.mm

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
.mm
မိတ်ဆက်၁၉၉၇
TLD အမျိုးအစားနိုင်ငံကုဒ် ထိပ်ဆုံးအဆင့် ဒိုမိန်း
အခြေနေသက်ဝင်နေဆဲ
မှတ်ပုံတင်မသိရ
စပွန်ဆာဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
ရည်ရွယ်ချက်ရှိ အသုံးချEntities connected with  မြန်မာ
အမှန်တကယ် အသုံးချThere are some functional sites in Myanmar under this domain, but there is relatively little Internet activity there
မှတ်ပုံတင် ကန့်သတ်ချက်များမသိရ
တည်ဆောက်ပုံRegistrations are at third level beneath second-level categories
ဝဘ်ဆိုဒ်nic.mm

.mm သည် မြန်မာနိုင်ငံအတွက် နိုင်ငံကုဒ် ထိပ်ဆုံးအဆင့် ဒိုမိန်းတစ်ခုဖြစ်သည်။[၁] ယင်းကို ၁၉၉၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။ ၁၉၈၉ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံအတွက် ISO 3166 alpha-2 ကုဒ်မှာ BU ဖြစ်သော်လည်း နိုင်ငံကုဒ် ထိပ်ဆုံးအဆင့်ဒိုမိန်း .bu အား သတ်မှတ်ခဲ့ခြင်း မရှိပေ။ ccTLD တွင် အသုံးပြုထားသော MM နှင့် ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် ISO 3166-1 ကုဒ်ကို ပြောင်းလဲခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ပထမဆုံး အင်တာနက်လိုင်းကို မြန်မာနိုင်ငံရှိ ဩစတြေးလျကုမ္ပဏီတစ်ခုဖြစ်သော Eagle Group က စတင်တပ်ဆင်ခဲ့သည်။ သူတို့အား ဗြိတိသျှကုမ္ပဏီဖြစ်သော Digiserve က .mm အတွက် DNS ဝန်ဆောင်မှုကို ထောက်ပံ့ပေးခဲ့သည်။ .mm အတွက် DNS ကို Digiserve ၏ ဆာဗာနှစ်ခုဖြစ်သော ns1.digiserve.com နှင့် ns2.digiserve.com က ကိုင်တွယ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် Eagle Group ၏ ဝန်ဆောင်မှုများကို မြန်မာအစိုးရက ပိတ်သိမ်းခဲ့သည်။

ယင်းနောက် အဆိုပါ ဆာဗာနှစ်ခု၏ ကိုယ်စားလှယ်အဖြစ် .com.mm, .net.mm, .edu.mm နှင့် org.mm တို့၏ SOA authority ဖြစ်သော မြန်မာ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ အမည်ဆာဗာနှစ်ခုဖြစ်သော ရန်ကုန်အခြေစိုက် ns0.mpt.net.mm နှင့် ns1.mpt.net.mm သို့ ပြောင်းလဲခဲ့သည်။

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် DigiServe ၏ ဒိုမိန်းအမည်စနစ် ဆာဗာများကို ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ဖောက်ထွင်းခဲ့ကာ www.gov.mm အပါအဝင် .mm ဒိုမိန်းအားလုံး၏ လမ်းကြောင်းကို ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် လွှတ်ပေးရေးအတွက် တောင်းဆိုသော ဝဘ်ဆိုဒ်တစ်ခုဆီသို့ သုံးရက်ကြာ လမ်းကြောင်းလွှဲခဲ့သည်။

၂၀၀၅ ခုနှစ် အစောပိုင်းတွင် .mm ၏ ထိန်းချုပ်မှုများကို MPT က ပြန်လည်ရယူခဲ့ပြီးနောက် Digiserve အမည်ဆာဗာများကို MPT ကိုယ်ပိုင်ဆာဗာများဖြင့် အစားထိုးခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် .net.mm နှင့် .com.mm ဒိုမိန်းများကို မြန်မာတယ်လီပို့ (ယခင် ပုဂံဆိုင်ဘာတက်ခ်) သို့မဟုတ် မြန်မာ့ဆက်သွယ်ရေးတွင် တိုက်ရိုက် လျှောက်ထားရယူနိုင်သည်။ .edu.mm, .org.mm, .gov.mm ဒိုမိန်းများကိုမူ အစိုးရသုံးအနေဖြင့် သတ်မှတ်ခဲ့သည်။ မြန်မာတယ်လီပို့ကိုလည်း အစိုးရမှပင် တဖန် ပိတ်သိမ်းခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. IANA .mm whois information, accessed January 2011