွင် ကွန်ပျူတာများအတွက် လိပ်မူခြင်း စနစ်များ(IP လိပ်စာများ) ကို လုပ်ဆောင်သည်။ IP သည် ကွန်ယက်အချင်းချင်း ချိတ်ဆက်ခြင်းနှင့် အခြေခံအားဖြင့် အင်တာနက်ကို ၎င်းဘာသာ တည်ဆောက်ခြင်းကို လုပ်ဆောင်နိုင်သည်။ IP မူကွဲ ၄ (IPv4) သည် ယနေ့အင်တာနက်၏ ပထမ မျိုးဆက်တွင် အသုံပြုခဲ့သော စဦးမူကွဲ ဖြစ်ပြီး အဓိက အသုံးပြုဆဲဖြစ်သည်။ အင်တာနက် လက်ခံဟို့(စ်) ~သန်းထောင်ပေါင်း ၄.၂ (၁၀၉)အထိ လိပ်မူရန် ရည်စူးထားသည်။ သို့သော် အင်တာနက်၏ အရှိန်အဟုန်ကြီးစွာ ကြီးထွားလာမှုက IPv4 လိပ်စာ ကုန်ခန်းမှု ကိုဖြစ်စေခဲ့ရာ ၂၀၁၁ခုနှစ်ခန့်တွင် ၎င်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ ပိုမိုကြီးမားသော လိပ်မူနိုင်စွမ်းရှိပြီး အင်တာနက် သွားလာရေး လမ်းကြောင်း သတ်မှတ်ခြင်းကိုလည်း ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်သည့် ပရိုတိုကော(လ်) မူကွဲအသစ်ဖြစ်သော IPv6 ကို ၁၉၉၀နှစ်များ အလယ်က ထုတ်လုပ်ခဲ့သည်။ ထိုIPv6တွင် နက်ဝက်လိပ်စာပေါင်း 3.4×10power38 ခန့်ရှိပြီး ယခင် IPV4ထက် 7.9×10power28 ဆခန့်ပိုမိုကြီးမားသည်။ ယခုအခါ IPv6 သည် ကမ္ဘာတဝှမ်းတွင် စီးပွားဖြစ်ထုတ်လုပ်သော လက်တွေ့အသုံးချမှု အဆင့်တွင် တည်ရှိနေပြီး အင်တာနက် လိပ်စာ မှတ်ပုံတင်လုပ်ငန်းများ(RIRs) သည် အရင်းအမြစ် မန်နေဂျာများကို ဤ စနစ်သစ်အား အလျင်အမြန် လက်ခံခြင်းနှင့် ပြောင်းလဲခြင်းတို့ကို စီစဉ်ဆောင်ရွက်ကြရန် တိုက်တွန်း လှုံ့ဆော်ခဲ့ပြီး ဖြစ်သည်။

IPv6 သည် IPv4 နှင့် အပြန်အလှန်အသုံးပြု၍ မရပါ။ ၎င်းသည် IPv4 ဆော့(ဖ်)ဝဲနှင့် တိုက်ရိုက် ဆက်သွယ်ရယူနိုင်မှုမရှိဘဲ အင်တာနက်၏ ပြိုင်တူဖြစ်သော မူကွဲတစ်ခုကို အခြေခံအားဖြင့် တည်ဆောက်သည်။ ဆိုလိုသည်မှာ IPv6 အင်တာနက်ပေါ်တွင် ဆက်သွယ်ရန် လိုအပ်သော ကွန်ယက် ကိရိယာတိုင်းအတွက် ဆော့(ဖ်)ဝဲ အဆင့်မြှင့်ခြင်းများ သို့မဟုတ် ဘာသာပြန် အထောက်အပံ့များ လိုအပ်သည်။ ခေတ်သစ် ကွန်ပျူတာ မောင်းနှင် လည်ပတ်မှုစနစ် အများစုမှာ အင်တာနက် ပရိုတိုကော(လ်) မူကွဲနှစ်မျိုးလုံးနှင့် လုပ်ဆောင်နိုင်ရန် ပြောင်းလဲပြီးဖြစ်သည်။ သို့သော် ကွန်ယက် အခြေခံ ဖွဲ့စည်းတည်ဆောက်မှုများသည် ဤတိုးတက်ဖြစ်ပေါ်မှုတွင် နောက်ကျ ကျန်နေခဲ့ဆဲဖြစ်သည်။ ၎င်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံကို ဖြစ်စေသော ခက်ခဲရှုပ်ထွေးသည့် အမှန်တကယ် ချိတ်ဆက်မှုများမှအပ အင်တာနက်ကို နှစ်ဦးနှစ်ဘက်နှင့်ဆိုင်သော သို့မဟုတ် အများနှင့်ဆိုင်သော ကုန်သွယ်မှု သဘောတူစာချုပ်များ (ဥပမာ- ဂုဏ်ရည်တူသဘောတူညီချက်များ) နှင့် နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ သို့မဟုတ် ကွန်ယက်ပေါ်တွင် အချက်အလက်များကို မည်သို့ လဲလှယ်ရမည်ကို ဖော်ပြသော ပရိုတိုကော(လ်)များက ပံ့ပိုးဆောင်ရွက်သည်။ အမှန်တကယ်ပင် အင်တာနက်ကို ၎င်း၏ အပြန်အလှန် ချိတ်ဆက်မှုများနှင့် လမ်းကြောင်းပေါ်လစီများအားဖြင့် အနက်ဖွင့်ကြသည်။

ဖွဲ့စည်းတည်ဆောက်ပုံ[ပြင်ဆင်ရန်]

အင်တာနက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ၎င်း၏ အသုံးပြုမှု သွင်ပြင်လက္ခဏာများကို ကျယ်ပြန့်စွာ လေ့လာခဲ့ကြပြီးဖြစ်သည်။ World Wide Web၏ အင်တာနက် IP လမ်းကြောင်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဟိုက်ပါတက်(စ်) အချိတ်အဆက်များသည် scale-free ကွန်ယက်များ ၏ နမူနာများဖြစ်သည်။ စီးပွားဖြစ် အင်တာနက် ထောက်ပံ့သူများ၏ အင်တာနက် လဲလှယ်ရေးပွိုင့်များ မှတဆင့် ဆက်သွယ်သည့်နည်းနှင့် အလားတူစွာ သုတေသန ကွန်ယက်များသည် GEANT၊ GLORIAD၊ အင်တာနက်၂ (Abilene ကွန်ယက် ကို ဆက်ခံသည့်အရာ)၊ နှင့် UK ၏ အမျိုးသား သုတေသနနှင့် ပညာရေး ကွန်ယက် JANET တို့ကဲ့သို့ ကြီးမားသော ကွန်ယက်ခွဲများနှင့် အပြန်အလှန်ဆက်သွယ်ရန် အလားအလာရှိသည်။ ၎င်းတို့ကို ပို၍ငယ်သော ကွန်ယက်များတွင် တည်ဆောက်ထားသည် (ပညာရေးဆိုင်ရာ ကွန်ပျူတာ ကွန်ယက် အဖွဲ့အစည်းများ စာရင်းကိုလည်းကြည့်ပါ)။

ကွန်ပျူတာ သိပ္ပံပညာရှင် အများအပြားက အင်တာနက်ကို “ကြီးမားသော အတိုင်းအတာရှိပြီး လွန်ကဲစွာ အင်ဂျင်နီယာမှု ပြုထားသော်လည်း လွန်ကဲစွာ ရှုပ်ထွေးသော စနစ်တစ်ခု၏ စံပြ ဥပမာ” ဟု ဖော်ပြကြသည်။ အင်တာနက်သည် အလွန်အမင်းပင် သောင်းပြောင်းထွေလာ ရောနှောနေသည်။ ဥပမာ - အချက်အလက် လွှဲပြောင်းခြင်း နှုန်းများနှင့် ဆက်သွယ်မှုများ၏ အမှန်တကယ် သွင်ပြင်လက္ခဏာများသည် ကျယ်ပြန့်စွာ ပြောင်းလဲနေသည်။ အင်တာနက်သည် ၎င်း၏ ကြီးမားသော အတိုင်းအတာရှိသည့် အဖွဲ့အစည်းပေါ် မူတည်သော "ပေါ်ထွက်လာသော ဖြစ်စဉ်များ" ကို ထုတ်ဖော်ပြသသည်။ ဥပမာ- အချက်အလက် လွှဲပြောင်းနှုန်းသည် ယာယီ ကိုယ်တိုင်နှင့် သဏ္ဌာန်တူခြင်းကို ထုတ်ဖော်ပြသသည်။ ကွန်ယက်၏ နောက်ဆုံး အတိုင်းအတာနှင့် ရေပန်းစားမှုတို့သည် မျှော်မှန်း၍ မရနိုင်သောအခါ အင်တာနက်တွင် သွားလာရေးအတွက် လမ်းကြောင်းပေးခြင်းနှင့် လိပ်မူခြင်း နည်းလမ်းများ၏ နိယာမများသည် ၎င်းတို့၏ မူလအစဖြစ်သော ၁၉၆၀ခုနှစ်များသို့ ပြန်လည် ရောက်ရှိသွားသည်။ ထို့ကြောင့် အခြားသော ဖွဲ့စည်းတည်ဆောက်ပုံနည်းလမ်းများ ဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

LTE TDD Bands 38/40/41င်တာနက်ကို ထိန်းချုပ်ခြင်း[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ မာရီနာ ဒယ်(လ်) ရေး ရှိ ICANN ရုံWeးချုပ်

