ဒုတိယ အနိယတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဒုတိယ အနိယတသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သိက္ခာပုဒ်တစ်ခု ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥဒါယီသည် “မြတ်စွာဘုရားသည် မာတုဂါမနှင့် တစ်ယောက်ချင်း မေထုန်ပြုရန် အသင့်ဖြစ်သော အကာအရံရှိသော ဆိတ်ကွယ်ရာတွင် ထိုင်နေခြင်းကို ပယ်အပ်လေပြီ” ဟု ထိုအမျိုးသမီးနှင့်ပင် ဆိတ်ကွယ်ရာတွင် စကားပြောလျက် တရားဟော၏။

ဝိသာခါသည် ထိုအမျိုးသမီးက ဖိတ်ကြားသဖြင့် သွားလေရာ အမျိုးသမီးနှင့် အတူတူ ထိုင်နေသော အသျှင်ဥဒါယီကို မြင်၏။ ဝိသာခါသည် “မသင့်လျော်ကြောင်း” လျောက်ထားသော်လည်း အသျှင်ဥဒါယီသည် မနာယူပေ။

ဝိသာခါသည် ထိုကြောင်းကို ရဟန်းတို့အား ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် မာတုဂါမနှင့် အတူတကွ ဆိတ်ကွယ်ရာတွင် ထိုင်နေဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထား၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား မေးမြန်း၏။ အသျှင်ဥဒါယီလည်း ဟုတ်မှတ်ကြောင်း ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း ဒုတိယ အနိယတသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“နေရာသည် အကာအရံလည်း မရှိ၊ မေထုန်အမှုကို ပြုခြင်းငှါ မစွမ်းနိုင်၊ သို့ရာတွင် မာတုဂါမကို ရုန့်ရင်းသော စကားတို့ဖြင့် ပြက်ရယ်ပြောဆိုရန်မူကား စွမ်းနိုင်၏။ အကြင်ရဟန်းသည် ထိုသို့သဘောရှိသော နေရာ၌ မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ၌ ထိုင်နေငြားအံ့၊ ထိုရဟန်းကို ယုံကြည်ထိုက်သော ဥပါသိကာမသည် မြင်၍ သံဃာဒိသိသ်ဖြင့်သော်လည်းကောင်း၊ ပါစိတ်ဖြင့်သော်လည်းကောင်း နှစ်ပါးသော အာပတ်တို့တွင် တစ်ပါးပါးဖြင့် စွဲဆိုငြားအံ့၊ ထိုင်နေခြင်းကို ဝန်ခံသော ရဟန်းကို သံဃာဒိသိသ်ဖြင့်သော်လည်းကောင်း၊ ပါစိတ်ဖြင့်သော်လည်းကောင်း နှစ်ပါးသော အာပတ်တို့တွင် တစ်ပါးပါးဖြင့် ဆုံးဖြတ်ရာမည်။ ယုံကြည်ထိုက်သော စကားရှိသော ထိုဥပါသိကာမ စွဲဆိုသော ထိုအာပတ်ဖြင့် ထိုရဟန်းကို ဆုံးဖြတ်ရမည်။ ဤအာပတ်သည်လည်း အမြဲမရှိ” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်