မွန်ဘာသာစကား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Mon Logo
မွန်ပြည်နယ်၏ အမှတ်တံဆိပ် ရွှေဟင်္သာရုပ် သင်္ကေတ

ဤဆောင်းပါးသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ နောက်ပိုင်းတွင် ပြောဆိုသော မွန်ဘာသာစကားအကြောင်း ဖြစ်သည်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လာအိုအနောက်မြောက်ပိုင်းနှင့် မုန်၏မြောက်ပိုင်း ဗီယက်နမ်အမျိုးသားဘာသာစကားတို့အတွက် မုန်းဘာသာစကားကို ကြည့်ပါ။

မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူသော်လည်း အရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းထက်နည်းသောသူများက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ မွန်မျိုးနွယ် အများစုသည် မြန်မာဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ မွန်စာပေ အရေးအသားသည် အိန္ဒိယနိုင်ငံရှိ ဗြာမီအရေးအသား မှဆင်းသက်လာပြီး မြန်မာစာပေ အရေးအသား၏ မူလအစဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

မြန်မာ့သမိုင်းတွင် မွန်ဘာသာစကားသည် အရေးပါသော ဘာသာစကားဖြစ်သည်။ အေဒီ ၁၂ ရာစု တိုင်အောင် ဧရာဝတီမြစ်ဝှမ်း၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကား ဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း အောက်ပိုင်း တောင်ကြား မွန်မင်းနေပြည်တော်များ အတွင်းသာမက ပုဂံခေတ် (ပုဂံ) ဗမာနိုင်ငံ အထက်မြစ်ဖျားအထိ အသုံးပြုခဲ့ကြသည်။ ၁၀၅၇ ခုနှစ်တွင် မွန်မင်းနေပြည်တော် သထုံပြည်သည် ပုဂံနိုင်ငံ လက်အောက်သို့ ကျရောက်ပြီးနောက်တွင်လည်း အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော မွန်စာပေသည်ဆက်လက်၍အဓိက ဘာသာစကားဖြစ် ခဲ့သည်။ပုဂံဘုရင်ကျန်စစ်သားမင်း(၁၀၈၄၁၁၁၂)သည် မွန်ယဉ်ကျေးမှုကိုမြတ်နိုးခဲ့ပြီး မွန်ဘာသာစကားကိုအားပေးချီးမြှောက်ခဲ့သည်။ ၎င်းအုပ်စိုးစဉ်ကာလအတွင်း မွန်အရေးအသားသည်မြန်မာစာပေအရေး အသား တီထွင်ဖန်တီးမှု၏ အရင်းခံ ဖြစ်ခဲ့သည်။ မွန်ခေတ်တွင် ကျန်စစ်သားမင်းသည် မွန်ဘာသာဖြင့် ရေးသားထားသော များစွာသော ကမ္ဗည်းကျောက်စာများကိုထားရစ်ခဲ့သည်။ထိုအချိန်ကာလအတွင်း ပါဠိ၊ ပျူ၊ မွန် နှင့် မြန်မာစာတို့ဖြင့် မျက်နှာလေးဖက်တွင် အတ္ထုပ္ပတ္တိဇာတ်ကြောင်း တစ်ခုတည်းကို ဖော်ပြရေးသားထားသော မြစေတီကျောက်စာကို ထွင်းခဲ့သည်။သို့ရာတွင် ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မွန်ဘာသာစကား အသုံးပြုမှုမှာ မြန်မာလူမျိုးများအတွင်းကျဆင်းခဲ့သည်။ မွန်နှင့်ပျူတို့အစားရှေးဗမာဘာသာစကားကို ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင်ပြောဆိုကြသည့် အရောအနှောစကား အဖြစ် စတင် အစားထိုးခဲ့ကြသည်။

ပျက်သုဉ်းသွားသော ဒွွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ် ခမာများ ဖြစ်ကြသည်ဟူ၍ကား ရှင်းလင်းကွဲပြားမှု မရှိပါချေ။ နောက်မှပေါ်ပေါက်လာသော ကမ္ဗည်းစာများနှင့် လာဗိုကဲ့သို့သော မင်းနေပြည်တော်များတို့မှာ ခမာတို့ လက်အောက်ခံဖြစ်ကြသည်။ ပုဂံကျရှုံးပြီးနောက် မွန်ဘာသာစကားကို ယခုခေတ် အောက်မြန်မာပြည် ဖြစ်သော လွတ်လပ်သည့် မွန်မင်းနေပြည်တော် ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉) တွင် ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကားအဖြစ် ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ၁၉ ရာစု အလယ်တိုင်အောင် မွန်လူမျိုးတို့ အများစုနေထိုင်သော အောက်မြန်မာပြည်တွင် မွန်ဘာသာစကားကို ပျံ့နှ့ံသုံးစွဲခဲ့ကြသည်။

၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလို်က် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို တတိယမြောက် ဘာသာစကားအဖြစ် အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။

ဒေသသုံးစကားများ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် မွန်လူမျိုးတို့နေထိုင်သည့် ဒေသအမျိုးမျိုးမှ လာသော ဒေသသုံး မွန်ဘာသာစကား အဓိက သုံးမျိုးရှိသည်။ ၎င်းတို့မှာဗဟို ဒေသသုံးစကား (မုတ္တမ နှင့်မော်လမြိုင်ပတ်ဝန်းကျင်ဧရိယာ)၊ ပဲခူး နှင့် ရေး တို့ဖြစ်သည်။ အားလုံးမှာ အပြန်အလှန် နားလည်နိုင်သည်။ ထိုင်းမွန်တို့တွင်မွန်တို့၏ မြန်မာဒေသသုံးစကားနှင့်ခြားနားချက်အချို့ရှိသော်လည်း ၎င်းတို့ကိုနှစ်ဖက်စလုံးမှနားလည်နိုင်ပါသည်။

အရေးအသား[ပြင်​ဆင်​ရန်​]

မွန်စာပေအရေးအသားမှ မြန်မာစာပေအရေးအသား ဆင်းသက်လာသည်။ သို့ရာတွင် ကွဲပြားသော စာလုံးအတော်များများနှင့် မြန်မာစကားတွင်မရှိသောအသံထွက်စနစ်ကိုပြသည့်အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားများကို အသုံးပြုသည်။ အလယ်စာလုံး “လ” ၏ အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားကို စာလုံး၏ အောက်တည့်တည့်တွင် ရေးသည်။

မွန် အက္ခရာများ

စကားလုံးအသံထွက်များကိုလေ့လာသည့်ပညာ[ပြင်​ဆင်​ရန်​]

ဗျည်းများ

နှုတ်ခမ်း အပေါ်သွားနှင့်လျှာထိပြီးဆိုရသောအသံ အာခေါင်သံ လျှာရင်းသံ အာခေါင်ရင်းသံ
နှုတ်ခမ်းပိတ် p pʰ ɓ t tʰ ɗ c cʰ k kʰ ʔ
သွားစိသံ s ç 1 h
နှာခေါင်းသံ m n ɲ ŋ
အာလုပ်သံ w l, r j

သရများ[ပြင်​ဆင်​ရန်​]

အရှေ့ အလယ် အနောက်
သရတို i u
သရအလတ် e ə o
သရဆွဲအလတ် ɛ ɒ ɔ
သရဆွဲ a

အသံ ပိုင်းဆိုင်ရာမှတ်တမ်းများ[ပြင်​ဆင်​ရန်​]

ပတ်ဝန်းကျင်ရှိ မြန်မာ နှင့် ထိုင်း ဘာသာစကားများနှင့် ကွဲပြားစွာ၊ မွန်ဘာသာစကားမှာ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ မွန်-ခမာ ဘာသာစကား အတော်များများတွင် သရအသံထွက် သို့မဟုတ် အသံအနိမ့်အမြင့်ရှိသော သရသံစနစ်ကို အသုံးပြုသည်။ ထိုစနစ်တွင် အသံထွက်ရာတွင် ပြုလုပ်လိုက်သော အသံ၏ အရည်အသွေးမှာ ဘာသာစကား၏ အသံရင်းများနှင့် ဆိုင်သည်။ မွန်ဘာသာစကားတွင် သရသံ အနိမ့်အမြင့် နှစ်ခုရှိသည်။

  1. ရှင်းလင်းသော (ဖြစ်နိုင်ခြေရှိခြင်းပြကြိယာ) အသံ၊ ဘာသာဗေဒ ပညာရှင်အမျိုးမျိုးက သာမန် မှ တကျွိကျွိ တကျွက်ကျွက် မြည်သောအသံ အထိတိုင်အောင် ခွဲခြမ်းစိတ်ဖြာလေ့လာသည်။
  2. အသက်ရှူသံ၊ သရသံများတွင် ထူးခြားသော အသက်ရှူသွင်းသကဲ့သို့ အရည်အသွေးရှိသည်။

အောက်ဖေါ်ပြပါဥပမာမှာ အသံလေးလေးထွက်ရန် သရအက္ခရာပေါ်၌ ဖေါ်ပြထားသော အမှတ်အသား ဖြစ်သည်။

နာမ်များ နှင့် နာမ်ပုဒ်များ[ပြင်​ဆင်​ရန်​]

အနည်းကိန်း နှင့် အများကိန်း

မွန်ဘာသာစကား နာမ်များမှာ ကိန်းဂဏန်းများအတွက် သရသံပြောင်းလဲခြင်း မရှိပါ။ ဆိုလိုသည်မှာ၎င်းတို့၌ အနည်းကိန်းနှင့် အများကိန်းအတွက် သီးခြားပုံစံများမရှိပါ။

IPA sɔt pakaw mòa mèa
ရှင်းလင်းချက် ပန်းသီး တစ် လုံး

'ပန်းသီးတစ်လုံး'

IPA sɔt pakaw ɓa mèa
ရှင်းလင်းချက် ပန်းသီး နှစ် လုံး

'ပန်းသီးနှစ်လုံး'

အမျိုးအစားသတ်မှတ်ခွဲခြားခြင်း[ပြင်​ဆင်​ရန်​]

အခြားသော အရှေ့တောင်အာရှ ဘာသာစကားများကဲ့သို့ မွန်ဘာသာစကားတွင် အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းများရှိပြီး ကိန်းဂဏန်းများနှင့် တွဲဖက် ပေါ်ထွက်လာသော နာမ်တို့အတွက် အသုံးပြုသည်။ အမျိုးအစားသတ်မှတ် ရွေးချယ်နိုင်ရန်မှာ နာမ်ပါဝင်သော စကားလုံးများနှင့် ဝါကျများ၏ အဓိပ္ပါယ် ပြောင်းလဲမှုအပေါ် မူတည်သည်။

IPA kaneh mòa tanəng
ရှင်းလင်းချက် ဘောပင် တစ် ချောင်း

'ဘောပင်တစ်ချောင်း'

IPA chup mòa tanɒm
ရှင်းလင်းချက် သစ်ပင် တစ် ပင်

'သစ်ပင်တစ်ပင်'

ဝါကျများ[ပြင်​ဆင်​ရန်​]

မှန်ကန်သောဝါကျများ

အောက်ဖော်ပြပါ ဥပမာများအတိုင်း မွန်ဘာသာစကား ဝါကျများအတွက် သမားရိုးကျစာလုံး အစီအစဉ်မှာ ကတ္တား-ကြိယာ-ကံ တို့ဖြစ်သည်။

IPA ʔoa ran hau toa ya.
ရှင်းလင်းချက် ကျွန်တော် ဝယ် ဆန် အဖြည့်စကား ဟုတ်မှန်ကြောင်းပြောသည့်စကား

'ကျွန်တော်ဆန်ဝယ်ခဲ့သည်။'

IPA Nyeh tɔʔ paton ʔua pàsa ʔengloit
ရှင်းလင်းချက် တတိယနာမ်စား အများကိန်း သင် ကို ပထမနာမ်စား စာ အင်္ဓလိပ်စာ

'သူတို့ ကျွန်တော့်ကို အင်္ဂလိပ်စာ သင်ပေးခဲ့သည်။'

မေးခွန်းများ[ပြင်​ဆင်​ရန်​]

ဟုတ်သည်-မဟုတ်ပါ မေးခွန်းများကိုဝါကျအဆုံးစကားလုံး ဟ ဖြင့်ဖေါ်ပြထားသည်။

IPA ɓè ʃìa pəng toa ya ha?
ရှင်းလင်းချက် သင် စား ထမင်း စကားဆက် ဟုတ်မှန်ကြောင်းပြောသည့်စကား အမေးစကား

'သင်ထမင်းစားပြီးပြီလား။'

Wh မေးခွန်းများဟုခေါ်သော ဘာကြောင့်ဟူသော အကြောင်းပြ မေးခွန်းမျိုးကို မတူညီသော ဝါကျအဆုံးစကားလုံး ရောင် ဖြင့်ဖော်ပြထားသည်။ အမေးဝါကျ စကားလုံးတို့သည် Wh မေးခွန်းစာလုံးများနှင့် အတူတွဲနေရန်မလိုပေ။အဓိပ္ပယ်မှာ ၄င်းမေးခွန်းစာလုံးကို ဝါကျရှေ့၌ထားရန်မလိုအပ်ပေ။

IPA Tala Ong kratkraw mu ràu?
ရှင်းလင်းချက် တာလာအောင်း လျှော် ဘာ အမေးစကား

'တာလာအောင်း ဘာလျှော်ခဲ့သလဲ။'

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]