အာမိသသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ထေရ်ကြီးတို့အားစွပ်စွဲမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
ဆဗ္ဗဂ္ဂီရဟန်းတို့ စွပ်စွဲမှု
[ပြင်ဆင်ရန်]ဘိက္ခုနီတို့အား ဩဝါဒပေးရသော ထေရ်ကြီးတို့မှာ ပစ္စည်း ၄-ပါး ပေါများကြသည်ကို ဆဗ္ဗဂ္ဂီတို့ မြင်၍ “ထေရ်ကြီးတို့သည် တရားကို မြတ်နိုးသောကြောင့် ဘိက္ခုနီတို့အား ဩဝါဒပေးကြသည်မဟုတ်၊ ဆွမ်းသင်္ကန်းစသော အာမိသကို လိုချင်၍ ဩဝါဒပေးကြသည်”ဟု ပြောဆိုစွပ်စွဲမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု ဧဝံ ဝဒေယျ ‘‘အာမိသဟေတု ထေရာ ဘိက္ခူ ဘိက္ခုနိယော ဩဝဒန္တီ’’တိ, ပါစိတ္တိယံ။ [၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင် ရဟန်းသည် ဤသို့ပြောဆိုကဲ့ရဲ့အံ့ (အဘယ်သို့ ပြောဆိုကဲ့ရဲ့သနည်း) အာမိသ အကြောင်းကြောင့် ထေရ်ဖြစ်ကုန်သောရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကြကုန်၏၊ ဤသို့ပြောဆို ကဲ့ရဲ့အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။ [၁]