မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံရှိ ခရိုင်များ

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း (၁၂၇)ခရိုင် ရှိသည်။ ခရိုင်များ၏ နယ်မြေဖွဲ့စည်းပုံ ပြောင်းလဲသတ်မှတ်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရသည်။ ခရိုင်များသည် တိုင်းဒေသကြီး/ပြည်နယ် များကဲ့သို့ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများနှင့် မြို့နယ်များကဲ့သို့ တတိယအဆင့် အုပ်ချုပ်ရေးနယ်မြေများအကြား ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရိုင်များ၏ အထွေထွေကိစ္စရပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်သည်။ ထိုရုံးကို ဒုတိယညွှန်ကြား​ရေးမှူးအဆင့်ရှိ ပြည်သူ့ဝန်ထမ်းတစ်ဦးက ဦး​ဆောင်ကာ ခရိုင်အုပ်ချုပ်​ရေးမှူးဟု ​ခေါ်​ဝေါ်သည်။[]

မြန်မာနိုင်ငံရှိ ခရိုင်များ (၂၀၂၂ခုနှစ် ဧပြီလအထိ)

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဗြိတိသျှတို့ မြန်မာပြည်သို့ ရောက်ရှိလာသောအခါ ခရိုင်များနှင့် မြို့နယ်များအား စတင်ဖွဲ့စည်းခဲ့သည်။[] တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များအဖြစ် ခွဲခြားအုပ်ချုပ်ကာ ဝန်ရှင်တော်မင်းကြီး၊ ဒုတိယဝန်ရှင်တော်မင်းကြီး၊ ခရိုင်ဝန်နှင့် ဝန်ထောက်များက ဆင့်ကဲတာဝန်ယူအုပ်ချုပ်သည်။[]

လွတ်လပ်ရေးရပြီးချိန်တွင် ရှမ်း၊ ကယား၊ ကချင်၊ ကရင်ပြည်နယ်များ၊ တိုင်း (၈)တိုင်း(ချင်းဝိသေသတိုင်း အပါအဝင်)တို့ဖြင့် မြန်မာပြည်ကို ဖွဲ့စည်းခဲ့သည်။[] တိုင်း/ပြည်နယ်၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအဖြစ် အဆင့်ဆင့်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးအတွက် တိုင်းမင်းကြီး၊ ဒုတိယတိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်၊ သူကြီးဟူ၍ အဆင့်အလိုက် အုပ်ချုပ်ကြသည်။ ၁၉၇၂ခုနှစ်တွင် ခရိုင်ပေါင်း (၄၂)ခုနှင့် မြို့နယ်ပေါင်း (၂၈၆)ခု၊ ၂၀၀၄ခုနှစ်တွင် ခရိုင်ပေါင်း (၆၅)ခု၊ မြို့နယ်ပေါင်း (၃၂၅)ခု၊ ၂၀၁၄ခုနှစ်တွင် ခရိုင်ပေါင်း (၇၃)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)၊ ၂၀၁၉ခုနှစ်တွင် ခရိုင်ပေါင်း (၇၅)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)ရှိခဲ့သည်။[][][]၂၀၂၂ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ခရိုင်များကို ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ရာ ခရိုင် (၁၂၇)ခုအထိ ရှိလာခဲ့သည်။[]

တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်များဇယား

[ပြင်ဆင်ရန်]

ပြည်နယ်များ

[ပြင်ဆင်ရန်]
ကချင်ပြည်နယ်
(၆)ခရိုင်
မြစ်ကြီးနားခရိုင် တနိုင်းခရိုင် ချီဖွေခရိုင် ဗန်းမော်ခရိုင် မိုးညှင်းခရိုင် ပူတာအိုခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မြစ်ကြီးနားမြို့ တနိုင်းမြို့ ချီဖွေမြို့ ဗန်းမော်မြို့ မိုးညှင်းမြို့ ပူတာအိုမြို့
​မြေပုံ
ကယားပြည်နယ်
(၄)ခရိုင်
လွိုင်ကော်ခရိုင် ဒီးမော့ဆိုခရိုင် ဘောလခဲခရိုင် မယ်စဲ့ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ လွိုင်ကော်မြို့ ဒီးမော့ဆိုမြို့ ဘောလခဲမြို့ မယ်စဲ့မြို့
​မြေပုံ
ကရင်ပြည်နယ်
(၆)ခရိုင်
ဘားအံခရိုင် မြဝတီခရိုင် ဖာပွန်ခရိုင် သံတောင်ကြီးခရိုင် ကြာအင်းဆိပ်ကြီးခရိုင် ကော့ကရိတ်ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဘားအံမြို့ မြဝတီမြို့ ဖာပွန်မြို့ သံတောင်ကြီးမြို့ ကြာအင်းဆိပ်ကြီးမြို့ ကော့ကရိတ်မြို့
​မြေပုံ
ချင်းပြည်နယ်
(၆)ခရိုင်
ဟားခါးခရိုင် ဖလမ်းခရိုင် မင်းတပ်ခရိုင် တီးတိန်ခရိုင် မတူပီခရိုင် ပလက်ဝခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဟားခါးမြို့ ဖလမ်းမြို့ မင်းတပ်မြို့ တီးတိန်မြို့ မတူပီမြို့ ပလက်ဝမြို့
​မြေပုံ
မွန်ပြည်နယ်
(၄)ခရိုင်
မော်လမြိုင်ခရိုင် သထုံခရိုင် ကျိုက်ထိုခရိုင် ရေးခရိုင်
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မော်လမြိုင်မြို့ သထုံမြို့ ကျိုက်ထိုမြို့ ရေးမြို့
မြေပုံ
ရခိုင်ပြည်နယ် ရခိုင်ပြည်နယ်
(၇)ခရိုင်
စစ်တွေခရိုင် ကျောက်ဖြူခရိုင် တောင်ကုတ်ခရိုင် မောင်တောခရိုင် မြောက်ဦးခရိုင် သံတွဲခရိုင် အမ်းခရိုင်
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ စစ်တွေမြို့ ကျောက်ဖြူမြို့ တောင်ကုတ်မြို့ မောင်တောမြို့ မြောက်ဦးမြို့ သံတွဲမြို့ အမ်းမြို့
မြေပုံ
ရှမ်းပြည်နယ် ရှမ်းပြည်နယ်
(၂၆) ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ
တောင်ပိုင်း
တောင်ကြီးခရိုင် ကလောခရိုင် လွိုင်လင်ခရိုင် နမ့်စန်ခရိုင် မိုင်းရှူးခရိုင် လင်းခေးခရိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ တောင်ကြီးမြို့ ကလောမြို့ လွိုင်လင်မြို့ နမ့်စန်မြို့ မိုင်းရှူးမြို့ လင်းခေးမြို့ ဟိုပုံးမြို့ ပင်းတယမြို့
မြောက်ပိုင်း
လားရှိုးခရိုင် မူဆယ်ခရိုင် ကွတ်ခိုင်ခရိုင် ကျောက်မဲခရိုင် မိုးမိတ်ခရိုင် တန့်ယန်းခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ လားရှိုးမြို့ မူဆယ်မြို့ ကွတ်ခိုင်မြို့ ကျောက်မဲမြို့ မိုးမိတ်မြို့ တန့်ယန်းမြို့ နမ့်ဆန်မြို့ လောက်ကိုင်မြို့
အရှေ့ပိုင်း
ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင် မိုင်းယောင်းခရိုင် မိုင်းဆတ်ခရိုင် မိုင်းတုံခရိုင် မိုင်းယန်းခရိုင် မိုင်းလားခရိုင် (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ တာချီလိတ်မြို့ ကျိုင်းတုံမြို့ မိုင်းယောင်းမြို့ မိုင်းဆတ်မြို့ မိုင်းတုံမြို့ မိုင်းယန်းမြို့ မိုင်းလားမြို့

တိုင်း​ဒေသကြီးများ

[ပြင်ဆင်ရန်]
စစ်ကိုင်းတိုင်းဒေသကြီး
(၁၄)ခရိုင်
စစ်ကိုင်းခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ရေဦးခရိုင် ယင်းမာပင်ခရိုင် ကလေးခရိုင် ကသာခရိုင် ကောလင်းခရိုင် ကန့်ဘလူခရိုင် ခန္တီးခရိုင် တမူးခရိုင် မော်လိုက်ခရိုင် ဟုမ္မလင်းခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ စစ်ကိုင်းမြို့ မုံရွာမြို့ ရွှေဘိုမြို့ ရေဦးမြို့ ယင်းမာပင်မြို့ ကလေးမြို့ ကသာမြို့ ကောလင်းမြို့ ကန့်ဘလူမြို့ ခန္တီးမြို့ တမူးမြို့ မော်လိုက်မြို့ ဟုမ္မလင်းမြို့ လဟယ်မြို့
​မြေပုံ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး
(၄)ခရိုင်
ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင် ဘုတ်ပြင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ထားဝယ်မြို့ မြိတ်မြို့ ကော့သောင်းမြို့ ဘုတ်ပြင်းမြို့
​မြေပုံ
ပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
(၆)ခရိုင်
ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင် သာယာဝတီခရိုင် ညောင်လေးပင်ခရိုင် နတ်တလင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ပဲခူးမြို့ တောင်ငူမြို့ ပြည်မြို့ သာယာဝတီမြို့ ညောင်လေးပင်မြို့ နတ်တလင်းမြို့
​မြေပုံ
မကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
(၇)ခရိုင်
မကွေးခရိုင် ချောက်ခရိုင် သရက်ခရိုင် အောင်လံခရိုင် မင်းဘူးခရိုင် ပခုက္ကူခရိုင် ဂန့်ဂေါခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မကွေးမြို့ ချောက်မြို့ သရက်မြို့ အောင်လံမြို့ မင်းဘူးမြို့ ပခုက္ကူမြို့ ဂန့်ဂေါမြို့
​မြေပုံ
မန္တလေးတိုင်းဒေသကြီး
(၁၁)ခရိုင်
မဟာအောင်မြေခရိုင် အောင်မြေသာစံခရိုင် အမရပူရခရိုင် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းခရိုင် တံတားဦးခရိုင် ကျောက်ဆည်ခရိုင် မြင်းခြံခရိုင် ညောင်ဦးခရိုင် မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မဟာအောင်မြေမြို့နယ် (မန္တလေးမြို့) အောင်မြေသာစံမြို့နယ်(မန္တလေးမြို့) အမရပူရမြို့ ပြင်ဦးလွင်မြို့ သပိတ်ကျင်းမြို့ တံတားဦးမြို့ ကျောက်ဆည်မြို့ မြင်းခြံမြို့ ညောင်ဦးမြို့ မိတ္ထီလာမြို့ ရမည်းသင်းမြို့
​မြေပုံ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
(၁၄)ခရိုင်
တိုက်ကြီးခရိုင် လှည်းကူးခရိုင် မှော်ဘီခရိုင် မင်္ဂလာဒုံခရိုင် အင်းစိန်ခရိုင် သန်လျင်ခရိုင် တွံတေးခရိုင် ကျောက်တံတားခရိုင် အလုံခရိုင် မရမ်းကုန်းခရိုင် သင်္ဃန်းကျွန်းခရိုင် ဗိုလ်တထောင်ခရိုင် ဒဂုံမြို့သစ်ခရိုင် ကမာရွတ်ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့/မြို့နယ် တိုက်ကြီးမြို့ လှည်းကူးမြို့ မှော်ဘီမြို့ မင်္ဂလာဒုံမြို့နယ် အင်းစိန်မြို့နယ် သန်လျင်မြို့ တွံတေးမြို့ ကျောက်တံတားမြို့နယ် အလုံမြို့နယ် မရမ်းကုန်းမြို့နယ် သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်တထောင်မြို့နယ် ကမာရွတ်မြို့နယ်
​မြေပုံ
ဧရာဝတီတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
(၈)ခရိုင်
ပုသိမ်ခရိုင် ကျုံပျော်ခရိုင် ဟင်္သာတခရိုင် မြန်အောင်ခရိုင် မအူပင်ခရိုင် မြောင်းမြခရိုင် ဖျာပုံခရိုင် လပွတ္တာခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ပုသိမ်မြို့ ကျုံပျော်မြို့ ဟင်္သာတမြို့ မြန်အောင်မြို့ မအူပင်မြို့ မြောင်းမြမြို့ ဖျာပုံမြို့ လပွတ္တာမြို့
​မြေပုံ

ပြည်​ထောင်စုနယ်​မြေ

[ပြင်ဆင်ရန်]
နေပြည်တော်ပြည်ထောင်စုနယ်မြေ
(၄)ခရိုင်
ဥတ္တရခရိုင် ဇေယျာသီရိခရိုင် လယ်ဝေးခရိုင် ပျဉ်းမနားခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဥတ္တရသီရိမြို့ ဇေယျာသီရိမြို့ လယ်ဝေးမြို့ ပျဉ်းမနားမြို့

လူဦးရေအလိုက် ခရိုင်များ

[ပြင်ဆင်ရန်]

အောက်ပါစာရင်းသည် ၂၀၁၄သန်းခေါင်စာရင်းမှ တိုက်ရိုက်ရယူထားသော အချက်အလက်များဖြစ်သည်။ ထို့ကြောင့် ခရိုင်များသည် ၂၀၁၄ခုနှစ် မတ်လအထိ ဖွဲ့စည်းထားသော ခရိုင်များဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခရိုင် (၇၄)ခရိုင်ရှိသည်။ နောက်ပိုင်းတွင် ခရိုင်များအကြား နယ်မြေများ ပြောင်း၍ဖွဲ့စည်းခြင်း (ဥပမာ- မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း)၊ မြို့နယ်များခွဲထုတ်၍ ခရိုင်အသစ်ဖွဲ့စည်းခြင်း (ဥပမာ- ရွှေဘိုခရိုင်မှ မြို့နယ်များအားခွဲထုတ်၍ ကန့်ဘလူခရိုင်ဖွဲ့စည်းခြင်း၊ မင်းတပ်ခရိုင်မှမြို့နယ်များအား ခွဲထုတ်၍ မတူပီခရိုင်ဖွဲ့စည်းခြင်း) စသည်တို့ဖြင့် အပြောင်းအလဲများရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များမှာလည်း သက်ဆိုင်ရာ မူလခရိုင်များအတွင်းသာ ထည့်သွင်းရေတွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးခရိုင်ဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြနေရာခိုင်နှုန်းအမြင့်ဆုံးမှာ ရန်ကုန်မြို့အဖြစ် ပါဝင်ဖွဲ့စည်းသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်ကာ မြို့ပြနေရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းဖြစ်သည်။[]

စဉ် ခရိုင် လူဦးရေ ကျား မြို့ပြ​နေလူဦး​ရေ မြို့ပြနေရာခိုင်နှုန်း တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ မြေပုံ
လူဦး​ရေ (၁,၀၀၀,၀၀၀) အထက်ရှိ​သောခရိုင်များ
ရန်ကုန်မြောက်ပိုင်းခရိုင် ၂,၆၀၆,၆၇၀ ၁,၂၅၃,၀၈၂ ၁,၃၅၃,၅၈၈ ၁,၄၂၈,၆၅၉ ၅၄.၈ ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်အရှေ့ပိုင်းခရိုင် ၂,၃၆၆,၆၅၉ ၁,၁၂၇,၁၆၉ ၁,၂၃၉,၄၉၀ ၂,၃၃၉,၉၀၃ ၉၈.၉ ရန်ကုန်တိုင်းဒေသကြီး
ပဲခူးခရိုင် ၁,၇၇၀,၇၈၅ ၈၄၆,၁၁၀ ၉၂၄,၆၇၅ ၄၆၄,၇၄၁ ၂၆.၂ ပဲခူးတိုင်းဒေသကြီး
မန္တလေးခရိုင် ၁,၇၂၆,၈၈၉ ၈၄၁,၉၁၄ ၈၈၄,၉၇၅ ၁,၃၁၉,၄၅၂ ၇၆.၄ မန္တလေးတိုင်းဒေသကြီး
တောင်ကြီးခရိုင်¹ ၁,၇၀၁,၃၃၈ ၈၄၂,၅၉၄ ၈၅၈,၇၄၄ ၄၆၃,၉၈၈ ၂၇.၃ ရှမ်းပြည်နယ်
ပုသိမ်ခရိုင် ၁,၆၃၀,၇၁၆ ၇၉၅,၂၈၆ ၈၃၅,၄၆၀ ၃၀၃,၉၅၄ ၁၈.၆ ဧရာဝတီတိုင်းဒေသကြီး
ရွှေဘိုခရိုင်² ၁,၄၃၃,၃၄၃ ၆၆၁,၀၁၆ ၇၇၂,၃၂၇ ၁၇၈,၁၈၄ ၁၂.၄ စစ်ကိုင်းတိုင်းဒေသကြီး
ရန်ကုန်တောင်ပိုင်းခရိုင် ၁,၄၁၇,၇၂၄ ၆၈၉,၆၈၅ ၇၂၈,၀၃၉ ၄၂၂,၃၀၀ ၂၉.၈ ရန်ကုန်တိုင်းဒေသကြီး
မကွေးခရိုင် ၁,၂၃၅,၀၃၀ ၅၆၇,၂၃၅ ၆၆၇,၇၉၅ ၂၅၃,၀၇၄ ၂၀.၅ မကွေးတိုင်းဒေသကြီး
၁၀ မော်လမြိုင်ခရိုင် ၁,၂၃၂,၂၂၁ ၅၈၇,၆၇၆ ၆၄၄,၅၄၅ ၄၃၄,၀၉၂ ၃၅.၂ မွန်ပြည်နယ်
၁၁ ဟင်္သာတခရိုင် ၁,၁၃၈,၇၁၀ ၅၃၉,၃၁၁ ၅၉၉,၃၉၉ ၁၆၃,၂၃၈ ၁၄.၃ ဧရာဝတီတိုင်းဒေသကြီး
၁၂ တောင်ငူခရိုင် ၁,၁၂၃,၃၅၅ ၅၃၄,၅၆၄ ၅၈၈,၇၉၁ ၂၃၁,၇၃၆ ၂၀.၆ ပဲခူးတိုင်းဒေသကြီး
၁၃ သာယာဝတီခရိုင် ၁,၀၆၂,၃၃၁ ၅၀၇,၁၁၃ ၅၅၅,၂၀၈ ၁၅၀,၃၉၅ ၁၄.၂ ပဲခူးတိုင်းဒေသကြီး
၁၄ မြင်းခြံခရိုင်³ ၁,၀၅၅,၉၅၇ ၄၇၅,၄၀၃ ၅၈၀,၅၅၄ ၁၆၇,၉၅၁ ၁၅.၉ မန္တလေးတိုင်းဒေသကြီး
၁၅ ဖျာပုံခရိုင် ၁,၀၃၃,၀၅၃ ၅၀၉,၃၅၃ ၅၂၃,၇၀၀ ၁၃၅,၅၀၉ ၁၃.၁ ဧရာဝတီတိုင်းဒေသကြီး
၁၆ ပခုက္ကူခရိုင် ၁,၀၀၅,၅၄၅ ၄၅၁,၈၈၇ ၅၅၃,၆၅၈ ၁၃၈,၂၄၄ ၁၃.၇ မကွေးတိုင်းဒေသကြီး
၁၇ ပြင်ဦးလွင်ခရိုင် ၁,၀၀၁,၉၄၅ ၄၉၅,၈၀၀ ၅၀၆,၁၄၅ ၂၈၁,၇၈၄ ၂၈.၁ မန္တလေးတိုင်းဒေသကြီး
လူဦး​ရေ (၁,၀၀၀,၀၀၀) နှင့် (၁၀၀,၀၀၀) အတွင်းရှိ​သောခရိုင်များ
၁၈ မအူပင်ခရိုင် ၉၇၃,၉၄၈ ၄၇၂,၅၅၀ ၅၀၁,၃၉၈ ၁၀၉,၁၄၈ ၁၁.၂ ဧရာဝတီတိုင်းဒေသကြီး
