အောင်မြေသာစံမြို့နယ်

ဝီကီပီးဒီးယား မှ
အောင်မြေသာစံမြို့နယ်
မြို့နယ်
Aungmyethasan Township
Skyline of အောင်မြေသာစံမြို့နယ်
အောင်မြေသာစံခရိုင်အတွင်း ​တည်​နေရာ
အောင်မြေသာစံခရိုင်အတွင်း ​တည်​နေရာ
အောင်မြေသာစံမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အောင်မြေသာစံမြို့နယ်
အောင်မြေသာစံမြို့နယ်
အောင်မြေသာစံခရိုင်အတွင်း ​တည်​နေရာ
ကိုဩဒိနိတ်: 21°59′0″N 96°5′0″E / 21.98333°N 96.08333°E / 21.98333; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
မြို့မန္တလေးမြို့
ခရိုင်အောင်မြေသာစံခရိုင်[၂]
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၆၅,၇၇၉ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ဧရိယာကုဒ်(များ)၀၂ (မိုဘိုင်းလ်: ၆၉၊ ၉၀)[၃]

အောင်မြေသာစံမြို့နယ် သည် မန္တလေးမြို့ မြောက်ဘက်အပိုင်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ အောင်မြေသာစံခရိုင် ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ပုသိမ်ကြီးမြို့နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်တွင် ချမ်းအေးသာဇံမြို့နယ်တို့က ဝန်းရံလျက်ရှိသည်။ အောင်မြေသာစံမြို့နယ်တွင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သည့် မန္တလေးတောင်နှင့် မန္တလေး နန်းတော်တို့ တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၄၉ခုနှစ်က မန္တလေးမြို့ ရွှေတချောင်းကို ဗဟိုပြုလျက် အိုးဘိုရပ်ကွက်မှ အရှေ့ဘက် ရေနီမြောင်းအထိ အရှေ့ဘက်ခြမ်း ဟူ၍လည်းကောင်း၊ အိုးဘိုရပ်ကွက်မှ တောင်ဘက် သံလျှက်မှော်နယ်အဆုံး အနောက်ဘက်နတ်ကုန်းရွာအထိ အနောက်ဘက်နယ်အဖြစ် သတ်မှတ်ခဲ့သည်။၁၉၆၅ခုနှစ် အောက်တိုဘာလ၁ရက်နေ့တွင် တော်လှန်ရေးအစိုးရက မန္တလေးမြို့ကို အရှေ့တောင်မြို့နယ်၊ အရှေ့မြောက်မြို့နယ်၊ အနောက်တောင်မြို့နယ်၊ အနောက်မြောက်မြို့နယ်အဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က လက်ရှိ အောင်မြေသာဇံမြို့နယ်သည် အနောက်မြောက်မြို့နယ်တွင်ပါဝင်ခဲ့ပြီး ရပ်ကွက်၁၆ခု ရှိခဲ့သည်။ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနက ၁၀.၁၂.၁၉၉၂တွင် မန္တလေး လေးမြို့နယ်အား ငါးမြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အောင်မြေသာဇံမြို့နယ်ကို ရပ်ကွက် ၁၉ခုဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၉၆ခုနှစ်တွင် အောင်မြေသာဇံမှ အောင်မြေသာစံသို့ အမည်ပြောင်းလဲခဲ့သည်။[၂]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅မိနစ် ၄၈စက္ကန့်နှင့် ၂၂ဒီဂရီ ၀၁မိနစ် ၃၀စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ် ၄၂စက္ကန့်နှင့် ၉၆ဒီဂရီ ၀၇မိနစ် ၅၄စက္ကန့်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄.၃၈မိုင်၊ တောင်မှမြောက်သို့ ၂.၉၄မိုင်ရှိပြီး ၁၁.၀၃စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

အောင်မြေသာစံမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ချမ်းအေးသာစံမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၆ပေအထက်တွင်တည်ရှိကာ မြေပြန့်လွင်ပြင်သည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှ တောင်သို့ စီးဆင်းနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၆ပေမြင့်သော မန္တလေးတောင်သည် မြို့နယ်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

အောင်မြေသာစံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ချင်း၊ကချင်၊ကရင်၊ရခိုင်၊ကယား၊မွန် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၆.၇၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။[၂]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၆၁၈၁၉၄၅—    
၂၀၁၇၁၈၃၉၆၆+1.1%

စီးပွားရေး[ပြင်ဆင်ရန်]

မန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ အောင်မြေသာစံမြို့နယ်တွင် တပ်မတော်ပိုင် သားရေစက်ရုံ၊ပုဂ္ဂလိကပိုင် မန္တလေးဘီယာစက်ရုံ၊ဆပ်ပြာစက်ရုံ၊အချိုရည်စက်ရုံ၊ဓာတ်ငွေ့စက်ရုံ၊နိုင်ငံတော်ပိုင် တိုင်းရင်းဆေးဝါးစက်ရုံ၊အရက်ချက်စက်ရုံများတည်ရှိသည်။ ထို့အပြင် ပုဂ္ဂလိကပိုင် ရေခဲစက်၊သစ်စက်များကာ အိမ်တွင်းစက်မှုလုပ်ငန်း ၃၀၀ကျော်ရှိသည်။

