နာဝါဘိရုဟနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဘိက္ခုနီတို့နှင့်အတူ တိုင်ပင်၍ လှေစီးမှု

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ


ဆဗ္ဗဂ္ဂီတို့နှင့် ဘိက္ခုနီများ[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် မည်သည့် လှေဖြင့်သွားကြစို့ဟု တိုင်ပင်ချိန်းချက်၍) လှေတစင်းတည်းကို စီးသွားကြလေရာ, “သားမယားနှင့်အတူ ငါတို့လှေကစားကြသကဲ့သို့, ဤရဟန်းတို့လည်း ဘိက္ခုနီတို့နှင့် အတူ လှေကစားကြသည်”ဟု လူတို့ ကဲ့ရဲ့သောကြောင့် ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။[၁]

အနုပညတ်[ပြင်ဆင်ရန်]

ဘိက္ခုနှင့် ဘိက္ခုနီတို့သည် သာကေတမှ သာဝတ္ထိသို့ သွားဘို့ကိစ္စလေရာ, လမ်းခရီးမှာလည်း မြစ်တခုကို (အထက်အောက် အစုန်အဆန်မဟုတ်ဘဲ) ကန့်လန့်ဖြတ်ကူးဘွယ်ရှိ၏၊ ထိုအခါ ဘိက္ခုနီတို့က အရှင်ဘုရားတို့နှင့်အတူ ကူးပါရစေ” တောင်းပန်ရာ “အတူလှေမစီးကောင်း”ဟု ပယ်ထားခဲ့သဖြင့် နောက်မှ ကူးတို့လှေကို စီးကြရသော ဘိက္ခုနီတို့၏ သပိတ် သင်္ကန်းကို ခိုးသူတို့ လုယူကြသည့်ပြင် ဘိက္ခုနီတို့ကိုလည်း မတရားကျင့်လိုက်ကြလေသည်။ ထိုအကြောင်းကို သိတော်မူ၍ အညတြ တိရိယံ တရဏာယ”ဟု ဖြည့်စွက်တော်မူလျက် အနုပညတ်ထပ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ အညတြ တိရိယံ တရဏာယ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် ဘိက္ခုနီနှင့် အတူ ချိန်းချက်၍ ဖီလာ ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်မူလည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်မူလည်းဖြစ်သော တစင်းတည်းသော လှေကိုစီးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး