နေဝင်း၊ ဦး
| ဦးနေဝင်း | |
| (၁၉၁၁-၂၀၀၂) | |
| စတုတ္ထမြောက် သမ္မတ | |
| အမည်ရင်း | ရှုမောင် |
| မွေးရက် | ၁၉၁၁-ခု၊ မေ (၂၄)ရက် |
| မွေးနေ့ | ဗုဒ္ဓဟူးနေ့ |
| မိဘများ | ဦးဖိုးခ + ဒေါ်မိလေး |
| မွေးရာဇာတိ | ပြည်ခရိုင်၊ ပေါင်းတလည်မြို့ |
| လူမျိုး | မြန်မာ |
| ဘာသာ | ဗုဒ္ဓဘာသာ |
| ပညာရေး | |
| အလုပ်အကိုင် | တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် သမ္မတ |
| တည်ထောင်ခဲ့သည့် အဖွဲ့အစည်း | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ |
| လူသိများခြင်း | ရဲဘော်သုံးကျိပ်ဝင် |
| ကြင်ဖော် | ဒေါ်သန်းညွန့်၊ ဒေါ်တင်တင်၊ ဒေါ်ခင်မေသန်း၊ ဒေါ်နီနီမြင့် ရတနာနတ်မယ် |
| သားသမီး | ဦးကျော်သိန်း ဦးငွေစိုး၊ ဦးအေးအောင်ဝင်း ဒေါ်စန္ဒာဝင်း၊ ဒေါ်ကြေးမုံဝင်း၊ ဦးဖြိုးဝေဝင်း |
| ကွယ်လွန်ရက် | ၂၀၀၂-ခု၊ ဒီဇင်ဘာ (၅)ရက် |
| လက်မှတ် | |
| ဝက်ဘ်ဆိုက် | |
၁၉၁၁ ခု မေလ ၂၄ ရက်နေ့ (သို့) မေလ ၁၄ရက်နေ့ (သို့) ၁၉၁၀ ခု ဇူလိုင်လ ၁၀ရက်နေ့၌ ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတလည်မြို့ တွင် မွေးဖွားပါသည်။ ငယ်နာမည် ရှုမောင် ဖြစ်သည်။ တရုတ်ကပြား တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန်တက္ကသိုလ် တွင် ဇီဝဗေဒ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ သို့သော်လည်း ၁၉၃၁ ခုနှစ်တွင် ကျောင်းမှထွက်ကာ သခင်ရှုမောင် အမည်ဖြင့် တို့ဗမာအစည်းအရုံးဝင် တစ်ဦး ဖြစ်ခဲ့သည်။
မာတိကာ |
[ပြင်ဆင်ရန်] လွတ်လပ်ရေးကြိုးပမ်းမှုကာလ
ရဲဘော်သုံးကျိပ် တွင် ပါဝင်ကာ သခင်ရှုမောင် မှ ဗိုလ်နေဝင်း ဟုအမည်ပြောင်းလဲခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော် တွင် Commander အဖြစ်ဖြင့် ဂျပန်များ နှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ခြမ်းကွဲချိန်တွင် ဦးနေဝင်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။
[ပြင်ဆင်ရန်] အာဏာသိမ်းခြင်း
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် တော်လှန်ရေးကောင်စီ ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ တွင် အာဏာသိမ်းခဲ့သည်။
[ပြင်ဆင်ရန်] နိုင်ငံခေါင်းဆောင်ကာလ
မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ ၎င်း၊ ၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ တာဝန်များ ကိုထမ်းဆောင် ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင် ခဲ့သူလည်းဖြစ်ပါသည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက် ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသား တစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦးလည်း ပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆-နှစ်အကြာ ၊ ၁၉၈၈ တွင် ဦးနေဝင်းမှ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
[ပြင်ဆင်ရန်] မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေဝင်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေဝင်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများ ထောင်သွင်း အကျဉ်းချခြင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင်ဗိုလ်ချုပ်ကြီးစန်းယု သည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။
[ပြင်ဆင်ရန်] ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘဝ
အိမ်ထောင်ငါးကြိမ်ပြုခဲ့သည်။
ပထမဆုံး ဒေါ်သန်းညွန့်နှင့် လက်ထပ်ပြီး ဦးကျော်သိန်းကို မွေးဖွားခဲ့သည်။ ဒုတိယ ဒေါ်တင်တင်နှင့်လက်ထပ်ပြီး သား-ဦးငွေစိုး(လေယာဉ်မှူးဟောင်း)နှင့် ဦးအေးအောင်ဝင်းတို့ ထွန်းကားခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပထမတန်း ဆရာဝန် ဒေါက်တာဘသန်း(ငြိမ်း)၏သမီး ဒေါ်ခင်မေသန်းနှင့် တတိယ လက်ထပ် ခဲ့သည်။ ဒေါ်ခင်မေသန်းနှင့် သားသမီးသုံးဦးထွန်းကားခဲ့သည်။ ဒေါ်စန္ဒာဝင်း + ဦးအေးဇော်ဝင်း၊ ဒေါ်ကြေးမုံဝင်း+ဦးအေးသွယ်၊ ဦးဖြိုးဝေဝင်းတို့ ဖြစ်သည်။ သမီး ဒေါ်စန္ဒာဝင်းနှင့် ဦးအေးဇော်ဝင်းတို့မှ သား အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့ မွေးဖွားခဲ့သည်။ မေခလမ်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်တွင်နေသည်။ ၁၉၇၂-ခုနှစ်၊ စက်တင်ဘာလ(၃ဝ)ရက်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၁၉၇၃-ခုနှစ်၊ ဧပြီလ (၄)ရက်တွင် ရန်ကုန် တက္ကသိုလ်၊ အနောက်တိုင်းသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဌာန နည်းပြဖြစ်သူ ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်။ ထို့နောက် ၁၉၇၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်တွင် ကနောင်မင်း၏အနွယ်တော် ရတနာနတ်မယ်နှင့် လက်ထပ်ခဲ့ပြီး ငါးလသာ ပေါင်းသင်းနေထိုင်ခဲ့သည်။
[ပြင်ဆင်ရန်] ကွယ်လွန်ခြင်း
၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံးသည့်နေ့ နေ့တွင်းချင်းပင် သဂြိုဟ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သင်္ချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးရွားဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျှောချခြင်းကို ခံခဲ့ရသည်။
[ပြင်ဆင်ရန်] ထင်ရှားသောလုပ်ဆောင်ချက်များ
[ပြင်ဆင်ရန်] ဓာတ်ပုံများ
|
|||||||||
|
||||||||||||||||||||