အင်တာနက်သည် ကမ္ဘာတဝှမ်း ဖြန့်ဝေသော ကွန်ယက်တစ်ခုဖြစ်ပြီး ဆန္ဒအလျောက် အပြန်အလှန် ချိတ်ဆက်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ကွန်ယက်အများအပြား ဖွဲ့စည်း ပါဝင်နေသည်။ ၎င်းသည် ဗဟိုမှ ထိန်းချုပ်သော အဖွဲ့အစည်း မပါဘဲ လုပ်ငန်းလုပ်ဆောင်သည်။ သို့သော် အပြန်အလှန်လုပ်ငန်းလုပ်ဆောင်နိုင်မှုကို ထိန်းသိမ်းရန်အတွက် အဓိက အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၏ နည်းပညာဆိုင်ရာနှင့် ပေါ်လစီ သွင်ပြင်လက္ခဏာများ အားလုံးနှင့် အမည်နေရာပေးခြင်း နိယာမကို မာရီနာ ဒယ်(လ်) ရေး၊ ကာလီဖိုးနီးယား တွင် ရုံးချုပ်ရှိသော အမည်များနှင့် နံပါတ်များ သတ်မှတ်ရေးအတွက် အင်တာနက် ကော်ပိုရေးရှင်း (ICANN)က စီမံအုပ်ချုပ်သည်။ ICANN သည် အာဏာပိုင်ဖြစ်ပြီး ဒိုမိန်းအမည်များ၊ အင်တာနက် ပရိုတိုကော(လ်) (IP) လိပ်စာများ၊ သယ်ယူပို့ဆောင်ရေး ပရိုတိုကော(လ်)များရှိ အသုံးချ အဝင်ပေါ့(ထ်) နံပါတ်များ၊ နှင့် အခြား ပါရာမီတာများ အပါအဝင် အင်တာနက်ပေါ်တွင် အသုံးပြုမှုများတွင် ထပ်တူညီမှုမရှိစေရန် သတ်မှတ်ပေးသည့် အာဏာပိုင်အဖွဲ့ဖြစ်သည်။

အမည်များနှင့် နံပါတ်များကို ထပ်တူညီမှုမရှိစေရန် သတ်မှတ်ထားသော ကမ္ဘာအဝှမ်း စုစည်းထားသည့် အမည် နေရာများသည် အင်တာနက်၏ ကမ္ဘာအနှံ့ ရောက်ရှိရေးတွင် မရှိမဖြစ်လိုအပ်သည်။ ICANN ကို အင်တာနက် နည်းပညာ၊ စီးပွားရေး၊ ပညာရေးနှင့် အခြား စီးပွားရေးမဟုတ်သည့် အဖွဲ့အစည်းများ အသီးသီးမှ အပြည်ပြည်ဆိုင်ရာ ဒါရိုက်တာများ ဘုတ်အဖွဲ့တစ်ခုက အုပ်ချုပ်သည်။ US အစိုးရသည် ဒိုမိန်းအမည် စနစ်၏ အချက်အချာဖြစ်သော DNS root zone ၏ ပြောင်းလဲမှုများကို အတည်ပြုပေးသော အဓိကနေရာကို ဆက်လက်ရရှိနေသည်။ တကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပေါ်တွင် တစ်ခုတည်းသော ဗဟိုမှ လုပ်ဆောင်သော အဖွဲ့ဖြစ်ကောင်းဖြစ်နိုင်သည့်အတွက် ICANN ၏ ထပ်တူမရှိစေရန် သတ်မှတ်သည့် အခန်းကဏ္ဍမှာ ၎င်းကို ထူးခြားမှုဖြစ်စေသည်။ ၂၀၀၅ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် World Summit on the Information Society ကို Tunis တွင် ကျင်းပခဲ့ပြီး အင်တာနက်နှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးရန် Internet Governance Forum (IGF) ကို တည်ထောင်ခဲ့သည်။

ခေတ်ပေါ်အသုံးများ[ပြင်ဆင်ရန်]

အင်တာနက်သည် အလုပ်လုပ်နေသော နာရီများ နေရာများနှင့် ပတ်သက်ပြီး ပိုမိုကြီးမားစွာ လိုက်လျောညီထွေမှု ဖြစ်စေသည်။ အထူးသဖြင့် မီတာတတ်မထားသော အမြန်နှုန်းမြင့် ဆက်သွယ်မှုများနှင့် ဝက်(ဘ်) အသုံးချပရိုဂရမ်များ ပျံ့နှံ့မှုအားဖြင့် ဖြစ်သည်။ ယခုအခါတွင် နည်းလမ်းပေါင်းများစွာဖြင့်၊ အထူးသဖြင့် မိုဘိုင်း(လ်) အင်တာနက် ကိရိယာများမှ တဆင့် အင်တာနက်ကို မည်သည့်နေရာမှမဆို ဆက်သွယ် ရရှိနိုင်သည်။ မိုဘိုင်း(လ်)ဖုန်း၊ ဒေတာကတ်များ၊ လက်ကိုင်ကစားနည်း စက်များ (handheld game consoles) နှင့် ဆယ်လူလာရောက်တာများသည် ယင်းကိရိယာ နည်းပညာကို ပံ့ပိုးသော ကြိုးမဲ့ကွန်ယက် လွှတ်ထားသည့် မည်သည့်နေရာတွင်မဆို အသုံးပြုသူများကို အင်တာနက်သို့ ဆက်သွယ်ရန် ခွင့်ပြုထားသည်။ သေးငယ်သော ကြည့်ရှုရန် ဖန်သားပြင်က သတ်မှတ်ထားသော ကန့်သတ်ချက်များအတွင်း၊ ထိုအိတ်ဆောင် ကိရိယာများ၏ အခြား ကန့်သတ်ချက်ရှိသော အထောက်အပံ့ပစ္စည်းများ၊ အီးမေး(လ်)နှင့် ဝက်(ဘ်)များအပါအဝင် အင်တာနက် ဝန်ဆောင်မှုများကို ရရှိကောင်း ရရှိနိုင်သည်။ ဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကို ကန့်သတ်ကောင်း ကန့်သတ်နိုင်ပြီး၊ ကြိုးမဲ့ဒေတာ ပို့လွှတ်ခြင်းများအတွက် အခကြေးငွေမှာ အခြား ဆက်သွယ်ရရှိနိုင်သော နည်းလမ်းများထက် သိသာစွာ မြင့်မားနိုင်သည်။

မူလတန်းကြိုမှ ဘွဲ့လွန်ပါရဂူအထိ အဆင့်များအားလုံးအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများမှာ ဝက်(ဘ်)ဆိုဒ်များပေါ်တွင် ရရှိနိုင်သည်။ ဥပမာများမှာ ကျောင်းများနှင့် အထက်တန်းကျောင်းများ၏ ပြန်လှန်သင်ကြားခြင်း လမ်းညွှန်များမှတဆင့် ရရှိနိုင်သော CBeebies မှသည်၊ ဂူးဂဲ(လ်)စကော်လာ၏ အကြိုက်များမှတဆင့် အမြင့်ဆုံးအဆင့် ပညာရှင်သုံး စာပေများကို ဆက်သွယ်ရယူနိုင်သော အကျိုးသက်ရောက်သော တက္ကသိုလ်များ (virtual universities) အထိ အတန်းအစား အမျိုးမျိုး ကွဲပြားပါသည်။ အဝေးသင် ပညာရေးစနစ်တွင် အိမ်စာများနှင့် အခြား သတ်မှတ်ပေးထားသော သင်ခန်းစာများ လုပ်ဆောင်ခြင်း၊ မိမိကိုယ်မိမိ လမ်းညွှန် သင်ယူ ခြင်း၊ အချိန်ပိုများကို ကုန်လွန်စေခြင်း၊ သို့မဟုတ် စိတ်ဝင်စားသော အချက်တစ်ခုအပေါ် အသေးစိတ်အချက်အလက်များ ပိုမိုရှာဖွေခြင်းများတို့တွင် ကူညီသည်။ မည်သည့်နေရာမှမဆို မည်သည့်အဆင့်အတွက်မဆို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်သွယ်ရယူနိုင်ခြင်းသည် လူအများအတွက် ဘယ်သောအခါကမျှ ယခုလောက် မလွယ်ကူခဲ့ပေ။ ယျေဘုယျအားဖြင့် အင်တာနက်နှင့် အထူးသဖြင့် World Wide Web တို့သည် ပုံမှန်သမားရိုးကျ ပညာရေးအတွက်ရော၊ သမားရိုးကျမဟုတ်သော ပညာရေးအတွက်ပါ အရေးကြီးသည့် စွမ်းဆောင်နိုင်စေသူများ ဖြစ်ကြသည်။

ဈေးနှုန်းသက်သာမှုနှင့် အကြံ ဉာဏ်များ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ကိုချက်ချင်းဆိုသလို ဝေမျှနိုင်ခြင်းက ပူးပေါင်းဆောင်ရွက်သော ဆော့(ဖ်)ဝဲ၏ အကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်သော အလုပ်ကို ထူးထူးခြားခြား လွယ်ကူစေသည်။ အုပ်စုတစ်ခုသည် ဈေးနှုန်းသက်သာစွာ ဆက်သွယ်ခြင်းနှင့် အကြံဉာဏ်များ ဝေမျှခြင်းတို့ ပြုလုပ်နိုင်ရုံသာမက၊ ကျယ်ပြန့်စွာ ရောက်ရှိနိုင်သော အင်တာနက်က ထိုသို့သော အုပ်စုများကို ပထမနေရာတွင် လွယ်ကူစွာ ဖွဲ့စည်းခွင့် ပေးပါသည်။ ဥပမာတစ်ခုမှာ အခမဲ့ ဆော့(ဖ်)ဝဲရွေ့လျားမှုက အခြားပရိုဂရမ်များ အနက် လင်းနက်(စ်)၊ မိုဇီလာဖိုင်းယားဖောက်(စ်)နှင့်OpenOffice.org တို့ကို ထုတ်လုပ်ပေးခဲ့ပေသည်။ IRC စကားပြောခန်းပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် လိုင်းများ ပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် ချက်ချင်း မက်ဆေ့(ခ်ျ)ပို့သော စနစ်များမှ တဆင့်သော်လည်းကောင်း အင်တာနက် “အပြန်အလှန် စကားပြောခြင်း”သည် နေ့ဖက်တွင် မိမိကွန်ပျူတာ၌ အလုပ်လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များအချင်းချင်း အလွန် သက်သောင့်သက်သာ ပုံစံဖြင့် အဆက်အသွယ်မပြတ် ရှိစေသည်။ မက်ဆေ့(ခ်ျ)ခေါ် သတင်းစကားများမှာ အပြန်အလှန် ဖလှယ်နိုင်ပြီး အီးမေး(လ်)ထက် ပိုမိုလျင်မြန်ပြီး လွယ်ကူအဆင်ပြေပါသည်။ ဤစနစ်များ၏ တိုးချဲ့မှုများသည် ဖိုင်များကို ဖလှယ်နိုင်ပြီး၊ ဝေမျှရန် “ဝှိုက်ဘုတ်” ပေါ်တွင်ရေးဆွဲခြင်း သို့မဟုတ် အဖွဲ့သားများအကြား အသံ၊ ဗီဒီယိုတို့ဖြင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်သည်။

