စစ်ကိုင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စစ်ကိုင်းတောင်

စစ်ကိုင်းတိုင်းမင်းကြီးနှင့် ခရိုင်ဝန်တို့၏ ရုံး စိုက်ရာမြို့ဖြစ်သည်။ 'သာယာဝိုင်း၊ စစ်ကိုင်းတည်'ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၈၄ခုနှစ်တွင် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းမြို့ နေရာတွင် ဇေယျာပူရ(အောင်မြို့) အမည်ဖြင့် စတင်တည်ထောင်ခဲ့လေသည်။ စစ်ကိုင်းတောင်ရိုး တစ်ခုလုံးမှာ ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ၊ သီလရှင်များ၏ ချောင်များနှင့် တောင်ထွတ် တောင်ထိပ်တိုင်းတွင် တည်ထားသောစေတီများ ဖြင့် အလွန်ပင် ကြည်နူးဖွယ်ကောင်းပေသည်။ စစ်ကိုင်းတိုင်းမြို့တော်စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဖက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်း၏ မြို့တော်အဖြစ်သတ်မှတ်ထားသော်လည်း ၂၀၀၀ပြည့်နှစ်နောက်ပိုင်းတွင် တိုင်းအဆင့်အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကိုမုံရွာသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။


စစ်ကိုင်းမြို့သမိုင်း[ပြင်​ဆင်​ရန်​]

စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် ဩဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူ မှဆင်းသက်သူ အသင်္ခယာ စောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး “သာယာဝိုင်း စစ်ကိုင်းတည်”ဟု မှတ်သားခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ထို့ပြင် စဉ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော်များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။

မြေမျက်နှာသွင်ပြင်[ပြင်​ဆင်​ရန်​]

စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။

ဧရာဝတီမြစ်ကို စစ်ကိုင်းတောင်ပေါ်မှ တွေ့မြင်ရစဉ်
ဧရာဝတီမြစ်ကို စစ်ကိုင်းတောင်ပေါ်မှ တွေ့မြင်ရစဉ်


စီပွားရေး[ပြင်​ဆင်​ရန်​]

မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိသည်ကြောင့်လည်းကောင်း၊ အနောက်ဖက် အိန္ဒိယနိုင်ငံ မှ ကုန်စည်များ စီးဆင်းရာတွင် မုံရွာမြို့ကသာ အဓိကျသည့် ကုန်သွယ်ရေးစခန်းဖြစ်နေသည့် အတွက်ကြောင့်လည်းကောင်း စစ်ကိုင်းမြို့သည် စီးပွားရေးအားကောင်းလှသည်တော့ မဟုတ်ပေ။ သို့သော်ဒေသထွက်ကုန်သီးနှံများဖြင့် အတန်အတင့်ကောင်းမွန်သည့် စီးပွားရေးဖြစ်ထွန်းပါသည်။

ဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

မန္တလေးမြို့သို့ သွားသည့် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းသည်လည်းကောင်း၊ မုံရွာ-မန္တလေးကားလမ်း၊ မြင်းခြံ-မန္တလေးကားလမ်း အစရှိသည့် မီးရထားလမ်းနှင့် ကားလမ်းများ ဖြတ်သန်းသွားလာရာမြို့လည်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၏ လမ်းခွဲများရှိရာဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကို အမှီပြုကာ ရေကြောင်းသွားလာရေးလည်း လွယ်ကူပါသည်။

ဂျီအက်စ်အမ်(GSM)ဖုန်း နှင့် အော်တိုဖုန်းများကို ဆက်သွယ် အသုံးပြုနိုင်သည်။ ထို့ပြင် အေဒီအက်စ်အယ်လ်(ADSL) ဖြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီဖြစ်သည်။


