ပလက်ဝခရိုင်
ပလက်ဝခရိုင် | |
---|---|
ခရိုင် | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°18′N 92°51′E / 21.300°N 92.850°Eကိုဩဒိနိတ်: 21°18′N 92°51′E / 21.300°N 92.850°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
မြို့နယ်ပေါင်း | ၁ |
မြို့တော် | ပလက်ဝမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပလက်ဝခရိုင် (အင်္ဂလိပ်: Paletwa District)သည် ချင်းပြည်နယ် တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်မှ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ခရိုင်တစ်ခုဖြစ်သည်။
ပါဝင်သောမြို့နယ်များ
[ပြင်ဆင်ရန်]ပလက်ဝခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်သူ့လွှတ်တော် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် ခရိုင် (၄)ခုအထိ ရှိလာခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။[၂][၃][၄]
၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရိုင်အသစ်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုအခါတွင်မှ မတူပီခရိုင် မှ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ချင်းပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။[လင့်ခ်သေ]
- ↑ မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
- ↑ ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို။ ဒီဗွီဘီ]။
- ↑ မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ။ 28 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။