မူကွဲထိန်းချုပ်ခြင်း စနစ်များသည် ပူးပေါင်းဆောင်ရွက်သော အဖွဲ့များကို ဝေမျှထားသော စာရွက်စာတမ်းများ အတွဲများနှင့် အလုပ်လုပ်ရာတွင် အချင်းချင်းတို့အလုပ်များကို မတော်တဆ အပေါ်မှထပ်မံရေးမိခြင်း မရှိဘဲ သို့မဟုတ် အဖွဲ့ဝင်များအား ၎င်းတို့ ပါဝင်ရေးသားနိုင်ရန်အတွက် စာရွက်စာတမ်းများ ပို့ လာသည်အထိ စောင့်ဆိုင်းရန် မလိုဘဲ အလုပ်လုပ်နိုင်ရန် ခွင့်ပြုထားသည်။ စီးပွားရေးနှင့် စီမံကိန်း အဖွဲ့များသည် ပြက္ခဒိန်များ၊ စာရွက်စာတမ်းများနှင့် အခြား သတင်းအချက်အလက်များကို အချင်းချင်း ဝေမျှနိုင်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် သိပ္ပံဆိုင်ရာ သုတေသန၊ ဆော့(ဖ်)ဝဲ ဖွံ့ဖြိုးတိုးတက်ရေး၊ ကွန်ဖရင့် စီမံကိန်း၊ နိုင်ငံရေး လှုပ်ရှားရေးဝါဒ နှင့် စိတ်ကူးဖန်တီးနိုင်သော အရေးအသားများ အပါအဝင် ဧရိယာ အမျိုးပေါင်း များစွာတို့တွင် ဖြစ်ပွားစေသည်။ လူမှုရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်တာနက် ဆက်သွယ်ရယူမှုနှင့် ကွန်ပျူတာသုံးစွဲမှု တတ်မြောက်ကျွမ်းကျင်ခြင်းတို့ နှစ်ခုလုံး တိုးပွားလာသည်နှင့်အညီ ပိုမိုပျံ့နှံ့လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်း၏ ဖလက်(ရှ်)မော့(ဘ်) ‘ပွဲများ’မှသည် ၂၀၀၉ ခုနှစ် အီရန်လူမျိုးများ၏ ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြပွဲများတွင် လူမှုဆက်ဆံရေး ကွန်ယက်များကို အသုံးပြုခြင်း အထိ လူများအား ပိုမို ထိရောက်စွာ အတူတကွ အလုပ်လုပ်ရန်နှင့် အင်တာနက် မပါဘဲ ဖြစ်နိုင်သည်ထက် ပိုမိုများပြားသော နည်းလမ်းများကို အသုံးပြုရန် အင်တာနက်က ခွင့်ပြုပါသည်။

အင်တာနက်အသုံးပြုသူများအား ကမ္ဘာတလွှား မည်သည့်နေရာမှ ဖြစ်ပါစေ အခြား ကွန်ပျူတာများသို့ အဝေးမှဆက်သွယ်ရယူခြင်း နှင့် သတင်းအချက်အလက်များ လွယ်ကူစွာ သိမ်းဆည်းခြင်းပြုလုပ်ရန် အင်တာနက်က ခွင့်ပြုသည်။ ယင်းသို့ပြုလုပ်ရာတွင် လုံခြုံရေး၊ အစစ်အမှန်ပြုခြင်းနှင့် လျှို့ဝှက်ကုတ် နည်းပညာများကို လိုအပ်ချက်ပေါ်မူတည်ကာ အသုံးပြုပြီးသော်လည်းကောင်း အသုံးမပြုဘဲ သော်လည်းကောင်း ပြုလုပ်နိုင်သည်။ ဤသည်မှာ လုပ်ငန်းအများအပြားတွင် နေအိမ်မှနေ၍ အလုပ်လုပ်ခြင်း၊ ပူးပေါင်း လုပ်ကိုင်ခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းဟူသော နည်းလမ်းအသစ်များကို အားပေးပါသည်။ အထူးကျွမ်းကျင်သူများက လေးခုမြောက်းနိုင်ငံတစ်ခုမှ နေ၍ အဝေးမှ ထိန်းသိမ်းထားသော နောက်ထပ် တတိယးနိုင်ငံတစ်ခုရှိ ဆာဗာတစ်ခုပေါ်၌၊ အိမ်တွင်ထိုင်နေသော စာရင်းစစ် တစ်ယောက်သည် အခြား ဒုတိယနိုင်ငံတစ်ခုရှိ ကုမ္ပဏီတစ်ခု၏ စာအုပ်များကို စာရင်းစစ်ခြင်း ပြုလုပ်နိုင်သည်။

အခြား ဝေးလံသော ဒေသများတွင် ကမ္ဘာတစ်ဝန်းလုံးရှိ ရုံးများမှ အီးမေး(လ်)ဖြင့် ပို့လာသော သတင်းအချက်အလက်များအပေါ် အခြေခံကာ အိမ်တွင် အလုပ်လုပ်သော စာရင်းရေးသူများက ဤအကောင့်များကို ဖန်တီးထားခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ဤအရာများအနက် အချို့မှာ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင်က ဖြစ်နိုင်ချေ ရှိသော်လည်း၊ ပုဂ္ဂလိက ငှားရမ်းသည့် သဘောတူညီချက်များ (အင်တာနက် ထောက်ပံ့သူနှင့် အသုံးပြုသူကြား ချုပ်ဆိုသော သဘောတူညီချက်)၏ ကုန်ကျစရိတ်ကြောင့် ယင်းတို့အနက် အများအပြားအား တကယ်တန်းတွင် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ အလုပ်စားပွဲမှ အဝေးသို့ ရောက်ရှိနေသော ရုံးအလုပ်သမား တစ်ဦးသည် ကမ္ဘာ၏ အခြားတစ်ဖက်တွင် စီးပွားရေးဆိုင်ရာ ခရီး သို့မဟုတ် အပန်းဖြေခရီး ထွက်ရင်း ရောက်ကောင်းရောက်နေမည် ဖြစ်သည်။ သူသည် လုံခြုံစိတ်ချရသော အကျိုးသက်ရောက်စေသော ပုဂ္ဂလိကကွန်ယက် (Virtual Private Network) (VPN)ကို အသုံးပြုပြီး ရုံးရှိ ၎င်း၏ PC ထဲမှ အဝေးထိန်းဒက်(စ်)တော့ ကဏ္ဍကို လှမ်း၍ ဖွင့်နိုင်သည်။ ဤသည်မှာ ရုံးမှအဝေးသို့ ရောက်ရှိနေစဉ်အတွင်း အလုပ်သမားအား အီးမေး(လ်)နှင့် အခြား အသုံးချပရိုဂရမ်များ အပါအဝင် ၎င်း၏ ပုံမှန်ဖိုင်များနှင် ဒေတာများအားလုံးကို လုံးဝဆက်သွယ်ရယူမှု ပေးသည်။ ဤအယူအဆကို စနစ်စီမံခန့်ခွဲသူများ အချင်းချင်း အကြားတွင် အကျိုးသက်ရောက်စေသော ပုဂ္ဂလိက အိပ်မက်ဆိုးများအဖြစ် ရည်ညွှန်းသည်၊ အဘယ်ကြောင့်ဆိုသော် ကော်ပိုရိတ် ကွန်ယက်တစ်ခု၏ လုံခြုံစိတ်ချရသော ပတ်လည်အတိုင်းအတာကို ယင်း၏ ဝန်ထမ်းများ၏ အိမ်များအထိ ချဲ့သောကြောင့် ဖြစ်သည်။

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

သတင်းအချက်အလက်

လူအများတို့က အင်တာနက် နှင့် World Wide Webသို့မဟုတ် ဝက်(ဘ်) ဟူသော ဝေါဟာရများကို အလဲအလှယ်လုပ်၍ အသုံးပြုကြသော်လည်း ယင်းဝေါဟာရများမှာ မူလအဓိပ္ပာယ်တူခြင်း မရှိပါချေ။ World Wide Web ဆိုသည်မှာ hyperlink များဖြင့် ကျိုးကြောင်းဆီလျော်စွာ အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဆင်တူသော အရင်းအမြစ် ခွဲခြားပေးသူများ (Uniform Resource Identifiers) (URIs) အဖြစ် ရည်ညွှန်းသော တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စာရွက်စာတမ်းများ၊ ရုပ်ပုံများနှင့် အခြား အရင်းအမြစ်များ ဖြစ်သည်။ URI များသည် ထောက်ပံ့ သူများအား ဝန်ဆောင်မှုများ လက္ခဏာသင်္ကေတဖြင့် ခွဲခြားရန်၊ ဖောက်သည်များကို စာရွက်စာတမ်းများ သိုလှောင်ထားသည့် ဝက်(ဘ်)ဆာဗာများ၊ ဖိုင်ဆာဗာများနှင့် အခြားဒေတာဘေ့(စ်)များ ရှာဖွေရန်နှင့် ရည်ညွှန်းရန် ခွင့်ပြုထားသည်။ အရင်းအမြစ်များဖြင့် ထောက်ပံ့ပေးထားပြီး၊ ဝက်(ဘ်)၏ အခြေခံသယ်ယူပို့ဆောင်ရေး ပရိုတိုကောဖြစ်သော ဟိုက်ပါတက်(စ်)ထရန်စဖာ ပရိုတိုကော(HTTP) ကို အသုံးပြု၍ ယင်းတို့ကို ရယူနိုင်ရန် ခွင့်ပြုထားသည်။ HTTP သည် အင်တာနက်ပေါ်တွင် အသုံးပြုသော ရာပေါင်းများစွာသော ဆက်သွယ်ရေး ပရိုတိုကော များထဲမှ တစ်ခုသာလျှင်ဖြစ်သည်။ ဆော့(ဖ်)ဝဲစနစ်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ လောဂျစ်နှင့် ဒေတာများကို ဝေငှခြင်းနှင့် ဖလှယ်ခြင်းတို့ ပြုလုပ်ရန်အတွက် ဆက်သွယ်ခွင့် ပြုရန် HTTP အား ဝက်(ဘ်)ဝန်ဆောင်မှုများက အသုံးပြုနိုင်သည်။

