ရခိုင်လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Rakhine people
ရခိုင်လူမျိုး
Rakhine drummers at Thingyan, New York City.jpg
လူဦးရေ
Total: 3,346,000 (2010 est.);
အများစု နေထိုင်သည့် နေရာ
Template:နိုင်ငံ စာရင်းအင်း Burma 3,107,000 [၁]+[၂]
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အလံတော် ဘင်္ဂလားဒေ့ရှ် 207,000 [၃][၄]
အိန္ဒိယနိုင်ငံ၏ အလံတော် အိန္ဒိယ 32,000 [၅]
ဘာသာစကား

Rakhine, Burmese

ကိုးကွယ်သည့် ဘာသာ

Theravada Buddhism

ဆက်စပ်နေသည့် တိုင်းရင်းသား အုပ်စု

Bamars, Marma, Chakma

Footnotes
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

မာတိကာ

ရခိုင်လူမျိုး[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးအများစုတို့ သည် ရခိုင်ကမ်းမြောင်ဒေသ တွင်နေထိုင်ကြသည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။ ရခိုင်လူမျိုးသည် တိဗက်-မြန်မာအုပ်စုမှ မြန်မာအစုဝင် ဖြစ်သည်။ မြန်မာ့ဝေါဟာရ အခေါ်အဝေါ်ဖြစ်သော လူမျိုးတစ်ရာ့တစ်ပါးတွင် သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တဟု မြန်မာ ခုနစ်မျိုး ပါဝင်ကြောင်း အဆိုရှိလေသည်။ ထိုတိဗက်-မြန်မာအုပ်စုဝင် မြန်မာအစုကား အေဒီ ကိုးရာစုနှစ် နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်လာကြဟန် တူသည်ဟု ဆို၏။ ယင်းတို့အထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း ပူအိုက်ခြောက်သွေ့သော မြေပြန့်လွင်ပြင်သို့ ရောက်ပြီးနောက်၊ ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာသွားသူများလည်း ရှိကြသေးရာ ရခိုင်လူမျိုး လည်း ထိုသူတို့အထဲတွင် အပါအဝင် ဖြစ်လေသည်။

ယခုအခါ ရခိုင်ပြည် စစ်တွေ၊ မြို့ဟောင်း၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲ အစရှိသည့် မြေပြန့်ပိုင်းတွင် ရခိုင်အမျိုးသားတို့ နေထိုင်လျက်ရှိကြသည်။ အမျိုးတူသည်ကို လိုက်၍ လူမျိုးစုတို့ကို သတ်မှတ်ခွဲခြားသည့် ဘာသန္တရ သုတေသနနည်း အရဆိုလျှင် ရခိုင်လူမျိုးတို့သည် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများတွင် ပါဝင် သည်။ သို့သော် မြန်မာအစုဝင် တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ ရခိုင်နှင့် ဓနုစကားများသည် မြန်မာစကားနှင့် အလွန်နီးစပ်လေသည်။

မြန်မာနိုင်ငံပြည်မနှင့် ရခိုင်ပြည်အကြားတွင် ရခိုင်ရိုးမ(ခေါ်)အနောက်ရိုးမတောင်တန်းတည်ရှိသဖြင့် ရာဇဝင်ချင်း ဆက်စပ်မှုမရှိလှချေ။ ရခိုင်ပြည်သည် ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ရှိသောကြောင့် နိုင်ငံခြားနှင့် အဆက်အသွယ် အရောက်အပေါက်ပိုလွယ်သည်။ ရခိုင်ရာဇဝင်အစမှာ အလွန်ရှေးကျ၍ မင်းဆက်ပေါင်းများစွာ ရှိသည်။ ရခိုင်၌ တွေ့ရသော ရှေးကျောက်စာများအနက် အာနန္ဒစန္ဒြ ကျောက်စာ၌ ဘီစီ၅၁၈ မှစ၍ အေဒီ ၇၂ဝ တိုင်အောင် မင်းစဉ်မင်းဆက်ကို ဖော်ပြထားသည်ကို တွေ့ရ၏။ စောလွန်းသော မင်းတို့ကို ဧကန်မှန် သည်ဟု မယူဆလိုလျှင် ဖြစ်နိုင်သော်လည်း ရခိုင်တွင် မြို့တည်၍ စာပေအရေးအသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ရှိသူတို့သည် ခရစ်နှစ်ဦးမှစ၍ ရှိနေကြသည်ဟု ဆိုလေသည်။ ယင်းတို့သည် ငွေဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူတို့နှင့် ခေတ်ပြိုင် ဖြစ်လေသည်။ သို့သော် ထိုစဉ်ကပေါ်ပေါက်ခဲ့သော မင်းတို့ အုပ်ချုပ်သော ပြည်သူတို့ကား မည်သည့်အမျိုးဖြစ်၍ မည်သည့်အခါကပင် ရခိုင်၌ အခြေစိုက်လျက် ပြည်ရွာထူထောင်သည်ကိုမူ မပြောနိုင်သေးချေ။

မည်သို့ဖြစ်စေ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်သော ရခိုင်လူမျိုးသည် ရှေးနှစ်ပေါင်း များစွာကပင် မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စာပေယဉ်ကျေးမှုဖြင့် အခြေစိုက် တိုးတက်လာသော လူမျိုးဖြစ်ပေသည်။

ရခိုင်စာပေ ယဉ်ကျေးမှုသည် သီးခြားလွတ်လပ်စွာ ထွန်းပြောင်ခဲ့ပေသည်။ ရခိုင်စာပေနှင့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်းစာများကို ဓညဝတီခေတ် (ဘီစီ ၅ ရာစုမှ အေဒီ ၄ ရာစု)မှ စ၍ ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။ ရခိုင်ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်းတို့ကိုလည်း ဝေသာလီခေတ် (အေဒီ ၁၅ ရာစုမှ ၁၈ ရာစု)တို့၌ အခိုင်အမာ တွေ့ရှိရလေသည်။ သို့သော် ရခိုင်စာပေသည် အေဒီ ၁၇၈၄ ခုနှစ် မြန်မာတို့နှင့် စစ်ဖြစ်ပြီးသော အချိန်နှင့် အေဒီ ၁၈၂၄-၂၆ ခုနှစ် ဗြိတိသျှနယ်ချဲ့တို့လက်အောက်ကို ကျရောက်သော အချိန်မှအစပြု၍ တဖြည်း ဖြည်း မှေးမှိန်ခဲ့ရလေသည်။[၁]

ရခိုင်ပြည်နယ်[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးများဘိုးစဉ်ဘောင်ဆက် ထောင်စုနှစ်ပေါင်းများစွာ ထီးနန်းတည်အုပ်စိုးခဲ့သောမြေ "နိုင်ငံ" ယခုမြန်မာနိုင်ငံ၏အနောက်ဘက်အစွန်ဆုံးပြည်နယ်ဖြစ်ပြီး ဘင်္ဂလားဒေ့ အန္ဒိယ နိုင်ငံတို့နှင့်နယ်နမိတ် ထိစပ်လျက်ရှိပါသည်။