၁၉ ရန်ကုန်အနောက်ပိုင်းခရိုင် ၉၆၉,၆၅၀ ၄၄၆,၄၆၇ ၅၂၃,၁၈၃ ၉၆၉,၆၅၀ ၁၀၀ ရန်ကုန်တိုင်းဒေသကြီး
၂၀ ပြည်ခရိုင် ၉၁၀,၉၀၂ ၄၃၄,၅၅၁ ၄၇၆,၃၅၀ ၂၂၅,၄၆၄ ၂၄.၈ ပဲခူးတိုင်းဒေသကြီး
၂၁ မိတ္ထီလာခရိုင် ၈၈၁,၅၃၀ ၄၀၈,၀၄၅ ၄၇၃,၄၈၅ ၁၇၈,၄၉၁ ၂၀.၂ မန္တလေးတိုင်းဒေသကြီး
၂၂ ကသာခရိုင် ၈၆၁,၂၈၃ ၄၁၇,၇၁၀ ၄၄၃,၅၇၃ ၉၅,၃၂၇ ၁၁.၁ စစ်ကိုင်းတိုင်းဒေသကြီး
၂၃ သထုံခရိုင် ၈၂၂,၁၇၂ ၃၉၉,၇၁၆ ၄၂၂,၄၅၆ ၁၃၈,၀၉၇ ၁၆.၈ မွန်ပြည်နယ်
၂၄ ဘားအံခရိုင် ၇၈၃,၅၁၀ ၃၈၂,၃၂၇ ၄၀၁,၁၈၃ ၁၀၂,၄၀၅ ၁၄.၃ ကရင်ပြည်နယ်
၂၅ မြောင်းမြခရိုင် ၇၈၁,၈၄၄ ၃၈၁,၂၉၉ ၄၀၀,၅၄၅ ၉၄,၄၃၃ ၁၂.၁ ဧရာဝတီတိုင်းဒေသကြီး
၂၆ ကျောက်မဲခရိုင် ၇၇၀,၀၆၅ ၃၇၆,၁၀၃ ၃၉၃,၉၆၂ ၁၁၉,၄၆၉ ၁၅.၅ ရှမ်းပြည်နယ်
၂၇ မုံရွာခရိုင် ၇၅၇,၃၅၈ ၃၄၆,၂၄၇ ၄၁၁,၁၁၁ ၂၄၄,၁၄၄ ၃၂.၂ စစ်ကိုင်းတိုင်းဒေသကြီး
၂၈ ကျောက်ဆည်ခရိုင် ၇၄၁,၀၇၁ ၃၅၃,၁၂၆ ၃၈၇,၉၄၅ ၈၁,၅၀၃ ၁၁ မန္တလေးတိုင်းဒေသကြီး
၂၉ သရက်ခရိုင် ၇၃၈,၀၄၇ ၃၅၃,၈၈၇ ၃၈၄,၁၆၀ ၁၀၀,၀၃၃ ၁၃.၆ မကွေးတိုင်းဒေသကြီး
၃၀ မြိတ်ခရိုင် ၆၉၃,၀၈၇ ၃၄၅,၆၇၁ ၃၄၇,၄၁၆ ၁၅၀,၃၁၅ ၂၁.၈ တနင်္သာရီတိုင်းဒေသကြီး
၃၁ မင်းဘူးခရိုင် ၆၈၇,၅၇၅ ၃၂၂,၁၄၀ ၃၆၅,၄၃၅ ၆၈,၆၄၆ ၁၀ မကွေးတိုင်းဒေသကြီး
၃၂ မိုးညှင်းခရိုင် ၆၇၃,၆၀၈ ၃၇၅,၈၂၂ ၂၉၇,၇၈၆ ၁၄၇,၅၀၀ ၂၁.၉ ကချင်ပြည်နယ်
၃၃ မြောက်ဦးခရိုင် ၆၆၉,၁၃၁ ၃၀၉,၉၄၉ ၃၅၉,၁၈၂ ၉၀,၁၄၁ ၁၃.၅ ရခိုင်ပြည်နယ်
၃၄ ဒက္ခိဏခရိုင် ၆၃၃,၇၄၅ ၃၀၇,၁၆၁ ၃၂၆,၅၈၂ ၂၃၀,၀၀၈ ၃၆.၃ ​နေပြည်​တော်
၃၅ လပွတ္တာခရိုင် ၆၂၆,၅၅၈ ၃၁၂,၀၃၉ ၃၁၄,၅၁၉ ၆၆,၃၁၈ ၁၀.၆ ဧရာဝတီတိုင်းဒေသကြီး
၃၆ လားရှိုးခရိုင် ၆၁၂,၂၄၈ ၂၉၉,၅၃၀ ၃၁၂,၇၁၈ ၂၂၄,၁၃၆ ၃၆.၆ ရှမ်းပြည်နယ်
၃၇ လွိုင်လင်ခရိုင် ၅၆၅,၁၆၂ ၂၇၆,၉၀၇ ၂၈၈,၂၅၅ ၁၂၈,၄၃၂ ၂၂.၇ ရှမ်းပြည်နယ်
၃၈ ယင်းမာပင်ခရိုင် ၅၄၁,၈၃၅ ၂၅၀,၉၇၇ ၂၉၀,၈၅၈ ၁၉,၃၄၁ ၃.၆ စစ်ကိုင်းတိုင်းဒေသကြီး
၃၉ စစ်တွေခရိုင် ၅၃၅,၅၈၃ ၂၄၈,၆၇၀ ၂၈၆,၉၁၃ ၁၃၃,၆၆၄ ၂၅ ရခိုင်ပြည်နယ်
၄၀ မြစ်ကြီးနားခရိုင် ၅၃၁,၄၅၆ ၂၆၃,၀၈၈ ၂၆၈,၃၆၈ ၃၁၄,၁၈၀ ၅၉.၁ ကချင်ပြည်နယ်
၄၁ ဥတ္တရခရိုင် ၅၂၆,၄၉၇ ၂၅၇,၉၉၂ ၂၆၈,၅၀၅ ၁၄၅,၁၈၁ ၂၇.၆ နေပြည်တော်