မိုက်ခရိုဆော့(ဖ်)၏ Internet Explorer၊ Mozilla Firefox၊ Opera၊ Apple ၏ Safari နှင့် Google Chrome ကဲ့သို့သော World Wide Web ၏ browser ဆော့(ဖ်)ဝဲများသည် စာရွက်စာတမ်းများအတွင်း မြုပ် ထား သော hyperlinkများမှ တဆင့် ဝက်(ဘ်)စာမျက်နှာ တစ်ခုမှတစ်ခုသို့ အသုံးပြုသူများအား လမ်းကြောင်းပြသည်။ ဤစာရွက်စာတမ်းများတွင် ဂရပ်ဖစ်များ၊ အသံများ၊ စာသားများ၊ ဗီဒီယို၊ မီဒီယာမျိုးစုံနှင့် ကစားနည်းများ၊ ရုံးသုံး အသုံးချပရိုဂရမ်များနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သရုပ်ပြခြင်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အကြောင်းအရာများ စသည့် ပေါင်းစပ်ထားသော ကွန်ပျူတာဒေတာများလဲ ပါဝင်နိုင်သည်။ ယာဟူး နှင့် ဂူးဂဲ(လ်)တို့ကဲ့သို့ ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသော သော့ချက်စကားလုံးတို့ဖြင့် မောင်းနှင်သည့် အင်တာနက် သုတေသနပြုမှုမှ တဆင့် ကမ္ဘာတစ်ဝန်းလုံးရှိ အသုံးပြုသူများသည် များပြားပြီး အမျိုးအစား စုံလင်လှသော အွန်လိုင်း သတင်းအချက်အလက်များသို့ လွယ်လွယ်ကူကူနှင့် ချက်ချင်းဆိုသလို ဝင်ရောက်ကြည့်ရှုခွင့် ရပေသည်။ ပုံနှိပ်ထားသော စွယ်စုံကျမ်းများ၊ ရှေးရိုးရာ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင် World Wide Web သည် သတင်းအချက်အလက်များကို ဗဟိုမှထိန်းချုပ်မှုအား ခွဲဝေပေးခြင်းကို စွမ်းဆောင်နိုင်သည်။

တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကို ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာခြင်းများ အလွန်အမင်းလျော့ကျစွာဖြင့် အလားအလာရှိသော ပရိသတ်ကြီးထံသို့ ထုတ်ဝေနိုင်ရန် ဝက်(ဘ်)က စွမ်းဆောင်နိုင်သည်။ ဝက်(ဘ်) စာမျက်နှာတစ်ခု၊ ဘလော့ဂ်တစ်ခု ထုတ်ဝေရာတွင် သို့မဟုတ် ဝက်(ဘ်)ဆိုဒ်တစ်ခု တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် အနည်းငယ်မျှသာ ရှိပြီး၊ အခမဲ့ဝန်ဆောင်မှုများ အများအပြားလည်း ရှိသည်။ ကြီးမားပြီး ဆွဲဆောင်မှုရှိသော အတတ်ပညာဆိုင်ရာ ဝက်(ဘ်)ဆိုဒ်များကို ထုတ်ဝေခြင်းနှင့် ထိန်းသိမ်းခြင်းတို့မှာ အမျိုးမျိုးကွဲပြားလျက် ရှိသည်။ သို့ရာတွင် နောက်ဆုံးပေါ် သတင်းများမှာ ခက်ခဲပြီး ဈေးကြီးသော ကိစ္စပင် ဖြစ်လျက်ရှိသေးသည်။ ပုဂ္ဂိုလ်တစ်ဦးချင်း အများစုနှင့် ကုမ္ပဏီ၊ အဖွဲ့ အချို့တို့မှာ လွယ်ကူစွာ ပြုပြင်မွမ်းမံနိုင်သော အွန်လိုင်းဒိုင်ယာရီများကို ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိသော ဝက်(ဘ်)လော့(ဂ်)များ သို့မဟုတ် ဘလော့ဂ်များကို သုံးကြသည်။ အချို့စီးပွားရေးဆန်သော အဖွဲ့အစည်းများသည် ဧည့်သည်များက အထင်ကြီးစေလိုသော မျှော်လင့်ချက်ဖြင့် ယင်းတို့၏ဝန်ထမ်းများကို ၎င်းတို့အထူးပြုသော ဧရိယာများတွင် ကျွမ်းကျင်သော အသိပညာများနှင့် အခမဲ့ သတင်းအချက်အလက်များ ဖြင့် အကြံဉာဏ်ပေး ဆက်သွယ်ရန် အားပေးသည်။

ထိုသို့ဖြင့် ဆွဲဆောင်မှုရှိသော ကော်ပိုရေးရှင်းအဖြစ် အကျိုးသက်ရောက်မှု ရှိစေသည်။ ယင်း၏ဥပမာတစ်ခုမှာ မိုက်ခရိုဆော့(ဖ်)ပင် ဖြစ်သည်။ ယင်း၏ ထုတ်ကုန်ကြီးပွားစေသူများ (product developers)က ပြည်သူများ ယင်းတို့၏ အလုပ်များတွင် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်ဘလော့ဂ်များကို ထုတ်လုပ်ကြသည်။ ကြီးမားသော ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ၏ ထုတ်ဝေထားသော ကိုယ်ပိုင် ဝက်(ဘ်)စာမျက်နှာများ စုဆောင်းခြင်းမှာလဲ ရေပန်းစားဆဲပင်ဖြစ်ပြီး၊ တစ်စထက်တစ်စ ခေတ်မီလာလျက်ရှိသည်။ တစ်ဖက်ကကြည့်သော် အိန်ဂျယ်ဖိုင်းယားနှင့် ဂျီယိုစီးတီးကဲ့သို့ လုပ်ငန်းစဉ်များ ဝက်(ဘ်)ဆိုဒ် ခေတ်ဦးပိုင်းကတည်းက ရှိခဲ့ပါသော်လည်း၊ ကမ်းလှမ်းမှု အသစ်များ ဥပမာအားဖြင့် Facebook နှင့် Myspaceတို့တွင် လောလောဆယ်တွင် နောက်လိုက်များ အများအပြားရှိသည်။ ဤလုပ်ငန်းစဉ်များသည် ယင်းတို့ကိုယ်ကို ရိုးရိုး ဝက်(ဘ်)စာမျက်နှာ လက်ခံများအဖြစ်ထက် လူမှုဆက်ဆံရေးကွန်ယက် ဝန်ဆောင်မှုများဟု အမည်တပ်လေ့ရှိသည်။ အမည်ကျော် ဝက်(ဘ်)စာမျက်နှာများပေါ်တွင် ကြော်ငြာခြင်းမှာ အကျိုးအမြတ်များနိုင်ပြီး အီးကောမာ့(စ်) ခေါ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝက်(ဘ်)မှ တဆင့် တိုက်ရိုက် ရောင်းချခြင်းမှာ ဆက်လက်တိုးတက်လက် ရှိသည်။

၁၉၉၀ ခုနှစ်များတွင် ဝက်(ဘ်)စတင်ပေါ်ပေါက်လာစဉ်၊ စံနမူနာဖြစ်သော ဝက်(ဘ်) စာမျက်နှာမှာ ဝက်(ဘ်)ဆာဗာပေါ်တွင် ပြည့်စုံသော ပုံစံဖြင့် သိမ်းဆည်းထားပြီး HTMLဖြင့် ပုံစံချထားသည်။ အသုံးပြုသူ၏ ဘရောက်ဆာသို့ တောင်းဆိုမှုအရ ပို့ရန် အဆင်သင့်ပင်ဖြစ်သည်။ အချိန်များပြောင်းလဲ သွားသည်နှင့်အမျှ ဝက်(ဘ်)စာမျက်နှာများ ဖန်တီးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့သည် အလိုအလျောက် ပိုမိုလုပ်ဆောင်နိုင်ပြီး၊ ပိုမိုအင်အားကောင်းလာခဲ့သည်။ ဝက်(ဘ်)ဆိုဒ်များအား ကနဦးတွင် ပါဝင်သည့် အကြောင်းအရာ အလွန်နည်းပါးစွာဖြင့် ပါဝင်သည့်အကြောင်းအရာများ စီမံခန့်ခွဲခြင်း (content management) သို့မဟုတ် ဝီကီ ဆော့(ဖ်)ဝဲကို အသုံးပြုခြင်းဖြင့် မကြာခဏဆိုသလို တီထွင်ဖန်တီးခဲ့ကြသည်။ ထိုစနစ်များအား ဖြန့်ဝေပေးသူများမှာ လခစားဝန်ထမ်း၊ ကလပ်တစ်ခု သို့မဟုတ် အခြားအဖွဲ့အစည်း သို့မဟုတ် အများပြည်သူများထဲမှ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်နိုင်ပြီး၊ ရည်ရွယ် ဖန်တီးထားသော တည်းဖြတ်ထားသည့် စာမျက်နှာများကို အသုံးပြု၍ ပါဝင်သည့် အကြောင်းအရာတို့ဖြင့် အောက်ခံဒေတာဘေ့(စ်)ကို ဖြည့်ပေးသည်။ တပြိုင်နက်တည်းတွင် ရံဖန်ရံခါ ဝင်ရောက်ကြည့်ရှုသူများက ဤပါဝင်သည့် အကြောင်းအရာကို ယင်း၏ နောက်ဆုံး HTML ပုံစံတွင် ကြည့်ခြင်း၊ဖတ်ရှုခြင်းတို့ ပြုသည်။ အသစ်သွင်းလိုက်သော အကြောင်းအရာ အသစ်တို့ကို လက်ခံခြင်း လုပ်ငန်းစဉ်တွင် တည်းဖြတ်ခြင်း၊ အတည်ပြုခြင်းနှင့် လုံခြုံရေးစနစ်တို့ ရှိကောင်းရှိနိုင်မည် ဖြစ်ပြီး၊ ထိုအကြောင်းအရာများကို ပစ်မှတ်ထားသော ဝင်ရောက်ကြည့်ရှုသူ ဧည့်သည်များအတွက် အသုံးပြုရန် အသင့်လုပ်ပေးထားသည်။