အခေါ်အဝေါ်[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးတို့အား တခြားလူမျိုးတို့အခေါ်အဝေါ် ရခိုင်လူမျိုးများအား ရခိုင်၊အာရကန်၊မောက် စသဖြင့်ခေါ်ဝေါ်မှုများလည်းရှိကြပါသည်..အာရကာန် ဆိုသောစကားအသုံးအနှုံးမှာ ပါဠိ အာရက္ခမှ ဆင်းသက်လာခြင်းဖြစ်ပြီး မိမိကိုယ်ကိုလည်းကောင်း ပတ်ဝန်းကျင်နိုင်ငံများကိုလည်းကောင်း စောင့်ရှောက်ခြင်း စောင့်ရှောက်သည့်လူမျိုးဟုအဓိပ္ပါယ်ရပါသည်။ အထူးသဖြင့် အနောက်တိုင်းစာပေများတွင် အသုံးများသည်ကိုတွေ့ရပါသည်။ မောက်ဟူသောအခေါ်အဝေါ်မှာ ဘင်္ဂလီစာပေများတွင် ရခိုင်လူမျိုးများအားခေါ်ဝေါ်သုံးစွဲသောစကားလုံးဖြစ်ပါသည်။ ရခိုင်တို့သည် ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ႏပြည်မြောက်ပိုင်းမှမာဂတိုင်းသားများဖြစ်ကြပါသည်။ ယင်းမှဆင်းသက်လာသောအနွယ်တော်များဖြစ်သောကြောင့် မာဂတတိုင်းသားများ မောက် ဟုခေါ်ဝေါ်သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ)ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ဝင်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် ပြည်နယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတဝိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ဝင်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀ဝ၀ ကျော်လောက်မှ စ၍ဓညဝတီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓညဝတီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက်တွင် တွေ့ရှိရသညအဆင့်အတန်းချင်း့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် ပြည်နယ်ကလေးများ မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြ်င့ ဝေသာလီ သပိတ်တောင် ဓညဝတီ ပြည်နယ်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့်ပြည်နယ် များဖြစ်ခဲ့ကြသည်။ သို့သော်ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းသည့် မင်းဆက်များ မရှိခဲ့ပေ။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းရှိသံတွဲသည် ၁၃ရာစုခန့်အထိသီးခြားကင်းလွတ်ခဲ့သည့်ပြည်နယ်ဒေသအဖြစ် တည်ရှိခဲ့သည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များ၏ လက် အောက်ပြည် နယ်များအဖြစ် ကျရောက်ခြင်းမရှိပဲ သီးခြားကင်း လွတ်ခဲ့ပါသည်။

ဘာသာရေး[ပြင်​ဆင်​ရန်​]

ရှေးဦးပိုင်းတွင် ရခိုင်လူမျိုးတို့သည် ဟိန္ဒူအယူဝါဒကိုလက်ခံကိုးကွယ်ကြပြီး နောက်ပိုင်းတွင်မူ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်လာကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်လူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာကိုကိုးကွယ်ပါသည်။ရခိုင်လူမျိုးမှန်လျှင်ဗုဒ္ဓဘာသာဖြစ်ရပါမည်။ ဓညဝတီခေတ် ဘီစီ၅ရာစုတွင်စန္ဒသူရိယဘုရင်မင်းမြတ် ၏ပင့်ဖိတ်မှုကြောင့် ဂေါတမမြတ်စွာဘုရားရှင်သည် ရခိုင်ပြည်သို့ကြွရောက်တော်မူခဲ့ပါသည်။

ထေရဝါဒသာသနာ ရခိုင်တွင်ထွန်းကားလာပုံ[ပြင်​ဆင်​ရန်​]

ကျွန်တော်သည် ဆရာတော်အသျှင်ဉာဏိဿရ၏မိန်းခွန်းများအပေါ် ဆရာကြီးဦးဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ) မှ ဖြေကြားချက်များအနက် မိန်းခွန်းနံပါတ် (၁၉) ၏ ဖြေကြားယှင်းလင်းချက်ကို ၁၉၉၆ ခုနှစ် ထုတ်ဝီသော ရခိုင်သဟာယအသင်း မဂ္ဂဇင်းအမှတ် (၃) တွင် ရွီသားဖော်ပြပြီးဖြစ်ပါသည်။ ယခုဆရာတော်၏ မိန်းမြန်းသော ကျန်မိန်းခွန်း (၅) ခုအပေါ် ဆရာကြီး၏ဖြေကြားယှင်းလင်းချက်များကို အပြည့်အစုံ ဖော်ပြရွီးသားလိုက်ပါသည်။

မိန်းခွန်းနံပါတ် (၂) ဗုဒ္ဓ၏ပါဠိတော်အဠကထာရို့တွင်မပါဟိဘဲ မြတ်စွာဘုရားသည် ဓညဝတီပြည်သို့ ကြွရောက်ပြီး ကျောက်တော်တောင်၌တန့်ရပ်သည်ဟု ရွီးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ယှင်းလင်းပီးပါ။ မိန်းခွန်းနံပါတ် (၃) ဗုဒ္ဓ၏ပါဠိတော်အဋ္ဌကထာစသည်ရို့၌မပါဟိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့်တွိဆုံပြီး မာဟာမုနိဘုရားကိုသွန်းလုပ်ခသည်ဟု ရွီးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေယှင်းပီးပါ။

အသျှင်ဘုရား၏မိန်းခွန်းနံပါတ် (၂) နှင့် (၃) ကို တပေါင်းတည်းဖြေကြားလိုပါသည်။ မိန်းခွန်းများမှာ တသဘောတည်း ဖြစ်နီခြင်းကြောင့်ပါဘုရား။ တပည့်တော်သည် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာရောက်လာခပုံကို နံပါတ် (၁) မိန်းခွန်းအပေါ် အသေးစိတ်ယှင်လင်းလျှောက်ထားပြီးဖြစ်ပါသည်ဘုရား။ နောက်ထပ် လျှောက်ထားပါမည်ဘုရား။ တပည့်တော်ရို့ ရခိုင်ပြည်တွင် ယခုကိုးကွယ်နီသော ဗုဒ္ဓဘာသာမှာ မြောက်ဦီးခေတ် ဘုရင်များ အုပ်စိုးခသောကာလမှ ဆက်ခံယူခသော ဗုဒ္ဓအယူဝါဒဖြစ်ပါသည်။

မြောက်ဦးခေတ်မတိုင်မှီ လောင်းကြက်မြို့ဟိခပါသည်။ ထိုမြို့ကိုအုပ်စိုးသောဘုရင်များမှာလည်း ဗုဒ္ဓဘာသာမင်းများဖြစ်ပါ၍ သာသနိကအဆောက်အဦးများစွာ တည်ထားခပါသည်။ ရဟန်းပညာဟိများ ထွန်းကားခပါသည်။ ဤလောင်းကြက်ဘုရင်များသည် ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင်အုပ်စိုးခသော ဘုရင်များမှတဆင့် လက်ခံယူခြင်းဖြစ်ပါသည်။ နေရဉ္စရာမြို့တွင် ထွန်းကားခသော ဗုဒ္ဓသာသနာမှာ ပုရိန်မြို့မှဆင်းသက်သော ဗုဒ္ဓသာသနာဖြစ်ပါသည်။ ပရိန်မြို့တွင်အုပ်စိုးခသောဘုရင်များသည် ပဉ္စမြို့မှ ဗုဒ္ဓသာသနာကို တဆင့်လက်ခံယူလာခပါသည်။ ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ဝေသာလီမြို့ကို စတင်တည်ထောင်သော မဟာတိုင်းစန္ဒြားမင်းကြီးသည် မဟာမုနိဘုရားတွင် ကုသိုလ်ကောင်းမှုပြုလုပ်ခပါသည်။ သိမ်တော်နှင့်ပလ္လင်တော်များကို အသစ်တဖန်တည်ကြောင်း သမိုင်းမှတ်တမ်းများ၌ တွိရပါသည်။

တပည့်တော် ရှိကလျောက်ထားခသည့်အတိုင်း ထိုမင်းကြီးကုသိ်ုလ်ကောင်းမှုပြုခသည်ကို မဟာမုနိဘုရားကုန်းတော် ဒုတိယအဆင့် အရှိတောင်ထောင့် ယက္ခသေနာပတိပနာဒရုပ်ထုတွင် စာရွီးထိုးခပါသည်။

အမှန်တည်ဟိခသောမြို့[ပြင်​ဆင်​ရန်​]

ဤကဲ့သို့ မဟာတိုင်စန္ဒြမင်းကြီးသည် မဟာမုနိသိမ်းတော်ကို အသစ်တဖန်တည်ဆောက်သည်ဟုဆိုသဖြင့် မဟာတိုင်းစန္ဒြမင်းကြီးမတိုင်မှီကပင် သိမ်တော်အဟောင်းနှင့် မဟာမုနိရုပ်သျှင်တော်မှာ ဟိနှင့်နီပြီးဖြစ်ကြောင်း သိရပါသည်ဘုရား။ ယင်းသို့ဖြစ်လျင် ဝေသာလီခေတ်မတိုင်မှီ မည်သည့်ခေတ်ဟိခသည်ကို ခြီရာကောက်အတိုင်းလိုက်ပါလျှင် ဓညဝတီမြို့တော်မှာ စိတ်ကူးယဉ်ပြီးရွီးခသော မြို့တော်မဟုတ်ကြောင်း လီယာဉ်မှရိုက်ကူးထားသော ဓါတ်ပုံကိုကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ အမှန်တကယ်ဟိခသော မြို့ဖြစ်ကြောင်း ပြည်တွင်းပြည်ပသမိုင်းပညာသျှင်များက ယုံကြည်လက်ခံပါသည်ဘုရား။

သပ္ပဒါနပကာရနကျမ်းမှာဟိ[ပြင်​ဆင်​ရန်​]

တပည့်တောရို့၏သမိုင်းများတွင်လည်း တတိယဓညဝတီမြို့တော်ကို စန္ဒသူရိယမင်းတည်ကြောင်း ဖတ်ရပါသည်။ ဤစန္ဒသူရိယဘုရင် ဓညဝတီ၌ အုပ်စိုးစဉ်ကာလမှာ မြတ်စွာဘုရားသျှင် အနောက်မဇ္ဈိမဒေသ၌ ဟိနီချိန်ဖြစ်ပါသည်။ တပည့်တော်လက်ထဲတွင်ဟိနီသော သပ္ပဒါနပကာရနကျမ်းတွင် စန္ဒသူရိယမင်းလက်ထက် ဘုရားသျှင်ကိုယ်တော်တိုင် ဓညဝတီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကိုသွန်းကြောင်း အသေးစိတ် ရွီးထားပါသည်။

ကျောက်စာက သက်သီခံ[ပြင်​ဆင်​ရန်​]

၎င်းပြင် တောင်ပေါက်ကြီးကျောက်စာကလည်း သက်သီခံနီပါသည်ဘုရား။ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်တုဆင်းတုတော်များကို တည်ထားကိုးကွယ်ခြင်းဖြင့်ရအပ်သော အကျိုးတရားများကို သတ္တုဗိမ္ဗပူဇနိယနိသေသသုတ္တန်ဖြင့်ဟောကြားခပါသည်။ ဤသုတ္တန်မူရင်းစာပီလည်း ဟိပါသည် အသျှင်ဘုရား။

ဂုဏ်ပြုထားသည့်ရုပ်တု[ပြင်​ဆင်​ရန်​]

စန္ဒသူရိယမင်းအား မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကိုဟောကြားနီဟန် ထုလုပ်ထားသော ကျောက်ပြားတချပ်ကိုလည်း တွိရပါသည်။ ဝေသာလီမဟာတိုင်း၊ စန္ဒြမင်းကြီးက စန္ဒသူရိယမင်းအား ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုဖြစ်ဟန်တူပါသည်။

မြတ်စွာဘုရားသျှင်သည် ရခိုင်ပြည်ဓညဝတီကို ကြွရောက်စဉ်က သေလာဂီရိတောင်ပေါ်၌ရပ်တန့်ပြီး ဗျာဒိတ်တော်ပီးကြောင်း သပ္ပဒါနပကာရနကျမ်းတွင် အသေအချာဖော်ပြထားပါသည်။ ချစ်သားအာနန္ဒာ၊ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသောပါရမီတော်နှင့် သုံးဆယ်သောပါရီတော်ငယ်များကို ဖြည့်ဆည်းခရသောကာလ၌ ဤဓညဝတီပြည်တွင် အလီလီလူအဖြစ်ကျင်လည်ဖူးခသည်။ ယခုငါရပ်တန့်နီသော သေလာဂီရိတောင်၏အနီးပတ်ဝန်းကျင်တွင် ပန်းပွတ်သမားအဖြစ်နှင့် ငါနီထိုင်ခသည်။ ငါဘုရား ပရိဗ္ဗာန်စံလွန်ပြီး နောက်ကလ၌ ငါ၏ကြောရိုးတော်ဓာတ်ကို ဌာပနာ၍ စေတီတည်လတ္တံ့။ ကြောရိုးတော်ဓာတ်စေတီ တွင်လတ္တံဟု ဗျာဒိတ်ပီးခပါသည်။ ထိုဓာတ်တော်ကို နောက်ကာလတွင် ကျောက်တော်ဓာတ်စေတီဟု ခေါ်တွင်ပါသည်။ ထိုနာမည်ကို အစွဲပြု၍ မြစ်တဖက်ဟိမြို့ကိုလည်း ကျောက်တော်မြို့ဟု ခေါ်တွင်ပါသည်။

ရုပ်ရှင်တော်သွန်းကြောင်းယုံကြည်[ပြင်​ဆင်​ရန်​]

ဤကဲ့သို့ ဘုရားဗျာဒိတ်ဝင် ဓာတ်တော်စေတီ (၂၄၈) ဆူဟိပါသည်။ ဤဓာတ်တော်စေတီများကို ဝေသာလီပြည်သျှင် မဟာတိုင်းစန္ဒြမင်းကြီးသည် ပြန်လည်ပြုပျင်ကြောင်း သမိုင်းမှတ်တမ်းအရ သိရပါသည်။ ဤအကြောင်းကိုထောက်၍လည်း ထိုဓာတ်တော်စေတီများမှာ ဝေသာလီခေတ်မတိုင်မှီကပင် ဟိနှင့်ပြီးဖြစ်ကြောင်း သိနိုင်ပါသည်။ ရခိုင်သမိုင်းစာပီနှင့်လည်းကောင်း၊ ရုပ်ဝတ္တုသက်သီဖြင့်လည်းကောင်း ကိုက်ညီနီပါ၍ စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားသျှင် ဓညဝတီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ကြောင်း ယုံကြည်ပါသည်ဘုရား။

မန္တလေးမဟာမုနိ ဇာကရ[ပြင်​ဆင်​ရန်​]

နောက်တချက်က ဆရာတော်ရို့မန္တလေးမြို့တွင်ဟိနီသော မဟာမုနိဘုရားကို ဇာကရယူခပါရေလဲဘုရား။ ဤမဟာမုနိဘုရားကို ဘိုးတော်ဘုရား၏သားတော်ကြီးဥပရာဇာသည် ရခိုင်ပြည်ကပင့်ယူခစွာ မဟုတ်ပါလားဘုရား။ ဤဘုရားကြီးသမိုင်းမှာလည်း ရခိုင်ပြည်ဓညဝတီပြည်သျှင် စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း ရွီးထားပါသည်ဘုရား။ သမိုင်းအစောင်စောင်၌လည်း မဟာမုနိဘာရားကို စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း တညီတညွတ်တည်းဖော်ပြထားပါသည်ဘုရား။ ယင်းမြတ်စွာဘုရား ကိုယ်တော်တိုင် ရခိုင်ပြည်သို့ကြွရောက်၍ သေလာဂီရိတောင်ပေါ်၌တထောက်ရပ်တန့်ပြီး စန္ဒသူရိယမင်းလျှောက်ထားသဖြင့် နန်းတော်သို့ကြွရောက်သီတင်းသုံးပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်သည်မှာ မှန်ကန်ကြောင်း ဖြေကြားလိုပါသည် ဘုရား။

မိန်းခွန်းနံပါတ် (၄) သင်္ဂါယနာခြောက်တန်၌ မပါဘဲလျက် ရခိုင်ပြည်ဝေသာလီ ရွှေတောင်ကြီး၌ စတုတ္ထသင်္ဂါယနာကို တင်သည်ဟု ရွီးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေယှင်းပါ။

ဤမိန်းခွန်းနှင့်ပတ်သက်၍ တပည့်တော်အရှည်ဖြေကြားရမည်ဖြစ်ပါသည်ဘုရား။ ဘုရားသျှင် ပရိနိဗ္ဗာန်စံလွန်ပြီးမကြာမြင့်မှီကာလတွင် အဇာတသတ်မင်းကြီးသည် ပထမအကြိမ် သင်္ဂါယနာတင်ပါသည်ဘုရား။ တင်ရသောအကြောင်းရင်း၊ တင်ခသောနီရာနှင့်တိုင်းပြည်၊ တင်ရာ၌အားပီးအားမြှောက်ပီးသောဘုရင်၊ တင်ရာ၌ပါဝင်သောရဟန္တာများ၊ ဦးဆောင်သောရဟန္တာ၊ ရည်ညွှန်းသောဂါထာပုဒ်၊ ပါဠိတော်စသည်အားဖြင့် အင်္ဂါဆယ်တန်နှင့်ပြီးအောင်တင်ခကြောင်း ဖတ်ရပါသည်ဘုရား။

ပဉ္စမသင်္ဂါယနာတင်[ပြင်​ဆင်​ရန်​]

တပည့်တော်ရို့ ရခိုင်ပြည်ဖက်ကစာပီတိမှာ သင်္ဂါယနာအကြောင်းနှင့်ပတ်သက်၍ သင်္ဂါယနာကြီး၊ သင်္ဂါယနာချေ (ငယ်) ဟူ၍ နှစ်မျိုးနှစ်စားတွိရပါသည်။ သဂါင်္ယနာကြီးများကို နံပါတ်စဉ်အတိုင်းရွီတွက်ပြီးလျှင် သင်္ဂါယနာငယ်များကိုတော့ မိမိရို့၏တိုင်းပြည်အတွင်း၌ နံပါတ်စဉ်တပ်တားခပါသည်။ လေးမြို့ခေတ်ပဉ္စာမြို့၌ ဘုရင်မင်းရင်ဖြူသည် ဧကဒသမမြောက်သင်္ဂါယနာကိုတင်၏ဟူ၍ ရွီးထားချက်ကိုတွိရပြီးလျှင် ၎င်းမင်းသည် ပဉ္စမမြောက်သင်္ဂါယနာကိုလည်းတင်၏ဟုလည်း တွိရပါသည်။ ဘုရင်တပါးတည်း သင်္ဂါယနာနှစ်ကြိမ်တင်ကြောင်း သိရပါသည်။ ဤသို့ဖြစ်လျှင် မင်းရင်ဖြူသည် သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တဆယ့်တကြိမ်မြောက်တင်သည်ဟု မှတ်သားရပါသည်ဘုရား။

သမိုင်းမှတ်တမ်းမှာတွိ[ပြင်​ဆင်​ရန်​]

တပည့်တော် သင်္ဂါယနာတင်ခြင်းဆိုင်ရာ ရခိုင်ပြည်သို့စီးဆင်းလာသော ရီစီးကြောင်းကိုရာ လျှောက်ထားပါသည်ဘုရား။ တပည့်တော်ရှိက လျှောက်ထားသည့်အတိုင်း တပည့်တော်ရို့ရခိုင်တွင် မိမိရို့၏သာသနာဆိုင်ရာ ဆင်းသက်ပုံသည်လည်းကောင်း၊ မိမိလူမျိုးဆင်းသက်ရာ၎င်း၊ မြို့ပြအုပ်ချုပ်ရေး ဘုရင်မင်းဆက်များ စဉ်ဆက်ဆင်းသက်လာပုံကို သီးခြားတွိရပါသည်။ ဤအကြောင်းများကို မိမိရို့၏သမိုင်း မှတ်တမ်းများမှာ တွိရမည်ဖြစ်ပါသည် ဘုရား။

မြတ်စွာဘုရားပရိနိဗ္ဗာန်စွံလွန်ပြီးနောက် မကြာမှီကာလတွင် ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ကျင်းပပြုလုပ်ပါသည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အသျှင်မဟာကဿပ ဦးဆောင်ပါသည်။ အသျှင်မဟာကဿပမိန်းသမျှ အသျှင်အာနန္ဒကဖြေကြားပြီး နှုတ်ထက်ရွတ်၍ သင်္ဂါယနာတင်ခပါသည်။ ပဇာကြောင့် သင်္ဂါယနာတင်သည်ဆိုပါသော် မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်သောအခါ အလောင်းကောင်ကို နံ့သာထင်းများစုပုံပြီး မီးသင်္ဂြိုဟ်ရန်အတွက် မီးလျှို့သော်လည်း ထင်းများမှာ မီးမလောင်ပါဘုရား။ ပဇာကြောင့်ဆိုသော် ဘုရားသျှင်၏တပည့်ကြီးဖြစ်သော အသျှင်မဟာကဿပ မရောက်သိမ့်၍ဖြစ်ပါသည်ဘုရား။ တပည့်ငါးရာဖြင့် လမ်းခရီးမှာ ဟိနီပါသိမ့်သည်။ အသျှင်မဟာကဿပ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များဖြစ်ကြသည့်အတွက် ဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်ပြီး ကြွင်းကျန်ရစ်သော ဓာတ်တော်များကိုမြင်ရလျှင် ဘုရား၏ကိုယ်ကာယမှဖြစ်သော ဓာတ်တော်များကို ယုံမှားသံသယဖြစ်ဖွယ်ဟိပါသည်ဘုရား။ မိမိမျက်မြင်ကိုယ်တွိမှ မြတ်စွာဘုရား၏ ကိုယ်ကာယတော်မှ ဓာတ်တော်များကြွင်းသည်ကို ယုံကြည်မည်ဖြစ်ပါသည်ဘုရား။ နောက်တချက်က ရဟန်းတော်များသည် မြတ်စွာဘုရားကို အသက်ရှင်စဉ်မဖူးမြော်ရသော်လည်း ပရိနိဗ္ဗာန်စံလွန်သောအလောင်းတော်ကို ဖူးမြော်ရလျှင်လည်း ဘုရားသျှင်အပေါ် ပိုမိုကြည်ညိုသဒ္ဓါပွားများစီရန်အတွက် မီးမလောင်ခြင်းဖြစ်ပါသည်ဘုရား။

