မြန်မာနိုင်ငံ၏ နိုင်ငံရေး
မာတိကာ |
မြန်မာနိုင်ငံ၏ နိုင်ငံရေး [ပြင်ဆင်ရန်]
| တစိတ်တပိုင်း ဖော်ပြချက် |
| မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ |
|---|
တိုက်ပွဲဝင်နေသည့် ခွပ်ဒေါင်းအလံ
|
| ကြောရိုးနောက်ခံ |
| လွတ်လပ်ရေးရပြီး မြန်မာပြည် |
| ပြည်တွင်းမတည်ငြိမ်မှုများ |
| မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် |
| နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
| ဆန္ဒပြပွဲကြီးများ |
| ၈၈၈၈ အရေးတော်ပုံ ၊ ၂၀၀၇ စစ်အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲ |
| လိုက်လျောမှု နှင့် ပြုပြင်ပြောင်းလည်းမှု |
| ဒီမိုကရေစီ လမ်းပြမြေပုံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလည်းမှု |
| ရွေးကောက်ပွဲများ |
| ၁၉၉၀ ၊ ၂၀၁၀ ၊ ၂၀၁၂ |
| အဖွဲ့အစည်းများ |
| အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ၈၈ မျိုးဆက် ကျောင်းသားများ ၊ ဘားမားကမ်ပိန်း ယူကေ ၊ ဗမာပြည်လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ၊ ယူအက်စ်ကမ်ပိန်း မြန်မာ ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၊ ဧရာဝတီ ၊ ဒီမိုကရေတစ်မြန်မာ့အသံ ၊ မဇ္ဈိမ သတင်းဌာန |
| အထင်ကရ ပုဂ္ဂိုလ်များ |
| အောင်ဆန်း ၊ ဦးနု ၊ အောင်ကြီး ၊ တင်ဦး ၊ အောင်ဆန်းစုကြည် ၊ မင်းကိုနိုင် ၊ သိန်းစိန် |
| ဆက်စပ်ရာ အကြောင်းအရာများ |
| မြန်မာ့ လူ့အခွင့်အရေး ၊ မြန်မာ့ နိုင်ငံရေး ၊ မြန်မာနို်င်ငံနှင့် နိုင်ငံခြား ဆက်ဆံရေး |
မြန်မာနိုင်ငံ၏ နိုင်ငံရေး။ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု အမည်တပ်ထားသည့် စစ်အစိုးရက ထိန်းချုပ်ထားသော အာဏာရှင်အုပ်စိုးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ခဲ့သော်လည်း ယင်းကိုယ်စားများဖြင့် ဖွဲ့စည်းသည့် အရပ်ဘက်အစိုးရ အကောင်အထည် ပေါ်လာခြင်းမရှိချေ။
နိုင်ငံရေးအခြေအနေ [ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် ၁၉ ရာစုမတိုင်မီက သက်ဦးဆံပိုင် ဘုရင်စနစ်ကျင့်သုံးခဲ့ပြီး မင်းဆက်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ဗြိတိသျှတို့၏ နယ်ချဲ့ခြင်းကို ခံခဲ့ရပြီး ၁၉၃၇ ခုနှစ်ထိ ဗြိတိသျှကိုလိုနီအစိုးရ၏ လက်အောက်ခံအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ကာ ပါလီမန်စနစ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံဖြစ်လာသည်။
သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် 'မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ' လက်အောက်တွင် ဆိုရှယ်လစ်စနစ် ကျင့်သုံးသည့် အစိုးရတစ်ရပ်ထူထောင်ရန် ကြိုစားခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အုပ်ချုပ်ရေး အောက်တွင် ရောက်ခဲ့ရသည်။ လက်ရှိနိုင်ငံ့အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဟူသည့် ရာထူးကို ရယူထားသည်။ သူတင်မြှောက်ထားသည့် ဝန်ကြီးချုပ်မှာ ၂ဝဝ၄ ခုနှစ်ထိ ခင်ညွန့်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် အစားထိုးခဲ့သည်။ ဝန်ကြီးနေရာအားလုံးလိုလိုအား တပ်မတော်အရာရှိများက ရယူထားသည်။