ဆက်သွယ်ရေး[ပြင်ဆင်ရန်]

အီးမေး(လ်) သည် အင်တာနက်ပေါ်တွင် ရရှိနိုင်သော အရေးပါသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ဖြစ်သည်။ ပို့သူနှင့် လက်ခံရရှိသူအကြား အီလက်ထရောနစ်ဖြင့် စာပို့ဆောင်သည့် သဘောတရားမှာ အင်တာနက်မပေါ်မီကာလက စာ သို့မဟုတ် မှတ်တမ်းများပို့ခြင်းနှင့် အချို့အဝက်ဆင်တူသည်။ ယနေ့အချိန်အခါတွင် ၎င်းမှာ အင်တာနက်နှင့် အင်တာနယ်(လ်) အီးမေး(လ်)စနစ်များ အကြားတွင် ခွဲခြားသိမြင်ရန် အရေးကြီးသည်။ အင်တာနက် အီးမေး(လ်)သည် တစ်နေရာမှ တစ်နေရာသို့ သွားနိုင်ပြီး လျှို့ဝှက်ကုတ်နှင့် မဟုတ်ဘဲ ပို့သူနှင့် လက်ခံရရှိသူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားများပြားသော ကွန်ယက်များနှင့်စက်များပေါ်တွင် သိမ်းဆည်းထားနိုင်သည်။ ဤအချိန်အတောအတွင်း တစ်စုံတစ်ယောက်က အရေးကြီးသည်ဟု ယူဆပါက၊ မဆိုင်သည့် ဘေးလူများမှ ပါဝင်သော အကြောင်းအရာများကို ဖတ်ရှုနိုင်ပြီး မရိုးမသားပြုလုပ်နိုင်ရန်မှာ အတော်ပင် ဖြစ်နိုင်ခြေရှိသည်။ မည်သည့်အဖွဲ့အစည်းတွင်မဆို IT နှင့် ယင်းတို့အား လိပ်မူမထားသော အခြားဝန်ထမ်းများ၏ အီးမေး(လ်)များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရံဖန်ရံခါ ဝင်ရောက်ကြည့်ခြင်း အလုပ်များတွင် ပါဝင်ပတ်သက်နေသော အခြားအမှုထမ်းများ ရှိသော်လည်း၊ ကော်ပိုရေးရှင်း သို့မဟုတ် အဖွဲ့အစည်း၏ ကွန်ယက်အတွင်းမှ မည်သည့်အခါမျှ သတင်းအချက်အလက်များ ထွက်မသွားသည့် အင်တာနယ်(လ်) သို့မဟုတ် အင်ထရာနက် မေး(လ်) စနစ်များမှာမူ ပိုမို၍ လုံခြုံစိတ်ချရသည်။ ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် အခြားဖိုင်များကို အီးမေး(လ်)နှင့် တွဲဖက်၍ ပို့နိုင်သည်။ အီးမေး(လ်)များကို လက်ခံသူ အီးမေး(လ်)လိပ်စာများ အများအပြားသို့ cc-ed ခေါ် ကော်ပီ ပို့နိုင်သည်။

အင်တာနက်ဖြင့် စကားပြောဆက်သွယ်ခြင်းစနစ်သည် အင်တာနက် ဖန်တီးမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် အများသိသော ဆက်သွယ်ရေး ဝန်ဆောင်မှုပင် ဖြစ်သည်။ VoIP မှာ အင်တာနက် ပရိုတိုကောမှ တဆင့်လာသော အသံဟု အဓိပါယ်ရသည်။ အင်တာနက် ဆက်သွယ်ရေးအားလုံးအပေါ် အခြေခံသည့် ပရိုတိုကောကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်ကူးမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များက စတင်ခဲ့ပြီး ကိုယ်ပိုင် ကွန်ပျူတာများ အတွက် လမ်းလျှောက် စကားပြောစက်များနှင့် ဆင်တူသော အသံအသုံးချ ပရိုဂရမ်များ ဖြစ်သည်။ မကြာသေးသောနှစ်များက VoIP စနစ်အများအပြားမှာ သာမန်တယ်လီဖုန်းကဲ့သို့ အဆင်ပြေပြီး အသုံးပြုရန်လွယ်ကူ လာသည်။ အကျိုးကျေးဇူးမှာ အင်တာနက်က အသံအသွားအလာကို သယ်ဆောင်သောကြောင့် VoIP မှာ အခမဲ့ဖြစ်နိုင်သည် သို့မဟုတ် ကုန်ကျစရိတ်မှာ သာမန်သုံးနေကျ တယ်လီဖုန်း ခေါ်ဆိုခထက် အလွန်နည်းပါးနိုင်သည်။ အထူးသဖြင့် အလွန်ဝေးသော နေရာဒေသများနှင့် အထူးသဖြင့် cable သို့မဟုတ် ADSL တို့ဖြင့် အင်တာနက် ချိတ်ဆက်ခြင်း အမြဲရှိနေသောသူများအတွက် ဖြစ်သည်။

VoIP သည် သာမန်သုံးနေကျ တယ်လီဖုန်း ဝန်ဆောင်မှု၏ အခြားရွေးချယ်စရာ ပြိုင်ဘက်တစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။ ကွဲပြားသော ထောက်ပံ့သူများအကြား အတုံ့အပြန်ပြုလုပ်နိုင်ခြင်းမှာ တိုးတက်လာခဲ့ပြီး၊ သာမန်သုံးနေကျ တယ်လီဖုန်းမှ ခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ခံနိုင်ခြင်းတို့ ပြုလုပ်နိုင်လာသည်။ ရိုးရိုးပင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး လိုအပ်မှုကို ဖယ်ရှားထားသော ဈေးသက်သာသော VoIP ကွန်ယက် အဒက်(ပ်)တာများ ရရှိနိုင်သည်။ ခေါ်ဆိုမှု တစ်ခုနှင့်တစ်ခု အကြား အသံအရည်အသွေး ခြားနားခြင်းများ ရှိနိုင်သော်လည်း မကြာခဏဆိုသလိုပင် သာမန်ခေါ်ဆိုနေကျ ဖုန်းများနှင့် တန်းတူ သို့မဟုတ် ယင်းတို့ထက် သာလွန်ကောင်းမွန်ပါသည်။ VoIP အတွက် ကျန်ရှိဆဲ ပြဿနာများတွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ခေါ်ဆိုခြင်းနှင့် ယုံကြည် စိတ်ချရမှုတို့ ပါဝင်သည်။ လက်ရှိတွင်၊ VoIP ထောက်ပံ့သူ အနည်းငယ်တို့မှာ အရေးပေါ် ဝန်ဆောင်မှုကို ပေးသော်လည်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအတွက်မူ မရရှိနိုင်ပေ။ သာမန်သုံးနေကျ ဖုန်းများမှာ ကြိုးလိုင်း မှ ပါဝါရရှိနိုင်ပြီး လျှပ်စစ်ပြတ်တောက်နေချိန်တွင် အသုံးပြုနိုင်သည်။ VoIP မှာ ယင်းကဲ့သို့မဟုတ် ဖုန်းပစ္စည်းကိရိယာနှင့် အင်တာနက် ဝင်ရောက်ကြည့်ရှုရန် ကိရိယာများအတွက် ထောက်ပံ့သည့် လျှပ်စစ်သိုလှောင်ထားရှိမှု (backup power source) မရှိပဲနှင့် အသုံးမပြုနိုင်ပေ။ ကစားသူများအကြား ဆက်သွယ်ရေးတစ်ခုအနေဖြင့် ကစားနည်းအသုံးချ ပရိုဂရမ်များကြောင့် VoIP မှာ တိုး၍တိုး၍ ကျော်ကြားလာလျက်ရှိသည်။ ဖောက်သည်များအတွက် ကျော်ကြားသော VoIPကစားနည်းများတွင် Ventrilo နှင့် Teamspeak တို့ပါဝင်သည်။ Wii, PlayStation 3၊ နှင့် Xbox 360 တို့တွင်လည်း VoIP စကားပြောခြင်းများ ပါဝင်သည်။

ဒေတာရွှေ့ပြောင်းခြင်း[ပြင်ဆင်ရန်]

အင်တာနက်ပေါ်တွင် ဒေတာအများအပြားကို ရွှေ့ပြောင်းခြင်း၏ နမူနာတစ်ခုမှာ ဖိုင်ဝေမျှခြင်း ဖြစ်သည်။ ကွန်ပျူတာဖိုင်တစ်ခုကို ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေ သူငယ်ချင်းများထံ ပူးတွဲခြင်း (attachment)ဖြင့် အီးမေး(လ်)မှ ပို့နိုင်သည်။ အခြားသူများ အလွယ်တကူ ဒေါင်းလုဒ် ဆွဲချရန် ဝက်(ဘ်)ဆိုဒ် တစ်ခု သို့မဟုတ် FTP ဆာဗာပေါ်သို့ ခေါ်တင်နိုင်သည်။ လုပ်ဖော်ကိုင်ဖက်များ ချက်ချင်းအသုံးပြုနိုင်ရန်အတွက် “ဝေမျှအသုံးပြုသောနေရာ” (shared location) သို့မဟုတ် ဖိုင်ဆာဗာတစ်ခုထဲတွင် ထားနိုင်သည်။ အသုံးပြုသူအများအပြားသို့ အရေအတွက်များများ ဒေါင်းလုဒ်ချခြင်းကို “မစ်ရာ” (mirror)ဆာဗာခေါ် အခြားဆိုဒ်တစ်ခု၏ ပုံတူမိတ္တူပွား ဆာဗာများ သို့မဟုတ် ဂုဏ်ရည်တူ (peer-to-peer) ကွန်ယက်များကို အသုံးပြုခြင်းအားဖြင့် လွယ်ကူစေနိုင်သည်။ ဤသို့သော ကိစ္စမျိုးမဆိုတိုင်းတွင် ဖိုင်သို့ ဝင်ရောက်ကြည့်ခြင်းအား အသုံးပြုသူ အစစ်အမှန်ပြုခြင်းဖြင့် ထိန်းချုပ်ထားသည်။ အင်တာနက်ပေါ်တွင် ဖိုင်အကူးအပြောင်း ပြုလုပ်ခြင်းကို လျှို့ဝှက်ကုတ် အသုံးပြုခြင်းဖြင့် နားလည်ရခက်ခဲအောင် ပြုလုပ်နိုင်ပြီး၊ ပိုက်ဆံပေးခြင်းဖြင့် ဖိုင်များသို့ ဝင်ရောက်ကြည့်ရှု နိုင်ခွင့်အား ပြောင်းလဲပစ်နိုင်သည်။

