မြန်မာနိုင်ငံ၏ လူအခွင့်အရေး
မာတိကာ |
[ပြင်ဆင်ရန်] မြန်မာနိုင်ငံ၏ လူ.အခွင့်အရေး
မြန်မာနိုင်ငံ၏ လူ.အခွင့်အရေးသည် ကာလ အတန်ကြာကတည်းက နိုင်ငံတကာ မိသားစု နှင့် လူ.အခွင့်အရေးအဖွဲ.အစည်းများအတွင်း စိုးရိမ်စရာ ဖြစ်နေခဲ့သည်။ မြန်မာစစ်အစိုးရသည် ကမ္ဘာပေါ်တွင် အဖိနှိပ်အချုပ်ချယ်ဆုံး အစိုးရ တစ်ရပ်အဖြစ် ယေဘုယျအား ဖြင့် လက်ခံထား ကြသည်။
ကမ္ဘာပေါ်တွင် လွတ်လပ်မှု ၂ဝဝ၄ ခေါ်သည့် ဖရီးဒမ်း ဟောက်စ်၏ အစီရင်ခံစာတွင် 'စစ်အစိုးရသည် အမိန့်ဒီကရီအရ အုပ်ချုပ်ြပီး တရားစီရင်ရေးကို ကြိုးကိုင်ခြင်း၊ အခြေခံအခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူ.အခွင့်အရေးများကို အတားအဆီးမဲ့ ချိုး ဖေါက်ခြင်းတို့ကို ကျူးလွန်လျက် ရှိသည်။ 'တပ်မတော် အရာရှိများသည် ဝန်ကြီး နေရါများကို ရယူထား ကြသည်။ ဝန်ကြီးဌာနအါးလုံးတွင် လက်ရှိနှင့် အြငိမ်းစား တပ်မတော် အရာရှိကြီးများက ထိပ်ပိုင်း ဝန်ကြီး နေရါများကို ရယူထား ကြသည်။ အထက်ပိုင်းရာထူးများနှင့် အောက်ခြေရာထူးများတွင် တရားဝင်လာဘ်စား ခြစါးမှုမှာ ကျယ်ပြန့် စွာတေွ.ရှိရသည်' ဟု ဖေါ်ပြထားသည်။
၂ဝဝ၄ ခုနှစ်က လူ.အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ.၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်၏ မိန့်ခွန်းတစ်ခုတွင် မြန်မာနိုင်ငံ၏ လူ.အခွင့်အရေး မှာ များစွာမှ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေကြောင်း ဖေါ်ပြြပီး 'မြန်မာနိုင်ငံသည် ကျောင်းသုံး ပြ႒ါန်းစာအုပ်ပါ ရဲဖြင့် အြကြွင်းမဲ့ အာဏာသုံး၍ အုပ်ချုပ်သော နိုင်ငံအဖြစ် ဖေါ်ပြထားသည်။ အစိုးရ သတင်း ပေးနှင့် သူလျှိုများသည် နေရာတကာတွင် ရှိသည်။ သာမန် မြန်မာပြည်သူတစ်ဦးသည် နိုင်ငံခြါးသားများနှင့် အပေါ်ယံမျှသာ ပြောဆိုရဲကြသည်။ နေါက်ပိုင်းတွင် ခေါ်ယူမေး မြန်းစစ်ဆေးခံရမှာကိုလည်း ကောင်း၊ ထို့ထက်ပိုဆိုး သော အဖြစ် ရင်ဆိုင်ရမှာကိုလည်း ကောင်း ကြောက်ကြသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအပင်း ဖွဲ.ခွင့်များ မရှိပေ'။
[ပြင်ဆင်ရန်] ပုဂ္ဂိုလ်ရေးလွတ်လပ်မှု
[ပြင်ဆင်ရန်] အဓမ္မလုပ်အား ပေး ခြင်း
နိုင်ငံတကာ လွတ်လပ်သည့် အလုပ်သမားများ၏ သမဂ္ဂများအဖွဲ.၏ အဆိုအရ စစ်အစိုးရသည် ထောင်ပေါင်းများစွာသော ယောကျ်ား၊ မိန်းမ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအား မိမိတို့ဆန္ဒမပါဘဲ လုပ်အား ပေး စေသည်။ ငြင်းဆန်သူများသည် ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့် ခြင်းနှင့်သတ်ဖြတ်ခြင်းများ ခံရသည်။
နိုင်ငံတကာ အလုပ်သမားသမဂ္ဂ ကြီးက ၁၉၆ဝ ပြည့်လွန်နှစ်များမှစ၍ အခမဲ့ လုပ်အား ပေးခိုင်းသည့် အလေ့အထရပ်တန့်ပစ်ရန် ဆက်တိုက်ပန်ကြားခဲ့ သည်။ ၂ဝဝဝ ပြည့်နှစ် ဇွန်တွင် အိုင်အယ်လ်အို အစည်းအဝေးကြီးက စစ်အစိုးရအား အဓမ္မလုပ်အား ပေးမှု အထောက်အကူမဖြစ်စေရန် စစ်အစိုးရနှင့် အဆက်အသွယ်များ ရပ်တန့်ကြရန် ဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်။
[ပြင်ဆင်ရန်] လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်
၂ဝဝ၄ ခုနှစ်က နိုင်ငံတကာ လွတ်ြငိမ်းချမ်းသာခွင့်၏ အစီရင်ခံစာတွင် ၁၉၈၉ နှင့် ၂ဝဝ၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ဝဝ ကျော် ထဲတွင် အပါအဝင်ဖြစ်သည့် လူ ၂ဝဝ ကျော်သည် တရားမျှတမှုမရှိဘဲ ရုံးတင်စစ်ဆေးြပီး ထောင်ချခံရသည်ဟု ဖေါ်ပြပါရှိသည်။ အကျဉ်းသားများအနက် အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ်၏ ခေါင်း ဆောင်များ ဖြစ်ကြသည့် ဒေါ်ေအာင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့သည် 'နိုင်ငံတကာဥပဒေအရ ပြစ်မှုဟုမယူဆသည့် ငြိမ်းချမ်းစွာ လုပ်ဆောင်ချက်များအတွက် သူတို့၏ လွတ်လပ်ခွင့်များကို ငြင်းပယ်ခံထားရသည်' ဟူ၍ ဖေါ်ပြသည်။
ဖရီးဒမ်း ဟောက်စ် အစီရင်ခံစာက ဆက်လက်၍ ပြည်သူများ၏ ပိုင်နက်အိုးအိမ်များကို စိတ်ထင်တိုင်းရှာဖေွ မေွှနှောက်ခြင်း၊ စာတိုက်မှ စာများကို ဖေါက် ဖတ်ခြင်း၊ တယ်လီဖုန်း စကား ပြေါသည်ကို ခိုးနါး ထောင်ခြင်း၊ တယ်လီဖုန်း၊ ဖက်စ်စက်၊ ကွန်ပျူတာစက်များ၊ မိုဒမ်များနှင့် ဆော့ဖ်ဝဲများ ပိုင်ဆိုင်မှု တို့ကို ပြစ်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်သည်။
[ပြင်ဆင်ရန်] နိုင်ငံတော်မှ ကြီး ကြပ်သော ညှင်းပန်းနှိပ်စက်မှုနှင့် မုဒိမ်းမှု
၂ဝဝ၂ ခုနှစ်က ရှမ်းလူ.အခွင့်အရေး ဖေါင်ဒေးရှင်းနှင့် ရှမ်းအမျိုးသမီးများလှုပ်ရှားမှု ကွန်ရက်တို့၏ အစီရင်ခံစာဖြစ်သည့် မုဒိမ်းကျင့်ခွင့်လိုင်စင် အစီရင်ခံစာတွင် ရှမ်း ပြည်တွင် ၁၉၉၆ နှင့် ၂ဝဝ၁ ခုနှစ်များအကြား မြန်မာတပ်သားများက အမျိုးသမီးနှင့် မိန်းကလေး ၆၂၅ ယောက်အပေါ် ကျူးလွန် ခဲ့သော မုဒိမ်းမှုနှင့် အခြါးလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၇၃ မှုအား အသေးစိတ်ဖေါ်ထုတ်ထားသည်။ စာတမ်း ပြုစုသူများက ဤအရေအတွက်သည် အဖြစ်မှန်ထက် လျော့နည်းစရာသာ ရှိသည်ဟု ဆိုသည်။ အစီရင်ခံစာအရ 'မြန်မာ့တပ်မတော်သည် ရှမ်းတိုင်းရင်းသားများအား ကြောက်ရွံ. ချေါက်ချါး စြေပီး ဖိနှိပ်သိမ်းသွင်းရန် မိမိ၏စစ်သားများအား စနစ်တကျနှင့် ကျယ်ပြန့်စွာ လွတ်လွပ်လပ်လပ် မုဒိမ်းကျင့်သည်ကို ခွင့်ပြုထား ခြင်း ဖြစ်သည်' ဟု ဖေါ်ပြ အစီရင်ခံစာက ပုံဖေါ်သည်မှာ လိင်ဆိုင်ရာ အကြမ်းဖက်မှုသည် ကြမ်း ကြုတ်ရက်စက်သည့် စစ်ရာဇဝတ်ဖြစ်ြပီးလူသားမျိုးနွယ်အပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ ထိုရာဇဝတ်မှုများ ရှမ်း ပြည်နယ်တွင် တကယ်ဖြစ်ခဲ့ြပီး ဆက်၍လည်း ဖြစ်နေကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။ အစီရင်ခံစာက ရှမ်း ပြည်တွင် အရပ်သား ပြည်သူများအပေါ် တွင် လိင်ဆိုင်ရာရက်စက်ကြမ်း ကြုတ်မှုကို 'စစ်လက်နက်တစ်ခုသဖွယ်' အသုံး ပြုမှုကို တရားဝင်လျစ်လျူရှုထား ကြောင်း သာဓကများ ဖေါ်ပြထားသည်။ ဆက်လက်၍ အစီရင်ခံစာက ၂၅ ရာခိုင်နှုန်း သော မုဒိမ်းမှုများတွင် သေကျေမှုရှိြပီး ဒေသခံများ မြင်ရစေရန် အလောင်းများအား တမင် ပြသထားသည်။ ၆၁ ရာခိုင်နှုန်း သော ဖြစ်ရပ်များတွင် တပ်မတော်စခန်းများအတွင်း အုပ်စုဖြင့် ကျူးလွန်ကြြပီး အချို.ကိစ္စများတွင် အမျိုးသမီးများအား ၄ လခန့် ထိန်းသိမ်းကာ ထပ်ခါတလဲလဲ မုဒိမ်းကျင့်ခြင်းကို ပြုလုပ်ကြသည်။
၂ဝဝ၃ ခုနှစ် 'လုံခြုံသောနေရာမရှိ၊ ဗမါ့တပ်မတော်နှင့် တိုင်းရင်းသူအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း' ဟူသည့် ဒုက္ခသည် နိုင်ငံတကာအဖွဲ.၏ အစီရင်ခံစာက မုဒိမ်းကျင့်ခြင်းကို မြန်မာတပ်မတော်က လူနည်းစု တိုင်းရင်းသားငါးမျိုးမှ အမျိုးသမီးများအပေါ် ကျယ်ပြန့်စွာ ကျင့်သုံး သည်ကို တေွ.ရှိရကြောင်း မှတ်တမ်းတင်ထားသည်။
လူ.အခွင့်အရေးအဖွဲ. ဖြစ်သည့် နိုင်ငံတကာ လွတ်ြငိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းကျများအား ညှင်းပန်းနှိပ်စက် ခြင်းကိစ္စများကိုပါ အစီရင်ခံထားသည်။
[ပြင်ဆင်ရန်] ကလေးများအခွင့်အရေး
ကလေးများအား တပ်ထဲသို့ ဝင်စေခြင်းနှင့် ပြန်ပေးဆွဲခြင်းများလည်း မကြာခဏဆိုသလို ဖြစ်ပေါ်လျက် ရိှသည်ဟု လူ.အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ.ကဖေါ်ပြထားသည်။ နိုင်ငံ၏ တပ်ဖွဲ.ဝင် ၃၅ဝဝဝဝ-၄ဝဝဝဝဝ အနက်မှ ခန့်မှန်း ခြေ ၇ဝဝဝဝ ခန့်မှာ ကလေးစစ်သားများ ဖြစ်သည်။ ကလေး လုပ်အား ပေးခိုင်း စေခြင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။