အသျှင်မဟာကဿပနှင့်ရဟန်းများ ကုဿိနာရုံပြည်သို့လာရာလမ်းတွင် တခုသောသစ်ပင်ရင်း၌ နားတော်မူပါသည်။ ထိုအချိန်၌ တက္ကတွန်းတယောက်သည် မန္ဒာရဝနတ်ပန်းကိုထီးလုပ်၍ဆောင်းပြီးလျှင် ကုဿိနာရုံပြည်ဖက်မှ ပါဝါပြည်ဘက်သို့ လာနီသည်ကို အသျှင်မဟာကဿပမြင်ပါသည်။ ထိုတက္ကတွန်း၏ပြောချက်အရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ကြောင်း ကြားသိရပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ကြောင်းကြားသိရသောအခါ အသျှင်မဟာကသပနှင့်ပါလာသော သုဘဒ္ဒရဟန်းသည် ဘုရားပရိနိဗ္ဗာန်စံလွန်သဖြင့် ငိုကျွီးနီသောရဟန်ုးရို့အား မငိုကျွီးရန်ပြောပြီး ဂေါတမမြတ်စွာဘုရားသည် ရဟန်းများကို ဤသည်သောအရပ်ကို မလားရ၊ ဤသည်သောအကျင့်ကို မကျင့်ရ၊ စသည်ဖြင့် ငါရို့ကိုချုပ်ချယ်သည်၊ ယခုပြုလိုရာ ပြုနိုင်ပြီဟုဆိုပါသည်။

ပထမသင်္ဂါယနာတင်[ပြင်​ဆင်​ရန်​]

ထိုသုဘဒ္ဒရဟန်း၏စကားကိုကြားမိသော အသျှင်မဟာကဿပသည် များစွာတုန်လှုပ်မိပါသည်။ မြတ်စွာဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်သည်မှာ ခုနှစ်ရက်တပတ်ရာဟိသိမ့်သည်။ ဘုရားဟောတရားတော်များနှင့် ဝိနည်းတော်များကို မျက်ကွယ်ပြုမည့် အရိပ်အရောင်ပေါ်လတ်ပြီ။ သာသနာတော်ဆုတ်ယုတ်ရန်အကြောင်းများ ဖြစ်သည်ဟု စိတ်၌မှတ်သားမိပါသည်ဘုရား။ ယင်းကြောင့် ဘုရားသျှင်ဟောသမျကို ရဟန်းသံဃာတော်များမှစုပေါင်း၍ ပြန်လည်ရွှတ်ဆို သံဃာယနာတင်ရန် အကြံဖြစ်ပါသည်ဘုရား။ ယင်းကြောင့် အသျှင်မဟာကဿပအမှုးပြုသော ရဟန္တာငါးရာရို့သည် ပထမသင်္ဂါယနာကို တင်သည်မဟုတ်ပါလား ဘုရား။

ဒုတိယ သင်္ဂါယနာတင်[ပြင်​ဆင်​ရန်​]

မြတ်စွာဘုရားပရိနိဗ္ဗာန်စံ၍ နှစ်ပေါင်းတရာကြာသောအခါ ဝိဇ္ဇီတိုင်းသားရဟန်ုးရို့သည် ဝိနည်းသိက္ခာပုဒ်တော်များ၌ ပြင်ဆင်ချက် (၁၀) ချက်ကိုပြုလုပ်ပါသည်။ ဘုရားသျှင်၏ဝိနည်းတော်ကို ဖီဆန်လာကြသည်။ ယင်းကြောင့် ဝေသာလီပြည်တွင် ကာလသောကမင်းကတကာပြု၍ အသျှင်မဟာကဿပအမှုးပြုကာ ရဟန္တာခုနှစ်ရာ (၇၀ဝ) ရို့သည် ဒုတိယအကြိမ်သင်္ဂါယနာတင်ပါသည် ဘုရား။

တတိယသင်္ဂါယနာတင်[ပြင်​ဆင်​ရန်​]

တတိယအကြိမ်သင်္ဂါယနာကို ပါဋလိပုတ်ပြည်သျှင်အသောကမင်းကြီးကဒကာပြု၍ ရဟန္တာအသျှင် မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးအမှုးပြုလျက် ရဟန်းတထောင်ဖြင့်တင်ပါသည်။ ဤသည်ရို့မှာ မဇ္ဗျိမဒေသ၌ တင်ခသောသင်္ဂါယနာ သုံးတန်ဖြစ်ပါသည်။

စတုတ္ထသင်္ဂါယနာတင်[ပြင်​ဆင်​ရန်​]

တပည့်တော်ရို့ ရခိုင်ဝေသာလီတွင် စတုတ္ထအကြိမ်သင်္ဂါယနာတင်ကြောင်းကို လျောက်ထားပါမည်ဘုရား။ ဝေသာလီခေတ်သည် အေဒီ (၄) ရာစုမှ (၉) ရာစုအထိ ထွန်းကားသောခေတ်ဖြစ်ပါသည်။ ထိုဝေသာလီမင်းများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်သဖြင့် သီဟိုဠ်နိုင်ငံနှင့် လူမှုရေးအရသော်၎င်း ဘာသာရေးအရသော်၎င်း၊ ဆက်ဆံမှုဟိပါသည်။ ယင်းကြောင့် ဝေသာလီဘုရင် သီရိစန္ဒြမင်း (သီရိသုဓမ္မဝိဇယမင်း) သည် သိဟိုဠ်မှ ရဟန်းသံဃာတထောင်ကိုပင့်ဆောင်ပြီး ရခိုင်ပြည်မှ ရဟန်းသံဃာတထောင် သံဃာနှစ်ထောင်ရို့ဖြင့် ဝေသာလီရွှေတောင်ကြီးတွင် သင်္ဂါယနာတင်ခပါသည်။

မေဓပညာမော်ကွန်းမှာ[ပြင်​ဆင်​ရန်​]

အကြီးအမှုးပြုသောပုဂ္ဂိုလ်မှာ စူဠရေဝတရဟန္တာမထေရ်ကြီးဖြစ်ပါသည်။ သုံးနှစ်ကြာအောင် ကြီးပြားငါးထောင်ပေါ်တွင်ရွီးသားပြီး သင်္ဂါယနာတင်ကြောင်း မေဓပညာမော်ကွန်းစာတွင် တွိရပါသည်ဘုရား။ သံဃာတော်များသီတင်းသုံးနိုင်ရန်အတွက် ရွေတောင်ကျောင်းကြီးကို ညီစွာညှိပြီး ကျောင်းတော်ကြီးငါးဆောင်ဆောက်လုပ်ကြောင်း ထိုမော်ကွန်းအရသိရပါသည်။ ကနိတိုင် ကျောင်းတော်ရာများကို တွိနိုင်ပါသည်။ မဇ္ဈိမဒေသတွင် အသောကမင်းကြီးတင်ခသောသင်္ဂါယနာမှာ တတိယအကြိမ်ဖြစ်သဖြင့် ထိုတတိယအကြိမ်မှဆက်လက်ရွီတွက်သောကြောင့် ဝေသာလီ၌တင်သော သင်္ဂါယနာမှာ စတုတ္ထအကြိမ်ဖြစ်ပါသည် ဘုရား။

သင်္ဂါယနာကြီး[ပြင်​ဆင်​ရန်​]