ငွေကြေးများကို အဝေးထိန်းစံနစ်ဖြင့် ကျသင့်ငွေများကို ပေးဆောင်နိုင်သည်။ ဥပမာအားဖြင့် ခရက်ဒစ်ကတ်ခေါ် အကြွေးဝယ်ကတ်ရှိ ပုံမှန်အားဖြင့် လုံးလုံး လျှို့ဝှက်ကုတ်ဖြင့် ထည့်ထားသော ပိုင်ရှင်၏အသေးစိတ်အချက်အလက်များသည် အင်တာနက်ပေါ် ဖြတ်သွားခြင်းဖြင့်ပေးချေနိုင်သည်။ လက်ခံရရှိသောဖိုင်၏ မူလနှင့် စစ်မှန်မှုကို ဒီဂျစ်တယ်လက်မှတ်များ သို့မဟုတ် MD5 သို့မဟုတ် သတင်းပေါင်းချုပ် (message digests) တို့ဖြင့် စစ်ဆေး ကြည့်ရှုနိုင်သည်။ ကမ္ဘာတဝှမ်းလုံးအပေါ် အခြေခံသော အင်တာနက်၏ ဤသို့ရိုးရှင်းသော အသွင်အပြင်လက္ခဏာများသည် မည်သည့်အရာတိုင်းကိုမဆို ယင်းတို့၏ ထုတ်လုပ်ရေး၊ ရောင်းချရေးနှင့် ဖြန့်ဖြူးရေးတို့အား ကူးပြောင်းသွယ်ပို့ရန်အတွက် ကွန်ပျူတာဖိုင်တစ်ခုအသွင် လျှော့ပစ်နိုင်အောင် ပြောင်းလဲပေးပေသည်။ ယင်းတွင် ပုံနှိပ်ထုတ်ဝေခြင်း၊ ဆော့(ဖ်)ဝဲ ထုတ်ကုန်များ၊ သတင်းများ၊ တေးဂီတ၊ ရုပ်ရှင်၊ ဗီဒီယို၊ ဓာတ်ပုံပညာ၊ ဂရပ်ဖစ် ဒီဇိုင်းများနှင့် အခြားသော အနုပညာလုပ်ငန်းများ၏ နည်းလမ်းများအားလုံး ပါဝင်သည်။ ဤထုတ်ကုန်များအား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့ကို ယခင်က ချုပ်ကိုင်ထားသော ယခုတည်ရှိဆဲ လုပ်ငန်းများ တစ်ခုချင်းစီတို့တွင် ကြီးမားသော အလှည့်အပြောင်းများကို ဖြစ်ပေါ်စေသည်။

စဉ်ဆက်မပြတ်ထုတ်လွှင့်သော မီဒီယာဆိုသည်မှာ လက်ရှိရေဒီယိုနှင့် တယ်လီဗီးရှင်း ထုတ်လွှင့်သူများက ယင်းတို့၏ အသံနှင့် အရုပ် တိုက်ရိုက် ထုတ်လွှင့်ခြင်းတို့ကို အင်တာနက် “ဖိ(ဒ်)feeds” ပြုလုပ်ခြင်းအား အားပေးတိုးမြှင့်ခြင်းကို ရည်ညွှန်းပါသည် (ဥပမာ- BBC)။ ယင်းတို့သည် နမူနာကြည့်ခြင်း၊ ဂန္ထဝင် ရုပ်ရှင်ဇာတ်လမ်းတိုများ ကြည့်ခြင်းနှင့် အသံများ ထပ်မံနားထောင်ခြင်းတို့ကို အချိန်နှင့် အလှည့်ကျပြုလုပ်ခွင့် ပြုကောင်း ပြုနိုင်သည်။ ဤထောက်ပံ့သူများသည် အင်တာနက် “ထုတ်လွှင့်သူများ” သီးသန့် အမျိုးအစားတွင် ပါဝင်ပြီး၊ တိုက်ရိုက်လွှင့်ထုတ်ရန် လိုင်စင် မည်သည့်အခါကမျှ မရှိသူများဖြစ်သည်။ ယခင်က တယ်လီဗီးရှင်း သို့မဟုတ် ရေဒီယိုတစ်လုံး တို့ဖြင့်သာ အသုံးပြုရယူနိုင်သကဲ့သို့ အလွန်ဆင်တူသော နည်းလမ်းမျိုးဖြင့်၊ ကွန်ပျူတာတစ်လုံး သို့မဟုတ် ထို့ထက်ပိုပြီး တိကျသော အင်တာနက်ဆက်သွယ်ရေး ကိရိယာတစ်ခုကို အသုံးပြု၍ အွန်လိုင်း မီဒီယာကို ဝင်ရောက်အသုံးပြုခွင့် ရှိသည်ဟု ဆိုလိုသည်။ နည်းပညာပိုင်းဆိုင်ရာ အထူးပြု ဝက်(ဘ်)ကတ်(စ်) (webcasts) မှသည် လူအများ တောင်းဆိုကြသည့် မာ(လ်)တီမီဒီယာ (Multimedia) ဝန်ဆောင်မှုများ များအထိ ရရှိနိုင်သည့် ပါဝင်သည့် အကြောင်းအရာများမှာ အမျိုးအစားစုံလှသည်။ အများအားဖြင့် အသံဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချပြီး ကွန်ပျူတာဖြင့် ပြန်လည်ဖွင့်လှစ်နားထောင်ခြင်း သို့မဟုတ် သယ်ဆောင် သွားနိုင်သော မီဒီယာ ပလေယာတစ်လုံးထဲသို့ ပြောင်းပြီး သွားလာရင်းနားထောင်ခြင်း ပြုလုပ်နိုင်သော ပေါ့(ဒ်)ကတ်(စ်)တင်း ဆိုသည်မှာ ဤအကြောင်းရင်း၏ အမျိုးကွဲ တစ်ခုပင်ဖြစ်သည်။ လွယ်ကူသော ကိရိယာကိုအသုံးပြုထားသော ဤနည်းပညာများသည် ဆင်ဆာလုပ်ခြင်း သို့မဟုတ် လိုင်စင်ထိန်းချုပ်ခြင်း အနည်းငယ်ဖြင့် ရုပ်-သံ ပစ္စည်းများကို တစ်ကမ္ဘာလုံးသို့ ထုတ်လွှင့်ရန် လူတိုင်းကို အခွင့်ပေးထားသည်။

ဤအံ့ဩဖွယ်ရာ အဖြစ်အပျက်၏ တဆက်တည်းဆိုသလို ဈေးနှုန်းချိုသာသော ဝက်(ဘ်)ကင်မရာများ (Webcams)ကို တွေ့နိုင်သည်။ အချို့ ဝက်(ဘ်)ကင်မရာများသည် ဗီဒီယိုကဲ့သို့ ရုပ်ပုံအမြန်နှုန်းအပြည့် ပေးနိုင်သည်။ ရုပ်ပုံအရွယ်မှာ သာမန်အားဖြင့် သေးငယ်သည် သို့မဟုတ် ဖြည်းဖြည်းသာ ပြုပြင်မွမ်းမံမှုလုပ်သည်။ အင်တာနက် အသုံးပြုသူများသည် အာဖရိက ရေချိုင့်ဝှမ်းတစ်ခုမှ တိရစ္ဆာန်များ၊ ပနားမားတူးမြောင်းထဲရှိ သင်္ဘောများ၊ ဒေသတွင်းရှိ လမ်းဆုံအဝိုင်းမှ ယာဉ်အသွားအလာတို့ကို ကြည့်ရှုခြင်း သို့မဟုတ် ယင်းတို့၏ ကိုယ်ပိုင်ခြံဝင်းများအား စောင့်ကြည့်ခြင်းတို့အား အမှန်တကယ် အချိန်နှင့်တပြေးညီ ဖြစ်ပျက်နေသော အချိန်တွင် တိုက်ရိုက်ပြုလုပ်နိုင်သည်။ အပြန်အလှန် အသံများ ပါသည်ဖြစ်စေ မပါဘဲဖြစ်စေ ကိုယ်ပိုင် ဝက်(ဘ်)ကင်မရာများအသုံးပြု၍ ဗီဒီယို စကားပြောခန်းများနှင့် ဗီဒီယိုကွန်ဖရင့် ပြုလုပ်ခြင်း တို့သည်လည်း လူသိများပြီး အများအပြား အသုံးပြုကြသည်။ ယူကျု(ဘ်)ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး အလွန်များပြားလှသော အသုံးပြုသူများက အခကြေးငွေပေးစရာမလိုသော ဗီဒီယို ထုတ်လွှင့်ခြင်းဖြင့် ယခုအခါတွင် ထိပ်မှပြေးလျက်ရှိသည့် ဝက်(ဘ်)ဆိုဒ်တစ်ခု ဖြစ်နေပေပြီ။ ယင်းသည် flash ကို အခြေခံသည့် Web Player ကို အသုံးပြုပြီး ဗီဒီယိုဖိုင်များကို ထုတ်လွှင့်၊ ပြသသည်။ မှတ်ပုံတင်ထားသော အသုံးပြုသူများသည် ဗီဒီယိုများကို အကန့်အသတ်မရှိ တင်နိုင်ပြီး ၎င်းတို့ကိုယ်ပိုင် ပရိုဖိုင်းကို တည်ဆေက်ထားနိုင်သည်။ ယင်း၏အသုံးပြုသူများသည် သန်းရာပေါင်းများစွာသော ဗီဒီယိုများကို ကြည့်ရှုပြီး နေ့စဉ် သိန်းပေါင်းများစွာသော ဗီဒီယိုများကို တင်ကြသည်ဟု Youtube Webကပြောသည်။

