နီပေါနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ
सङ्घीय लोकतान्त्रिक गणतन्त्र नेपाल
Federal Democratic Republic of Nepal
Flag of Nepal.svg Coat of arms of Nepal.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - जननी जन्मभूमिश्च स्वर्गादपि गरीयसी
မိခင်နှင့် အမိမြေသည် နိဗ္ဗာန်ထက် မြင့်မြတ်သည်။
ပထဝီ
Nepal in its region.svg
မြို့တော် ခတ္တမန္ဒုမြို့
ဧရိယာ
  • ဧရိယာ - ၁၄၇,၁၈၁ km² (၅၆,၈၂၇ sq mi) (အဆင့်: ၉၃)
  • ရေဖုံးလွှမ်းမှု - ၂.၈%
စံတော်ချိန်ဇုန် UTC +၅:၄၅
လူနေမှု
ရုံးသုံးဘာသာများ နီပေါ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - ရမ် ဘာရန် ယာဒဗ် (Ram Baran Yadav)
  • ဝန်ကြီးချုပ် - ဂျာလာ နာ့သ် ခန်နာလ်
ထူထောင်မှု
  • တိုင်းပြည် အဖြစ် ကြေညာခြင်း - ၁၇၆၈ ဒီဇင်ဘာ ၂၁
  • နိုင်ငံ အဖြစ် ကြေညာခြင်း - ၂၀၀၇ ဇန်နဝါရီ ၇
  • သမ္မတနိုင်ငံ ကြေငြာခြင်း - ၂၀၀၈ မေ ၂၈
စီးပွားရေး
GDP(PPP) $ ၃၄.၈၈၀ billion (အဆင့် - )
GDP(PPP) $ ၁,၂၃၇ (အဆင့် - )
HDI ၀.၅၅၃ (အလယ်) (အဆင့် - ၁၄၄)
ငွေ ရူပီ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 EG
CCLTD .np
Calling code +၉၇၇

နီပေါနိုင်ငံ၏ တရားဝင်အမည်မှာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှရှိ ကုန်းတွင်းပိုင်း နိုင်ငံတစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်မြေခြင်း ထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ အိန္ဒိယနိုင်ငံက ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် နံပါတ် ၉၃ ဖြစ်သည်။ လူဦးရေမှာ သန်း ၃၀ ခန့်ရှိသည်။[၁] နံပါတ် ၄၁ မြောက် လူဦးရေ အထူအထပ်ဆုံး နိုင်ငံဖြစ်သည်။ မြို့တော် ခတ္တမန္ဒုမြို့သည် နီပေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။

ပထဝီဝင်[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ​ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။

တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။

ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တော်တို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြားမပြုရသေးသော သစ်တော်များဖြစ်သည်။ ထိုပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်လှ၏။ သို့ရာတွင် ယ်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးချေ။ နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်သည်။ နီပေါနိုင်ငံ၏မြို့တော်သည် လူဦးရေ ၁၀၉, ၀၀၀ ခန့်သည့် ခတ္တမန္ဒူမြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ပါထန်မြို့နှင့် ဘတ်ဂါအွန်မြို့တို့ဖြစ်ကြသည်။ ခတ္တမန္ဒူမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒူတောင်ကားကို ဖြတ်၍ ဝင်ရောက်နိုင်သည်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက် ဂန့်ဂျသို့ မီးရထားလမ်းဖောက်လုပ်သည်။ ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒူမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့လေသည်။


လူမှုရေး[ပြင်​ဆင်​ရန်​]

နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ဂေါ်ရခါးလူမျိုးများမှာ လူများစုဖြစ်၍ ပူးရမ်း၊ မဂါး၊ မူးရမစ်၊ နီဝါး၊ လင်လူး၊ လက်ပချားစသည့်လူမျိုးများလည်း ရှိသေးသည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ထို့ပြင် လူများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

နီပေါနိုင်ငံတွင် ယင်းသို့ လူမျိုးစုအသီးသီးရှိကာ၊ နယ်ပယ်အကွဲကွဲအပြားပြား ဖြစ်နေခဲ့ရာ ၁၇၈၉ ခုနှစ်၌ဂေါ်ရခါးတို့သည် နီပေါနိုင်ငံတွင် အာဏာရှိလူများစုဖြစ်လာသည်။ ၁၈၁၄ ခုနှစ၌ ဂေါ်ရခါးတို့သည် ဗြိတိသျှတို့နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့၍ ၁၈၅၄ ခုနှစ်၌ တိဗက်နိုင်ငံနှင့် ၂ နှစ်ကြာမျှ စစ်ပွဲဆင်နွှဲခဲ့ရလေသည်။ ထိုနောက်တွင် နီပေါနိုင်ငံသည် ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် မြဲမြံစွာ ဆက်ဆံလာခဲ့လေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာသောအခါ နီပေါနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ နိုင်ငံအနှံ့အပြား၌ တရာမရုံးများနှင့် ရာဇဝတ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၃ ခုနှစ်၌ ဗြိတိသျှတို့သည် နီပေါနိုင်ငံကို လုံးဝ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလေသည်။ ၁၈၆၇ ခုနှစ်၌ သူကောင်းများများက ဘုရင်အား အာဏာစွန့်လွှတ်စေ၍ "ရာနာ" ဆွေမျိုးစုခေါင်းဆောင်းကြီးအား အုပ်ချုပ်ရေးအာဏာများကို ပေးအပ်ကာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည့်အချိန်မှစ၍ နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရာထူးသည် ရာနာဆွေမျိုးစုအတွက် ရိုက်ရာခံရာထူးဖြစ်လာခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ဂေါ်ရခါးတပ်မတော်၏ သေနာပတိချုပ်လည်းဖြစ်၏။ ဘုရင်တို့ကား နိုင်ငံ၏ အထွတ်အထိပ်ဖြစ်သည်ဟူသော အထိမ်းအမှတ်သဖွယ်မျှသာရှိလာသည်။ ယင်းသို့ ရာနာဆွေမျိုးစုသည် နီပေါနိုင်ငံတွင် အုပ်စီးကာ အုပ်ချုပ်လာခဲ့ရာ၊ ၁၉၅၀ ပြည့်နှစ်၌ စတင်ခဲ့သော တော်လှန်ရေးကြီးအပြီးတွင် ရာနာဆွေမျိုးစုသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်လိုက်ရလေသည်။ နီပေါဘုရင်သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ရသော ဘုရင်တစ်ပါး ဖြစ်လာလေသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွာများဖြစ်၍ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလတ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ဖြစ်သည်။ ၁၉၅၅ ခုတွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိလေသည်။ နိုင်ငံတွင်းရှိ လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာလျှင် စာရေးစာဖတ်တတ်လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The World Factbook : Rank order population. CIA.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲခြောက်