သာယာဝတီမြို့

ဝီကီပီးဒီးယား မှ

သာယာဝတီမြို့သည် သာယာဝတီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်မြြို့ဖစ်သည်။ ရန်ကုန်မြို့ ၏အနောက်မြောက်ယွန်းယွန်းတွင်တည်ရှိ၍ မီးရထားလမ်း အားဖြင့်ရန်ကုန်မှ ၆၈ မိုင်ဝေးကွာပြီးလျှင်မော်တော်ကား လမ်းအားဖြင့် ၇၈ မိုင်ဝေးကွာသည်၊ ရန်ကုန်•ပြည်မီးရထား လမ်းနှင့်မော်တော် ကားလမ်းပေါ်တွင်တည်ရှိသော မြို့ဖြစ်၍ ကူးသန်းသွားလာ၍လွယ်ကူပေသည်။ ရန်ကုန်•ပြည် မော်တော်ကားလမ်းသည် သာယာဝတီမြို့တွင်းဖြတ် သန်းသွားလေသည်။

သွားရေးလာရေးအဆင်ပြေ၍ လွယ်ကူသော်လည်း သာယာဝတီမြို့သည် အခြားခရိုင်မြို့ကြီးများ ကဲ့သို့မစည် ကားချေ။ သာယာဝတီခရိုင်အတွင်းရှိလက်ပံတန်း၊ သုံးဆယ်၊ ကြို့ပင်ကောက် စသောမြို့များလောက်လူဦးရေ များပြားစည်ကား ခြင်း၊ အရောင်းအဝယ်ဖွံ့ဖြိုးခြင်းမရှိပေ။ သာယာဝတီမြို့ကို ခရိုင်ရုံး စိုက်မြို့အဖြစ်ရွေးချယ်ခဲ့ခြင်းမှာ အုပ်ချုပ်ရေးအတွက် အချက်အချာကျသည်ဟူသောအကြောင်းပြချက်ဖြင့် ၁၈ရ၈ ခုနှစ်တွင် ထိုစဉ်ကသာဝတီခရိုင်ဝန် ဖြစ်သော ကပ္ပတိန်ဖေါ့ကရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။ ဒုတိယ အင်္ဂလိပ်•မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်အစိုးရတို့သည် ပဲခူးတိုင်းကို စိုးမိုးစအချိန်တွင် သာယာဝတီခရိုင်ကို ဟင်္သာတခရိုင်နှင့် ပူးတွဲထားခဲ့သည်။ နယ်အခြေအနေငြိမ်သက်လာ သောအခါ ၁၈ရ၃ ခုနှစ်တွင်သာယာဝတီအားဟင်္သာတမှ ခွဲထုတ်၍ သီးသန့်ခရိုင်အဖြစ်သတ်မှတ်ခဲ့သည်။ သီးသန့်ခရိုင် ဖြစ်လာသည့် နောက်တွင် ရုံးစိုက်မြို့အဖြစ်ထားရန်အာဏာပိုင်တို့သည် မြို့ရွာ ဒေသအမျိုးမျိုးကို ရွေးချယ်စဉ်းစားခဲ့ကြ သည်။ သုံးဆယ်၊ လက်ပံတန်း၊ မင်းလှတို့ကို အုပ်ချုပ်ရေးအတွက် အချက် အချာမကျဟူ၍လည်းကောင်း၊ ဥရောပ တိုက်သားအစိုးရ အရာရှိကြီးများနေနိုင်သောဒေသများ မဟုတ်သဖြင့်လည်းကောင်း၊ ရေအခက်အခဲကြောင့်လည်း ကောင်း၊ ထိုစဉ်ကအာဏာပိုင်များက မရွေးချယ်ခဲ့ကြပေ။

ကြို့ပင်ကောက်ဘူတာရုံမှ ၄ မိုင်ခန့်ဝေးသော ခုနစ်ရွာခေါ်သည့်အရပ်ကိုမူ အာဏာပိုင်အများစုက သဘော ကျ၍ ထိုအရပ်ကိုခရိုင်ရုံးစိုက်မြို့တည်ဆောက်ရန် ၁၈၇၈ ခုနှစ်တွင်ရွေးချယ်လိုက်ကြပြီးလျှင်အစိုးရရုံးများဆောက်လုပ် ရန်ပင်စတင်လုပ်ကိုင်ခဲ့ကြသည်။ သို့သော်ကပ္ပတိန်ဖေါ့က ထိုအရပ်ဒေသကိုလည်းသဘောမကျပြန်ချေ။ နောက်ဆုံး တွင် ကပ္ပတိန်ဖေါ့၏သဘောကျဖြစ်သော ယခု သာယာဝတီမြို့ တည်ရှိရာအရပ်ကို ရွေးချယ်လိုက်ကြသည်။ ထိုအရပ်ကိုရွေး ချယ်ရသည့်အကြောင်းမှာအခြားအလုပ်များနှင့်နှိုင်းစာ လျှင်ထိုအရပ်တွင် ရေပြဿနာအခက်အခဲမရှိဟူသော အချက် တစ်ရပ်လည်းပါဝင်ပေသည်။