၄၂ စစ်ကိုင်းခရိုင် ၅၂၀,၅၉၁ ၂၄၀,၀၄၆ ၂၈၀,၅၄၅ ၁၀၅,၇၈၅ ၂၀.၃ စစ်ကိုင်းတိုင်းဒေသကြီး
၄၃ ရမည်းသင်းခရိုင် ၅၁၈,၃၈၄ ၂၄၄,၆၀၃ ၂၇၃,၇၈၁ ၅၉,၉၁၂ ၁၁.၆ မန္တလေးတိုင်းဒေသကြီး
၄၄ ကလေးခရိုင် ၅၀၉,၃၆၈ ၂၄၅,၄၄၄ ၂၆၃,၉၂၄ ၁၄၂,၇၉၂ ၂၈ စစ်ကိုင်းတိုင်းဒေသကြီး
၄၅ ထားဝယ်ခရိုင် ၄၉၃,၅၇၆ ၂၃၉,၀၇၃ ၂၅၄,၅၀၃ ၁၀၇,၉၅၆ ၂၁.၉ တနင်္သာရီတိုင်းဒေသကြီး
၄၆ ကော့ကရိတ်ခရိုင် ၄၇၅,၁၉၁ ၂၃၁,၂၁၀ ၂၄၃,၉၈၁ ၈၂,၈၆၁ ၁၇.၄ ကရင်ပြည်နယ်
၄၇ မူဆယ်ခရိုင် ၄၅၃,၄၉၅ ၂၂၇,၁၅၉ ၂၂၆,၃၃၆ ၁၆၄,၀၃၅ ၃၆.၂ ရှမ်းပြည်နယ်
၄၈ ကျောက်ဖြူခရိုင် ၄၃၉,၉၂၃ ၂၀၇,၃၀၈ ၂၃၂,၆၁၅ ၄၄,၅၀၀ ၁၀.၁ ရခိုင်ပြည်နယ်
၄၉ ခန္တီးခရိုင် ၄၂၂,၆၉၂ ၂၁၉,၅၇၈ ၂၀၃,၁၁၄ ၄၇,၂၁၉ ၁၁.၂ စစ်ကိုင်းတိုင်းဒေသကြီး
၅၀ ကျိုင်းတုံခရိုင် ၃၆၆,၈၆၁ ၁၈၇,၉၉၃ ၁၇၈,၈၆၈ ၇၂,၅၃၅ ၁၉.၈ ရှမ်းပြည်နယ်
၅၁ သံတွဲခရိုင် ၃၅၇,၈၄၀ ၁၇၄,၉၅၉ ၁၈၂,၈၈၁ ၆၃,၈၀၂ ၁၇.၈ ရခိုင်ပြည်နယ်
၅၂ ဗန်းမော်ခရိုင် ၃၄၆,၅၂၀ ၁၇၁,၀၇၇ ၁၇၅,၄၄၃ ၁၀၈,၅၆၁ ၃၁.၃ ကချင်ပြည်နယ်
၅၃ ဂန့်ဂေါခရိုင် ၂၅၀,၈၅၈ ၁၁၈,၈၂၅ ၁၃၂,၀၃၃ ၂၇,၉၃၄ ၁၁.၁ မကွေးတိုင်းဒေသကြီး
၅၄ လွိုင်ကော်ခရိုင် ၂၄၃,၇၁၈ ၁၁၉,၈၃၃ ၁၂၃,၈၈၅ ၆၂,၇၈၃ ၂၅.၈ ကယားပြည်နယ်
၅၅ မိုင်းဆတ်ခရိုင် ၂၄၃,၅၇၁ ၁၂၈,၅၉၀ ၁၁၄,၉၈၁ ၂၇,၇၇၅ ၁၉.၈ ရှမ်းပြည်နယ်
၅၆ မက်မန်းခရိုင် ၂၄၁,၈၈၄ ၁၂၄,၄၇၈ ၁၁၇,၄၀၆ ၁၇,၆၁၇ ၇.၃ ရှမ်းပြည်နယ်
၅၇ ညောင်ဦးခရိုင်³ ၂၃၉,၉၄၇ ၁၀၉,၄၇၆ ၁၃၀,၄၇၁ ၅၄,၃၄၃ ၂၂.၆ မန္တလေးတိုင်းဒေသကြီး
၅၈ ဟိုပန်ခရိုင် ၂၂၈,၈၈၀ ၁၁၆,၅၇၃ ၁၁၂,၃၀၇ ၂၉,၅၅၃ ၁၂.၉ ရှမ်းပြည်နယ်
၅၉ ကော့သောင်းခရိုင် ၂၂၁,၇၃၈ ၁၁၅,၈၇၅ ၁၀၅,၈၆၃ ၇၉,၁၄၈ ၃၅.၇ တနင်္သာရီတိုင်းဒေသကြီး
၆၀ မင်းတပ်ခရိုင် ၂၁၂,၄၉၇ ၁၀၀,၉၆၁ ၁၁၁,၅၃၆ ၃၅,၉၂၁ ၁၆.၉ ချင်းပြည်နယ်
၆၁ မြဝတီခရိုင် ၂၁၀,၅၄၀ ၁၀၇,၆၀၇ ၁၀၂,၉၃၃ ၁၁၆,၅၈၀ ၅၅.၄ ကရင်ပြည်နယ်
၆၂ တာချီလိတ်ခရိုင် ၁၇၇,၃၁၃ ၉၀,၁၂၄ ၈၇,၁၈၉ ၅၈,၇၆၇ ၃၃.၁ ရှမ်းပြည်နယ်
၆၃ ဖလမ်းခရိုင် ၁၆၇,၅၇၈ ၈၁,၂၄၂ ၈၆,၃၃၆ ၃၁,၃၇၅ ၁၈.၇ ချင်းပြည်နယ်
၆၄ မော်လိုက်ခရိုင် ၁၆၄,၀၀၈ ၇၈,၉၂၄ ၈၅,၀၈၄ ၁၈,၆၀၅ ၁၁.၃ စစ်ကိုင်းတိုင်းဒေသကြီး
၆၅ လောက်ကိုင်ခရိုင် ၁၅၄,၉၁၂ ၈၁,၁၀၄ ၇၃,၈၀၈ ၂၈,၁၈၃ ၁၈.၂ ရှမ်းပြည်နယ်