ဆက်သွယ်ရယူခြင်း[ပြင်ဆင်ရန်]

ကမ္ဘာတဝှမ်း အင်တာနက်အသုံးပြုနိုင်ခြင်း၊ အင်တာနက်အသုံးပြုသူများ အရေအတွက်ပါသော နိုင်ငံများစာရင်း၊ အင်တာနက်ပေါ်ရှိ အင်္ဂလိပ်၊ တစ်ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသုံးပြုမှု၊ နှင့် ယူနီကုတ်

အပြည်ပြည်ဆိုင်ရာ ရပ်ဝေးဆက်သွယ်ရေး အတတ်ပညာအဖွဲ့ ကထုတ်ပြန်သော ၁၉၉၇ မှ ၂၀၁၄ အကြား အခြေချနေထိုင်သူဦးရေ ၁၀၀ တွင် အင်တာနက်သုံးသူ အရေအတွက် ဇယားပုံ

အင်တာနက်ပေါ်တွင် ဆက်သွယ်ရန်အတွက် ပျံ့နှံ့သုံးစွဲသော ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်သည်။ အင်တာနက်၏ ပေါက်ဖွားလာသော နေရာကြောင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ပြောဆို ကြသည့်စကားအဖြစ် အခန်းကဏ္ဍအရကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် စတင်ပေါ်ပေါက်လာခဲ့သော ရှေးဦး ကွန်ပျူတာများ၏ လက်တင်အက္ခရာများကို သုံးသော အင်္ဂလိပ် မူကွဲများမှအပ အခြားသော စာလုံးများကို စီမံခန့်ခွဲရန်အတွက် စွမ်းဆောင်နိုင်မှု အားနည်းမှုနှင့်လည်း ဆက်စပ်နိုင်ကောင်း ဆက်စပ်ပေလိမ့်မည်။ World Wide Web ပေါ်၌ တောင်းဆိုမှု အများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ(၂၈%)ပြီးလျှင် တရုတ် (၂၃%)၊ စပိန်(၈%)၊ ဂျပန်(၅%)၊ ပေါ်တူဂီ နှင့် ဂျာမန်(၄% စီ)၊ အာရဗီ၊ ပြင်သစ်နှင့် ရုရှား (၃%စီ)နှင့် ကိုရီးယား (၂%)တို့ ဖြစ်သည်။

ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။

အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင်၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုဟ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်သည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်”၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ ယခုအခါတွင် ဟိုတယ်(လ်)အများအပြားတွင်လည်း အခကြေးငွေ ပေးရလေ့ ရှိသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် တာမင်နယ်(လ်)များ ရှိသည်။ လက်မှတ်ဝယ်ခြင်း၊ ဘဏ်တွင် ငွေအပ်နှံခြင်း၊ အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း စသည်ဖြင့် အသုံးအမျိုးမျိုး တို့အတွက် ဤတာမင်နယ်(လ်)များကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြိုးမဲ့ ကွန်ပျူတာ ကွန်ယက် ဆက်သွယ်ခြင်းများ အသုံးပြုရန် ဝိုင်ဖိုင်က ထောက်ပံ့ပေးသည်။ ထို့ကြောင့် ယင်းက အင်တာနက်သို့ ဆက်သွယ်ရန်ကိုလည်း စွမ်းဆောင်နိုင်သည်။ လက်(ပ်)တော့(ပ်) သို့မဟုတ် PDA ကဲ့သို့သော ကိုယ်ပိုင် ကြိုးမဲ့သုံးနိုင်သော ကိရိယာပစ္စည်းများကို အသုံးပြုသူများက ယူဆောင်လာဖို့ လိုအပ်သော ဝိုင်ဖိုင်ကဖေးများ အပါအဝင် ဤကဲ့သို့ အသုံးပြုနိုင်မှုများကို ဟော့(တ်)စပေါ့(တ်)များ(HotSpot) (ရောက်တာများ(Router)ကိုအသုံးပြုပြီး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူထံမှ ကြိုးမဲ့ နေရပ်တွင်း ဧရိယာကွန်ယက် ပေါ်မှ တဆင့် အင်တာနက် အသုံးပြုခွင့် ပေးသော နေရာများ)က ထောက်ပံ့ပေးသည်။ ဤဝန်ဆောင်မှုများမှာ အားလုံးအတွက် အခမဲ့၊ ဈေးဝယ်များအတွက်သာ အခမဲ့၊ သို့မဟုတ် အခကြေးငွေ ကောက်ခံသော ဝန်ဆောင်မှုများ ဖြစ်နိုင်သည်။ ဟော့(တ်)စပေါ့(တ်) ပိတ်ထားသော နေရာတစ်ခုအတွင်း ကန့်သတ်ထားဖို့ မလိုပေ။ ပရိဝုဏ် သို့မဟုတ် ပန်းခြံတစ်ခုလုံး သို့မဟုတ် မြို့တစ်ခုလုံးမှာ အသုံးပြုနိုင်ပေသည်။ အခြေခံလူတန်းစားများ၏ လှုပ်ရှား ကြိုးပမ်းမှုများက ကြိုးမဲ့ လူမှုအသိုင်းအဝိုင်း ကွန်ယက်များ၌ လမ်းပြ ခေါ်ဆောင်ခဲ့သည်။ လန်ဒန်၊ ဗီယင်နာ၊ တိုရန်တို၊ ဆန်ဖရန်ဆစ်စကို၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုနှင့် ပစ္စဘတ် မြို့များ၏ မြို့ဧရိယာ အများအပြားကို ဖုံးလွှမ်းထားသော စီးပွားဖြစ် ဝိုင်ဖိုင်ဝန်ဆောင်မှုများက နေရာတကျ ရှိနေပေသည်။ ထို့ကြောင့် ပန်းခြံထိုင်ခုံ တန်းလျားများ ကဲ့သို့ နေရာများ၌ပင် အင်တာနက်ကို အသုံးပြုနိုင်ပေသည်။

ဝိုင်ဖိုင်အပြင် ရီကိုချက် ကဲ့သို့ တစ်ဦးတည်းပိုင် ကြိုးမဲ့ မိုဘိုင်း(လ်) ကွန်ယက်များ၊ ဆဲလူလာဖုန်းကွန်ယက်များ ပေါ်ရှိ နှုန်းအမြင့် ဒေတာ ဝန်ဆောင်မှု အမျိုးမျိုး၊ နှင့် ပုံသေကြိုးမဲ့ဝန်ဆောင်မှုများနှင့်လည်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ စမတ်ဖုန်းများ ကဲ့သို့ နောက်ဆုံးပေါ် နည်းပညာများပါရှိပြီး ဈေးကြီးသော မိုဘိုင်း(လ်)ဖုန်းများမှာ ဖုန်းကွန်ယက်မှတဆင့် အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်အားဖြင့် ပါဝင်သည်။ အခြား အင်တာနက် ဆော့(ဖ်)ဝဲမျိုးစုံတို့ကိုပါ သုံးနိုင်သော အော်ပရာကဲ့သို့ ဝက်(ဘ်) ဘရောက်ဆာများမှာ ဤခေတ်မီသော လက်ကိုင်ဖုန်းများတွင် ရရှိနိုင်သည်။ ကျယ်ပြန့်စွာ အသုံးပြုကြခြင်း မရှိသော်ငြား အင်တာနက် အသုံးပြုနိုင်ခွင့်မှာ PC များမှာထက် မိုဘိုင်းဖုန်းများမှာ ပိုပေသည်။[ကိုးကားရန်လိုအပ်သည်] အင်တာနက် အသုံးပြုမှု ထောက်ပံ့သူနှင့် ပရိုတိုကောမက်ထရစ်တို့ အွန်လိုင်းသို့ ရောက်ရှိရန် နည်းလမ်းများကို ခွဲခြားသည်။

လူမှုရေးနှင့်ဆိုင်သော အကျိုးသက်ရောက်မှု[ပြင်ဆင်ရန်]

အင်တာနက် လူမှုရေးသိပ္ပံပညာ

အပြန်အလှန် လူမှုဆက်ဆံရေး၊ လှုပ်ရှားမှုများ နှင့် စည်းရုံး ဆောင်ရွက်ခြင်းတို့၏ လုံးဝ ပုံစံသစ်များအဖြစ် အင်တာနက်က စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုနှင့် ရရှိနိုင်မှုကဲ့သို့သော အခြေခံ အရည်အသွေးများ၏ အကျိုးကျေးဇူးကြောင်း ဖြစ်သည်။ ဖေ့(စ်)ဘွတ်(ခ်)၊ တွစ်တာနှင့် မိုင်စပေ့(စ်) ကဲ့သို့ လူမှုရေးနှင့်ဆိုင်သော ကွန်ယက် ဝက်(ဘ်)ဆိုဒ်များကို ပေါင်းသင်းဆက်ဆံရန်နှင့် အပြန်အလှန်ဆက်သွယ်ရန် ဖန်တီးခဲ့ကြသည်။ ၎င်းဆိုဒ်များကို အသုံးပြုသူများသည် အမျိုးမျိုး များပြားသော သတင်းအချက်အလက်များကို စာမျက်နှာများပေါ် ထပ်၍ထည့်ရန်၊ အများစိတ်ဝင်စားသော အရာများကို လေ့လာလိုက်စားရန်နှင့် အခြားသူများနှင့် ဆက်သွယ်ရန် စွမ်းဆောင်နိုင်သည်။ ရှိရင်းစွဲ အသိမိတ်ဆွေများကို ရှာဖွေနိုင်ပြီး၊ ရှိရင်းစွဲ အုပ်စုအသင်းအဖွဲ့များနှင့် ဆက်သွယ်ရန်ကိုလည်း ခွင့်ပြုသည်။ LinkedIn ကဲ့သို့သောဆိုဒ်များက ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများကို ထိမ်းသိမ်းစောင့်ရှောက်သည်။ ယူကျု(ဘ်)နှင့် ဖလစ်ကာ (Flickr)တို့မှာ အသုံးပြုသူများ၏ ဗီဒီယို နှင့် ဓာတ်ပုံများကို အထူးပြုသည်။