ရှေးအခါက စစ်ကိုင်းမြို့အောက်ပိုင်းသည် ရေလွှမ်းမိုးခြင်း ခံခဲ့ရသော်လည်း ၁၈၈၉ ခုနှစ်တွင် ရေကာတာကြီးဆောက်လုပ် လိုက်သဖြင့် ယခုရေလွှမ်းမိုးခြင်းဘေးမှ သက်သာရာရရှိနေပေ သည်။ မြို့၏စည်ပင်ရေးကို မျူနီစီပယ်အဖွဲ့က ဆောင်ရွက် သည်။

၁၈၉၁ ခုနှစ်တွင် စစ်ကိုင်းမှ ရွှေဘိုမီးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်ကိုုင်းမှ ကသာနှင့် မြစ်ကြီးနား သို့၎င်း၊ အနောက်ဘက်မုံရွာနှင့် ရေဦးမြို့သို့၎င်း၊ မီးရထားလမ်း များပေါက်နေလေပြီ။ စစ်ကိုင်းမှ ရွှေဘိုသိုလည်း မော်တော်ကား လမ်းရှိလေသည်။

ရှေးအခါက ရန်ကုန် မြစ်ကြီးနားမီးရထားလမ်းမှာ အမရ ပူရနှင့် စစ်ကိုင်းတွင် သင်္ဘောဖြင့် ကူးပြောင်း၍ စီးကြရသော် လည်း၊ ၁၉၃၄ ခုနှစ်တွင် ဧရာဝတီမြစ်ကိုဖြတ်၍ အင်းဝတံတား ကြီးကို ဆောက်လုပ်ပြီးစီးခဲ့သဖြင့် တောက်လျှောက် ဖြတ်ကူး နိုင်ခဲ့လေသည်။ သို့ရာတွင် အင်းဝတံတားကြီးမှာ ဒုတိယကမ္ဘာ စစ်အတွင်း ဖျက်ဆီးခြင်းခံခဲ့ရသောကြောင့် မီးရထားဌာနက ၁၉၅၃ ခုနှစ်တွင် ပြန်၍ပြင်ဆင်ခဲ့ရာ ၁၉၅၄ ခုနှစ် အောက်တို ဘာလတွင် ပြီးစီးခဲ့သည်။

စစ်ကိုင်းပိုးထည်နှင့် စစ်ကိုင်းရေအိုးများမှာ အထူးကျော် ကြားသည်။ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်နှင့်အနီးအနား ရွာများတွင် ဆားချက်လုပ်သည်။ စစ်ကိုင်းမြို့အနီး ရွာထောင် ရွာကြီးမှ ငွေထည်များမှာလည်း ထင်ရှားပေသည်။

စစ်ကိုင်းမြို့တွင် တန်ခိုးကြီးဘုရားများ ပေါများလှရာ သာလွန်မင်းတရားကြီးတည်ခဲ့သော ကောင်းမှုတော်ဘုရား၊ ဘိုးတော်မင်းတရား တည်ခဲ့သော မင်းကွန်းဘုရား၊ ငါးထပ် ကြီးဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ ပုညရှင်၊ ဥမင်သုံးဆယ်၊ ပတ္တ များစေတီ၊ ရှင်ပင်နံကိုင်းစေတီတို့မှာ အထူးပင်ထင်ရှားကြ၍ ပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။

စစ်ကိုင်းမြို့တွင် မြန်မာလူမျိုးများအပြင် မြန်မာမွတ်စလင် များ၊ ကသည်းလူမျိုးများ၊ ရှမ်းတရုတ်၊ ဟိန္ဒူ မဒရာစီ၊ အူရီ ယာ စသောလူမျိုးပေါင်းစုံနေထိုင်ကြသည်။ ၁၉၅၃ခုနှစ် သန်း ကောင်စာရင်းအရ မြို့၏လူဦး ရေမှာ ၁၅၄၃၉ယောက် ရှိလေ သည်။[၁]

ရာသီဥတု[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

စေတီပုထိုးများ[ပြင်​ဆင်​ရန်​]

အထင်ကရနေရာများ[ပြင်​ဆင်​ရန်​]

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)