ဆီးရီးယားနိုင်ငံ
| ဆီးရီးယား အာရပ်သမ္မတနိုင်ငံ | |||||
| Syrian Arab Republic الجمهورية العربية السورية Al-Jumhūriyyah al-ʿArabiyyah as-Sūriyyah (အာရပ်) |
|||||
|
|||||
| နိုင်ငံတော်သီချင်း - Guardians of the Land' | |||||
| ပထဝီ |
|||||
| မြို့တော် | ဒမားစကပ်မြို့ | ||||
| အကြီးဆုံးမြို့ | အယ်လပ်ပိုမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၂ (နွေရာသီ) +၃ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | တစ်ပါတီစနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
| ထူထောင်မှု | |||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၀၅.၂၃၈ ဘီလီယံ [၂] (အဆင့် - ) | ||||
| GDP(PPP) | $၅,၀၄၃[၂] (အဆင့် - ) | ||||
| HDI | ▲ ဝ.၅၈၉ (အလယ်) [၃] (အဆင့် - ၁၁၁) | ||||
| ငွေ | ဆီးရီးယားပေါင် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .sy | ||||
| Calling code | +၉၆၃ | ||||
အာရှတိုက်ရှိ အလွန်ရှေးကျသော တိုင်းနိုင်ငံများတွင် ဆီးရီးယားနိုင်ငံသည် အပါအဝင်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ ဟောင်းမှာ မြေထဲပင်လယ်၏ အရှေ့ကမ်းရိုးတန်းမှသည် ယခု ခေတ် နိုင်ငံသစ်များဖြစ်ကြသော ဆီးရီးယားနိုင်ငံ၊ လက်ဗနွန် နိုင်ငံ၊ အဇ္ဇရီယယ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် တစိတ်တစ်ဒေသအား ဖြင့် မြောက်ပိုင်းအာရေဗျနိုင်ငံတို့အထိ ကျယ်ပြန့်သည်၊ သို့ရာ တွင် ယခုလက်ရှိ ဆီးရီးယား သမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီနိုင်ငံ၊ အရှေ့ဘက်တွင် အီရတ်နိုင်ငံ၊ တောင်ဘက်တွင် အဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် မြေထဲ ပင်လယ်နှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ်သတ်မှတ်ထား သော နိုင်ငံဖြစ်သည်။
နိုင်ငံသမိုင်းအရဆိုလျှင် ရှေးဟောင်း ဆီးရီးယားနိုင်ငံသည် ဘီစီ ၁၄၇၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ၏ လက်အောက်သို့ ကျ ရောက်ခဲ့သည်။ ဘေဘီလုံအင်ပါယာ၊ အဆီးရီးယားအင်ပါယာ၊ ပါရှားအင်ပါယာတို့၏ လက်အောက်ခံဖြစ်ခဲ့ဘူးသည်။ ဘီစီ ၆၄ ခုနှစ်၌ ရောမဘုရင် ပွန်ပီလက်ထက်တွင် ရောမနိုင်ငံပိုင် ပြည်နယ် ဖြစ်ခဲ့ရပြန်သည်။ ထို့နောက် ပါးရှင်းလူမျိုးတို့က မကြာခဏ ဆီးရီးယားပြည်ကိုဝင်ရောက် တိုက်ခိုက်ကြသည်။ အေဒီ ၆၃၅ ခုနှစ်၌မူ၊ အာရပ်လူမျိုးများက ဆီးရီးယားကို သိမ်းပိုက်လိုက်သည်။ ၁၅၁၆ ခုနှစ်တွင် အော့တိုမန် တစ်ရက် လူမျိုးများ၏ လက်အောက်သို့ရောက်ခဲ့သည်၊ ဤအတွင်းတွင် ၁၇၈၉-၉၉ ခုနှစ်၌ ပြင်သစ်တို့ဝင်ရောက်အုပ်စိုး၍၊ ၁၈၃၁-၃၃ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၃၉-၄ဝ ပြည့်နှစ်တွင်တစ်ကြိမ်၊ အီဂျစ် ဘုရင်ခံက ဝင်ရောက်သိမ်းပိုက်ခဲ့သေးသည်။ ၁၈၆ဝ-၆၁ ခုနှစ် တွင် သူပုန်ထကြွပြီးလျှင်၊ ၁၉၁၇ ခုနှစ်၌ တူရကီတို့ အုပ်စိုး ခြင်းသည် အဆုံးသို့ရောက်လေသည်။ သို့သော် ၁၉၂ဝ ပြည့်နှစ် ၌ ပြင်သစ်ဩဇာ လွှမ်းမိုးသောနယ် ဖြစ်လာလေသည်။ ၁၉၂၅ ခုနှစ်တွင်မူကား ဒမက်စကပ်နှင့် အလက်ဟူသော နယ်ကြီး နှစ်နယ်ပေါင်းစပ်၍ ဆီးရီးယားပြည်နယ်ဟု ခေါ်တွင်ပြီးလျှင် ၁၉၃ဝ ပြည့်နှစ်၌ ဆီးရီးယား သမ္မတနိုင်ငံဟု တည်ထောင် လိုက်လေသည်။ လက်ဘနွန်သမ္မတနိုင်ငံကိုကား ၁၉၂၆ ခုနှစ် တွင် တည်ထောင်သည်။ အချို့သောနယ်ငယ် များကိုမူ ၁၉၃၉ ခုနှစ်တွင် တူရကီနိုင်ငံသို့ လွှဲပြောင်းပေးအပ် လိုက်ရသည်။ သမ္မတနိုင်ငံဟုဆိုသော်လည်း၊ ပြင်သစ်ဩဇာခံ နိုင်ငံ ဖြစ်သောကြောင့် ပြင်သစ်အစိုးရ၏ အာဏာစက်မှ မလွတ် ကင်းချေ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ-၄၁ ခုနှစ်တွင် ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျ ရောက်ခဲ့သည်၊ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှနှင့် လွတ်လပ်သော ပြင်သစ် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်သည်၊ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ သည် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ကျမှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရအား အာဏာ လွဲပြောင်းပေးသည်။ ၁၉၄၆ ခုနှစ် ဧပြီလတွင် နိုင်ငံခြားစစ်တပ်များအားလုံး ဆုတ်ခွာပေးရသည်တွင်မှ လုံးဝလွတ်လပ် သောဘဝသို့ ရောက်ရသည်။ ဆီးရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၇၂၂၃၄ မိုင်ရှိသည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေမှာ ၃၆၅၅၉ဝ၄ ယောက်ရှိသည်။ အာရပ်စကားမှာ အများသုံး ဘာသာစကား ဖြစ်သည်။ သို့ရာတွင် တူရကီ၊ အာမီးနီးယန်း၊ ပါးရှင်းနှင့် ဥရောပဘာသာစကားအမျိုးမျိုးကို လည်း ပြောကြသည်။ ကိုးကွယ်သောအယူဝါဒမှာ အများအား ဖြင့် အစ္စလာမ်ဘာသာ ဖြစ်သည်။
ဆီးရီးယားသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်၊ ဂျုံ၊ မုယော၊ ပြောင်း၊ ဆန်၊ ပဲ၊ စပျစ်သီး၊ သံလွင်ပင်၊ ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးသည်။ သိုး၊ ဆိတ်၊ ကုလားအုပ်၊ မြင်း၊ မြည်း၊ လား၊ ကျွဲနွား၊ ကြက်စသည်တို့ကိုလည်း အကြီးအကျယ် မွေးမြူသည်။ ဆီးရီးယား၌ တွင်းထွက်သတ္တုများနည်းပါးလှ သည်။ သို့သော် ရေနံကို ယခုအခါလိုက်လံရှာဖွေလျက်ရှိသည်။ ဒမက်စကပ်မြို့မှာ ဆီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည်။[၄]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Central Intelligence Agency. March 2011 est. Cia.gov. Retrieved on 2011-04-23။
- ↑ ၂.၀ ၂.၁ Syria. International Monetary Fund. Retrieved on 2010-04-21။
- ↑ Human Development Report 2010. United Nations (2010). Retrieved on 5 November 2010။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)