၂၁ ရာစု၏ ပထမဆယ်စုနှစ်တွင် ပထမမျိုးဆက်သည် အင်တာနက် ဆက်သွယ်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနှင့် သက်သေခံ ဆိုင်ရာ နယ်ပယ်များတွင် အကျိုးဆက်များနှင့် အာရုံစိုက်စရာများ ဆောင်ယူလာခြင်း၊ နှင့် မူပိုင်ခွင့်ရှိသော ပစ္စည်းများဖြန့်ဝေခြင်းတို့နှင့် ကြီးပြင်းလာခဲ့ရသည်။ ဤ "digital natives" သည် ယခင်မျိုးဆက်တို့ မကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရသည်။ အင်တာနက်သည် နိုင်ငံရေးဆိုင်ရာ အသုံးချမှု ကိရိယာတစ်ခု အဖြစ် အသစ်သော ဆက်စပ်မှုကို အောင်မြင်ရရှိခဲ့ခြင်းသည် အချို့သောတိုင်းပြည်များတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို လုပ်ဆောင်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၄ခုနှစ်က ဟောင်းဝပ်ဒင်း(န်)၏ သမ္မတရွေးကောက်ပွဲနှင့် ဆိုင်သော စည်းရုံးလှုံ့ဆော်ခြင်းဖြစ်သည့် အင်တာနက်မှာတဆင့် အလှူငွေတောင်းခံခြင်း၏ အောင်မြင်မှုမှာ သတိပြုမိလောက်စရာ ဖြစ်သည်။ များပြားသော နိုင်ငံရေးအုပ်စုများသည် ၎င်းတို့၏ ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန်အတွက် စည်းရုံးခြင်း နည်းလမ်းအသစ်တစ်ခု ရရှိအောင်မြင်ရန်အတွက် အင်တာနက်ကို အသုံးပြုပြီး အင်တာနက် လှုပ်ရှားပြောင်းလဲရေး ကို ပေါ်ထွက်လာစေသည်။

အီရန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေးဗီးယား တို့ကဲ့သို့သော အချို့သောအစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် အများပြည်သူများ အင်တာနက်ပေါ် ဝင်ရောက်ကြည့်နိုင်သော အကြောင်းအရာများ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးတို့ ပါဝင်သည့် အကြောင်းအရာများကို ကန့်သတ်ထားသည်။ ဒိုမိန်းနှင့် ပါဝင်သော အကြောင်းအရာများကို စစ်ထုတ်သော ဆော့(ဖ်)ဝဲမှတဆင့် ယင်းကို အထမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အသေးစိတ်စီစဉ်ပြီး ဥပါယ်တံမျဉ်ဖြင့် ကျော်လွှားနိုင်အောင် မပြုလုပ်လျှင် ၎င်းတို့ကို လွယ်ကူစွာ ဝင်ရောက်ကြည့်နိုင်လိမ့်မည် သို့မဟုတ် ရယူနိုင်မည် မဟုတ်ပေ။ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အဓိက အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ဥပဒေအဖြစ် ပြောင်းလဲသွားသော အစီအစဉ်များကို ရှောင်ရှားရန်အတွက် အာဏာပိုင်များ စာရင်းပြုစုထားသော ဆိုဒ်များသို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ကန့်သတ်ရန် မိမိတို့ဆန္ဒအလျောက် သဘောတူညီခဲ့ကြသည်။ ဤပိတ်ပင်တားဆီးထားသော URLများ စာရင်းတွင် သိပြီးဖြစ်သည့် ညစ်ညမ်းသော စာပေနှင့် ဓာတ်ပုံဆိုဒ်များ ပါဝင်သည်ဟု မျှော်လင့်ရပြီး စာရင်းတွင်ပါဝင်သည့် အကြောင်းအရာများကို လျှို့ဝှက်ထားရှိသည်။

အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် အင်တာနက်မှ တဆင့် ညစ်ညမ်းသော စာပေနှင့်ဓာတ်ပုံများ ကဲ့သို့သော အကြောင်းအရာ ပစ္စည်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတို့ကို ဆန့်ကျင်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ထုတ်သော ဆော့(ဖ်)ဝဲကိုမူ ပြဋ္ဌာန်းထားခြင်း မရှိပါချေ။ အခမဲ့သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ရရှိနိုင်သည့် ပါဝင်သော အကြောင်းအရာများကို ထိန်းချုပ်သည့်ဆော့(ဖ်)ဝဲ (content-control software) ခေါ် ဆော့(ဖ်)ဝဲ ပရိုဂရမ်များ များစွာရှိသည်။ ထိုဆော့(ဖ်)ဝဲဖြင့် ကွန်ပျူတာတစ်လုံးချင်းစီ သို့မဟုတ် ကွန်ယက်များတွင် တိုက်ခိုက်လာသော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပစ်ရန် အသုံးပြုသူတစ်ဦးက ရွေးချယ်နိုင်သည်။ ညစ်ညမ်းသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်မှု သရုပ်ဖော်ပုံများကို ကလေးများ ဝင်ရောက်ကြည့်နိုင်မှုအား ကန့်သတ်ရန်အတွက်ဖြစ်သည်။

အင်တာနက် စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ၎င်းသည် အပန်းဖြေလှုပ်ရှားမှုအတွက် အဓိကကဏ္ဍ ဖြစ်လာခဲ့သည်။ တက္ကသိုလ်ရှိ ဆာဗာများပေါ်တွင် MUDs နှင့် MOOs များကဲ့သို့ လူမှုရေး စမ်းသပ်ချက်များကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ဟာသနှင့် ဆိုင်သော Usenet အုပ်စုများသည် ဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။ ယနေ့တွင်၊ များပြားစွာသော အင်တာနက် ဆွေးနွေပွဲ ဖိုရမ်များ တွင် ကစားနည်းများနှင့် ဟာသဗီဒီယိုများသီးသန့် ခွဲခြားထားသော အခန်း ကဏ္ဍများပါဝင်သည်။ Flash movies ပုံစံဖြင့် ကာတွန်းကား အတိုလေးများမှာလည်း ရေပန်းစားသည်။ သုံးစွဲသူ ၆ သန်းကျော်မှာ ဘလော့ဂ်များနှင့် သတင်းကြော်ငြာဘုတ်များကို ဆက်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်းများကို ဖလှယ်ရေး အတွက် အသုံးပြုကြသည်။ ညစ်ညမ်းသော စာပေဓာတ်ပုံများနှင့် လောင်းကစား လုပ်ငန်းများမှာလည်း World Wide Web အပေါ်တွင် အခွင့်အရေးယူခဲ့ပြီး၊ အခြားသော ဝက်(ဘ်)ဆိုဒ်များအတွက် ကြော်ငြာခြင်းမှ ရရှိသောဝင်ငွေ၏ အရေးပါသောအရင်းအမြစ် တစ်ခုအဖြစ် ပံ့ပိုးပေးသည်။ [ကိုးကားရန်လိုအပ်သည်] အစိုးရ အများအပြားသည် ထိုလုပ်ငန်းနှစ်မျိုး၏ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ပျံ့နှံ့ ရေပန်းစားမှုကို တားဆီးရာတွင် ယေဘုယျအားဖြင့် အောင်မြင်မှု မရှိခဲ့ပါချေ။ အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါဝင်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။

သတင်းများ၊ ရာသီဥတုနှင့် အားကစား အစီရင်ခံချက်များအား ဝင်ရောက်ကြည့်ရှုရန်၊ အားလပ်ရက်အပန်းဖြေခရီး စီစဉ်ခြင်းနှင့် လက်မှတ်ကြိုတင်ဝယ်ခြင်း၊ ၎င်းတို့ စိတ်ဝင်စားစရာများ ပိုမိုရှာဖွေခြင်းတို့အတွက် World Wide Web ကို လူအများက ရရှိသုံးစွဲကြသည်။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်အတွက် စကားပြောခြင်း၊ သတင်းပို့ခြင်းနှင့် အီးမေး(လ်)ပို့ခြင်းတို့ကို လူအများ အသုံးပြုကြသည်။ အချို့တို့မှာ ယခင်က စာရေးမိတ်ဆွေများ ထားသကဲ့သို့ နည်းလမ်းတူသည်။ အသုံးပြုသူများသည် ယင်းတို့၏ ဖိုင်များနှင့် ဆက်တင်များကို အင်တာနက်မှတဆင့် ဆက်သွယ်ရရှိနိုင်သော ဝက်(ဘ်)ဒက်(စ်)တော့(ပ်) အရေအတွက်များ တိုးပွားလာသည်ကို အင်တာနက်က တွေ့ကြုံရသည်။ ဆိုက်ဘာလပ်ကင်း း ကြောင့် ကော်ပိုရေးရှင်းနှင့် ဆိုင်သော အရင်းအမြစ်များ ယိုစိမ့်မှု ဖြစ်စေနိုင်သည်။ ယူကေရှိ ဝန်ထမ်းသည် အလုပ်လုပ်နေစဉ် အချိန်အတွင်း ပျမ်းမျှ ၅၇ မိနစ် ဝက်(ဘ်)ပေါ်တွင် ရှာဖွေလှန်လှောခြင်း ပြုလုပ်သည်ဟု ပင်နီစူလာ စီးပွားရေး ဝန်ဆောင်မှုများအဖွဲ့၏ ၂၀၀၃ခုနှစ် လေ့လာချက်များအရ ဆိုသည်။ အင်တာနက်စွဲခြင်းရောဂါ ဆိုသည်မှာ နေ့စဉ် လူနေမှုဘဝကို နှောင့်ယှက်လောက်အောင် ကွန်ပျူတာ လွန်ကဲ စွာ အသုံးပြုခြင်းဖြစ်သည်။ အင်တာနက်ကို အသုံးပြုခြင်းကြောင့် တစ်ဦးချင်းအပေါ် း အခြားသော အကျိုးသက်ရောက်မှုများ ဥပမာအားဖြင့် ပြောရလျှင် မှန်ကန်သော ဖန်တီးမှုကို ဖြစ်ပေါ်စေသည့် လေးနက်သော တွေးခေါ်စဉ်းစားခြင်းအပေါ် နှောင့်ယှက်ခြင်းကဲ့သို့ လည်း ဖြစ်ပေါ်သည်ဟု အချို့သော စိတ်ပညာရှင်များက ယုံကြည်ကြသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]