သင်္ဂါယနာတင်ရာတွင် ဘုရား၏ပိဋကတ်တော်များကိုသိကျွမ်းကျင်သော ရဟန္တာများပါဝင်မှရာ အထမြောက်ကြောင်း သိရပါသည်ဘုရား။ ယင်းကဲ့သို့ ရဟန္တာများပါဝင်၍တင်ခသော သင်္ဂါယနာများကို ရခိုင်ရို့က သင်္ဂါယနာကြီးဟုခေါ်ပါသည်။ ဝေသာလီတွင်တင်သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ဝိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာပါဝင်ပြီး သီဟိုဠ်က လည်းထိုအတိုင်းပါဝင်ကြောင်း မော်ကွန်းအရသိရပါသည်။ ဤအကြောင်းများကို တပည့်တော်ရို့ ဆင်းရဲမွဲတေနီ၍ ပုံနှိပ်ဖို့မတတ်နိုင်ပါသိမ့်ဘုရား။ ထုတ်ဝီပီးဖို့ပုဂ္ဂိုလ်လည်း မဟိသိမ့်ပါ။ ရွီးနိုင်သောပုဂ္ဂိုလ်များဟိပါသိမ့်သည် ဘုရား။ ယင်းကဲ့သို့ စာပုံနှိပ်ပြီး မထုတ်ဝီနိုင်သဖြင့် သိသူနည်းပါးနီပါသည်။ ဟိလျက်နှင့်နည်းနီခြင်းရာဖြစ်ပါသည်။ တချိန်ချိန်မှာ ထွက်ပေါ်လာပါလိမ့်မည်။

သင်္ဂါယနာတင်သည့်ကိစ္စနှင့် တပည့်တော်တခုလျှောက်ထားလိုပါသည်။ သင်္ဂါယနာတင်ခြင်းမှာ မြတ်စွာဘုရား သဗ္ဗညုတရွှေညာဏ်တော်ရသည်မှစပြီး ဝါဆိုလကပင် ပရိနိဗ္ဗာန်စံသည့်ကာလအထိ လေးဆယ့်ငါးဝါအတွင်းဟောကြားခသော ပိဋကတ်တော်များကို သင်္ဂါယနာတင်ပါရေလား။ (သို့မဟုတ်) သီရိဓမ္မသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာတော်ကိုသန့်စင်ခသည့်အကြောင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်သည်မှာ ထည့်သွင်းခပါရေလား။ ထိုနည်းတူသီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်ခသော ဝဋ္ဋဂါမဏိမင်းကြီး၏ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင် ရွီးသားမှတ်တမ်းတင်ခပါရေလား။ တပည့်တော်ရို့ ဝေသာလီတွင်တင်ခသော သင်္ဂါယနာအကြောင်းကို စာပီများ၌လည်းကောင်း၊ သမိုင်းရုပ်ကြွင်း အထောက်အထားများဖြင့်လည်းကောင်း တွိရပါသည်။ တပည့်တော်ရို့နှင့်တကွ နိုင်ငံခြားသုတေသီရို့ လက်ခံထားပါသည်ဘုရား။

မိန်းခွန်းနံပါတ် (၅) ရခိုင်ပြည်ဟိဓာတ်တော်များကို ကျောက်ရိုးတော်ဓာတ်၊ ဦးရာဇ်တော်ဓာတ်၊ လိုင်ရိုးတော် ဓာတ်စသည့်ဖြင့် အမျိုးမျိုးအမည်းပီထားကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော်အဋ္ဌကထာ၌ မတွိရ၍ ဖြေယှင်းပီးပါ။

ဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓာတ်မွီတော်နှစ်မျိုး ကြွင်းကျန်ပါသည်။ တမျိုးမှာ အသမွိန္နဓာတ်တော်နှင့် သမွိန္ဒဓာတ်တော်များဖြစ်ပါသည်။ အသမ္ဗိန္နဓာတ်တော်များမှာ နဖူးသင်းကျစ်တော်တဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူဖြစ်ပါသည်။ သမ္ဗိန္နဓာတ်တော်များမှာ အရောင်သုံးမျိုးနှင့် အရွယ်အစားသုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတုဝင်ကျမ်း၌ ရွီးထားပါသည်။ မြတ်စွာဘုရား၏တကိုယ်လုံးမှ ဓာတ်တော်ပေါင်းသျှစ်စရွက်ကြွင်းပါသည်။ ကွမ်းစားအားဖြင့် တဆယ့်ခြောက်ကွမ်းစားဖြစ်ပါသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်၊ ပွတ်သစ်စခရုသင်းရောင်၊ ချရားစိအရောင်ရို့ဖြစ်ပါသည်။ ဘုရားသျှင်၏ကိုယ်မှကြွင်းကျန်ရစ်သောဓာတ်တော်များကို နှစ်ပြည်ထောင်မင်းရို့အား ဒေါနပုဏ္ဏားက ဝီပီးပါသည်။ မိမိရို့အရပ်ဒေသများတွင် ကိုးကွယ်ကြပါသည်။ ထိုဓာတ်တော်များကို မကြာမှီ အဇာတသတ်မင်းတိုက်ယူပြီး ရာဇဂြိုဟ်ပြည်မှာ မြီထဲစေတီတည်၍ထားကိုးကွယ်ပါသည်။ ဓာတ်တော်အကြောင်း ဤနီရာတွင်ဆုံးနီပါပြီ။ ဤသည်ကား ပေါင်တော်ဓါတ်၊ မျက်လုံးတော်ဓါတ်၊ လိုင်ရိုးတော်ဓါတ်စသည်ဖြင့် အဋ္ဌကထာ၌ မပါဟိပါ။

ဓာတ်တော်များရောက်ဟိပုံ[ပြင်​ဆင်​ရန်​]

သို့သော် ထိုဓာတ်တော်များမှာ ကနိထိ ရခိုင်ပြည်၌ အမည်နာမနှင့်တကွ တည်ဟိနီပါသိမ့်သည်။ ဤဓာတ်တော်များ ရခိုင်ပြည်သို့ ပဇောင်ပိုင်ရောက်လာသည်ကို ယှင်းလင်းလျှောက်ထားပါမည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်းသျှစ်ရာတဆယ့်သျှစ်နှစ်အကြာတွင် ပါဋလိပုတ်ပြည်၌ သီရိဓမ္မသောကမင်းကြီး ထီးနန်းစိုးစံပါသည်။ ထိုမင်းကြီးသည် ဓမ္မာခန္ဓာပေါင်း သျှစ်သောင်းလေးထောင်ကိုရည်စူးပြီး စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ဓာတ်မွီတော်များကို ရှာဖွေပါသည်။ အဇာတသတ်မင်းပြုထားခသောဓာတ်တော်များကို တူးဖော်ယူပါသည်။ ထိုဓာတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံးတစုတပေါင်းတည်းဖြစ်နီပါသည်။ ထိုဓာတ်တော်များကို အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသားမှဖြစ်သောဓာတ်၊ အရိုးမှဖြစ်သောဓာတ်၊ အသွီးမှဖြစ်သောဓာတ်စသည်ဖြင့် ခွဲခြားပါသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓာတ်၊ ဦးနှောက်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်စသည်ဖြင့် မြတ်စွာဘုရား၏အင်္ဂါကြီးငယ်မှဖြစ်သောဓာတ်တော်များကို တခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းအား ပီးသနားပါသည်။

သီရိဓမ္မသောကမင်းကြီးသည် ဓာတ်တော်များကိုရဟိသောအခါ ဌာပနာသည်။ ဤစေတီတည်ရမည့် နီရာဒေသများကို အသျှင်မောဂ္ဂလိပုတ္တတိဿအား မိန်းလျှောက်ပါသည်။ ထိုအခါ အသျှင်မောဂ္ဂလိပုတ္တတိဿက တကာတော်မင်းကြီး ဤဓာတ်တော်များကို ဌာပနာပြီး စေတီတည်ရန်နီရာဒေသများမှာ မြတ်စွာဘုရား သက်တော်ထင်ရှားဟိစဉ်ကပင် ဗျာဒိတ်တော်ပီးခသော နီရာတိုင်းတွင် စေတီတည်ရမည်ဟု ပြောပါသည်။ ထိုနီရာများသို့ စေတီတည်ရန်အတွက် ဓာတ်တော်များပို့ဆောင်ရမည်ဖြစ်ကြောင်း မိန့်မြွက်ပါသည်။ ထိုအခါ အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသျှင်ဗာဟုလမထေရ်နှင့် အသျှင်တိဿမထေရ်ရို့အား မြတ်စွာဘုရားဗျာဒိတ်တော်ပီးတော်မူခသည့် ရခိုင်ပြည်အနှံ့နီရာများတွင် စေတီတည်ထားရန် ဓာတ်တော်များကို ပို့စီပါသည်။

