ရူပိယသံဝေါဟာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ရူပိယသံဝေါဟာရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျိုးမျိုးသော ရွှေငွေတို့ကို လဲလှယ်ရောင်းဝယ်ခြင်း ပြုကြ၏။

လူတို့သည် ရဟန်းတို့သည် “အထူးထူးအပြားပြားသော ရွှေငွေတို့ကို လဲလှယ်’ရောင်းဝယ်’ ကြခြင်းကို အဘယ်ကြောင့် ပြုသနည်း၊ ကာမဂုဏ်ခံစားသော လူတို့ကဲ့သို့ပင်တည်း” ဟု ကဲ့ရဲ့ကြ၏။ လူတို့ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် “ရဟန်တို့ သင့်တို့သည် အထူးထူးအပြာပြားသော ရွှေငွေလဲလှယ်ရောင်းဝယ်ခြင်းသို့ ရောက်ကြကုန်သည်မှာ မှန်ပါသလား” ဟု မေး၏။ “မှန်ပါသည်” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“အကြင်ရဟန်းသည် အထူးထူးအပြားပြားသော ရွှေငွေလဲလှယ်ရောင်းဝယ်ခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်