နိသီဒနသန္တတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

နိသီဒနသန္တတသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေလိုသဖြင့် ဆွမ်းပို့သော ရဟန်းတစ်ပါးကို ထား၍ အခြားရဟန်းများ မချဉ်းကပ်ရန် မိန့်တော်မူ၏။

ထိုအခါ သာဝတ္ထိနေ ရဟန်းတို့သည် “မြတ်စွာဘုရားရှင်သည် ထိုသို့ မိန့်တော်မူ၏၊ မြတ်စွာဘုရားရှင်ထံသို့ မချဉ်းကပ်ရ၊ ချဉ်းကပ်သော ရဟန်းသည် ပါစိတ်ဒေသနာ ကြားရမည်” ဟု ကတိကဝတ်ပြု၏။

ထိုအချိန်တွင် ဝင်္ဂန္တ၏ သား အသျှင်ဥပသေနသည် ပရိသတ်နှင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ ထို့နောက် မြတ်စွာဘုရားနှင့် ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောဆိုကြ၏။ ထိုနောက် မြတ်စွာဘုရားသည် “သင်သည် သာဝတ္ထိမြို့၌ နေသော သံဃာ၏ ကတိကဝတ်ကို သိပါသလား” ဟု မေး၏။ ထိုအခါ အသျှင်ဥပသေနသည် “မသိပါ” ဟု ဖြေကြား၏။ မြတ်စွာဘုရားသည် သာဝတ္ထိရှိ ရဟန်းတို့၏ ကတိကဝတ်ကို ပြောပြ၏။ ထိုအခါ အသျှင်ဥပသေနက “မြတ်စွာဘုရား သာဝတ္ထိရှိ ရဟန်းတို့သည် မိမိပြသော ကတိကဝတ်ဖြင့် ထင်ရှားပါလိမ့်မည်။ အကျွန်ုပ်တို့သည် မပညတ်အပ်သေးသည်ကို မပညတ်ကြပါ၊ ပညတ်ပြီးကိုလည်း မချိုးဖျက်ကြပါ၊ ပညတ်တော်မူအပ်တိုင်းကုန်သော သိက္ခာပုဒ်တို့ကိုလည်း ကောင်းစွာ ဆောက်တည်၍ ကျင့်ကြပါသည်” ဟု လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် “တောကျောင်းနေရဟန်း၊ ပိဏ္ဍပါတ်ဓူတင်ဆောင်ရဟန်း၊ ပံ့သကူဆောင် ရဟန်းတို့သည် အလိုရှိတိုင်း ငါ့ကိုဖူးမြော်ရန် ချဉ်းကပ်ကြပါစေ” ဟု ပြောကာ ခွင့်ပြုတော်မူ၏။

ထို့နောက် အသျှင်ဥပသေနသည် မြတ်စွာဘုရားအား အရိုအသေပြုကာ ထွက်ခွာလာ၏။ ထိုအခါ သာဝတ္ထိရှိ ရဟန်းတို့သည် အသျှင်ဥပသေကို ပါစိတ်ဒေသနာ ကြားစေရန် တံခါးမုဒ်ပြင်ပ၌ စောင့်နေ၏။ ထိုအခါ အသျှင်ဥပသေနသည် မြတ်စွာဘုရားသည် တောကျောင်းနေရဟန်း၊ ပိဏ္ဍပါတ်ဓူတင်ဆောင်ရဟန်း၊ ပံ့သကူဆောင် ရဟန်းတို့ကို ဖူးမြော်ခွင့်ပြုကြောင်း ပြော၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်လိုသည့်အတွက် အခင်းတို့ကို စွန့်ကာ အာရညကင်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ ပံ့သကူဓူတင်တို့ကို ဆောက်တည်ကုန်၏။

မြတ်စွာဘုရားသည် ကျောင်းစဉ်ဒေသစာရီလှည့်လည်သောအခါ စွန့်ထားသော အခင်းတို့ကို မြင်တော်မူ၏။ “စွန့်ထားသော အခင်းတို့သည် မည်သူ၏ အခင်းတို့နည်း” ဟု မေးရာ ရဟန်းတို့သည် အကြောင်းစုံ ပြောပြ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုကိစ္စနှင့် ပတ်သက်၍ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

နိသီဒိုင် အခင်းကို ပြုလုပ်စေလိုသော ရဟန်းသည် အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပမာဏမျှလောက် အဆင်းပျက်အောင် ပြုခြင်းငှါ ယူရမည်။ ရဟန်းသည် အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပမာဏမျှလောက်ကို မယူဘဲ နိသီဒိုင်အခင်းသစ်ကို ပြုစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်