အမေရိကန်နှင့် ဥရောပအစိုးရများက စစ်အစိုးရအား စားသုံးသူ သပိတ်နှင့်အတူ ဒဏ်ခတ်အရေးယူပိတ်ဆို့ထားသည်။ ဖရီးဘားမား မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် လှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် ဖေါက်သည်များက သပိတ်မှောက်၊ ရှယ်ယာရှင်များက ဖိအားပေးခြင်းအားဖြင့် အနောက်နိုင်ငံကော်ပိုရေးရှင်းများ မြန်မာနိုင်ငံမှတပ်ခေါက် ပြန်ကုန်ကြပြီဖြစ်သည်။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွင်ပါသော ဂယ်ပေါက်အားနည်းချက်များကြောင့် အချို့အနောက်နိုင်ငံ ရေနံကုမ္ပဏီကြီးများ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အာရှစီးပွါးရေးလုပ်ငန်းများကလည်း ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အထူးသဖြင့် သဘာဝ သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။ ဥပမာ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်အက်စ်အေနှင့် အမေရိကန်ရေနံ ကုမ္ပဏီချက်ဗရွန် တို့သည် ရတနာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဆက်လက်၍ လည်ပတ်လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့လျက်ရှိသည်။ တိုတယ် (ယခင် တိုတယ်ဖီနာအက်ဖ်) သည် ပြင်သစ်နှင့် ဘယ်လဂျီယန်နိုင်ငံများရှိ တရားရုံးများတွင် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်က ပေါ်ပေါက်ခဲ့သည်ဟု ယိုးစွပ်ခံရသည့် လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တရားစွဲဆိုခြင်း ခံနေရသည်။ ချက်ဗရွန်မှ မဝယ်ယူမီက ယူနိုကယ်လ်ကုမ္ပဏီသည်လည်း အလားတူ တရားတဘောင် ရင်ဆိုင်ခဲ့ရပြီး သန်းပေါင်းရာချီ ကုန်ခဲ့သည်ဟု ဆိုသည်။
၂ဝဝ၃ ခုနှစ် 'မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ' ကို ပြဋ္ဌာန်းပြီး နောက် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ အဝတ်အထည်များနှင့် ဖိနပ်များ မှာယူတင်သွင်းခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်။ အမေရိကန်ဦးဆောင်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် အရပ်သား ပြည်သူလူထုအား ထိခိုက်နစ်နာစေသည်ဟူသည့် ပြစ်တင်မှုများ ခံနေရသည်။ သို့သော်လည်း မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်အစိုးရကို ဖိအားပေးရာရောက်သည်ဟု အစဉ်တစိုက် ထောက်ခံခဲ့သည်။
စစ်အစိုးရသည် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုး ဖေါက်မှုမှတ်တမ်းအတွက် အပြစ်တင်ပြောဆိုခံနေရပြီး တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည့် လူအခွင့်အရေး အခြေအနေအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့က စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သည့်တရားစီရင်ရေး မရှိသည့်အပြင် စစ်အစိုးရသည် နိုင်ငံရေးအရ အတိုက်အခံပြုခြင်းကို သည်းခံခြင်းမရှိချေ။ အင်တာနက်အသုံးချမှုကိုလည်း ချုပ်ကိုင်ထားသည်။ အမေရိကန်အင်တာနက်ကုမ္ပဏီ ဖေါတီနက်မှ ဆန်ခါစစ်ထုတ်သည့် စနစ်ဖြင့် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားသည်။ အီးမေးလ် ဝန်ဆောင်မှုများ၊ အခမဲ့ဝက်ဘ်လုပ်ငန်းများနှင့် နိုင်ငံရေးအရ အတိုက်အခံဘက်မှ ရပ်တည်သည့် ဒီမိုကရေစီလိုလားသော ဝက်ဘ်စာမျက်နှာများကိုလည်း ကန့်သတ်ထားသည်။