ဈေးများ[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တော်ကပင်ရှိခဲ့သော ဈေးများအပါအဝင် ဈေးများစွာရှိသည်။

  • နန်းတော်ရှေ့ဈေး

Nantawshae Market Mandalay.jpg

  • မိဘဈေး
  • ဆရာစံဈေး
  • ညောင်ပင်ဈေး
  • မန်းသီရိဈေး
  • သီရိမန္တလာဈေး
  • မင်းတဲလမ်းဆုံဈေး
  • သီရိမာလာဈေး
  • ယောမင်းကြီးဈေး
  • သရဲဈေး

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

အောင်မြေသာစံမြို့နယ်၏ အနားသတ်ဖြစ်သော ဧရာဝတီမြစ်တွင် ရေမိုင်၂မိုင်ခန့် ရေကြောင်းခရီးသွားလာနိုင်သည်။ မန္တလေးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အထက်ဘက်သို့သွားရာ သီရိမန္တလာကားကွင်း၊ကချင်ပြည်နယ်နှင့် အထက်ဘက်သို့သွားရာ ဒေါနဘွားကားကွင်းတို့တည်ရှိသည်။ မြို့နယ်၏မြောက်ဘက်တွင် မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းရှိသည်။

မြို့နယ်တွင်းလမ်းပန်းဆက်သွယ်ရေးတွင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းအလယ်တွင် မန္တလေးနန်းတော်ကခံနေ၍ ၎င်းကို ပတ်၍သွားရသည်။

ပညာရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အောင်မြေသာစံမြို့နယ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့ တည်ရှိသည်။ တိုင်းရင်းဆေးတက္ကသိုလ်အနီးတွင် တိုင်းရင်းဆေးသိပ္ပံလည်းတည်ရှိသည်။ အခြားတက္ကသိုလ်တစ်ခုမှာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဖြစ်သည်။

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၁၂ကျောင်းရှိသည်။

ကျောင်းအမည် ပုံများ
အထက ၁ No(1) B.E.S.H (Mandalay).jpg
အထက ၄ No(4) B.E.S.H (Mandalay).jpg
အထက ၈ No(8) B.E.S.H (Mandalay).jpg
အထက ၉
အထက ၁၀
အထက ၁၁ No(11) B.E.S.H (Mandalay).jpg
အထက ၁၇
အထက ၁၈
အထက ၂၀
အထက ၂၁
အထက ၂၅
အထက ၃၃

အထက (ခွဲ)/အလက[ပြင်ဆင်ရန်]

ကျောင်းအမည် ပုံများ
အလက ၁၅
အလက ၄
အလက ၆
အလက (ထ(ခွဲ)) ၁၁
အလက ၁၇
အလက (ထ(ခွဲ)) ၁၄
အလက (ထ(ခွဲ)) ၁၉

အမက[ပြင်ဆင်ရန်]

မူလတန်း၊ မူလွန်၊ အလယ်တန်း(ခွဲ) ၃၇ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • အလုပ်သမားဆေးရုံ
  • မျက်စိ၊နား၊နှာခေါင်းဆေးရုံ
  • တိုင်းရင်းဆေးရုံ
  • အကျဉ်းဦးစီးဌာနဆေးရုံ
  • ဇီဝိတဒါန သံဃာ့ဆေးရုံ

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ[ပြင်ဆင်ရန်]

ယခင်ကမြို့တော်၏ ဗဟိုနေရာဖြစ်ခဲ့သည့်အားလျော်စွာ သမိုင်းဝင်နေရာများစွာတည်ရှိသည်။

ထင်ရှားသောနေရာများ ပုံများ
မန္တလေး နန်းတော် Central Queen Palace.jpg
မန္တလေးတောင် Mandalay Hill 3.jpg
အတုမရှိကျောင်း (မဟာ အတုလဝေယံ ကျောင်းတော်ကြီး) Atumashi Monastery (Mandalay)(2).jpg
ရွှေနန်းတော်ကျောင်း Shwe Kyaung Inside Buddha Image.jpg
သုဓမ္မာဇရပ်များ Thu-Da-Mar wayside public resthouse.jpg
ကျောက်တော်ကြီးဘုရား Lighting View of Kyauk Taw Gyee.jpg
ကုသိုလ်တော်ဘုရား Ku Tho Taw Pagoda & Sandar Muni Pagoda, Mandalay.jpg
ယောမင်းကြီးအုတ်ကျောင်း
Yaw Mingyi Monastery.PNG
ရွှေကျင်ကျောင်းတော်ကြီး
ပိဋကတ်တိုက်တော် Parapet of Bidagat-taik, Mandalay.jpg
မန္တလေးယဉ်ကျေးမှုပြတိုက် Mandalay Cultural Museum.jpg

ပြတိုက်များ[ပြင်ဆင်ရန်]

မန္တလေးနန်းတော်အတွင်းတွင် မန္တလေးနန်းတွင်းပြတိုက်နှင့် နန်းမြို့ရိုးအပြင်ဘက် အနောက်ဘက်အရပ်တွင် လမ်း ၈၀၊ ၂၄လမ်းထောင့်တွင် မန္တလေးယဉ်ကျေးမှုပြတိုက်တို့လည်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 24, 2015 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  3. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။