သူရိယစက္ကမင်းလက်ထက်မှာ[ပြင်​ဆင်​ရန်​]

ထိုအသျှင်ရို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ကြွရောက်ပါသည်။ ယင်းအချိန်တွင် ရခိုင်ပြည်ဓညဝတီတွင် သူရိယစက္ကမင်ကြီးမင်းပြုလျက်ဟိပါသည်။ ထိုဓာတ်တော်များကို အသျှင်နှစ်ပါးသည် သူရိယစက္ကမင်းကြီးအား ပီးအပ်ပြီး စေတီတည်မည့်အရပ်များကို ပြောကြားပါသည်။ သူရိယစက္ကမင်းကြီးသည် ဓာတ်တော်များလက်ခံယူပြီး မှူးကြီးမတ်ကြီးစစ်သူကြီးများကို စေတီတည်ရန်အတွက် ဓာတ်တော်များပီးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော်မြွက်ဆိုခသည့်နီရာတိုင်းသို့ လားရောက်၍စေတီတည်စီပါသည်။ မြတ်စွာဘုရား ရခိုင်ပြည်သို့ ကြွရောက်သောအခါ ရပ်တန့်တော်မူပြီး ဗျာဒိတ်ပီးခသော သေလာဂီရိတောင်တော်၌ ကျောက်ရိုးတော်ဓာတ်ကို ဌာပနာပြီး စေတီတည်ပါသည်။ မဉ္စူပဗ္ဗတတောင်တွင် ချက်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။ မိဂပဗ္ဗတတောင်၌ သင်းကျစ်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။

တပြည်လုံးမှာ[ပြင်​ဆင်​ရန်​]

ဤသို့ဖြင့် ရခိုင်ပြည်တခုလုံးတွင် ဗျာဒိတ်ဝင်စေတီ (၂၄၈) ဆူကို တည်ထားကိုးကွယ်ခပါသည်။ ဓာတ်စေတီများကို မြတ်စွာဘုရားပရိနိဗ္ဗန်စံလွန်ပြီးမှ တည်ထားခြင်းဖြစ်သောကြောင့် မြတ်စွာဘုရားသည် ဓာတ်တော်များကို ဤသည်က ဦးခေါင်းတော်ဓာတ်၊ ဤသည်ကား ဦးနှောက်တော်ဓာတ်၊ ပေါင်တော်ဓာတ်၊ ခြီသလုံးတော်ဓာတ်စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်တော့ပါဘုရား၊ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်ရို့မှာ မပါဟိခြင်းဖြစ်ပါသည် ဘုရား။

အမှန်တည်သောဓာတ်တော်များ[ပြင်​ဆင်​ရန်​]

အဋ္ဌကထာစသည်ရို့မှာမပါဟိသော်လည်း ကနိထက်တိုင် ကျောက်ရိုးတော်ဓာတ်၊ လိုင်ရိုးတော်ဓါတ်၊ ချက်တော်ဓါတ်၊ လျှာတော်ဓာတ်စသည်ဖြင့် တည်ဟိနီပါသည်။ ဤဓာတ်တော်အမည်များကိုလည်း ဓညဝတီခေတ်မှစပြီး ခေတ်အဆက်ဆက်ဘုရင်များ ပြန်လည်ပြုပျင်ခသည်ကို ကမ္ဗည်းကျောက်စာ ထိုးခပါသည်ဘုရား။ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်ရို့မှာ မပါသော်လည်း အမှန်စင်စစ်တည်ဟိသော ဓာတ်မွီတော်များဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား။ ဓာတ်မွီတော်စေတီများမှာ ကစ္ဆပနဒီခေါ်ကုလားတန်မြစ်၏ဝဲယာတလျှောက်၌လည်းကောင်း၊ အဉ္စနနဒီခေါ် လေးမြို့မြစ်၏ ဝဲယာတလျှောက်၌ လည်းကောင်း၊ သရီရနဒီခေါ်သရီချောင်း၏ ဝဲယာတလျှောက်၌လည်းကောင်း၊ ရန္ဓနဒီခေါ် ရမ်းချောင်း၏ ဝဲယာတလျှောက်၌လည်းကောင်း၊ ရမ်းဗြဲကျွန်း၊ ဖရုံကာကျွန်း၊ သံတွဲစသော နီရာဒေသအနှံ့ ရခိုင်တပြည်လုံးတွင် မြတ်စွာဘုရား၏ ဓာတ်တော်များတည်ထားခပါသည်။ ဗုဒ္ဓ၏ဓာတ်တော်နိုင်ငံဟုလည်း ခေါ်သင့်ပါသည်။

မိန်းခွန်းနံပါတ် (၆) ရခိုင်ပြည်တွင်အသုံးပြုသောပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူနည်း။ သင်္ဂါယနာခြောက်တန်တွင်ပါသောမူ ဖြစ်သလော၊ ဖြေယှင်းပီးပါ။

တပည့်တော်ရို့ ရခိုင်ပြည်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံကိုရောက်ဟိသော ပိဋကတ်တော်မှာ သထုံကတဆင့် အနော်ရထာမင်းယူခဲ့သော ပိဋကတ်ဖြစ်ကြောင်း သိရပါသည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတဆင့်ရောက်လာသော ပိဋကတ်ဖြစ်၍ သီဟိုဠ်ပိဋကတ်ခေါ်ကြောင်း သိရပါသည်ဘုရား။ သီဟိုဠ်မှာလည်း သျှင်မဟာဗုဒ္ဓဃောသပိဋကတ်နှင့် သီဟိုဠ်နိုင်ငံသားရို့အခေါ် စရိယပိဋကတ်ဟူ၍ ဟိပါသည်ဘုရား။ ထိုင်း၊ ဗီယက်နမ်၊ လာအိုရို့မှာဟိသောပိဋကတ်ကို ဇင်းမယ်ပဏ္ဏာသပိဋကတ်တော်ဟုခေါ်ကြောင်း သိရပါသည်။

ကြိုးတန်းပိဋကတ်[ပြင်​ဆင်​ရန်​]