သို့ဖြင့် ထိုအရပ်တွင် အစိုးရရုံး အဆောက်အအုံများကို ဆောက်လုပ်စေ၍ မြို့တည်ခဲ့လေသည်။ သာယာဝတီ မြို့ဟုခေါ်တွင်ခဲ့ခြင်းမှာ ကြို့ပင်ကောက်မြို့မှရှေ့ဘက် ရ မိုင်ကွာတွင်ရှိသော မြို့တွင်းသည် သာယာဝတီမင်းသား နေထိုင်ခဲ့ဖူးသဖြင့် သာယာဝတီဟုလည်းခေါ်တွင်ခဲ့ရာ၊ ထိုမင်းသား စံမြန်းခဲ့သော မြို့၏အမည်ကိုယူ၍မှည့်ခေါ်သည် ဟုလည်း ဆိုကြသည်။ မြို့တည်ထားသောအရပ်ဒေသသည် မြေနိမ့် မြေပြန့်ဖြစ်၍ သစ်ပင်တောအုပ်များပြားသောအရပ် ဖြစ်ခဲ့သည်။ မြို့၏အနေအထားကွပ်ကွပ်ရွတ်ရွတ်ရှိ၍ လမ်းများ လည်းကောင်းသည်။ သို့သော်သာယာဝတီမြို့၌ မျူနီစီပယ်အဖွဲ့ မရှိဘဲ နှစ်မိုင်ခန့်ဝေးသော သုံးဆယ် မျူနီစပယ် နယ်နိမိတ်ထဲတွင်ပါဝင်သည်။ အချို့အစိုးရ အမှုထမ်း များသည် သုံးဆယ်မြို့တွင်နေထိုင်၍ သာယာဝတီမြို့ရှိရုံးများသို့ရုံး တတ်ကြလေသည်။

သာယာဝတီမြို့ပေါ်တွင် ခရိုင်ဝန်ရုံး၊ သာယာဝတီ သစ်တောတိုင်းနှင့် ဇီးကုန်းသစ်တောတိုင်းတို့၏ခရိုင် သစ်တော ဝန်များရုံး၊ လမ်းအရေးပိုင်ရုံး၊ ထောင်စသည်ဖြင့် အစိုးရ ရုံးအဆောက်အအုံများအပြင် ဆေးရုံ၊ဈေးစသည့် ပြည် သူ့အဆောက်အအုံများလည်း အခြားခရိုင်ရုံး စိုက်မြို့များနည်း တူရှိသည်။ အထက်တန်းကျောင်းတစ်ကျောင်းနှင့် အ လယ်တန်း ကျောင်း၊ မူလတန်းကျောင်းများလည်းရှိသည်။ မြို့ပေါ်၌ ရေကန်ကြီးများအပြင် ၁၉၀၈ ခုနှစ်ကတူးခဲ့သော အဝီစိ တွင်းကြီးလည်းရှိ၍ မြို့ပေါ်သို့ရေပြွန်များဖြင့် ရေပေးသော စံနစ်ရှိသည်။ သာယာဝတီမြို့၏ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းချက်အရ ၁၃၀၀၁ ဖြစ်၏။ သာယာဝတီမြို့ပေါ်၌ထင်ရှားသောဘုရားများမှာ သတ္တ ဌာနဘုရားနှင့်အောင်ချမ်းသာရုပ်ပွားတော်ကြီးတို့ဖြစ် သည်။ ကန်ကြီးရပ်ရှိသတ္တဌာနဘုရားကို ၁၂၈ဝ ပြည့်နှစ်က စတင်တည်ထားကိုးကွယ်ခဲ့ကြ၍ ဒုတိယကမ္ဘာစစ်ကာလ အတွင်းက စစ်ဘေးစစ်ဒဏ်ကြောင့်ပျက်စီးယိုယွင်းခဲ့ရာ ၁၃၂၅ ခုနှစ်တွင် အများကောင်းမှုနှင့်ပြန်လည်းပြင်ဆင်မွမ်းမံ ခဲ့ကြပြီးလျှင် ဓမ္မစကြာဘုရားကိုပါ ထပ်မံဖြည့်စွက်တည် ထားကြလေသည်။

ရေဝေရပ်ရှိအောင်ချမ်းသာရုပ်ပွားတော်ကြီးကို ၁၂၈၈ ခုနှစ်နတ်တော်လဆန်း ၃ ရက်နေ့မှစတင် တည်ထား ကိုးကွယ်ခဲ့ကြ၍ ဂန္ဓကုဋီတိုက်၊ အရုဏ်ခံတန်ဆောင်း စသည်တို့ဖြင့်တင့်တယ်ကြည်ညိုဖွယ်ရာကောင်းသော ဘုရားကြီး တစ်ဆူဖြစ်ပေသည်။ ရေဝေအရပ်တွင်ရှိသဖြင့်ထိုဘုရားကြီး ကိုရေဝေဘုရားဟုလည်း ခေါ်ဝေါ်ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)