၆၆ လင်းခေးခရိုင် ၁၃၉,၄၈၃ ၇၀,၅၇၂ ၆၈,၉၁၁ ၄၃,၈၈၂ ၃၁.၅ ရှမ်းပြည်နယ်
၆၇ တမူးခရိုင် ၁၁၄,၈၆၉ ၅၇,၀၀၇ ၅၇,၈၆၂ ၅၉,၉၃၈ ၅၂.၂ စစ်ကိုင်းတိုင်းဒေသကြီး
၆၈ မိုင်းဖြတ်ခရိုင် ၁၁၀,၄၄၆ ၅၈,၀၈၃ ၅၂,၃၆၃ ၁၁,၉၂၆ ၁၀.၈ ရှမ်းပြည်နယ်
လူဦး​ရေ (၁,၀၀၀,၀၀) ​အောက်ရှိ​သောခရိုင်များ
၆၉ ဟားခါးခရိုင် ၉၈,၇၂၆ ၄၇,၄၀၁ ၅၁,၃၂၅ ၃၂,၅၁၃ ၃၂.၉ ချင်းပြည်နယ်
၇၀ မောင်​တောခရိုင် ၉၆,၃၃၀ ၄၈,၈၁၆ ၄၇,၅၁၄ ၂၂,၁၈၁ ၂၃ ရခိုင်ပြည်နယ်
၇၁ ပူတာအိုခရိုင် ၉၁,၂၅၇ ၄၅,၃၆၆ ၄၅,၈၉၁ ၂၂,၁၁၆ ၂၄.၂ ကချင်ပြည်နယ်
၇၂ ကွမ်းလုံခရိုင် ၅၈,၇၇၄ ၃၀,၉၀၀ ၂၇,၈၇၄ ၅,၅၄၉ ၉.၄ ရှမ်းပြည်နယ်
၇၃ ဘောလခဲခရိုင် ၄၂,၉၀၉ ၂၃,၃၈၀ ၁၉,၅၂၉ ၉,၆၃၅ ၂၂.၅ ကယားပြည်နယ်
၇၄ ဖာပွန်ခရိုင် ၃၅,၀၈၅ ၁၇,၉၈၃ ၁၇,၁၀၂ ၁၇,၃၂၀ ၄၉.၄ ကရင်ပြည်နယ်
1ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသများရှိ မြို့နယ်များကိုပါ ထည့်သွင်း​ရေတွက်ထားသည်။
2ကန့်ဘလူခရိုင်ကို ဖွဲ့စည်းခြင်း မရှိ​​သေး​ပေ။
3ကျောက်ပန်းတောင်းမြို့နယ်အား မြင်းခြံခရိုင်အတွင်း ထည့်သွင်းရေတွက်ထားသည်။
4မတူပီခရိုင်ကို ဖွဲ့စည်းခြင်း မရှိ​သေး​ပေ။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍ၏ ကျောရိုးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပက်သက်၍ လေ့လာတင်ပြချက်အာရှဖောင်ဒေးရှင်း
  2. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  3. ဒေါ်မြစိန်။ The Administration of Burma
  4. ဦးကျော် (၁၉၉၄ ဇွန်)။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကိုလေ့လာခြင်း |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  5. နေရာအညွှန်းသင်္ကေတများ (Pcodes)မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်။ ၁၇ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  7. "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်အသစ်များ ထပ်မံတိုးချဲ့" (in မြန်မာ)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၁ မေ ၂၀၂၂၊ စာ- ၈။ 
  8. ပြည်​ထောင်စုအစီရင်ခံစာ