စစ်ကိုင်းမြို့

From Wikipedia

စစ်ကိုင်းတောင်

စစ်ကိုင်းတိုင်းမြို့တော်စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဖက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်း၏ မြို့တော်အဖြစ်သတ်မှတ်ထားသော်လည်း ၂၀၀၀ပြည့်နှစ်နောက်ပိုင်းတွင် တိုင်းအဆင့်အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကိုမုံရွာသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။

Contents

[ပြင်​ဆင်​ရန်​] စစ်ကိုင်းမြို့သမိုင်း

စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် သြဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူ မှဆင်းသက်သူ အင်္သခရာစောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး “သာယာဝိုင်း စစ်ကိုင်းတည်”ဟု မှတ်သားခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ထို့ပြင် စဥ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော်များကို နန်းလုမည်စိုးသဖြင့် အင်း၀မှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။

[ပြင်​ဆင်​ရန်​] မြေမျက်နှာသွင်ပြင်

စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။

[ပြင်​ဆင်​ရန်​] စီပွားရေး

မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိသည်ကြောင့်လည်းကောင်း၊ အနောက်ဖက် အိန္ဒိယမှ ကုန်စည်များစီးဆင်းရာတွင် မုံရွာမြို့ကသာ အဓိကျသည့် ကုန်သွယ်ရေးစခန်းဖြစ်နေသည့် အတွက်ကြောင့်လည်းကောင်း စစ်ကိုင်းမြို့သည် စီးပွားရေးအားကောင်းလှသည်တော့ မဟုတ်ပေ။ သို့သော်ဒေသထွက်ကုန်သီးနှံများဖြင့် အတန်အတင့်ကောင်းမွန်သည့် စီးပွားရေးဖြစ်ထွန်းပါသည်။

[ပြင်​ဆင်​ရန်​] ဆက်သွယ်ရေး

မန္တလေးမြို့သို့ သွားသည့် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းသည်လည်းကောင်း၊ မုံရွာ-မန္တလေးကားလမ်း၊ မြင်းခြံ-မန္တလေးကားလမ်း အစရှိသည့် မီးရထားလမ်းနှင့် ကားလမ်းများ ဖြတ်သန်းသွားလာရာမြို့လည်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၏ လမ်းခွဲများရှိရာဖြစ်သည်။ ထို့ပြင် ဧရာ၀တီမြစ်ကို အမှီပြုကာ ရေကြောင်းသွားလာရေးလည်း လွယ်ကူပါသည်။

ဂျီအက်စ်အမ်(GSM)ဖုန်း နှင့် အော်တိုဖုန်းများကို ဆက်သွယ် အသုံးပြုနိုင်သည်။ ထို့ပြင် အေဒီအက်စ်အယ်လ်(ADSL) ဖြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီဖြစ်သည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

[ပြင်​ဆင်​ရန်​] ပညာရေး

[ပြင်​ဆင်​ရန်​] စေတီပုထိုးများ

  • ဆွမ်းဦးပုညရှင်
  • စစ်ကိုင်းကောင်းမှုတော်(ရာဇစူဠာမဏိစေတီ)

[ပြင်​ဆင်​ရန်​] အထင်ကရနေရာများ

အ​ခြား​ဘာ​သာ​ဖြင့်​