တပည့်တော်ရို့ ရခိုင်ပိဋကတ်ကို ပဇာကြောင်းကြောင့် ကြိုးတန်းပိဋကတ်ဟုခေါ်ရခြင်းကို ယှင်းပြပါမည်ဘုရား။ ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ဒုတိယအကြိမ် သင်္ဂါယနာတင်မူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ရခိုင်ပြည်တွင်လည်း စတုတ္ထအကြိမ်သင်္ဂါယနာတွင် တတိယအကြိမ်ကမူအတိုင်း သင်္ဂါယနာတင်ပါသည်။ ဤကဲ့သို့ မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ်ထိ ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွက်ခြင်း၊ ပျင်ဆင်ခြင်း၊ နှုတ်ပယ်ခြင်း လုံးဝမပြုဘဲ တသဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ်ပင်လျှင် မှန်ကန်သော ပိဋကတ်တော်ဖြစ်ပါသည်။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကိုခေါ်ခြင်းဖြစ်ပါသည်။ ရှိစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟုခေါ်ပါသည်။ ဥပမာအားဖြင့် သစ်တုံးတတုံးကို လွှဆရာက ဗဟိုခွဲလိုလျှင် သစ်တုံး၏ခေါင်းမှနီ၍ မီးသွီးသုတ်လိမ်းထားသောကြိုးကို အလယ်ကျအောင်ထားပြီး အခြားတဖက်မှ လူတဦးက ကြိုးကိုတင်းအောင်ကိုင်၍ ကြိုးကိုဆွဲရိုက်ရပါသည် ထိုအခါ မီးသွီးသုတ်လိမ်းထားသော ကြိုး၏အကြောင်းသည် သစ်တုံးပေါ်၌ ထင်ရှားစွာပေါ်ပါသည်။ လုံးဝကောက်ကွေ့ခြင်းမဟိပါ။ ထိုနည်းတူစွာ ရခိုင်ပြည်ဟိ ပိဋကတ်တော်များမှာလည်း ကြိုးတန်းသည် အကောက်အကွေ့မဟိသကဲ့သို့ ပြုပျင်ခြင်း၊ ပျင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့မဟိပါသဖြင့် ကြိုးတန်းပိဋကတ်ဟုခေါ်ပါသည်။

ပိဋကတ်တိုက် လေးဆယ့်သျှစ်ခု[ပြင်​ဆင်​ရန်​]

ရှိရခိုင်ဘုရင်များအုပ်စိုးသောခေတ်က မြောက်ဦးပတ်ဝန်းကျင်တွင် သံဃာတထောင်ဆံ့သော ကျောင်းတော်ကြီး သုံးဆယ့်ခြောက်ကျောင်းဟိကြောင်း မှတ်သားရပါသည်။ ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပီကိုသင်ကြားသော သံဃာတော်များသည် ကြိုးတန်းပိဋကတ်တော်ကိုစံထား၍ လေ့လာကတ်ပါသည်။ ထိုပိဋကတ်တော်များ ထားဟိရန်အတွက် ပိဋကတ်တိုက်ခေါ်ပုထိုးများကို မြောက်ဦးမြို့နေရာအနှံ့တွင် တွိရပါသည်။ သမိုင်းအဆိုအရ ပိဋကတ်တိုက်ပေါင်း လေးဆယ့်သျှစ်ခုဟိကြောင်း သိရပါသည်။ ယခုအခါ ပြိုပျက်လားသဖြင့် အချို့တဝက်ကိုရာ တွိရပါသည်။ ယခုထက်တိုင် အကောင်းပကတိတွေ့ရသော ပိဋကတ်တိုက်မှာ (ချိန်ကိုက်) ပိဋကတ်တိုက်၊ (ဘက်တော်) ပိဋကတ်တိုက်၊ (မယ်တော်ကူ) ပိဋကတ်တိုက်ရို့ ဖြစ်ပါသည်။

ယင်းကြောင့် ရှိခေတ်ကရွီးသားခသောပီစောင်များ၌ ဝေသာလီတွင် သင်္ဂါယနာတင်ခစဉ်က မူအဖြစ်ထားခသော ကြိုးတန်းပိဋကတ်တော်မှတဆင့် ရွီးကူးခြင်းဖြစ်ကြောင်းကို ပီစာ၏အဆုံး၌ ကြိုးတန်းပိဋကတ်တော်အတိုင်း ရွီးကူးခြင်းဖြစ်ပါသည်ဟု ရွီးထားသည်ကို ကနိတိုင် ပီစာများ၌ တွိနိုင်ပါသည် ဘုရား။

တပည့်တော်သည် အသျှင်ဘုရား၏မိန်းခွန်းများကို ယှင်းလင်းဖြေဆိုခဲ့သည်မှာ လေးနာရီခန့်ကြာမြင့်ပါပြီ။ တပည့်တော်၏ယှင်းလင်းဖြေဆိုချက်များကိုလည်း သဘောပေါက်လက်ခံလိမ့်မည် ထင်ပါသည်။ အသျှင်ဘုရားရို့မှာ ဘုရားဖူရန်လည်းဟိနီပါသိမ့်၍ တပည့်တော်၏ယှင်းလင်းဖြေဆိုချက်များကို အဆုံးသတ်ခွင့်ပြုပါဘုရား။

ဆရာကြီး၏ဖြေကြားလျှောက်ထားချက်အပေါ် အသျှင်ညာဏိဿရဆရာတော်ကြီးမှ နောက်ထပ် မိန်းမြန်းခြင်းမပြုတော့ဘဲ ဘုရားဖူးရန်အတွက် ညဇာသား (၅) ချက်တီးခန့်တွင် သျှစ်သောင်းပုထိုးတော်ကြီးမှ ကြွလားတော်မူပါသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရသံ /r/ နှင့် ဂျသံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် တူညီသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ဝတ်စားဆင်ယင်မှု[ပြင်​ဆင်​ရန်​]

ရခိုင်လူမျိုးများသည် မြန်မာနိ်ုင်ငံ အနောက်မြောက်ပိ်ုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြိီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၇ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြိ်ု့တွင်လေ့လာ နိုင်သည်။

ရခိုင်ရိုးရာအကများ[ပြင်​ဆင်​ရန်​]

(၁) ပင့်ကူအက
(၂) ငစည်အက
(၃) ဟန်အက
(၄) ဒုံးကြမ်းအက
(၅) ဒုံးယိမ်းအက
(၆) သိုင်းအက
(၇) တိုးအက
(၈) နဂါးအက
(၉) ဆံတောက်ပိုးအက
(၁၀) ရှေးရုပ်ကြီးအက
(၁၁) ရုပ်သေးအက
(၁၂) ကိန္နရာအက
(၁၃) နတ်အက
(၁၄) ဗုဒ္ဓပူဇနိယအက

ဘင်္ဂါ(၁၂)မြို့[ပြင်​ဆင်​ရန်​]

  1. စစ်တကောင်း
  2. ရောင်ပူ
  3. ဂင်္ဂါသာရ
  4. ဒါကာ
  5. မောက်သူဇာ
  6. ကုမ္ဘီလာ
  7. သျှီလက်
  8. တိလင်္ဂါ
  9. ဂေါတောပလ္လင်
  10. ပဋိက္ကယား
  11. ကံသာ
  12. ဘရိသတ်

စာပေ သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရခိုင်ခေတ်များ[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်နယ်ရှိမြို့များ[ပြင်​ဆင်​ရန်​]

ပြည်နယ်မြို့တော် စစ်တွေ

အကျယ်အဝန်း ၁၄၂၀ဝ စတုရန်းမိုင်ခန့်

လူဦးရေ ၂.၆၉ သန်းခန့်

ခရိုင် ၅ ခရိုင်

မြို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

ရခိုင်(၇)မျိုး[ပြင်​ဆင်​ရန်​]

  1. ရခိုင်
  2. ကမန်
  3. ခါမီ
  4. ဒိုင်းနက်
  5. မရမာကြီး
  6. မြို
  7. သက်

ထပ်မံကြည့်ရှုစရာ[ပြင်​ဆင်​ရန်​]

ရခိုင်မင်းဆက်
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အလံ

ထင်ရှားသော ရခိုင်လူမျိုးများ[ပြင်​ဆင်​ရန်​]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

ရခိုင်ရာဇဝင် ။ အောင်သာဦး

စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု

အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅

မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

  • ရခိုင်ဂီတ ဒေါ့ကွန် [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. http://alpbranchmalaysia.blogspot.com/2011/05/blog-post_4191.html
  3. http://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%87%E1%80%B6%E1%80%9D%E1%80%B1%E1%81%8A_%E1%80%A6%E1%80%B8


Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။