၁၉၈၈ ခုနှစ်က စီးပွါးရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုများအား ကန့်ကွက်ဆန္ဒပြမှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့သည်။ ထိုနှစ် ဩဂုတ် ၈ ရက်နေ့တွင် စစ်တပ်သည် ဆန္ဒပြသူများအား ပစ်ခတ်ခဲ့ရာ ၈၈၈၈ (၈လေးလုံး) အုံကြွမှုဟု တွင်ခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများက ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လမ်းခင်းပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲရလာဒ်အား စစ်အစိုးရမှ အသိအမှတ်မပြုခဲ့ချေ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်နေရာပေါင်း ၈၃ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရာတွင် ချီးကျူး ခြင်းခံရသည်။ သူမသည် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် နေအိမ်တွင် အကျယ်ချုပ်ဖြင့် မကြာခဏဆိုသလို ထိန်းသိမ်းခြင်း ခံနေရသည်။ မကြာသေးမီ ကာလများအတွင်းက စစ်အစိုးရသည် သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)နှင့် စေ့စပ်ဆေးနွေးရန် လိုလားမှုပြသသည်။ ၂ဝဝ၃ ခုနှစ် မေ ၃၁ ရက်က မြန်မာနိုင်ငံမြောက်ပိုင်း(ဒီပဲယင်း)တွင် သူမ၏ ယာဉ်တန်း တိုက်ခိုက်ခြင်း ခံရပြီးနောက် နေအိမ်အကျယ်ချုပ် ချထားခြင်းခံရပြန်သည်။ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလအကုန်တွင် နေအိမ်အကျယ်ချုပ်ချမှုကို တစ်နှစ်ထပ်မံ၍ တိုးလိုက်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်မေတ္တာရပ်ခံပြီး အာဆီယံနိုင်ငံများမှ ဖိအားပေး သော်လည်း ၂ဝဝ၆ ခုနှစ် မေတွင် ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို နောက်ထပ်တစ်နှစ်ထပ်မံ၍ တိုးလိုက်သည်။
စစ်အစိုးရသည် နိုင်ငံတကာမှ ဝိုင်းပယ်ထားခြင်းကို တိုး၍ခံနေရသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို ကုလသမဂ္ဂတွင် အလွတ်တန်းသဘော ဆွေးနွေးတိုင်ပင်ကြရန် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့သည်။ မြန်မာစစ်အစိုးရအား စိတ်ပျက်ကြောင်း အာဆီယံနိုင်ငံများက ပြောကြားသည်။ သို့သော်လည်း တရုတ်နှင့် ရုရှတို့က စစ်အစိုးရအား ထောက်ခံလျက်ရှိသည်။
အုပ်ချုပ်ရေးကဏ္ဍ [ပြင်ဆင်ရန်]
အဓိကရုံးတာဝန်ရှိ ပုဂ္ဂိုလ်များ
| ရုံး | အမည် | ပါတီ | စတင်တာဝန်ထမ်း ဆောင်သည့်ရက် |
|---|---|---|---|
| ဥက္ကဋ္ဌ၊
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီ |
သန်းရွှေ | ၁၉၉၂ ခုနှစ်၊ ဧပြီ ၁၃ ရက် | |
| ဝန်ကြီးချုပ် | သိန်းစိန် | ၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၁၉ ရက် |
ဥက္ကဋ္ဌ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းပြည်၏ ခေါင်းဆောင်လည်း ဖြစ်ပြီး အစိုးရအဖွဲ.၏ အကြီးအကဲလည်း ဖြစ်သည်။ ဤကောင်စီသည် ဝန်ကြီးချုပ်ဦးဆောင်သည့် ဝန်ကြီးအဖွဲ.ကို ကွပ်ကဲသည်။
ဥပဒေပြုရေးကဏ္ဍ [ပြင်ဆင်ရန်]
အမတ်နေရာ ၄၉၂ နေရာရှိသည့် ပြည်သူ့လွှတ်တော်ကို လေးနှစ်တစ်ကြိမ် ခေါ်ယူသည်။ ယခုအခါမှာ ရပ်တန့်ထားသည်။ နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၉ဝ ပြည့်နှစ် မေ ၂၇ ရက်က ကျင်းပခဲ့သည်။
| ပါတီ | ရရှိမဲ | နေရာ | % | |
|---|---|---|---|---|
| လူဦးရေ | နေရာ % | |||
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၇,၉၄၃,၆၂၂ | ၃၉၂ | ၅၈.၇ | ၇၉.၇ |
| ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၂၂၂,၈၂၁ | ၂၃ | ၁.၇ | ၄.၇ |
| ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလများ | ၁,၆ဝ၆,၈၅၈ | ၈၂ | ၁၂.၁ | ၂.၄ |
| ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၁၆ဝ,၇၈၃ | ၁၁ | ၁.၂ | ၂.၂ |
| တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၂,၈ဝ၅,၅၅၉ | ၁၀ | ၂.၁ | ၂.ဝ |
| မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး | ၁၃၈,၅၇၂ | ၅ | ၁.ဝ | ၁.ဝ |
| လူ့အခွင့်အရေးအတွက် အမျိုးသားဒီမိုကရက်တစ်ပါတီ | ၁၂၈,၁၂၉ | ၄ | ၁.ဝ | |
| ချင်းအမျိုးသားဒီမိုကရေစီပါတီ | ၅၁,၁၈၇ | ၃ | ဝ.၄ | ဝ.၈ |
| ကချင်ပြည်နယ် ဒီမိုကရေစီကွန်ဂရက် | ၁၃,၉၉၄ | ၃ | ဝ.၁ | ဝ.၁ |
| အမျိုးသား ဒီမိုကရေစီပါတီ | ၇၂,၆၇၂ | ၃ | ဝ.၅ | ဝ.၁ |
| ပြည်ထောင်စုအမျိုးသားပအို့ဝ်အဖွဲ့ချုပ် | ၃၅,၃၈၉ | ၃ | ဝ.၃ | ဝ.၁ |
| ကယားအမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်အဖွဲ့ချုပ် | ၁၆,၅၅၃ | ၂ | ဝ.၁ | ဝ.၁ |
| ကယား ပြည်နယ် တိုင်းရင်းသားများညီညွတ်ရေးအဖွဲ့ချုပ် | ၁၁,၆၆၄ | ၂ | ဝ.၁ | - |
| နာဂတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ဝ,၆၁၂ | ၂ | ဝ.၁ | - |
| တအောင်း (ပလောင်) အမျိုးသားညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ် | ၁၆,၅၅၃ | ၂ | ဝ.၁ | - |
| ဇိုမီးအမျိုးသားကွန်ဂရက် | ၁၈,၆၃၈ | ၂ | ဝ.၁ | - |
| စုစုပေါင်း တရားဝင်မဲ (စုစုပေါင်းမဲအရေအတွက်၏ ၈၇.၇ %) | ၁၃,၂၅၃,၆ဝ၆ | ၄၉၂ | ၁၀၀ | |
| ပယ်ဖျက်မဲ | ၁၅,၈၅၈,၉၁၈ | |||
| တရားဝင်မဲ | ၁၅,၁၁၂,၅၂၄ | |||
| မဲပေးနိုင်သူဦး ရေ | ၂ဝ,၈၁၈,၃၁၃ |
တရားစီရင်ရေးကဏ္ဍ [ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍဍမှာ အကန့်အသတ်ဖြင့် ဖြစ်သည်။ ဗြိတိသျှခေတ်က ဥပဒေများနှင့် တရားရေးစနစ်များ ဆက်လက် တည်ရှိသော်လည်း မျှတသော အများပြည်သူရှေ့တွင် တရားစီရင်ခွင့်အာမခံချက် မရှိပေ။ တရားစီရင်ခြင်းကဏ္ဍသည် အုပ်ချုပ်ရေးကဏ္ဍလက်အောက်မှ လွတ်လပ်စွာ သီးခြားရပ်တည်ခြင်းမရှိ။ မြန်မာနိုင်ငံသည် နိုင်ငံတကာခုံရုံး၏ ဩဇာသက်ရောက်မှုကို အကြွင်းမဲ့လက်မခံပါ။
အုပ်ချုပ်ရေးနယ်မြေ [ပြင်ဆင်ရန်]
မြန်မာနိုင်ငံအား တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၇ ပြည်နယ် ဟု အုပ်ချုပ်ရေးနယ်မြေ ၁၄ ခု ခွဲခြားထားသည်။ ပြည်နယ်နှင့်တိုင်းများကို လူမျိုးနွယ်အလိုက် ခွဲခြားထားသည်။ တိုင်း ၇ တိုင်းမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း နှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြပြီး ပြည်နယ် ၇ ခုမှာ ချင်းပြည်နယ် ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှ ပါဝင်သော နိုင်ငံတကာ အဖွဲ.အစည်းများ [ပြင်ဆင်ရန်]
အာရှဖွံ့ဖြိုးရေးဘဏ်-ADB ၊ အာဆီယံ-ASEAN ၊ CCC ၊ CP ၊ ESCAP ၊ ကုလသမ္မဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၊ G-77 ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ-IAEA ၊ IBRD ၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ICAO ၊ ICRM ၊ IDA ၊ IFAD ၊ IFC ၊ IFRCS ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့-IMF ၊ IMO ၊ Intelsta ၊ Interpol ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ-IOC ၊ ITU ၊ NAM ၊ OPCW ၊ ကုလသမဂ္ဂ-UN ၊ UNCTAD ၊ UNESCO ၊ UNIDO ၊ UPU ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO ၊ WMO ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့-WTO