ဗမာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဗမာလူမျိုး နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

မာတိကာ

[ပြင်​ဆင်​ရန်​] နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

အကျဉ်းချုပ်

တိဘက်-မြန်မာ လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက် တို့က ဖျက်စီးပြီးချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။ အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ဒုတိယပြည်ထောင်စု(ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး)တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအပေါ်ပထမ ကျူးကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ ၊ တနင်္သာရီနှင့် ရခိုင် ဒေသများကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ ကျရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်အထိ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။ နောက် ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၆ နှစ်အကြာတွင် တစ်ပါတီစနစ်ပျက်သုဉ်းပြီး တပ်မတော်မှ နိုင်ငံ့အာဏာကို ထိန်းသိမ်းခဲ့သည်။ ၂၀၁ဝခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန်စီမံလျက်ရှိပြီး ကုလသမဂ္ဂ‎အာဆီယံWTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။

[ပြင်​ဆင်​ရန်​] ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

[ပြင်​ဆင်​ရန်​] ဝတ်စားဆင်ယင်မှု

မြန်မာနိုင်ငံ အထက်ပို်င်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် အစဉ်အဆက် နေထိုင်ကြသည်။ AD ၁၀ ရာစု ခန့်စ၍ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် မြို့ပြများထူထောင်နေထိုင်ကြသည်။ပုဂံ၊ အင်းဝ၊ အမရပူရ၊ စစ်ကို်င်း၊ မန္တလေးတို့မှာ ထင်ရှားသည်။ ယနေ့အချိန်များတွင် ဗမာလူမျိုးမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၆၀ ရာခိိုင်နှုန်းကျော်ရှိသည်။ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အင်္ကျီကိုဝတ်ဆင်ပြီး ပိုးချည်ဖောက်ထားသောကွင်းလုံချည်ကိုဝတ်ဆင်၍ပခုံးတွင်ပုဝါလွှား ရင်တစ်ဘက်တစ်ချက်တွင်ချထားသည်။မြန်မာအမျိုးသမီးများသည်ဆံပင်ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများမှာ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။

[ပြင်​ဆင်​ရန်​] ဘာသာနှင့်စာပေ

  • ဘာသာ

ဘာသာအယူဝါဒအားဖြင့် အစပထမတွင် မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရပါသည်။ အနော်ရထာလက်ထက်တွင် ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်း က ဟိနယာနဟုခေါ်သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။ သို့သော် သမိုင်းတစ်လျောက်တွင် မဟာယာန နွယ်သောပွဲကျောင်းအလေ့အထများ၊ ရိုးရာနတ်နှင့် ဟိန္ဒူဆိုင်ရာအလေ့အထများကို ညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ရသည်။ သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ်တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်သည့် ဗိဿနိုးနတ်ကို ပင့်ဖိတ်ပသခြင်း၊ တောင်ငူနန်းဆက်တွင်လည်း တောင်တွင်းရှင်မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်းဆက်များတွင် ဗားမဲ့၊ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်း အစရှိသည်တို့ကိုတွေ့ရသည်။

  • စာပေ

ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီးရုံးသုံးစာအဖြစ် ၊ မြန်မာစာအဖြစ်သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေးအသားတွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ပဲ ၊ မွန်တို့ကို ဆရာတင်ခဲ့ပြီး အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှ ရယူသည်။ ထို့ကြောင့်မျက်မှောက်ခေတ် တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှုအဓိပ္ပာယ်ဖော်နိုင်ရန်ခက်ခဲနေရသည်။

ဗမာခေါ် မြန်မာတို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှု့ကိုမှီငြမ်းပြု၍ သီးခြားယဉ်ကျေးမှုးတည်ထောင်ရန် အားထုတ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင် စာ-၂၅ ၌ တွေ့ရသည်။ မြန်မာ့သမိုင်းဆရာတို့ကမြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟု ယူဆကြသည်။ပျူစာမှဆင်းသက်ရီုးမှန်လျှင် ပျူစာမှသည် မြန်မာစာဖြစ်လာစေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး ရှိရမည်။ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာကသက်သေခံလျှက်ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ မြန်မာ၊ ပျူ၊ မွန်ဟူ၍ စာပေလေးမျိုးဖြင့် တပြိုင်တည်း ရေးထိုးထားသည်ကိုတွေ့ရှိနိုင်ပါသည်။ ယင်းကျောက်စာမှာ အကြောင်းအရာတစ်ခုတည်းကို စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟူသောအဆိုမှာ ခိုင်လုံသောအထောက်အထားမဟုတ်ချေ။ အလားတူစွာ မွန်စာမှဆင်းသက်လာသည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင် မွန်စာလည်း ပါရှိနေပြိးဖြစ်သောကြောင်းတည်း။ ယနေ့ထိ လူတို့သည် ပျူစာကိုကောင်းစွာ ရေရေလည်လည် ဖတ်တတ်သူဟူ၍ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့်မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်တည်း။ ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင်စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ရကြလျှက် မွန်နှင့်ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျှက် နောင်အခါ မြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကိုမှီလျှက် ၁၁ ရာစုတွင် ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်ဟူ၍ကောက်ချက်ချ ရေးသားခဲ့ပါသည်။

တဖန် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများကို သေသေချာချာ လေ့လာကြည့်ပါက “ရခိုင်သံဖြင့်ရေးသားထားသော ရခိုင်စာပေ အသုံးအနူန်းများကိုသာ ” တွေ့ရှိကြရပါသည်။ ထိုကြောင့် မြန်မာတို့သည် မြန်မာစာကို ပျူနှင့် မွန်တို့ထံမှ ရသည်ဟူသောအဆိုကို စဉ်းစားစရာ အများ ကြီးရှိလာပါသည်။

ရခိုင့်အသံ၊ ပုဂံခေတ်ကျောက်စာနှင့် ဘာသာပြန်

  1. ရဟန်းသင်္ဃာ = ရဟန်းသံဃာ
  2. မင်းဆြာ = မင်းဆရာ
  3. ပင့်သကူ = ပံသကူ
  4. လှိယ် = လှေ
  5. အရှေ့လားသော် = အရှေ့သွားသော်


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